Nonplus

Nonplus

Share

စီးပွားရေးအတွက် Nonplus

30/04/2025

ကျွန်တော်တို့နားမှာ အမြဲတစေရှိနေတဲ့ GDP

မင်္ဂလာပါ ခင်ဗျာ…

ဒီနေ့မှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေ၊စီးပွားရေး အကြံပေးတွေ၊ ဂျာနယ်လစ်တွေ၊ ဗဟိုဘဏ်တွေမှာ မကြာခဏ သုံးလေ့ရှိတဲ့ GDP ဆိုတာကို တီးမိခေါက်မိ ရှိစေဖို့ ကျွန်တော်တို့ “Non Plus “ က မျှဝေပေးမှာ ဖြစ်ပါတယ်။
◾GDP ဆိုတာ Gross domestic product ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ စုစုပေါင်း ကုန်ထုတ်စွမ်းအားကို ဆိုလိုပါတယ်။
သတ်မှတ်အချိန်ကာလ တစ်ခုအတွင်းမှာ နိုင်ငံကထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေရဲ့ စုစုပေါင်း တန်ဖိုးဖြစ်ပါတယ်။

◾စားသောက်ကုန်၊ အဝတ်အထည် စတဲ့ ကုန်ပစ္စည်းထုတ်လုပ်သူတွေပဲ ဖြစ်ဖြစ် ဆရာဝန်၊ ကျောင်းဆရာနဲ့ တက္ကစီဒရိုင်ဘာ တို့လို့ ဝန်ဆောင်မှု ကိုပေးနေသူတွေအထိ GDP ဟာ သက်ရောက်မှုရှိပါတယ်။ ဒါ့အပြင် ပြည်ပမှာ အလုပ်လုပ်နေတဲ့ နိုင်ငံသားတွေရဲ့ ဝင်ငွေဟာလည်း GDP မှာ ပါဝင်ပါသေးတယ်။
ဒါကြောင့် GDP ဟာ ကျွန်တော်တို့နားမှာ အမြဲတစေရှိနေတယ်လို့ ဆိုရတာပဲ ဖြစ်ပါတယ်။

👉GDP ဒီလို တွက်ချက်နိုင်ပါတယ်။
GDP = Consumption + Investment + Government Spending + Net Exports
ဒီလို တွက်ချက်ပြီး ရလာတဲ့ GDP ကို ကြည့်ခြင်းဖြင့် နိုင်ငံရဲ့ စီးပွားရေး အခြေအနေ တိုးတက်နေသလား ၊ ကျဆင်းနေလားကို သိိနိုင်မှာဖြစ်ပြီး နိုင်ငံသားတွေရဲ့ လူနေမှုအဆင့်အတန်းကိုပါ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။
📈GDP မြင့်လေလေ လူနေမှု အဆင့်အတန်းမြင့်လေလေပါပဲ။
ဒါပေမယ့် GDP ဟာ အခကြေးငွေမရတဲ့ ဝန်ဆောင်မှုပေးတာတွေကိုတော့ မတိုင်းတာပါဘူး။ဥပမာ- မိခင်တစ်ယောက်က အိမ်မှုကိစ္စဆောင်ရွက်တာမျိုး၊ ဖခင်က သားသမီးကို စာသင်ပေးတာမျိုး ။ ဒီလို အရာတွေအထိ တိုင်းတာလို့ မရတဲ့ အတွက် GDP ဟာ စင်းလုံးချော မပြည့်စုံဘူးလို့ ဆိုကြပေမယ့် ဒီနေ့အချိန်အထိ အသုံးဝင်နေဆဲ ဖြစ်ပါတယ်။

👉ဒီလောက်ဆိုရင် “Non Plus” ရဲ့ စာဖတ်သူတွေအနေနဲ့ ကျွန်တော်တို့နားမှာ အမြဲတစေ လွှမ်းခြုံထားတဲ့ GDP အကြောင်း အနည်းအကျဥ◌်း သိရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

👉နောက်ထပ်လည်း ဒီလို စီးပွားရေးဆိုင်ရာ ဗဟုသုတတွေကို အစဥ◌်အမြဲ မျှဝေပေးသွားမှာ ဖြစ်လို့ Like & Follow လုပ်ပြီး‌ စောင့်ကြည့်ဖို့ မမေ့ပါနဲ့ ခင်ဗျာ…။

Non Plus for Business.






29/04/2025

ရောင်းခြင်းနဲ့ ဈေးကွက်ချဲ့ထွင်ခြင်းဟာ လုံးဝမတူပါ…

မင်္ဂလာပါ ခင်ဗျာ

◾ ဒီနေ့မှာတော့ “Non Plus” ကစီးပွားရေး လောကမှာ ခွဲမရတဲ့ အတွဲတစ်ခုကို ရှင်းလင်းဝေမျှပါမယ်…။
👉အားလုံးသိကြတဲ့ Sales& Marketing ပဲ ဖြစ်ပါတယ်…။
ဒါဆို ဒီနှစ်ခုကို ဘယ်လိုအဓိပ္ပာယ်ဖွင့်သလဲ။ ဘယ်လိုကွဲပြားသလဲ ဆိုတာ တိုတိုနဲ့ လိုရင်းရောက်အေင် နှိုင်းယှဥ◌် ကြည့်လိုက်ကြစို့။

၁)Sales (ရောင်းချခြင်း)
◾ဒါကတော့ရှင်းပါတယ်။ လူတွေရဲ့ လိုအပ်ချက်၊ လိုချင်မှု စတာတွေအပေါ်မှာ အခြေခံပြီး ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို စားသုံးသူ(သို့) သုံးစွဲသူတွေလက်ထဲ ရောက်သည်အထိ ဖြန့်ဖြူးရောင်းချခြင်းပါ။ ရောင်းချခြင်းကိုတော့ Prospecting ,Lead Qualification စတာတွေပါဝင်တဲ့ Sales process နဲ့ လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။

၂)Marketing( ဈေးကွက်ချဲ့ ထွင်ခြင်း)
◾ ဈေးကွက်ချဲ့ထွင်ခြင်းဆိုတာကတော့ ကိုယ့်ရဲ့ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေအကြောင်း လူပိုသိလာအောင်၊ ဝယ်ချင်လာအောင် ၊ ထပ်ခါတလဲလဲ ဝယ်ချင်လာအောင် လှလှပပဆွဲဆောင်ခြင်းပါ။ဒီလို ဆွဲဆောင်တဲ့နေရာမှာ ထုတ်ကုန်တွေကို ဘယ်လိုထုတ်လုပ်ပြီး ဈေးဘယ်လောက်သတ်မှတ်ကာ ဘယ်နည်းလမ်းနဲ့ ဘယ်လိုနေရာမှာရောင်းမလဲဆိုတဲ့ Marketing Mix 4ps ပါ တစ်ဆက်တည်းပါဝင်လာပါတယ်။

၃)ဘယ်လိုကွာခြားသလဲ?
◾ရောင်းခြင်းနဲ့ ဈေးက္ငက်ချဲ့ထွင်ခြင်းဟာ လုံးဝမတူပေမယ့် ခွဲထားလို့မရတဲ့ အတွဲဆိုလည်းမှန်ပါတယ်။ရှင်းရှင်းလင်းလင်း ပြောရရင် သင့်ကိုဈေးဝယ်ဖို့ ဆိုင်ရှေ့ရောက်သွားစေတာက Marketing ကြောင့်ဖြစ်ပြီး၊ ဈေးဝယ်လိုက်တယ်ဆိုတာကတော့ Sales ကြောင့်ပဲ ဖြစ်ပါတယ်။

👉ဒီ(၃)ချက်ကတော့ ရောင်းခြင်းနဲ့စျေးကွက်ချဲ့ထွင်ခြင်းဟာ ဘာတွေလဲ၊ ဘာကွာလဲဆိုတဲ့ မေးခွန်းတွေကို လိုတိုရှင်း ဖြေပြခဲ့တာပဲ ဖြစ်ပါတယ်။
လူကြီးမင်းတို့အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် “Non Plus” Page ကို “Like & Follow” လုပ်သွားဖို့ မမေ့ပါနဲ့ ခင်ဗျာ…။

Non Plus for Business.




#ရောင်းခြင်းနဲ့ဈေးကွက်ချဲ့ထွင်ခြင်း

28/04/2025

Salesperson တစ်ယောက် ဖြစ်ပြီဆိုတာနဲ့ ဘာတွေကိုသတိထားရမလဲ?

စီးပွားရေးတစ်ခုရဲ့ အဓိကထောက်တိုင်ဟာ Sale လို့ ပြောလို့ရပါတယ်။ ဘယ်စီးပွားရေးလုပ်ငန်းမဆို ရောင်းအားရှိမှ ရပ်တည်လို့ရမှာပါ။ အဲ့ဒါကြောင့် Salesperson တွေဟာ စီးပွားရေးလုပ်ငန်းတွေအတွက် အသက်ပါပဲ။ Salesperson တွေဟာ ကိုယ့်ကုန်ပစ္စည်းရောင်းအားတက်ဖို့အတွက် အမြဲတမ်း ကြိုးစား လုပ်ဆောင်နေရပါတယ်။ တကယ့် Customer တွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရတဲ့သူတွေဟာလည်း Salesperson တွေပါပဲ။

အဲ့ဒါကြောင့် Salesperson တစ်ယောက် ဖြစ်ပြီဆိုတာနဲ့ ဘာတွေကို သတိထားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

◾ Body Language : Salesperson တစ်ယောက်ဟာ ကိုယ့်ရဲ့ Body Language ကို သတိထားရပါမယ်။ Customer ကို ကုန်ပစ္စည်းအကြောင်း ရှင်းပြတဲ့အခါမှာ ရိုးရိုးရပ်ပြီး (ဒါမှမဟုတ်) ထိုင်ပြီးရှင်းပြတာထက် လိုအပ်တဲ့နေရာမှာ လိုအပ်သလို Body Language ကို အသုံးပြုတတ်ရပါမယ်။ Body Language အသုံးပြုတာ လွန်သွားတဲ့အခါမှာလည်း Customer က မျက်စိနောက်ပြီး ထပြန်သွားပါလိမ့်မယ်။ အဲ့ဒါကြောင့် ကိုယ်ပြောမယ့်စကားနဲ့ လိုက်ဖက်တဲ့ Body Language ကို လိုအပ်သလောက်သာ သုံးပါ။

◾ Tone of voice : အသံနေ အသံထားကလည်း Salesperson တစ်ယောက်အတွက် အရေးကြီးတဲ့ အရာပါပဲ။ တစ်ချို့ဆိုင်တွေက Salesperson တွေဆို သူတို့အသံလေးကြားတာနဲ့တောင် ဝယ်ချင်သွား အောင် ဆွဲဆောင်နိုင်ပါတယ်။ ကိုယ့်ရဲ့ ပင်ကိုယ်အသံက မကောင်းဘူး၊ လေသံက နဂိုတည်းက မာတယ် ဆိုရင်တောင်မှ Customer နဲ့တွေ့တဲ့အခါမှာ သတိထားပြီး ပြောဆိုတတ်ရပါမယ်။

◾ Personal Grooming : တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင် ဘာမှမပြင်ထားမဆင်ထားတဲ့နေ့မျိုးမှာ အပြင်ထွက်ရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသလိုလို၊ လူကြားထဲပဲ မသွားရဲသလိုလို ခံစားရတတ်ပါတယ်။ Customer တွေနဲ့ အမြဲတမ်း ထိတွေ့ဆက်ဆံနေရတဲ့ Salesperson တွေဆို ပိုဆိုးမှာပါ။ ကဖျစ်ညစ်ကျယ် ပုံစံနဲ့ ဈေးရောင်းနေတဲ့သူဆီက ဘယ်သူ့မှ ဝယ်ချင်မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် Salesperson တစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း လှပသန့်ရှင်း သပ်ရပ်နေအောင် Personal Grooming ကောင်းကောင်းလုပ်သင့်ပါတယ်။

◾ Needs and Wants : Salesperson တစ်ယောက်ဟာ Customer တွေရဲ့ needs and wants ကို ကောင်းကောင်းကြီး နားလည်သဘောပေါက်အောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ ရေခဲမုန့်စားချင်နေတဲ့ Customer ကို အချိုရည် သွားတိုက်လို့ မရပါဘူး။ ရေခဲမုန့်တွေထဲမှာ ရွေးချယ်စရာ အရသာ ဘယ်နှစ်မျိုး ရှိတယ်၊ ဘာကတော့ ဘယ်အရသာ စသဖြင့် ရွေးချယ်စရာတွေပေးလို့ရပါတယ်။

Salesperson တစ်ယောက်အတွက် Sale Accomplish ဖြစ်ဖို့ဆိုတာ အရမ်းကြီး လွယ်ကူနေတဲ့ အရာတော့ မဟုတ်ပါဘူး။ Customer တွေ ကိုယ့်ရဲ့ ကုန်ပစ္စည်းကို စိတ်ဝင်စားအောင် ပြောဆိုတတ်ရမ
ယ်၊ ဘယ်အချိန်မှာ ဘာပြောရမယ်ဆိုတဲ့ Timing ကို နားလည်ရမယ် စသဖြင့် သတိထားစရာတွေကတော့ အများကြီးပါပဲ။ အဲ့ဒီလို သတိထားစရာတွေ အများကြီးထဲကမှ အရေးကြီးတဲ့ အချက်တွေကို မျှဝေပေးသွားတာပဲ ဖြစ်ပါတယ်။

အရောင်းသမားတိုင်း ကိုယ့်ရဲ့ ကုန်ပစ္စည်းကို အောင်အောင်မြင်မြင်နဲ့ ရောင်းနိုင်ကြပါစေလို့ မျှော်လင့်ပါတယ်။

စီးပွားရေးဆိုင်ရာသင်တန်းတက်ချင်ရင်
Nonplus Online Academy မှာလေ့လာနိုင်ပါတယ်။

https://www.facebook.com/nonplusonlineacademy?mibextid=ZbWKwL

ဆွေးနွေးလိုတာရှိရင် Comment ရေးခဲ့ပေးပါ။

အကယ်၍ ဒီစာက အသုံးဝင်တယ် သဘောကျတယ်ဆိုရင် Nonplus ဆိုတဲ့စာလေး Comment ရေးခဲ့နိုင်ပါတယ်နော်။

အောက်ဖော်ပြပါဖောင်လေးမှာ သင့်အကြံပြုချက်လေးတွေဖြေခဲ့ပေးပါဦးနော်။

https://forms.gle/r4BTpZMTaXBG6Z1r8

သင်တန်းတက်ရောက်လိုပါက

https://www.facebook.com/100064892586076/posts/567787928727622/

Join Telegram Channel
https://t.me/Nonplusmyanmar

Give us a follow.
TikTok
tiktok.com/

Instagram
https://instagram.com/nonplus_myanmar




27/04/2025

ငွေစုချင်သူတိုင်း သုံးသင့်တဲ့ နည်းလမ်းတစ်ခု
မင်္ဂလာပါ ခင်ဗျာ…

◾လူကြီးမင်းဟာ ဝင်ငွေတွေရနေပြီး မစုမိတဲ့ လူတစ်ယောက်လား…?
◾ဒါမှမဟုတ် ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ မသိသေးတဲ့ လူတစ်ယောက်လား…?
ဒါဆို ဒီစာကို ဆက်ဖတ်ဖို့ လိုနေပါပြီ..။

📌ဒီနေ့ “Nonplus“ က မျှဝေပေးသွားမှာက “50-30-20 Rules” လိုခေါ်တဲ့ Budgeting Guideline တစ်ခုပါ…။
လူတိုင်း သုံးကိုသုံးသင့် နည်းလမ်းတစ်ခုဖြစ်လို့ ဆက်ကြည့်လိုက်ရအောင်…။

▫50% of Needs
ကိုယ့်ဝင်ငွေရဲ့ ၅၀% ကို မဖြစ်မနေလိုအပ်တဲ့ အရာတွေအတွက် သုံးတာမျိုးပါ။ ဥပမာ နေစရိတ်၊ စားစရိတ်နဲ့ ကျန်းမာရေး စရိတ်တွေအတွက် သုံးတာမျိုးပေါ့ဗျာ…။

▫30% of Wants
နောက်ထပ် 30 % ကိုတော့ ကိုယ့်ရဲ့ Lifestyle နဲ့ ကိုယ်လိုချင်တာတွေအတွက် သုံးလို့ရပါတယ်။ Gym သွားတာ၊ ကိုယ့်ကို Entertain ဖြစ်စေမယ့် အရာတွေအတွက် သုံးတာ စသဖြင့်ပေါ့..။

▫20% of Savings
နောက်ဆုံးကျန်ရှိတဲ့ 20 % ကိုတော့ အနာဂတ်အတွက် စုဆောင်းတာမျိုး လုပ်ရပါမယ်။ ဒီလို လုပ်ခြင်းဖြင့် အရေးပေါ် အခြေအနေတွေနဲ့ Retirement တွေမှာ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်။
ဒါကတော့ ရိုးရှင်းလွယ်ကူတဲ့ Budgeting Guideline တစ်ခုကို ကျွန်တော်က မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။
ဘယ်လို ဝင်ငွေရှိတဲ့စသူမဆို လိုက်လုပ်ဖို့ အဆင်ပြေတဲ့ နည်းလမ်းတစ်ခုဖြစ်လို့ သုံးကြည့်ကြဖို့ အကြံပေးချင်ပါတယ်။
အာလုံး အဆင်ပြေကြပါစေ ခင်ဗျာ…။

Nonplus for Business.

#ငွေစုနည်း



26/04/2025

Digital Marketing မှာ သိကိုသိရမယ့် SEO နဲ့ SEM ဆိုတာ ဘာတွေလဲ…?

မင်္ဂလာပါ ခင်ဗျာ…

ဒီနေ့ Nonplus က ဝေမျှချင်တဲ့ အကြောင်းအရာကတော့ Digital Marketing ရဲ့ က္ဍခွဲတွေ ဖြစ်တဲ့ SEO နဲ့ SEM တို့ပဲ ဖြစ်ပါတယ်…။ ဒီအကြောင်းအရာတွေဟာ ကျယ်ပြန့်လွန်းတာကြောင့် အားလုံးသိဖို့ကိုတော့ ဒီစာတစ်ခုတည်းနဲ့ လုံလောက်မှာ မဟုတ်ပါဘူး။ အနည်းအကျဥ်းတီးမိခေါက်မိဖို့ တော့အထောက်အကူဖြစ်ပါလိမ့်မယ်ရှင်…။

၁)Search Engine Optimization (SEO)
◾SEO ဆိုတာ လူတစ်ယောက်က သက်ဆိုင်ရာ Keyword တစ်ခုခုကို သုံးပြီး ရိုက်ရှာလိုက်တဲ့အခါ ကိုယ့်ရဲ့ Website, Blog post စတာတွေကို Search Result ရဲ့ ထိပ်ဆုံးမှာပေါ်လာအောင် လုပ်တာပါ။ဒီနည်းနဲ့ ကိုယ့်ရဲ့ Content တွေဆီ Unpaid Quality Traffic တွေတိုးလာစေပြီး ရေရှည်အတွက် အကျိုးရှိတာမျိုးပဲ ဖြစ်ပါတယ်။ Google တို့လို Search Engine တွေဟာ အဆင့်သတ်မှတ်ချက်ကို သုံးလေ့ရှိတာကြောင့် သူ့သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ Website, Blog post တွေကသာ Search Result ရဲ့ ထိပ်ဆုံးမှာပေါ်လာမှာပဲ ဖြစ်ပါတယ်။

၂)Search Engine Marketing (SEM)
◾SEM ဆိုတာကတော့ SEO နဲ့ တူတယ်လို့ အများစုက ထင်ကြပေမယ့် မတူပါဘူး။ SEO က Unpaid Traffic အတွက်ပဲ လုပ်ဆောင်ပေမယ့် SEM ကတော့ ကိုယ့်ရဲ့ Website ကို ဝင်ရောက်ကြည့်ရှုသူများလာအောင်နဲ့ ထိပ်ဆုံးမှာပေါ်နေအောင် Search Engine တွေကို အခကြေး‌ငွေပြီး ကြော်ငြာတာမျိုးပါ။ ရလဒ်ချက်ချင်းထွက်လိုသူတွေ အသုံးများတဲ့ ဈေးကွက်ချဲ့ထွင်‌ရေး နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ Google , Yahoo, Bing စသဖြင့် Search Engine တွေအမျိုးမျိုးရှိပေမယ့် မြန်မာနိုင်ငံ အနေနဲ့ အသုံးအများဆုံးကတော့ Google ပါပဲ။

👉ဒါတွေကတော့ Digital Marketing မှာ သိကိုသိရမယ့် SEO နဲ့ SEM အကြောင်းကို တီးမိခေါက်မိရှိစေဖို့ ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။

👉နောက်ထပ်လည်း ဒီလိုသိမှတ်ဖွယ်ရာ တချို့ကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ “ Non Plus” Page ကို Like& Follow လုပ်ပြီး စောင့်ကြည့်ဖို့ မမေ့ပါနဲ့ ခင်ဗျာ…။





25/04/2025

HR Strategy ဆိုတာ ဘာလဲ…?ဘာတွေပါသလဲ…?
မင်္ဂလာပါ ခင်ဗျာ…

👉ဒီနေ့မှာတော့ အဖွဲ့အစည်းတစ်ခု၊ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ ပန်းတိုင်တွေကို ရရှိအောင် အထောက်အပံ့ပေးနိုင်တဲ့ HR Strategy အကြောင်း နည်းနည်းပြောပြချင်ပါတယ်။

👉လုပ်ငန်းတွေမှာ Business Strategy ဆိုတာရှိပြီးသားပါ။ဒါကို အကောင်အထည်ဖော်နိုင်ပြီး ရလာဒ်ကောင်းတွေရဖို့ HR Strategy နဲ့ ပေါင်းစပ်ရမှာပဲ ဖြစ်ပါတယ်။

ဒါဆို HR Strategy က ဘာလဲ…?
◾လုပ်ငန်းတွေမှာ ရှိနေပြီးသား Business Strategy တွေကို အကောင်အထည်ဖော်ဖို့ဆိုတာ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို ထူးခြားကောင်းမွန်အောင် ပြုလုပ်ခြင်းကနေအခြေခံပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင် HR အနေနဲ့ Qualified Employee တွေကိုရှာဖွေခန့်ထားဖို့ လိုအပ်လာပါပြီ။ ဒီအတွက် သုံးရတဲ့နည်းလမ်းတွေကို HR Strategy လို့ခေါ်ပါတယ်။
👉ဒါဆို HR Strategy မှာ ဘာတွေပါသလဲ…?

1. Long Term Plan
◾အဖွဲ့အစည်း၊ ဒါမှမဟုတ် ကုမ္ပဏီရဲ့ Function တွေကို ပိုမိုကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်တဲ့ Long Term Plan

2. Activities
◾ ဒီလို Function တွေကို ပိုမိုကောင်းမွန်ရေးအတွက် ထည်သွင်းရမယ့် Activities

3. Focus On Human Resource
◾ဒီ Activities တွေကို လုပ်ဆောင်ဖို့ပေးနိုင်တဲ့ Human Resource တွေအပေါ် Focus ထားမှုဒီအချက်တွေက HR Strategy တစ်ခုမှာ ပါဝင်တဲ့အစိတ်အပိုင်းတချို့ကို အကြမ်းအားဖြင့် ပြောပြခဲ့တာဖြစ်ပါတယ်။

HR Management နဲ့ ပတ်သက်ပြီး အခြေခံကျကျသိစေဖို့ “Non Plus” က ဖွင့်လှစ်သင်ကြားပေးနေတဲ့ သင်တန်းတချို့ရှိနေပါပြီ။
သင်တန်းအကြောင်းအသေးစိတ်ကိုတော့ Chat Box ကပဲ ဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲ ဖြစ်ဖြစ် ဆက်သွယ်စုံစမ်းနိုင်ပါတယ် ခင်ဗျာ..။

Non Plus for Business.




24/04/2025

သင့်လုပ်ငန်း တိုးတက်ဖို့အတွက် လုပ်ဆောင်သင့်သည့် အချက် ၁၀ ချက်

၁. သင့်လုပ်ငန်းရဲ့ အဓိကကျတဲ့ Team ကို စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်အောင်ဖန်တီးပါ။
စိတ်ဓာတ်ကောင်းပြီး အရည်အချင်း ရှိတဲ့သူတွေနဲ့ တည်ဆောက်ပါ။

၂. သင့်လုပ်ငန်းရဲ့ Strategic Partner တွေကိုသေချာရွေးချယ်ချိတ်ဆက်ပါ။အတူတကွကြိုးစားလုပ်ကိုင်ပါ။
( အကယ်၍ Nonplus ဟာ သင့်လုပ်ငန်းရဲ့ Strategic Partner ဟုယူဆပါက လာရောက်ဆွေးနွေးနိုင်ပါသည်)

၃. သင့်လုပ်ငန်းရဲ့ Marketing Strategy ကို အကောင်းဆုံးပြုပြင်မွမ်းမံပါ။

၄. အဓိက ကျတဲ့ ဖောက်သည်တွေကို စဥ္ဆက်မပြတ်ဂရုစိုက်ပါ။
(No Customer No Business ပါ)

၅. သင့်ရဲ့ အဖွဲ့သားတွေကို ပြန်လည်သုံးသပ်ပါ။

၆. လာမည့် ၆ လစာအတွက် ကြိုတင်ပြင်ဆင်ထားပါ။

၇. သင့်ရဲ့ လုပ်ငန်းက လာမည့်အနာဂတ်အတွက် ဘယ်ကိုသွားမှာလဲ ? ဘယ်လိုသွားမှာလဲ ဆိုတာ အတိအကျ Plan ဆွဲထားပါ။

၈.အမှားတွေကနေတဆင့် သင်ခန်းစာယူပါ။
(အတိတ်မှာ မှားခဲ့တာတွေကို အမြဲတမ်းသင်ခန်းစာယူပါ။ Business မှာ သင်ခန်းစာရရင်ရ မရရင် အမြတ်ရပါတယ်)

၉. လုပ်ငန်းကို သေချာ System ချထားပါ။
(Marketing System
HR System
Operating System
Financial System
Reporting System စသည် တို့ကို သေချာ စနစ်ချပါ)

၁၀. ဘာဘဲလုပ်လုပ် စေတနာ ထားပါ။
(စေတနာက အကောင်းဆုံး မဟာဗျူဟာပါ)





23/04/2025

Business Team တစ်ခု မှာ ပါသင့်တဲ့ လူသုံးမျိုး

အဓိကလူငယ်တွေအတွက်ရည်ရွယ်တာပါ။ဒီဘက်ခေတ်မှာ လူငယ်တွေဟာ စုပေါင်းဖွဲ့စည်းပြီး Startup လုပ်ငန်းတွေစလုပ်ကြလေ့ရှိပါတယ်။ တီထွင်ကြတယ်။ ဆန်းသစ်ကြပါတယ်။ လူငယ်တွေအနေနဲ့ လုပ်ငန်းအတူတူလက်တွဲပြီးလုပ်တဲ့အခါ အဖွဲ့မှာ လိုအပ်တဲ့လူတွေပါလာအောင်တည်ဆောက်ဖို့လိုပါတယ်။ ဒါကြောင့် ဒီစာဟာကိုယ့်ထူးကိုယ်ချွန်ကြိုးစားနေရတဲ့လူငယ်တွေအတွက်ဆိုပိုမှန်ပါလိမ့်မယ်။ နောက်ပြီး Startup လုပ်မဲ့ လူငယ်တွေအတွက် အဓိကပါ။ Startup ဆိုတာ ဘယ်လိုလုပ်ငန်းလဲဆိုရင် a business that is scalable using tech ပါ။ မြင်သာအောင်ပြောရရင် ထုတ်လုပ်မှု ကုန်ကျစားရိတ်သိပ်မရှိဘဲ နည်းပညာကို အခြေခံ ပြီး တည်ဆောက်လုပ်ကိုင်ရတဲ့လုပ်ငန်းတွေကို Startup လို့ခေါ်တာပါ။
ဘယ်လိုလုပ်ငန်းပဲလုပ်လုပ် Business Team တစ်ခု မှာပါသင့်တဲ့လူသုံးမျိုး ရှိပါတယ်။

နံပါတ် ၁ - Hacker

Hcaker ဆိုလို့ Account ဟက်တဲ့ သူတွေ၊ ငွေကြေး acc ဟက်တဲ့သူတွေ လို့မမြင်စေချင်ပါ။ဒီမှာဆိုလိုတဲ့ Hacker ဆိုတာ the one who will make product ပါ . ဆိုလိုတာက နည်းပညာနဲ့ပတ်သက်ပြီး digital sevice သို့မဟုတ် digital product လုပ်မဲ့သူပါပဲ။ တနည်းအားဖြင့် Tech guy ပေါ့။သူကဘာတွေကို တတ်ကျွမ်းရမလဲဆိုရင် Programming ပိုင်းအဓိက ကျွမ်းကျင်ဖို့လိုပါလိမ့်မယ်။ Programming Language တွေကလဲ အများကြီးရှိတယ်မဟုတ်လား ။ နောက်ပြီး Digital နဲ့ပတ်သက်ရင် ကျွမ်းကျင်ထားဖို့လဲလိုပါတယ်။ နည်းပညာ နဲ့ပတ်သက်တဲ့ ဗဟုသုတ ကျွမ်းကျင်မှု တော်တော်ရှိထားရမှာပါ။Hacker ဆိုတာ နည်းပညာရှင်ပါပဲ။


နံပါတ် ၂ - Hustler
Hustler ဆိုတာ business person ကိုပြောတာပါ။ တနည်းအားဖြင့် Business management , marketing , finance , operation, HR စတာတွေကို နားလည်သဘောပေါက်ထားတဲ့သူကိုခေါ်တာပါ။ Startup တွေဟာ လုပ်ငန်းအစမှာ Marketing က အရေးကြီး တဲ့ အပိုင်းကဏ္ဍမှာပါဝင်ပါတယ်။
Hustler ဆိုတာ လုပ်ငန်းကို ကြီးထွားလာအောင်လုပ်ရတဲ့သူပါ။လုပ်ငန်းရဲ့ Operation ကိုလဲ အဓိက လုပ်ရမဲ့သူပါပဲ ။ဝင်ငွေ ထွက်ငွေ ကအစ နားလည်တဲ့သူတွေ ဖြစ်ရမှာပါ။ Hustler တွေဟာ ရောင်းချခြင်းပညာ ကိုလဲ ကောင်းကောင်းတတ်ထားရပါမယ်။ Negotiation လဲကောင်းကောင်းတတ်ရပါမယ်။ Hustler ဆိုတာ Entrepreneur တွေဆိုလဲ ဟုတ်ကြပါတယ်။ စွန့်ဦးတီထွင်တတ်တဲ့သူတွေပါ။ အဖွဲ့မှာ ဒီလို Hustler တွေလိုပါတယ်။

နံပါတ် ၃ - Hipster

Hipster ဆိုတာ Design သမားပါပဲ။
နောက်ပြီး Hipster ဆိုတာ the one concerned with customer experience and design ပါ။ ဆိုလိုတာက Customer တွေပေါ်မူတည်ပြီး လိုအပ်မဲ့ Design ကို ပြင်ဆင်ရေးဆွဲရသူတွေပါ။
Customer experience ကောင်းအောင် လုပ်ပေးရတာ Hipster တွေပါ။ Customer Experience (CX) ဆိုတာ သုံးစွဲသူ User တွေရဲ့ Feeling ပိုင်း ၊ အသံူးပြုရလွယ်ကူမှု စတာတွေပါဝင်ပါတယ်။ Hipster တွေဟာ customer feedbacks တွေ Survey တွေပေါ်အခြေခံပြီး သုံးစွဲသူ User တွေကို အဆင်ပြေအောင် ဖန်တီးပေးရတာပါ။

ယခုလက်ရှိသံူးနေတဲ့ FacebookဆိုတာဟာလဲHacker / Hustler / Hipster ဆိုတဲ့ လူတွေအများကြီးနဲ့ဖွဲ့စည်းထားတာပါ။

လူငယ်တွေ အားကျလေ့ ရှိတဲ့ Facebook ကို တီထွင်သူ ဇူဇူ ( Mark Zuckerberg) ဆိုတာ သူငယ်စဥ္က tech guy တစ်ယောက်ပါ။ ကွန်ပျူတာ ပရိုဂရမ်းမင်းပိုင်း ကျွမ်းကျင်တဲ့လူငယ်ပါ။သူက အစမှာတော့ Code တွေလောက်သိပြီး Social media platform ဖြစ်တဲ့ Facebook(အစပိုင်းမှာ Facemaskပါ ) ကိုတီထွင်ရေးသားနေသူပါ။
2004 ခုနှစ်မှာ Sean parker (ရှောင်ပါကာ) က Facebook ကို စသိပြီး Mark zuckerberg နဲ့တွေ့ခဲ့ပါတယ်။ Facebook ရဲ့ လုပ်ငန်းအစမှာ ရင်းနှီးမြှုပ်နှံဖို့ငွေလိုအပ်ခဲ့တာကြောင့် ရှောင်ပါကာက ရင်းနှီးမြှုပ်နှံသူ Investor တွေနဲ့ တွေ့ပြီး ရင်းနှီးငွေတွေရှာပေးခဲ့ပါတယ်။ရှောင်ပါကာက Facebook ရဲ့ ပထမဆုံး President ဖြစ်လာခဲ့ပါတယ်။ ဒါက အတိုချုပ်ရှင်း​ပြပေးတာပါ။
ဆိုလိုချင်တာ လုပ်ငန်းတစ်ခုက တစ်ယောက်ထဲလုပ်နေရင် အောင်မြင်မှု နှေးနေတာတွေရှိတတ်ပါတယ်။ Mark Zuckerberg က Hucker နေရာမှာရှိခဲ့ပြီး Sean Parker က Hustler နေရာမှာရှိခဲ့တာပေါ့။ဒါကြောင့်လဲ သူတို့အောင်မြင်ခဲ့ကြတာပါ။ လူငယ်တွေအနေနဲ့ Startup တစ်ခုစတင်ဖို့အဖွဲ့ Team ကို ဖွဲ့စည်းပြီဆိုရင် Hacker , Hustler, Hipster စတဲ့လူတွေနဲ့ ဖွဲ့စည်းရမှာပါ။

ဒီတော့ အလွယ်ကူဆုံး အတိုချုပ်ပေးပါ့မယ်။

Business Team တစ်ခုဖွဲ့စည်းရင်

Hacker နည်းပညာသမား
Hustler စီးပွားရေးသမား
Hipster ဒီဇိုင်းသမား

စတဲ့ လူသုံးမျိုးနဲ့ ဖွဲ့စည်း သင့်ပါကြောင်း အကြံပြုလိုက်ပါတယ်။

ဆွေးနွေးလိုတာရှိရင် Comment ရေးခဲ့နိုင်ပါတယ်။

အကယ်၍ ဒီစာက အသုံးဝင်တယ် သဘောကျတယ်ဆိုရင် Nonplus ဆိုတဲ့စာလေး Comment ရေးခဲ့နိုင်ပါတယ်။



22/04/2025

ချမ်းသာကြွယ်ဝစေမဲ့ ဖော်မြူလာ
Wealth Triangle

ဒီ Wealth Triangle ဟာ ငွေကြေးကြွယ်ဝလိုသူတိုင်းအသုံးချသင့်တဲ့ Formula တစ်ခုဖြစ်ပါတယ်။
ရေးခဲ့သူမှာ Dan Lok ဖြစ်ပါတယ်။ danlok.com မှာ ကြည့်နိုင်ပါတယ်။
ကြွယ်ဝတယ်ဆိုတာ ဝင်ငွေနဲ့ပတ်သက်ပြီး Financial Freedom ဖြစ်ချင်ရင် ဒီ Wealth Triangle ဟာ အင်မတန်ကောင်းတဲ့ ဖော်မြူလာတစ်ခုပါပဲ။

ဒီမှာတော့ လိုတိုရှင်းမျှဝေပေးပါ့မယ်။

1. High Income Skills
High income skill တစ်ခုအနည်းဆံူးရှိရပါမယ်။
High Income Skills ဆိုတာဘာလဲဆိုရင် တစ်နှစ်ကို အနည်းဆုံး ဒေါ်လာ 100000 လောက်ဝင်အောင်လုပ်နိုင်တဲ့ ကျွမ်းကျင်မှု ကိုဆိုလိုတာပါ။ စွမ်းရည်တစ်ခုပေါ့။ သို့ပေမဲ့ $100000 ဆိုတာ မြန်မာငွေ နဲ့ဆိုရင် အကြမ်းဖျင်း သိန်းပေါင်း 1500 ကျော် 1600 ကျော်ဖြစ်ပါလိမ့်မယ်။ ဒါက ယေဘုယျသတ်မှတ်ချက်ပါ။ မြန်မာနိုင်ငံအနေနဲ့
သင့် ရဲ့ ကျွမ်းကျင်မှု တစ်ခုကနေ ငွေ ၁၀သိန်း ထိ လစဥ္ဝင်အောင်ရှာနိုင်တာဟာ High Income Skill တစ်ခုရှိတယ်လို့ ဆိုနိုင်ပါမယ်။
Talent လို့လဲ ပြောလို့ရပါတယ်။Social Media Management ကျွမ်းကျင်တာဖြစ်ကောင်းဖြစ်တယ်၊ Trading လုပ်တာဖြစ်ကောင်းဖြစ်မယ်၊ ရှေ့နေဖြစ်ချင်ဖြစ်မယ်၊ Marketing ဖြစ်ချင်ဖြစ်မယ်၊အစားအသောက်ပိုင်းကျွမ်းကျင်တာဖြစ်ကောင်းဖြစ်မယ်၊ စာသင်တာ ၊ အရောင်းအဝယ်၊
Training ပေးတာ ၊ Design ဖန်တီးတာ ၊ ဓာတ်ပုံ
ရိုက်ကျွမ်းကျင်တာ စသဖြင့် Skill တစ်ခုခုကိုကျွမ်းကျင်တာပါ။ အဲ့ဒီလို Skill တွေနဲ့ ငွေရှာတာ တစ်လကိုအနည်းဆုံး ၁၀ သိန်းလောက်ရတာကို High Income ရှိတယ်လို့ပြောရပါမယ်။ High Income Skill လဲ ရှိတယ်ဆိုတဲ့သဘောဘဲပေါ့့။

2. Scalable Business

"Grow without a lot of infrastrcture" ဆိုတဲ့စကားလုံးပါပဲ။
လုပ်ငန်းကြီးထွားဖို့ Infrastructure အရမ်းမလိုတဲ့လုပ်ငန်းမျိုးကိုဆိုလိုတာပါ။ စားသောက်ဆိုင်မဟုတ်ပါဘူး Hotel လဲမဟုတ်ပြန်ပါဘူး Production လဲ မဟုတ်ပါဘူး ။အရင်းအနှီးအများကြီး ၊ အဆောက်အအုံအကြီးကြီး ၊စက်ရုံကြီးကြီး မလိုပဲ ဝင်ငွေကိုအကန့်အသတ်မရှိရှာနိုင်တဲ့လုပ်ငန်းမျိုးပါပဲ။ Tech Based Business ခေါ် နည်းပညာအခြေပြုလုပ်ငန်းမျိုးတွေများပါတယ်။လုပ်ငန်းအများစုဟာ တိုးချဲ့ရင် တိုးချဲ့သလောက် Infrastructure လိုပါတယ်။ Scalable Business ဆိုတာ လုပ်ငန်းတိုးချဲ့ရင်တောင် Infra သိပ်မလိုတဲ့ လုပ်ငန်းမျိုးတွေပါ။ ဥပမာ Food Panda တို့ ၊ Grab တို့ ၊ မြန်မာမှာဆို Chateset တို့လိုမျိုးလုပ်ငန်းတွေပါ။ Tech based နည်းပညာအခြေပြုတာများပါတယ်။
ဒီတော့ Infra သိပ်မလိုတဲ့ Scalable Business လဲ တည်ဆောက် ရပါမယ်။

3. High Return Investments

အကျိုးအမြတ် များများရတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။Global မှာတော့ နှစ်စဥ္ ၁၀% ထပ်များရင်ကိုပဲ အဆင်ပြေတယ်လို့ယူဆကြပါတယ်။အနည်းဆုံး ၁၀ % ထပ် များရမှာပါ။ မြန်မာနိုင်ငံအတွက် Inflation Rate တောင် 10% နားကပ်နေတာပါ။ ဒါကြောင့် လစဥ္ အနည်းဆုံး ၁၀ % လောက်ပြန်ရမှာသာ High Return လို့ယူဆလို့ ရမှာပါ။ ဘာတွေလဲဆိုရင် Stock ရှယ်ယာ ၊ အိမ်ခြံမြေ ၊ Business တွေ ရင်းနှီးတာ စသဖြင့် ရင်းနှီးမြှပ်နှံမှုတွေကနေ ရတဲ့ ဝင်ငွေပါ။

High Income Skills - You Make Your Money!
သင်ကိုယ်တိုင်က သင့်ကို ငွေရှာပေးတယ်။

Scalable business - People or system make your money!
လူတွေနဲ့ စနစ်တွေက သင့်ကိုငွေရှာပေးတယ်။

High Return Investment - Money make your money.
ငွေက သင့်ကို ငွေပြန်ရှာပေးတယ်။

ဘာကိုစလုပ်ရမှာလဲဆိုရင်
"Develop High Income Skills First "
High Income Skill တစ်ခု အရင်ကျွမ်းကျင်အောင်စလုပ်ပါ။

ဒါဆိုရင်
High income skill လဲရှိတယ်။
Scalable business တွေကနေ ဝင်ငွေတွေလဲဝင်နေမယ်။
Investment တွေကနေလဲ ငွေရနေမယ်။

တစ်ခုအားနည်းသွားရင် တစ်ခု ကပြန်ထောက်ထားတဲ့အတွက် သင့်ကိုငွေကြေးပိုင်းစိတ်မပူရစေပါဘူး။
ပိရမစ်တွေဟာ အဆောက်အအုံတွေထဲမှာ ပြိုကျဖို့ မလွယ်ပါဘူး။
ဒီလိုပါပဲ။

အပေါ်ကသုံးခုမှာ တစ်ခုအားနည်းရင် တစ်ခုက ပြန်ထောက်နေတဲ့အတွက် သင်ဟာ ငွေကြေးသိပ်ပူပန်စရာမလိုတဲ့လူတစ်ယောက် ဖြစ်လာမှာပါ။

ဆွေးနွေးချင်တာရှိရင် Comment ရေးခဲ့ပါ။
အကျိုးရှိတယ်ဆိုရင် မိတ်ဆွေတွေကိုမျှဝေပေးပါ။

Nonplus
" Everyone can learn "

Nonplus မှာ Online Class တွေတက်ရောက်သင်ကြားနိုင်ပါပြီ။


18/04/2025

5 P Formula

အလုပ်တွေလုပ်လာတဲ့အခါ ဘာဘဲလုပ်လုပ် ဒီလိုစဥ်းစားပြီး လုပ်ဖြစ်တယ်။

1.Profit

ပထမဆုံး ကြည့်တာတော့ အမြတ်ပါပဲ။ ဘယ်လောက်မြတ်မလဲပေါ့။ တချို့ အမြတ်က အကန့်အသတ်ရှိတယ်။ တချို့ လုပ်ငန်းတွေကတော့ Unlimited ဖြစ်နိုင်တယ်။ နောက်ပြီး Project ပေါ်မှာမူတည်တယ်။ Product သို့မဟုတ် Service ရောင်းတဲ့လုပ်ငန်းဆိုရင်တော့ Market ဘယ်လောက်ရှိမလဲဆိုတာ စဥ်းစားရတယ်။ အမြတ်ပဲကြည့်ရသလားဆိုတော့ မဟုတ်ဘူး။ အရှုံး ဒါမှမဟုတ် ပေးဆပ်မှုကိုပါ ထည့်သွင်းစဥ်းစားတယ်။ဒီအလုပ်တစ်ခုအတွက် ဘယ်လောက်လုပ်ကိုင်ပေးရမလဲ ဘယ်လောက်ပေးဆပ်ရမလဲပေါ့။Invest လုပ်ရင်လဲ ဘယ်လောက်ထိအရှုံးခံနိုင်မလဲပေါ့။ဒါတွေစဥ်းစားရတယ်။ ဒီတော့ ပထမဆုံးကြည့်တာ Profit ။

2.Plan
ဒုတယအနေနဲ့ Profit နဲ့ Loss ကို ချိန်ဆပြီးလို့ ကိုယ်လိုချင်တဲ့ အခြေအနေရောက်တဲ့အခါ Plan ဆွဲလိုက်တာပါပဲ။ အဓိကကတော့ ရှုံးရင်ဘယ်လောက်ရှုံးမလဲ ပေါ့။ မြတ်ရင် ဘယ်လောက်ထိမြတ်မလဲပေါ့။
Plan ဆွဲတဲ့အခါ အချိန်ယူရလေ့ရှိတယ်။ Plan က ဆွဲတာကအချိန်ယူရသလောက် ဆွဲတဲ့အတိုင်းမဖြစ်တာကများတယ်။ Plan ဆွဲတဲ့အခါ အချိန်က အရေးကြီးတယ်။ အခြေအနေက အမျိုးမျိုးဖြစ်နေတာကိုး။ သို့ပေမဲ့ Plan မရှိရင် ပလက်လန်တတ်ပါတယ်။ မီးဆင်ကြည့်ကမယ်ဆိုရင် ဘယ်လိုကမှာလဲဆိုတာ ရှိသေးတယ်။ ဒါကြောင့် ဘာဘဲလုပ်လုပ် Plan ကိုတော့မဖြစ်မနေဆွဲပါတယ်။

3.Product

နောက် P ကတော့ Product ပါ။ ဒီ P ကို သုံးမျိုးပြန်ခွဲနိုင်ပါသေးတယ်။ Product ,Service နဲ့ Project ပါ။
ထုတ်ကုန်ရောင်းတာ ၊ ဝန်ဆောင်မှုပေးတာနဲ့ ပရောဂျက်လုပ်တာပါ။ Product ဆိုရင် ဘယ်လိုထုတ်မယ် သို့မဟုတ် ဘယ်ကနေသွင်းမယ် Supplier တွေက ဘယ်လုပ်ငန်းတွေဖြစ်မယ် စသဖြင့် ရွေးချယ်လုပ်ကိုင်ရပါတယ်။ Service ဆိုရင်လဲ Step by step ဘယ်လိုလုပ်ကိုင်မယ်။ ဘယ်လို ဝန်ဆောင်မှုပေးမယ် စဥ်းစားရသလို Project ကိုအခြေခံမယ့်လုပ်ငန်းဆိုရင်လဲ Skill labour ကအစ Project management ကို သေချာစီစဥ်ထားရပါတယ်။

4.Process
လုပ်ငန်းစဥ် ဘယ်လိုလုပ်မလဲပေါ့။ အပေါ်ကပြောသလို Step by stepဘယ်လိုသွားမလဲ ။Report ဘယ်လိုတင်မလဲ ။ Culture ကဘယ်လိုတည်ဆောက်မလဲ။ ငွေစာရင်းပိုင်း ၊ လုပ်ငန်းဆောင်ရွက်မှုအပိုင်း
စတာတွေက်ို ကဏ္ဍ တစ်ခုချင်းစီ ဆောင်ရွက်ရပါတယ်။Process က အစီအစဥ်တကျဖြစ်မှရတာပါ။

5.People
အပေါ်က လေးချက်ကို အကောင်အထည် ဖော်ဖို့က လူတွေပါမှ ရတာပါ။နောက်ဆုံးအချက်ကလူတွေပါ။ Process နဲ့ People မှာ Processကိုအရင် စနစ်ချရပါတယ်။ ချထားတဲ့စနစ်ထဲကိုလူတွေထည့်ပါတယ်။နိုင်ငံတွေကို ဥပမာ မြင်ကြည့်ပါ။ လူတစ်ယောက်ဟာ စက်ာပူကိုရောက်လာရင် စက်ာပူနိုင်ငံရဲ့ စနစ်နဲ့ လုပ်ကိုင်နေထိုင်ရပါတယ်။ဒီလိုပါပဲ ကနေဒါကိုရောက်ရင် ကနေဒါရဲ့ စနစ်နဲ့လုပ်ကိုင်ဆောင်ရွက်ရပါတယ်။ လူတွေကို System နဲ့ စနစ်တကျလုပ်ကိုင်ဆောင်ရွက်မှ စနစ်ကျတဲ့လုပ်ငန်းဖြစ်မှာပါ။

ဆိုတော့ အနှစ်ပြန်ချုပ်ရရင်တော့
1.Profit
2.Plan
3.Product
4.Process
5.People ဆိုပြီး P 5 လုံးနဲ့ စဥ်းစားလုပ်ကိုင်ဆောင်ရွက်ပါတယ်။

ဒီစာက မိတ်ဆွေအတွက် အကျိုးရှိမယ်ဆိုရင် Like and share လေးလုပ်ခဲ့ပေးပါ။



01/01/2025

Happy New Year " 2025 "

25/12/2024

Merry everything and a happy always! 🎉

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Mandalay University
Mandalay
05032

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00