21/09/2024
'ဖောက်ပြန်ခြင်း'တွေဟာ ပြုလုပ်သူတွေအတွက် ခဏသာဖြစ်ပြီး ပြုလုပ်ခံရသူတွေအတွက်တော့ တစ်သက်တစ်ကျွန်း ခံစားရတယ်။
အသိမိတ်ဆွေတွေကလာပြောပြတဲ့အခါ
ပထမတစ်ကြိမ် ရူးမတက်ခံစားရတယ်။
ချစ်တဲ့သူကိုယ်တိုင်က ဝန်ခံတဲ့အခါ
ဒုတိယတစ်ကြိမ် သေမတက်ခံစားရတယ်။
' အော်၊တကယ်ပဲ ငါ့ကိုလုပ်ရက်လိုက်တာ' လို့်
တွေးမိလိုက်တဲ့အခါ နှလုံးသားဟာ ခုန်နေလျက်နဲ့
မခုန် သေဆုံးသွားတာထက် ပိုခံစားရတယ်။