GMAT- Aid

GMAT- Aid � Hope to be an useful support for GMAT exam sitters �

🌈 EMBA - Executive Master of Business Administration & 🌈 EMPA- Executive Master of Public Administration 🌈 MBA - Master ...
14/08/2019

🌈 EMBA - Executive Master of Business Administration &

🌈 EMPA- Executive Master of Public Administration

🌈 MBA - Master of Business Administration

🌈 MPA- Master of Public Administration

🌈 MDevS- Master of Development Studies

🌈MBF - Master of Banking and Finance စတဲ့ Master programme တွေမှာ ဝင်ခွင့် ဖြေဆိုသူတိုင်း

လေ့လာသင့်တဲ့ စာအုပ်များ.... ကို အောက်ပါ link မှာ download လုပ်ပြီး လေ့လာနိုင်ပါတယ်နော်။

🌿Numerical Skills
🌿English
🌿Logical Reasoning (၃) ဘာသာဖြေဆိုဖို့

🌿GMAT- Graduate Management Test
🌿XAT- Xavier Aptitude Test
🌿CAT- Common Admission Test တို့ကို လေ့ကျင့်ထားသင့်ပါတယ်။

🌿GMAT & CAT references တွေကို link ချထားပေးပါတယ်။

🌿Official Guide for GMAT official guide, 2019 🌿
https://www.dropbox.com/s/aebec3hndqhqzvu/GMAT%20Official%20Guide%202019%20%28%20PDFDrive.com%20%29.pdf?dl=0

🌿 Official Guide for GMAT, verbal Review 2019🌿
https://www.dropbox.com/s/cylvbfkntylzty6/GMAT%20Official%20Guide%20Verbal%20Review%202019_%20Book%20%2B%20Online%20%28%20PDFDrive.com%20%29.pdf?dl=0

🌿Official Guide for GMAT, Quantitative Review 2019🌿
https://www.dropbox.com/s/w7tfu9ok0k69qlj/GMAT%20Official%20Guide%20Quantitative%20Review%202019_%20Book%20%2B%20Online%20%28%20PDFDrive.com%20%29.pdf?dl=0

🌿 How to prepare for logical Reasoning for CAT
https://www.dropbox.com/s/8igf0ov9h0s4sp3/how-to-prepare-for-logical-reasoning-for-the-cat.pdf?dl=0

FYI
11/06/2019

FYI

🌈 Essay Writing & Grammar Practice course ကို May 16 မှာ စတင်ပြီး ပညာဒါနအနေနဲ့ အခမဲ့ လေ့ကျင့်သွားပေးပါတော့မယ်နော်.....

🌈 Essay တစ်ပုဒ် ကောင်း၂ ရေးနိုင်ဖို့ နဲ့ Grammar ပိုင်ပိုင် သုံးတတ်စေဖို့ ....

🌈 SKILLRISE နဲ့အတူ လက်တွဲပြီး လေ့ကျင့်အောင်နော်။

🌈 References တွေ အနေနဲ့

🌿Toefl Grammar Flash
🌿Longman Grammar
🌿Barron’s Toefl Practice စတဲ့ စာအုပ်တွေကနေ မှီငြမ်းကိုးကားထားပါတယ်....

🏠သင်တန်းနေရာ
၇၆ လမ်း ၃၆x၃၇ ကြား။ မန္တလေး။

📲ဆက်သွယ်စုံစမ်းရန်
09-2015294

https://www.facebook.com/370241953771083/posts/374068876721724/
02/02/2019

https://www.facebook.com/370241953771083/posts/374068876721724/

🍀Types of GMAT Reading Comprehension Questions 🍀

GMAT Reading question တွေကို အဓိကအားဖြင့် (၆) မျိုး ခွဲနိုင်ပါတယ်..

(၁) Main Idea
Passage တစ်ခုလုံးရဲ့ အဓိက အကြောင်းအရာကို ခြုံပြီး မေးတဲ့ မေးခွန်းမျိုးပါ..
မေးခွန်းထဲမှာ
▪️The author’s primary purpose - - -
▪️The passage is mainly concerned - - -
▪️The primary purpose of the first paragraph is - - - စသဖြင့် မေးတတ်ပါတယ်

(၂) Supporting Ideas/ Details
Passage ရဲ့ အစိတ်အပိုင်းတစ်ခု/ အကြောင်းအချက်တစ်ခုကိုသာ သီးသန့်မေးတဲ့ မေးခွန်းမျိုးပါ.. ဆိုလိုတာက sentence တစ်ခုခုနဲ့ ပတ်သက်ပြီး တိုက်ရိုက် မေးတဲ့မေးခွန်းမျိုးပါ..
မေးခွန်းထဲမှာ
▪️According to the passage - - -
▪️The author indicates explicitly - - -
▪️The passage mentions one of the followings as - - - စသဖြင့် မေးတတ်ပါတယ်..

(၃) Inferences
Author ရဲ့ ရည်ရွယ်ချက်ကို မိမိကိုယ်တိုင် သွယ်ဝိုက်ပြီး ကောက်ချက်ချ အဖြေထုတ်ပေးရတဲ့ မေးခွန်းမျိုးပါ..
ဒါကို Passage ထဲမှာ ဖော်ပြထားခြင်းမရှိပါဘူး..
မေးခွန်းထဲမှာ
▪️It can be inferred - - -
▪️The information in the passage suggests - - -
▪️Which of the following is implied - - - ? စသဖြင့် မေးတတ်ပါတယ်..

(၄) Logical Structure
Logic ကို မေးတဲ့ မေးခွန်းမျိုးပါ..
မိမိအနေနဲ့ မေးခွန်းထဲမှာပါတဲ့ ဝေါဟာရတွေ၊ အကြောင်းအရာတွေနဲ့ အကျွမ်းတဝင်ရှိဖို့ထက်
Passage မှာ ပေးထားတဲ့ information ကို လိုက်ပြီး ကျိုးကြောင်းဆီလျော်စွာနဲ့ အကဲဖြတ် ဖြေဆိုရတဲ့ မေးခွန်းမျိုးပါ..
မေးခွန်းထဲမှာ
▪️How a passage is constructed?
▪️- - - - best describes the relation of first paragraph to the passage as a whole? စသဖြင့် မေးတတ်ပါတယ်..

(၅) Outside the box/ Out-of-context
Passage ထဲက အကြောင်းအရာတစ်ခုကို passage ထဲမှာ လုံးဝမပါတဲ့ တခြား အကြောင်းအရာတစ်ခုနဲ့ နှိုင်းယှဉ်မေးတဲ့ မေးခွန်းမျိုးပါ..
အဲ့ အကြောင်းအရာနှစ်ခုဟာ တစ်ခုနဲ့ တစ်ခု parallel ဖြစ်နေတတ်တာမျိုးပါ..
မေးခွန်းထဲမှာ
▪️- - - - - is most similar to which of the following?
▪️- - - - - provides information in support of which of the following assertions? စသဖြင့် မေးတတ်ပါတယ်..

(၆) Tone & Opinion
Passage ကို ရေးတဲ့ author ရဲ့ ရည်ရွယ်ချက်၊ ခံယူချက်၊ စိတ်သဘောထား၊ သူရေးသားလိုက်တဲ့ စကားလုံး အသုံးအနှုန်း.. စတာတွေကို ခန့်မှန်းဖော်ထုတ်ရတဲ့ မေးခွန်းမျိုးပါ..
မေးခွန်းထဲမှာ
▪️Do you think the author agrees or disagrees - - - ?
▪️The tone of the passage suggests that - - - စသဖြင့် မေးတတ်ပါတယ်..

မှတ်ချက် - အထက်မှာ ဖော်ပြခဲ့တဲ့ မေးခွန်းထဲက စကားလုံးတွေဟာ ချွင်းချက်တွေတော့ ရှိနေနိုင်ပါတယ်..
ဥပမာ - မေးခွန်းထဲမှာ "According to the passage" လို့ပါရင် Detail type လို့ တထစ်ချ ယူဆလို့ မရနိုင်ပါဘူး.. inferences type လည်း ဖြစ်နိုင်ပါတယ်..
များသောအားဖြင့် question type တစ်ခုချင်းစီအလိုက် အတွေ့ရများတဲ့ စကားလုံးတွေကို ပြန်လည် ထုတ်နုတ် ဝေမျှခြင်းသာဖြစ်ပါတယ်..

GMAT ဖြေဆိုမယ့် ကျောင်းသား/သူများအားလုံး
အဆင်ပြေ ချောမွေ့ကြပါစေ..

~ SKILLRISE
[ English Class &
MBA/MPA Entrance Exam Preparation Class ]

Happy Fullmon Day of Warso to you all 😊Here are some “Grammar  Rules” for GMAT Sentence Correction Practice.Reference:Of...
27/07/2018

Happy Fullmon Day of Warso to you all 😊

Here are some “Grammar Rules” for GMAT Sentence Correction Practice.

Reference:
Official Guide for GMAT, 2016 edition!

English SC (2)Practice Questions တွေကို explanation နဲ့တကွ တင်ပေးလိုက်ပြီနော်။
17/07/2018

English SC (2)

Practice Questions တွေကို explanation နဲ့တကွ တင်ပေးလိုက်ပြီနော်။

English, Sentence Correction (1)မင်္ဂလာပါ။ ဒီတစ်ပတ်မှာတော့ GMAT tests ရဲ့ Sentence Correction အပိုင်းကို ဖြေဆိုဖို့ အသုံးဝ...
16/07/2018

English, Sentence Correction (1)

မင်္ဂလာပါ။
ဒီတစ်ပတ်မှာတော့ GMAT tests ရဲ့ Sentence Correction အပိုင်းကို ဖြေဆိုဖို့ အသုံးဝင်နိုင်မယ့် နည်းလမ်းအချို့ကို sharing လုပ်ပါရစေ။
ကိုယ်တိုင် GMAT ရဲ့ Sentence Correction ကို လေ့လာတုန်းက အခက်အခဲတွေ ကြုံခဲ့ဖူးပါတယ်။ နောက်တော့ တချို့နည်းလမ်းတွေကို သုံးကြည့်တာ Vocabularies တွေ မသိရင်တောင် တော်တော်လေး အဆင်ပြေသွားပါတယ်။ GMAT tests ကို ဖြေဆိုကြမယ့်သူတွေအတွက် အသုံးဝင်ပါစေနော်။

SENTENCE CORRECTION ဖြေဆိုတော့မယ်ဆိုရင်

Step 1
A-E options ထဲက မတူတဲ့အချက်တွေကို Underline တားပါ။

Step 2
အပေါ်မှာ ပေးထားတဲ့ Passage ကို တစ်ခေါက်ဖတ်ပြီး key words တွေ၊ Subject/ Verbs တွေ ရှာကြည့်ပါ။

Step 3
Grammar Rules ကို သုံးပြီး အဖြေရှာကြည့်ပါ။ အသုံးများတဲ့ Grammar Rules တွေကို Photo အနေနဲ့ တင်ပေးလိုက်တယ်နော်။

Practice Questions တွေနဲ့ တွဲကြည့်ရင် ပိုအဆင်ပြေမှာပါ။

အဖြေတွေကို italics လုပ်ထားပေးပါတယ်။

Explanation အတွက် https://www.facebook.com/412278085907024/posts/446261362508696/မှာ ကြည့်ပါနော်။

စဉ်းစားလို့ရအောင် A to E options တွေမှာ bold လေးတွေ လုပ်ထားပေးတယ်နော်။

CR (2)Question types ၈ မျိုးရဲ့ မေးခွန်းတွေနဲ့ အဖြေတွေကို တင်ပေးလိုက်ပါတယ်နော်။
13/07/2018

CR (2)

Question types ၈ မျိုးရဲ့ မေးခွန်းတွေနဲ့ အဖြေတွေကို တင်ပေးလိုက်ပါတယ်နော်။

CR (1) GMAT tests ရဲ့ Critical Reasoning တွေကို ဖြေဆိုနိုင်ဖို့ ......Exam sitters များ အနေနဲ့ GMAT ရဲ့ Critical Reasoni...
09/07/2018

CR (1)

GMAT tests ရဲ့ Critical Reasoning တွေကို ဖြေဆိုနိုင်ဖို့ ......Exam sitters များ အနေနဲ့
GMAT ရဲ့ Critical Reasoning အပိုင်းမှာ အဓိက မေးလေ့ရှိတဲ့ ...... မေးခွန်းပုံစံ ၈ မျိုး ကို သိထားဖို့
လိုတယ်နော်။

အဲ့ဒီ ၈ မျိုး နဲ့ ဖြေဆိုမယ့်လူတွေ အဓိက သိသင့်တဲ့ အချက်တွေကတော့

1)weaken the argument/find the flaw in the argument ဆိုရင် ဖော်ပြထားတဲ့ အဆိုပြုချက် တစ်ခုမှာ အားနည်းနေတဲ့ အချက်ကို ရှာပေးရမှာပါ။

2) strengthen the argument ဆိုရင် ဖော်ပြထားတဲ့ အဆိုပြုချက် တစ်ခုမှာ ထောက်ခံပေးမယ့်အချက်ကို ရှာပေးရမှာပါ။

3) find the assumption ဆိုရင် ကောက်ချက်ချထားတဲ့ အဆိုတစ်ခုမှာ လိုအပ်နေတဲ့ ယူဆချက်တစ်ခု (eg. A ကြောင့် B ဖြစ်ပါတယ်လို့ ပြောပြနိုင်မယ့် အချက်တစ်ခုကို ) ရှာဖွေရပါမယ်။

4) draw inference/conclusion ဆိုရင်တော့ ပေးထားတဲ့ အကြောင်းအရာတွေကို အခြေခံပြီး ဆုံးဖြတ်ချက်တစ်ခု၊ သို့မဟုတ် ကောက်ချက်ချလို့ရတဲ့ အချက်တစ်ခုကို ရှာဖွေရပါတယ်။

5) structure of the argument, including boldface structure questions and dialogue structure questions ဆိုရင် passage ထဲမှာ bold letters နဲ့ ဖော်ပြထားတဲ့ အကြောင်းအရာတွေက ဘယ် role ကနေ ပါဝင်သလဲ ( conclusion အနေနဲ့လား၊ အဆိုတစ်ခုကို ထောက်ခံပေးတဲ့ အချက်လား အစရှိသည်ဖြင့် ) ဆုံးဖြတ်ပေးရမှာပါ။

6)paradox questions ဆိုရင် ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အကြောင်းအရာ ၂ ခုကို ရှင်းပြနိုင်မယ့် အချက်ကို ရှာရပါမယ်။

7) evaluate the conclusion ဆိုရင် အဆိုတစ်ခုက ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲဆိုတာ တွက်ချက်ဖို့ သိသင့်တဲ့ အကြောင်းအရာတွေကို ရှာဖွေရပါတယ်။

8 ) complete the argument ဆိုရင် passage ကို ဆက်နိုင်မယ့် အကြောင်းအရာကို ရှာဖွေရပါတယ်။

ထပ်မံလေ့လာနိုင်အောင် Question types တွေကို photo မှာ ကြည့်ပါနော်။
( အဖြေတွေကို https://www.facebook.com/pg/gmat.test.aid/posts/ ကြည့်ပါနော်)

စာမေးပွဲဖြေဆိုမယ့်သူများ အခက်အခဲမရှိ ဖြေဆိုနိုင်ပါစေ။
စာတွေ လေ့လာနေတုန်းလဲ အခက်အခဲ မရှိ အစစအရာရာ အဆင်ပြေပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

Address

Mandalay

Telephone

092015294

Website

Alerts

Be the first to know and let us send you an email when GMAT- Aid posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to GMAT- Aid:

Shortcuts

Share

Category