05/10/2021
ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်
City College Mandalay
City College Mandalay provide Medical and Nurse Aid Training and Services.
05/10/2021
ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုအပ်ပါသည်
City College Mandalay
21/09/2021
皓月闪烁,星光闪耀,中秋佳节,美满快乐!
07/09/2021
“သောကကင်းဝေး အိမ်ကသင်ရေး”
~~~~~~~~~~~~~~~~~~~~~~
Covid-19 ရဲ့ ဂယက် ကြောင့် အိုးမကွာအိမ်မကွာ မိမိ အိမ်ကနေ home learning လုပ်နေကြရတဲ့ ကျောင်းသားတွေ တိုးလာပြီ။ တစ်ချို့လည်း online ကနေ ကျောင်းချိန်အတိုင်း ကျောင်းတက်သလို သင်ယူကြတယ် … တချို့လည်း မိမိ အားချိန်မှာ သင်ခန်းစာတွေ ဖတ်မှတ်လေ့လာရင်း ပြင်ဆင်ကြတယ်။ လွန်ခဲ့တဲ့ နှစ်လောက်က အထိမှာ ဒီလိုမျိုး သင်ကြပါလား အကြံပေးရင် မဖြစ်နိုင်တာ ပြောတယ် ဖြစ်မယ့် အနေအထား … အခုတော့ အတော်များများ ကိုယ့်ကိုယ်ကိုယ် ဇွတ် တွန်းရင်း အဝေးသင် အိမ်သင် စနစ်နဲ့ အသားကျစ ပြုလာပြီ … တချို့လည်း စ သင်ဖို့ စဉ်းစားလာကြပြီ။
အိုးမကွာ အိမ်မကွာ သင်ရတော့ ကောင်းတာလည်း ရှိတာပေါ့ … အခက်အခဲတွေလည်း အမျိုးမျိုး ပါပဲ။
စာသင်သားတို့တွေ ( လောလောဆယ် ကျောင်းသွားမရကြတော့ ကျောင်းသား မဟုတ်တဲ့ စာသင်သားအိမ်သား ပေါ့ဗျာ) သောကင်းဝေး အိမ်ကသင်ရေးအတွက် Cambridge Assessment International Education က ထုတ်ဝေထားတဲ့ ‘How to manage stress and learn effectively at home’ ဆိုတဲ့ လမ်းညွှန်ဆောင်းပါးလေးထဲက ကောက်နုတ် ဘာသာပြန်ပေးလိုက်ပါတယ်။
၁) တက်ကြွစွာ သင်ယူပါ
စာသင်ပေးချင်သူ တစ်ယောက်တိုင်းမှာ စာသင်မခံချင်သူ အယောက်သုံးဆယ်လောက် ရှိတတ်ပါသတဲ့။ စာသင်ခန်း တစ်ခုမှာ ကျောင်းသား အယောက် သုံးဆယ် ရှိတယ် လို့ သတ်မှတ်ပြီး ဟာသ ပြောတဲ့ စကားလေးပါ။ ကိုယ့်ကို တစ်ယောက်ယောက်က သင်ပေးတာကို ငြိမ်ငြိမ်နေပြီး မှတ်ရတာလောက် ပျင်းစရာကောင်းတာ မရှိပါ။ အင်္ဂလိပ်လိုမှာတော့ active study မဟုတ်တဲ့ passive learning ပေါ့လေ။ အဲလို ငုတ်တုတ်ထိုင် အသင်ခံမယ့်အစား ကိုယ် ဖတ်ရ ကြားရ တွေ့ကြုံရတဲ့ သတင်းအချက်အလက်ကို ဦးနှောက်ကို အလုပ်ပေး ကိုယ်တိုင်ကိုယ်ကျ တက်တက်ကြွကြွ မှတ်သားနာယူရင် ဦးနှောက်ထဲက ကလပ်စည်း (brain cells/ neurons) လေးတွေ အလုပ်လုပ်ရတော့ ပို မှတ်မိတာပေါ့။
ဒီလို လုပ်ဖို့ဆိုရင် ဥပမာတွေ အနေနဲ့
က) ပြဌါန်းစာအုပ်ကို ဒီတိုင်း ဖတ်သွားမယ့်အစား တစ်မျက်နှာတိုင်းမှာ အရေးအကြီးဆုံး ဝါကျငါးကြောင်းကို မျဉ်းသားပါ။
ဒီလို လုပ်မယ်ဆို စာ ဖတ်နေကတည်းက ဒီစာမျက်နှာမှာ ဘာ အရေးကြီးတာလဲ စဉ်းစားရင်း … ဖတ်နေတဲ့ထဲက အရေးအကြီးဆုံး ဝါကျငါးကြောင်း ဘာဖြစ်မလဲ စဉ်းစားရင်း ဦးနှောက်ကို တက်တက်ကြွကြွ အလုပ်ပေးထားရာ ရောက်တော့ ဖတ်တဲ့စာကို ပိုလည်း မှတ်မိတယ်။ အရေးကြီးတဲ့ အကြောင်းအရာကို ရွေးချယ် မှတ်သားပြီးလည်း ဖြစ်တယ်။
တချို့ ကျောင်းသားတွေမှာ အကျင့်တစ်ခု ရှိတာက ဖတ်ရင်းနဲ့ တွေ့ရာကို အရောင်စုံနဲ့ မျဉ်းသား ထားလိုက်ကြတတ်တာပါ။ ခက်တာက ရောင်စုံ တားထားတာတွေ များလွန်းတော့လည်း နောင် ပြန် ကြည့်ရင် ဘာက အရေးကြီးလို့ ကြီးမှန်း မသိ ဖြစ်ရတတ်ပါတယ်။ ဝါကျ ငါးကြောင်းပဲ ဆိုပြီး ကန့်သတ်ထားတော့ ဘယ်အပိုင်းက အဓိက .. ဘာတွေက အသေးစိတ် ဖြည့်စွက် ရှင်းလင်းချက် ဆိုတာကို ဝေခွဲပြီးသားလည်း ဖြစ်သွားပါတယ်။
ခ) YouTube ကနေ အပါအဝင် သင်ခန်းစာ ဗီဒီယို လေးတွေ ဒီတိုင်း ထိုင်ကြည့်မယ့်အစား ကိုယ့်ကိုယ်ကိုယ် ဆရာနေရာက စဉ်းစား … မေးခွန်းလေးတွေ ချရေးလိုက်ပါ။ ကိုယ် ပို သိချင်တာကိုလည်း ရေးမှတ်လို့ ရသလို အခု ဆိုလိုချင်တာကတော့ ဒီ သင်ခန်းစာ ဗီဒီယိုကို ကြည့်ထားပြီး စာမေးပွဲ ဖြေရမယ် ဆိုရင် ဘယ်လို မေးခွန်းမျိုးတွေ ကြုံရလောက်မလဲ စဉ်းစားပြီး မေးခွန်း ရေးထားဖို့ပါ။ သူငယ်ချင်းတွေ ရှိတယ်ဆို ကိုရေးထားတဲ့မေးခွန်း သူတို့မေး .. သူတို့ရေးထားတဲ့မေးခွန်း ကိုယ်ဖြေ လုပ်ကြည့်ပါ။ မရှိရင် အခု ပြင်ထားတဲ့ မေးခွန်းတွေကို နောက်တစ်ပတ်လောက် နေရင် ကိုယ်တိုင် ပြန် ဖြေကြည့်ပါ။
ဂ) အနှစ်ချုပ် သင်ခန်းစာ website တွေ app တွေ မှတ်စုတွေ ထပ်ပြန်တလဲလဲ ဖတ်မယ့်အစား မေးခွန်းဟောင်းတွေ ဖြေကြည့်ပါ၊ အမှတ်ပေးစည်းမျဉ်း နဲ့ တိုက် စစ် ကြည့်ပါ။ ကိုယ်တိုင်ကိုယ်ကျ အကျဉ်းချုပ်မှတ်စုလေးတွေ ချရေးပါ။ အကြောင်းအရာ တစ်ခုနဲ့တစ်ခု ဘယ်လို ဆက်စပ်တယ် ဆိုတာကို … ဖြစ်နိုင်ရင် တခြား ဘာသာရပ်တွေနဲ့ နေ့စဉ်ဘဝနဲ့ ဘယ်လို ဆက်စပ်တယ် ဆိုတာကို mind map လေးတွေ ဆွဲကြည့်ပါ။
ဃ) ဒီတိုင်း စာ အံ မယ့်အစား တခြားသူကို ပြန် သင်ပေးပါ။
The best way of learning is teaching အကောင်းဆုံး သင်ယူနည်းက ပြန် သင်ပေးခြင်းပါပဲ တဲ့။ အမှန်တကယ် ကျွမ်းကျင် တတ်မြောက်ချင်ရင် တခြားတစ်ယောက်ယောက်ကို စာ ပြန် ရှင်းပြကြည့်ပါ။ သူငယ်ချင်းတွေထဲ သူတို့ မရှင်းတာ ရှိရင် revision လုပ်ပေး ရှင်းပြပေးပါ။
အနှစ်ချုပ်ရရင်
ကိုယ့်ဆီ ရလာတဲ့ အချက်အလက်ကို လက်ခံအပြီးမှာ အချက်အလက်သစ် တစ်ခုခု ထပ်တိုးသွားအောင် တက်တက်ကြွကြွ လေ့လာ အသုံးချခြင်းဖြင့် ကိုယ်ရတဲ့အချက်အလက်က ကိုယ်ပိုင်အဖြစ်ရောက်ရှိ မှတ်မှတ်သားသား ရှိစရာ ဖြစ်သွားစေပါမယ်။
၂) ရည်မှန်းချက်ချ သင်ယူပါ
တစ်ခုခု မသင်ယူခင် ကိုယ့်ကိုယ်ကိုယ် ဒါလေးတွေ မေးကြည့်ပါ။ သတ်မှတ်ထားကြည့်ပါ။
ငါ ဘာရချင်တာလဲ
အဲဒါက ငါ တကယ် ရနိုင်တဲ့အခြေအနေရှိလား
ဘယ်တော့လောက် ရအောင် လုပ်မလဲ … အချိန်လောက်မလား
အဲဒါရဖို့ ငါ သင်ယူပုံ လွဲနေတာနဲ့ ကြုံရင် ဘယ်လို ပြန် ပြင်မလဲ
အောင်အောင်မြင်မြင် ရရင် ငါ့ကိုယ်ငါ ဘာ ပြန် ဆုချမလဲ
၃) ဒီလိုတွေ သင်ယူပါ
ရည်မှန်းချက် ကြီးရင် အစ ခက်တတ်ပါတယ်။ ရည်မှန်းချက် ကြီးကြီးအတွက် ကိုယ့်ကိုယ်ကိုယ် နှိုးဆော်ပေးရတာ အခက်တွေ့နေရင် ရနိုင်တာ နဲ့ စပါ။ကိုယ် စလုပ်နိုင်တာက ဘယ်လောက်ပဲ သေးသေးမွှားမွှား ဖြစ်ပါစေ … ခြေလှမ်း အစပျိုးဖို့သာ ပိုအရေးကြီးတာပါ။
အချိန်ဇယား ဆွဲ ပြီး လုပ်စရာအလုပ်ကို အသေးစိတ် ပြန် ခွဲ နေ့စဉ် နိုင်သလောက် ခွဲတမ်းချ လုပ်ပါ။
စာ လုပ်ရမယ့်အချိန်မှာ အာရုံ မပြားစေဖို့ social media တွေကို ခဏ ပိတ်ထားပါ။ ဒါတွေကို အချိန်ကန့်သတ်ပေးတဲ့ app ထည့်ထားပါ။
Mind-map လိုမျိုး post-it လိုမျိုး နည်းလမ်းတွေကို အသုံးချရင်း ကိုယ် ဦးစားပေး လုပ်ရမည့်အရာတွေကို အစီအစဉ် ဆွဲပါ။
အနီးအနားက အနှောက်အယှက် ဖြစ်စေတဲ့ အသံတွေကနေ ကင်းကွာသွားအောင် ဂီတသံ instrumental တစ်ခုခုကို နားထောင်ရင်း စာလုပ်ပါ။ ဂီတသံက ပိုပြီး အာရုံစူးစိုက်မှု ကောင်းစေပါတယ်။
မိနစ် လေးဆယ် လောက် စာလုပ်ပြီးတိုင်း မိနစ် နှစ်ဆယ် နားပါ။ ဒါမှ ကွန်ပြူတာ ဖန်သားမျက်နှာပြင်တွေကနေ ခွဲခွာပြီးသား ဖြစ်မှာပါ။
လူ ဆိုတာ စက်ရုပ် မဟုတ်ဘူး ဆိုတာကိုလည်း မမေ့နဲ့နော် … နားချိန် ကောင်းကောင်း လို ကို လိုတယ်။ ရုပ်ရှင်ကြည့်ဖို့၊ သူငယ်ချင်းအပေါင်းအသင်းနဲ့ စကားပြောဖို့၊ လက်ဘက်ရည်သောက်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ဆုချဖို့ အချိန် မဖြစ်မနေ ထားပါ။ သေချာ အနားရတဲ့ ဦးနှောက်ကသာ ပို လေ့လာသင်ယူနိုင်တာပါ။
စာသင်ရင်း နားတဲ့အနေနဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ အားကစား လေ့ကျင့်ခန်း တစ်ခုခု လုပ်တယ်ဆိုတာက တစ်ရက်ကို တစ်နာရီလောက် အနားယူပြီးသားလည်း ဖြစ်တယ် … အားအင်တိုး ကျန်းမာစရာလည်း ဖြစ်တယ်။
ကိုယ့်အတွက် ကိုယ် သာ အာရုံစိုက်ပါ။ ကိုယ့်အတွက် အကောင်းဆုံး ပြင်ဆင်နိုင်တာ ကိုယ်တစ်ယောက်ပဲ ရှိတာပါ။
၄) ပူပင်သောက လျှော့ချပါ။
လူ ဆိုတာ ‘ပူ’မျိုး ပါလေ … ပူပင်မှု သောက ကြုံရစမြဲ … ကြုံသမျှ ပူပင်သောကကိုလည်း ဘာကြီးဖြစ်ဖြစ် တစ်နည်းထဲနဲ့ ပဲ တုန့်ပြန်စမြဲ ပါ။
ရှေးဦး ခေတ်ကာလ တုန်းကတော့ ပူပင်စိုးကြောက်စရာက တောရိုင်း တိရစ္ဆာန်နဲ့ ရင်ဆိုင်ရတာမျိုး ပေါ့။ ကိုယ် စိုးရိမ်ရတာနဲ့ ကြုံရရင် ခန္ဓာကိုယ်ကနေ adrenaline ဟိုမုန်းတွေ ရုတ်တရက် ထုတ်ပေးမယ် ... ဒီ ဟိုမုန်းရဲ့ စေ့ဆော်မှုနဲ့ ရန်သူကို စိတ်လှုပ်တရှား ရင်ဆိုင်မယ် … stress က ရုတ်တရက် မြန်မြန် ထွက်လာပြီး မြန်မြန် တုန့်ပြန်ရတာမျိုး ပါ။အနိုင်ရရင်း အောင်ပွဲခံ ပျော်ရင်း နဲ့မှ ရုတ်တရက် ဆောင့် တိုးထားတဲ့ adrenaline ဟိုမုန်းက တဖြည်းဖြည်း ပြန် ကျတာပေါ့။
လက်ရှိ စိုးကြောက်စရာက တစ်ခေတ်တုန်းကလို ခြင်္သေ့ မဟုတ်တော့ဘဲ ကျောင်းကိစ္စ ပညာသင်ကြားရေး ကိစ္စ ဖြစ်နေပေမယ့်လည်း ဟိုမုန်း တက်သွားပုံကတော့ ရှေးတုန်းက အတိုင်းပါပဲ။ ကျောင်းမသွားဘဲ အိမ်ကနေ သင်ရတာ အခက်တစ်ခုခု ကြုံတာနဲ့ ရုတ်တရက် stress ရသွားမယ် … ဟိုမုန်းတွေ တက်သွားမယ်။ နောက် မိနစ် နှစ်ဆယ်လောက် နေမှ ဟိုမုန်း စ ကျမယ်။ တစ်နာရီလောက် နေမှ ပုံမှန်နီးပါး ပြန်ဖြစ်မယ်။ ဒါတွေအားလုံးက adrenaline ဟိုမုန်းကြောင့် ဖြစ်ရိုးဖြစ်စဉ် တွေပါ။
ဒီလို ရုတ်တရက် ပူပင်သောက ဖြစ်ရတာ လျော့ပါးအောင်က
က) ဖြစ်နိုင်သမျှ ကြိုတင်ပြင်ဆင်တဲ့ အလေ့အကျင့်ကို မွေးပါ။
ခ) အသက်ရှူ လေ့ကျင့်ခန်း လုပ်ပါ။
အသက်ရှူ လေ့ကျင့်ခန်းက လေးငါးမိနစ်အတွင်း စိတ်ကို တည်ငြိမ်သွားစေတဲ့ ကုထုံး ပါ။ နေ့စဉ် လေ့ကျင့်ထားရင် အကောင်းဆုံးပါ။ မတ်တပ်ရပ်ရင်း ထိုင်ရင်း အိပ်ယာထဲ လှဲလျောင်းရင်း ကြမ်းပြင်ပေါ်မှာ ဖျာပေါ်မှာ လှဲလျောင်းရင်း ဘယ်လို အခြေအနေမှာမဆို ကိုယ် သက်သောင့်သက်သာ အဖြစ်ဆုံး ပုံစံနဲ့ လုပ်နိုင်တဲ့ ကုထုံးပါ။
အဝတ်အစားတွေ တင်းကြပ်နေရင် အသက်ရှူလို့ကောင်းအောင် နည်းနည်း ဖြည်လျှော့လိုက်ပါ။
လှဲလျောင်းရက် ဆိုရင် လက်နှစ်ဘက်ကို ကိုယ်နဲ့ ဝေးရာ ခွာ ထားပြီး (လက် မှောက်ခုံ မထားဘဲ) လက်ဖဝါး လှန်ထားပါ။ ဒူးကို ကွေးပြီး နည်းနည်း ခြားပြီး ခြေဖဝါးတွေ ကြမ်းပြင်ပေါ်မှာ နင်းဖြန့်ထားပါ။ ထိုင်ရက် ဆိုရင် လက်တွေကို လက်ကိုင်တန်းပေါ် တင်ထားပါ။
မတ်တပ်ရပ်နေတာ ထိုင်နေတာ ဆိုရင်လည်း ခြေနှစ်ဖက်လုံး ကြမ်းပေါ်မှာ နင်းဖြန့်ထားပါ။ ခြေနှစ်ဖက်အကြား တစ်ပေလောက် ကွာနေပါစေ … ခါးနဲ့ တင်ပါးနဲ့ ခြေထောက်တွေ တစ်တန်းထဲလောက် ခပ်ကြကြဲ ခြား ထိုင်ပါ/ ရပ်ပါ။
ဗိုက်ထဲ အောက်ပိုင်းနားထိ လေရောက်အောင် ဖြည်းဖြည်းသက်သာ အသက်ရှူသွင်းပါ။
နှာခေါင်းကနေ ရှုသွင်းပြီး ပါးစပ်ကနေ ရှူထုတ်ပါ။
တစ် ကနေ ငါး လောက်ထိ စိတ်ထဲမှာ ဖြည်းဖြည်း ရွတ်ရင်း အသက်ရှူသွင်းပါ။ စစခြင်းမှာ အဲလောက်ထိ ကြာဖို့ ခက်ကောင်း ခက်ပါလိမ့်မယ် … လေ့ကျင့်ပေးပါ။
ရှူသွင်းပြီးရင်း အသက်အောင့်ထားစရာ မလိုပါဘူး … တစ် ကနေ ငါး လောက်ထိ စိတ်ထဲမှာ ဖြည်းဖြည်း ရွတ်ရင်း အသက်ရှူထုတ်ပါ။
သုံးမိနစ်ကနေ ငါးမိနစ်လောက်အတွင်း ဖြည်းဖြည်းသက်သာ အကြိမ်ကြိမ် လုပ်ပေးပါ။
ဆြာကျော်မိုးအောင်(MISA)
မူရင်း https://www.cambridgeinternational.org/Images/578493-how-to-manage-stress-and-learn-effectively-at-home.pdf. ကို ကိုးကား ဘာသာပြန်ပါသည်။
24/04/2020
✅ကိုဗစ်-၁၉ဟာ နေရောင်ကျရောက်တဲ့ အပူချိန်၂၁ဒီဂရီစင်တီဂရိတ်နဲ့အထက် မျက်နှာပြင်တွေမှာ နှစ်မိနစ်ပဲ အသက်ရှင်နိုင်တယ်လို့ အမေရိကန်အစိုးရကထုတ်ဖော်ပြောကြားလိုက်ပါတယ်။
✅ကြာသပတေးနေ့ကပြုလုပ်တဲ့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ အမိမြေလုံ ခြုံရေး၊ သိပ္ပံနှင့်နည်းပညာဌာနအကြီးအကဲ ဘီလ်ဘရမ်ရန်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
✅သူပြောတာတွေက...
✳️ခရမ်းလွန်ရောင်ခြည်ရဲ့ပြင်းထန်တဲ့အကျိုးသက်ရောက်မှုဟာ ဗိုင်းရပ်စ်ကိုသေစေဖွယ်ရှိတယ်။ မျက်နှာ ပြင်ပေါ်မှာရော၊လေထဲမှာရောပါ။
✳️အပူချိန်နဲ့စိုးထိုင်းဆတို့ကလည်း အလားတူအကျိုးသက်ရောက်မှုမျိုးရှိတယ်။ အပူချိန်မြင့်လာတာ၊စိုထိုင်း ဆမြင့်လာတာ။ဒါမှမဟုတ်နှစ်မျိုးစလုံးမြင့်တက်လာတာမျိုးကို ဗိုင်းရပ်စ်ကမကြိုက်။
✳️ပူနွေးတဲ့ရာသီဥတုနဲ့ ခရမ်းလွန်ရောင်ခြည်မြင့်တက်လာတာနဲ့အမျှ ဗိုင်းရပ်စ်အရေအတွက် တစ်ဝက်ကို သတ်ပစ်နိုင်တဲ့ အချိန်အတိုင်းအတာဟာ သိသိသာသာလျော့ကျလာတယ်။ ဒါဟာ နွေရာသီမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုကို သိသိသာသာလျှော့ချနိုင်မယ့် မျှော်လင့်ချက်ပဲ။
✳️အပူချိန်မြင့်မြင့်မှာ ဗိုင်းရပ်စ်သေနှုန်းဟာ ခပ်မြန်မြန်ဖြစ်လာတယ်။ ဒီကနေ့အထိစမ်းသပ်ထားသမျှပြောရ ရင် တံထွေးအမှုန်အမွှားတွေထဲကဗိုင်းရပ်စ်ဟာ အခန်းထဲမှာနှင့် ခြောက်သွေ့တဲ့အခြေအနေမှာ အသက်ရှင်ဖို့အကောင်းဆုံး။ ဒါပေမယ့် နေရောင်ခြည်တိုက်ရိုက်ကျရင်တော့ တံထွေးအမှုန်အမွှားတွေ ထဲကဗိုင်းရပ်စ်လည်း ခပ်မြန်မြန်သေဆုံးကုန်တယ်။
✳️ဒီစမ်းသပ်မှုတွေကို ဂျွန်ဟော့ကင်းရဲ့ Applied Physics Lab အကူအညီနဲ့ပြုလုပ်ခဲ့တာဖြစ်တယ်။ Bleach နဲ့ဆိုရင်ဗိုင်းရပ်စ်က ငါးမိနစ်အတွင်းသေပြီး အရက်ပျံပြင်းပြင်းနဲ့ဆိုရင် စက္ကန့်(၃၀)အတွင်းသေတယ်။
✳️ဒါပေမယ့်
နွေရာသီဟာ ဗိုင်းရပ်စ်ကိုသေစေတယ်လို့ တာဝန်မဲ့မပြောနိုင်ဘူး။အဲသလိုထင်သွားရင်လူတွေဟာ လက်ရှိ ကန့်သတ်ထားတဲ့ social distancing တို့ stay home တို့မလုပ်ဘဲ အပြင်ထွက်ပြီးမိတ်ဆွေအပေါင်း အသင်းတွေနဲ့တွေ့ကုန်ကြလိမ့်မယ်။
✳️နေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့ရင် ဗိုင်းရပ်စ်ဟာ ပူပြင်းတဲ့ရာသီမှာလည်း အသက်ရှင်နိုင်တယ်လို့ သတိပေးလိုက်ပါရစေ။
တို့ဖြစ်ပါတယ်။
✅သတင်းစာရှင်းလင်းပွဲမှာ တင်ပြခဲ့တဲ့ ဇယားမှာ(ပူးတွဲကြည့်ပါ)
✳️၇၀-၇၅ ဒီဂရီဖာရင်ဟိုက်အပူချိန်ရှိပြီး စိုထိုင်းဆ၂၀ရာခိုင်နှုန်း ရှိပြီး နေရောင်မကျတဲ့ မျက်နှာပြင်ပေါ်မှာ ဗိုင်းရပ်စ်ဟာ ၁၈နာရီအသက်ရှင်။
✳️အပူချိန်တူ၊စိုထိုင်းဆ ၈၀ရာခိုင်နှုန်းရှိပြီး နေရောင်မကျတဲ့မျက်နှာပြင်ပေါ်မှာ (၆)နာရီအသက်ရှင်။
✳️၉၅ဒီဂရီ ဖာရင်ဟိုက်၊စိုထိုင်းဆ၈၀ရာခိုင်နှုန်းရှိပြီးနေရောင်မကျတဲ့ မျက်နှာပြင်ပေါ်မှာ(၁)နာရီ အသက်ရှင်။
✳️အပူချိန်၇၀-၇၅ ဒီဂရီဖာရင်ဟိုက်၊စိုထိုင်းဆ၈၀ရာခိုင်နှုန်းရှိတဲ့ နေရောင်ထိတွေ့မျက်နှာပြင်ပ်ါမှာ (၂)မိနစ် အသက်ရှင်နိုင်။
✳️အပူချိန်တူ၊စိုထိုင်းဆ(၂၀)ရာခိုင်နှုန်းရှိပြီးနေရောင်မထိတဲ့
လေထဲမှာ မိနစ်(၆၀)အသက်ရှင်နိုင်
✳️အပူချိန်တူ၊စိုထိုင်းဆ(၂၀)ရာခိုင်နှုန်းရှိပြီး နေရောင်ထိတဲ့
လေထဲမှာ တစ်မိနစ်ခွဲခန့်အသက်ရှင်နိုင်။
(၇၀-၇၉ ဒီဂရီဖာရင်ဟိုက်= ၂၁-၂၃ဒီဂရီစင်တီဂရိတ်)
(၉၅ ဒီဂရီဖာရင်ဟိုက်= ၃၅ဒီဂရီစင်တီဂရိတ်)
Source: metro.co.uk
25/03/2020
🇨🇳 တရုတ်ပြည် ယူနန်နယ်မှာတွေ့တယ်ဆိုတဲ့ Hantavirus က ကြွက်က ကူးတာပါ။
အဲ့ဒီလူက ယူနန်နယ်ကနေ ရှန်တုံပြည်ကို အလုပ်လုပ်ဖို့သွားရာက ဘက်စ်စကားပေါ်မှာ သေဆုံးပါတယ်။
တရုတ်ကလည်းကိုရိုနာ အကြီးအကျယ်လန့်ထားတော့ virus စစ်ရင်း Hantavirus ကိုတွေ့တယ်ပေါ့။
ဒီ Hantavirus ဆိုတာ 1950 ကျော် ကိုရီးယားစစ်ပွဲ ကာလက စတွေ့ခဲ့တာပါ။ Hantan မြစ် နားက စတွေ့ခဲ့လို့လို့ ဆိုပါတယ်။
♦️ လူတွေကြား တယောက်နဲ့ တယောက်မကူးစက်တတ်ပါဘူး။ ဗူးလေးရာ ဖရုံဆင့်ဖြစ်မှာ မလန့်ကြပါနဲ့ ခင်ဗျာ။
♦️ လေထဲကနေ လုံးဝ မကူးစက်တတ်ပါ။ကြွက်ကနေ လူကို ကြွက်သေး၊ မစင်၊ တံတွေးတွေကို ထိတွေ့မိရာကနေ ကူးစက်တတ်ပါတယ်။
ကြွက်ဖမ်းရင်း အကိုက်ခံရတာမျိုးပေါ့။ ရှားရှားပါးပါးဖြစ်တတ်တာမျိုးပါ။
ထိတွေ့ပြီး 8 ပတ်ကြာမှ ဖြစ်တာမျိုးလည်းရှိတယ်။
ဖြစ်ရင် HPS အဆုတ်ထိတာနဲ့ HFRS သွေးကြောနဲ့ ကျောက်ကပ်ထိတာ ဖြစ်မယ်။
♦️ HPS ဖြစ်ခဲ့ရင် ဖျားမယ်၊ ပင်ပန်းနွမ်းနယ်မယ်၊ ကြွက်သားတွေနာမယ်၊ ခေါင်းကိုက်မယ်၊ ခေါင်းမူးမယ်၊ ဗိုက်နာမယ်။
အဲ့ဒါကို မကုသရင် ချောင်းဆိုးမယ်၊ အသက်ရှုရခက်မယ်။ သေနှုန်းမြင့်တယ်။ 38% ရှိပါတယ်။
COVID-19 လို ရင်ပတ်ပေါ် ခါးပတ်ကြီးပတ်ထားသလို၊ မျက်နှာပေါ် ခေါင်းအုံးအုပ်ထားသလို အသက်ရှုရခက်မယ်။
♦️ HFRS ဖြစ်ခဲ့ရင် အထက်က ရောဂါလက္ခဏာတွေဖြစ်မယ်၊ သွေးပေါင်ကျမယ်။ ရှော့ရမယ်။ သွေးကြောကသွေးယိုမယ်။ ကျောက်ကပ်ထိမယ်။
♦️ HPS က လူတွေကြားမကူးဘူး။ HFRS က အလွန်ရှားပါးလှစွာ ကူးတတ်တယ်။
👉 မဖြစ်အောင်တားဆီးရေးကတော့ ကြွက်တွေ အလွန်မပွားအောင် နှိမ်နင်းရေးပဲ။
အမှန်တော့ ဒီရှားပါးဖြစ်စဉ်တွေက နေ့စဉ်ရှိနေတတ်ပါတယ်။ အခုတော့ အားလုံး Alert ဖြစ်နေလို့ ထစ်ကနဲဆို တွေ့တာပါ။
အခုအနေအထားနဲ့ ဒီ Hantavirus ရောဂါပိုးကို ခေါင်းထဲ လုံးဝမထည့်ပဲ COVID-19 ဖြစ်စေမယ့် SERS-CoV-2 🦠 virus ပိုးကိုသာ ကိုယ်နဲ့ မထိတွေ့အောင်....
#အပြင်မထွက်နဲ့၊ မျက်နှာမထိမိအောင်သတိထား၊ လက်ကို စတစ်တကျဆေး တာပဲ အာရုံစိုက်ကြပါ။
Richard Myo Thant
25-Mar-2020
12/08/2018
မင်္ဂလာပါ
များမကြာမှီ နိုင်ငံတကာတွင် အလုပ်ရလွယ်ကူသော အသက်မွေးဝမ်းကျောင်းပညာရပ်များ စတင်ဖွင့်လှစ်တော့မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Admin Team
City College Mandalay
20/04/2017
April 23 ရက်နေ့  တွင် interview ခေါ်မည်
နေရာ...မြတ်ချယ်ရီဆေးတိုက်(မနော်ဟရီ ၆၂ x ၆၃ ကြား)
အချိန်.... 9am to 4pm အတွင်း
CV form မတင်သေးသူများလဲ CV form တင်ပြီး interview ဝင်နိုင်ပါသည်
15/04/2017
ပျော်ရွှင်စရာ မြန်မာနှစ်သစ်မှာ မြန်မာပြည်သူ ပြည်သားအပေါင်း စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်းအပေါင်းနှင့်ပြည့်စုံ၍ မင်္ဂလာနှစ်သစ်ဖြစ်ပါစေကြောင်း မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
" အသည်းရောင် ဘီပိုးနှင့် စီပိုးများအား လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်ပါပြီ "
#ပါမောက္ခခင်မောင်ဝင်း(အသည်း)
#အသည်းရောင်အသားဝါဘီပိုး
အသည်းရောင်အသားဝါ ဘီရောဂါပိုးသည် ကုသ၍မရပါဟု ပြည်သူလူထုအတွင်းတွင်လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများတွင်လည်းကောင်း ယူဆထားကြပါသည်။ သို့ပါသော်လည်း ယခုအခါတွင် အသည်းရောင်အသားဝါဘီပိုးအား လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်ပါပြီ။ ဘီပိုးသေဆေး စားဆေးကို စားပြီးနောက် ဘီပိုးသေဆေး ထိုးဆေးနှင့် ကုသခြင်းဖြင့် အသည်းရောင်အသားဝါဘီပိုးအား လုံးဝ ပျောက်ကင်းအောင် ကုသပေးနိုင်ပါပြီ။ ယင်းကဲ့သို့ ဘီပိုးကို လုံးဝပျောက်ကင်းအောင် ကုသခြင်းဖြင့် အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာရောဂါများကို ကာကွယ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပေးလိုက်ချင်ပါသည်။
#အသည်းရောင်အသားဝါစီပိုး
အသည်းရောင်အသားဝါစီပိုးကို ပျောက်ကင်းအောင် ယခင်က စီပိုးသေဆေးထိုး၍ ကုသရပါသည်။ ယင်းကဲ့သို့ ကုသရာတွင် လူနာမှာ ဘေးထွက်ဆိုးကျိုးမျိုးစုံ ခံစားရပြီး ကုသမှုစရိတ်မှာလည်း သိန်း ၁၀၀ ကျော်ခန့် ကုန်ကျပါသည်။ အခန့်မသင့်ပါက အချို့လူနာများသည် စီပိုးသေဆေး ထိုးဆေး၏ဒဏ်ကို မခံနိုင်ဘဲ အသက်ဆုံးရှုံးသည်အထိ ဖြစ်သွားတတ်ပါသည်။ ယခုအခါတွင် ခေတ်မီနောက်ဆုံးပေါ် စီပိုးသေဆေး စားဆေးများ မြန်မာနိုင်ငံတွင် ရရှိနေပြီး တစ်နေ့လျှင် ဆေးတစ်လုံး သုံးလခန့် စားရုံဖြင့် စီပိုးလုံးဝပျောက်ကင်းအောင် ကုသပေးနိုင်ပါပြီ။ ယင်းစီပိုးသေဆေး စားဆေးများမှာ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘဲ ကုန်ကျစရိတ်မှာ ယခင်ထိုးဆေးများနှင့် နှိုင်းယှဉ်လျှင် အထူးသက်သာပါသည်။
#နိဂုံး
ယခုအခါတွင် အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးရှိသူများအား ခေတ်မီနောက်ဆုံးပေါ် ကုထုံးများဖြင့် ကုသ၍ ပိုးလုံးဝပျောက်ကင်းနိုင်ပါပြီဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ပိုးပျောက်အောင် ကုသခြင်းဖြင့် အသည်းကင်ဆာအား ကာကွယ်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ချင်ပါသည်။
#ပါမောက္ခခင်မောင်ဝင်း(အသည်း)
♥ ဤကဏ္ဍကို United Pharma Co., Ltd မှ ကူညီပံ့ပိုးပါသည်။ ♥
Eternal Light Magazine
March 2017
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
Eternal Light မဂ္ဂဇင်းကို City Mart, Orange နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင်လည်းကောင်း၊ Mobile Phone ဖြင့် စာဖတ်သူများအတွက် Wun Zinn application တွင်လည်းကောင်း၊ နယ်မှ အိမ်တိုင်ရာရောက်စနစ်ဖြင့် တစ်အုပ်ချင်း မှာယူလိုသူများအတွက် WE Distribution ဖုန်း ၀၉ ၂၅၀၀၉၁၉၁၃ တွင်လည်းကောင်း အားပေးဝယ်ယူဖတ်ရှုနိုင်ပါသည်။ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များမှ Message ပို့ပြီး ဆက်သွယ်အလှူခံနိုင်ပါသည်။
Credit: Eternal Light Magazine
26/01/2017
စာရင်းလက်ခံပြီ…
သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်မှုသင်တန်း
အခြေခံ သူနာပြုအကူ နှင့်ဆေးဝါးကျွမ်းကျင်မှုသင်တန်း
သင်တန်းအပတ်စဉ် (၆) ကို
ဖေဖေါ်ဝါရီလ(၄) ရက်နေ့စတင်ပါမည်။
သင်တန်းချိန် -နံနက် ၉း၃၀ မှ ၁၂း၀၀ထိ
အပတ်စဉ် - စနေ၊ တနင်္ဂနွေအတန်း
သင်တန်းကြေး - ၁၅၀၀၀၀ ကျပ်
စာရင်းလက်ခံပြီ။
ဖုန်းဖြင့်စုံစမ်းမေးမြန်းခြင်းအား လှိုက်လှဲစွာကြိုဆိုပါသည်။
Ph: 09- 785 780 790,
09- 787 780 790
19/12/2016
အောင်မြင်သူတွေက
အသစ်အသစ်တွေကို အမြဲတန်းလေ့လာနေကြပြီး
မအောင်မြင်သူတွေက
အားလုံးကို သူတို့သိပြီးနေပြီလို့ယူဆကြတယ်...
29/06/2016
စာရင်းလက်ခံပြီ…
သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင်မှုသင်တန်း
အခြေခံ သူနာပြုအကူ နှင့်ဆေးဝါးကျွမ်းကျင်မှုသင်တန်း
သင်တန်းအပတ်စဉ် (၄) ကို
ဇူလိုင်လ ၇ ရက်နေ့စတင်ပါမည်။
သင်တန်းချိန် -နေ့လည် ၁း၀၀ မှ ၃း၃၀ထိ
အပတ်စဉ် - ကြာသပတေး၊ သောကြာအတန်း
သင်တန်းကြေး - ၁၂၀၀၀၀ ကျပ်
စာရင်းလက်ခံပြီ။
ဖုန်းဖြင့်စုံစမ်းမေးမြန်းခြင်းအား လှိုက်လှဲစွာကြိုဆိုပါသည်။
Ph: 09- 785 780 790,
09- 787 780 790