Tr. Hla Accounting Class

Tr. Hla Accounting Class

Share

IGCSE Accounting

03/10/2025

အသက်ငယ်တယ်၊ ဘတ်ဂျက်လည်းရှိတယ်ဆိုရင် GED ထက် IGCSE ကို ရွေးချယ်သင့်တဲ့ အကြောင်းရင်း

အနာဂတ်အတွက် လမ်းကြောင်းရွေးရမယ့်အချိန်မှာ သင့်ရှေ့မှာ ရွေးချယ်စရာတွေက အများကြီးပါ။

အထူးသဖြင့် နိုင်ငံတကာတက္ကသိုလ် တက်ဖို့ ရည်ရွယ်ထားတဲ့ ညီငယ်ညီမငယ်တွေအတွက် GED နဲ့ IGCSE ကြားမှာ ရွေးရခက်နေတတ်ကြပါတယ်။

တကယ်လို့ သင်က အသက်လည်းငယ်တယ်၊ ပညာရေးအတွက် ဘတ်ဂျက်လည်း အတိုင်းအတာတစ်ခုအထိ သုံးနိုင်တယ်ဆိုရင်တော့ GED ကို ကျော်ပြီး IGCSE ကို တန်းရွေးလိုက်ပါလို့ အကြံပေးချင်ပါတယ်။ ဘာကြောင့်လဲ❓

လမ်းဖြတ်တစ်ခုဖြစ်တဲ့ GED

GED ဆိုတာ အထက်တန်းအောင်လက်မှတ်နဲ့ ညီမျှတဲ့ အသိအမှတ်ပြု လက်မှတ်တစ်ခုပါ။ သူ့ရဲ့ အားသာချက်က မြန်ဆန်ခြင်း ဖြစ်ပါတယ်။ လပိုင်းအတွင်းနဲ့ ကိုယ်ကြိုးစားရင် အောင်မြင်နိုင်တယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာတော့ GED ကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။

ဒါဆို ထိုင်းကိုပဲသွားမှာဆို GED က အဆင်ပြေတယ်ပေါ့?

ဟုတ်ပါတယ်! သင့်ရဲ့ပန်းတိုင်က ထိုင်းနိုင်ငံက တက္ကသိုလ်တစ်ခုခုကို အမြန်ဆုံးရောက်ဖို့ပဲဆိုရင် GED က အချိန်ကုန်သက်သာပြီး ထိရောက်တဲ့ ရွေးချယ်မှုတစ်ခုပါ။ စာမေးပွဲ ၄ ဘာသာကို အချိန်တိုအတွင်း ပြင်ဆင်ပြီးဖြေဆိုလိုက်ရုံနဲ့ တက္ကသိုလ်တက်ခွင့်ရနိုင်ပါတယ်။

ဒါပေမယ့်... အနာဂတ်ကို ပိုကျယ်ကျယ်ပြန့်ပြန့် ကြည့်မယ်ဆိုရင်တော့...

IGCSE ကမှ တကယ့်အလှည့်အပြောင်းတစ်ခုပါ!

IGCSE ဆိုတာ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီးတွေက အသိအမှတ်ပြုထားတဲ့၊ ပိုပြီး နက်နဲတဲ့ သင်ရိုးညွှန်းတမ်းတစ်ခုပါ။ သူက စာမေးပွဲတစ်ခုသက်သက်မဟုတ်ဘဲ သင့်ရဲ့ ပညာရေးအခြေခံကို အုတ်မြစ်ကျကျ တည်ဆောက်ပေးတဲ့ ပရိုဂရမ်တစ်ခုဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။

ဘတ်ဂျက်လည်းရှိတယ်၊ အသက်လည်းငယ်သေးတယ်ဆိုရင် IGCSE ကို ဘာကြောင့် ရွေးချယ်သင့်လဲ?

* ကမ္ဘာ့တံခါးကို ဖွင့်ပေးနိုင်တယ်: သင့်ရဲ့အိပ်မက်က UK, US, Australia, Singapore က ထိပ်တန်းတက္ကသိုလ်တွေမှာ ပညာသင်ကြားဖို့ဆိုရင် IGCSE က မဖြစ်မနေ လိုအပ်တဲ့သော့ချက်ပါပဲ။ IGCSE ပြီးမှ A-Level ကိုဆက်တက်ပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေကို လျှောက်တဲ့အခါ သင့်ရဲ့အရည်အချင်းမှတ်တမ်းက GED နဲ့လျှောက်တဲ့သူတွေထက် အများကြီး သာနေပါလိမ့်မယ်❗❗❗

* တကယ့် အရည်အသွေးတွေ တတ်မြောက်စေတယ်: IGCSE က အလွတ်ကျက်စနစ်ထက် ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်မှု (Critical Thinking)၊ ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving) နဲ့ ဆန်းစစ်လေ့လာနိုင်တဲ့ အရည်အသွေး (Analytical Skills) တွေကို ဦးစားပေးပါတယ်။ ဒါတွေက တက္ကသိုလ်တက်တဲ့အခါမှာရော၊ ဘဝမှာပါ တကယ်အသုံးဝင်တဲ့ အရည်အသွေးတွေပါပဲ။ စာကို နားလည်ပြီး အတွေးအခေါ်မြင့်မားတဲ့သူတစ်ယောက်ဖြစ်အောင် ပုံသွင်းပေးပါတယ်။

* ရေရှည်အတွက် ခိုင်မာတဲ့ အုတ်မြစ်: GED က တံတားတစ်စင်းကို အမြန်ဖြတ်ကူးလိုက်သလိုပါပဲ။ IGCSE ကတော့ အဲ့ဒီတံတားကို ကိုယ်တိုင် အခိုင်အမာတည်ဆောက်လိုက်သလိုပါပဲ။ အချိန် ၂ နှစ်လောက် ပေးရပေမယ့် ရလာတဲ့ ပညာရေးအခြေခံက သင့်ကို ဘယ်နေရာရောက်ရောက် ယုံကြည်မှုရှိစေပါတယ်။

ကဲ... ဒီတော့ ဘယ်လိုရွေးချယ်မလဲ?

* သင့်ရဲ့ ပစ်မှတ်က ထိုင်းနိုင်ငံတစ်ခုတည်းပဲလား? အချိန်/ ဘတ်ဂျက် က အဓိကလား?
* ဒါဆိုရင်တော့ GED က သင့်အတွက် အဆင်ပြေမှာပါ❗❗❗

* သင်က အနာဂတ်အတွက် ပိုကျယ်ပြန့်တဲ့အခွင့်အလမ်းတွေ လိုချင်လား? ကမ္ဘာ့အဆင့်မီ ပညာရေးကို လိုလားလား? ဘတ်ဂျက်နဲ့ အချိန်လည်း ပေးနိုင်လား?
* ဒါဆိုရင်တော့ မစဉ်းစားနဲ့တော့။ IGCSE က သင့်အတွက် အမှန်ကန်ဆုံး ရွေးချယ်မှုပါပဲ❗❗❗

အသက်ငယ်သေးတဲ့အချိန်မှာ မှန်ကန်တဲ့လမ်းကြောင်းကို ရွေးချယ်နိုင်ခြင်းက အနာဂတ်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲဆိုတာ မမေ့ပါနဲ့။ လမ်းမမှားအောင် ဂရုစိုက်ရွေးချယ်လိုက်ပါ။

22/09/2025

မြန်မာကျောင်းသားများကြားမှာနိုင်ငံတကာတက္ကသိုလ်ဝင်ခွင့် လမ်းကြောင်းတစ်ခုအဖြစ် ခေတ်စားလာနေတဲ့ IGCSE

မြန်မာနိုင်ငံမှာ ကျောင်းသား၊ မိဘ (သို့) ဆရာတစ်ယောက်ဆိုရင် IGCSE (International General Certificate of Secondary Education) ကို ရွေးချယ်တဲ့ မိသားစုတွေ များလာတာ သတိထားမိကြမှာပါ။ ဒီပြောင်းလဲမှုက အခုမှ မဟုတ်ပါဘူး။ IGCSE ဟာ နိုင်ငံတကာတက္ကသိုလ်တွေဆီ ရောက်ဖို့ ယုံကြည်ရတဲ့ လမ်းကြောင်းတစ်ခုဖြစ်လို့ အသိအမှတ်ပြုလာကြတာဖြစ်ပါတယ်။

IGCSE ဆိုတာ Cambridge နဲ့ Pearson Edexcel တို့က ပေးအပ်တဲ့ အထက်တန်းအဆင့် ပညာရေးအရည်အချင်းပြဋ္ဌာန်းချက်တစ်ခုဖြစ်ပါတယ်။ ကျောင်းသားတွေကို အသက် ၁၄ နှစ်ကနေ ၁၆ နှစ်အတွင်း သင်ကြားလေ့ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၆၀ ကျော်မှာ စာမေးပွဲတွေ စီစဉ်ပေးတဲ့ ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ UK၊ US၊ Australia နဲ့ အာရှနိုင်ငံတွေမှာ ရှိတဲ့ တက္ကသိုလ်တွေက IGCSE အမှတ်တွေကို ပညာရည်အရည်အချင်းတစ်ခုအနေနဲ့လက်ခံကြပါတယ်။

မြန်မာနိုင်ငံမှာ IGCSE ဘာကြောင့်ရေပန်းစားလာတာလဲ?

၁။ ကမ္ဘာ့တက္ကသိုလ် တွေရဲ့အသိအမှတ်ပြုမှု

ဥရောပ၊ မြောက်အမေရိကနဲ့ အာရှတိုက်မှာရှိတဲ့ တက္ကသိုလ်တွေက ဝင်ခွင့်လျှောက်တဲ့အခါမှာ IGCSE ကို လက်ခံကြပါတယ်။ မြန်မာကျောင်းသားတွေအတွက် မိမိတို့ရဲ့အောင်လက်မှတ်တွေ ကို နိုင်ငံခြားမှာ အသိအမှတ်ပြု့ပါ့မလားဆိုပြီးစိတ်ပူစရာ မလိုတော့ဘူး လို့ ဆိုပါတယ်။

၂။ အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသော သင်ရိုးညွှန်းတမ်း

IGCSE ဘာသာရပ်တွေကို အင်္ဂလိပ်လိုသင်ယူ၊ စစ်ဆေးကြပါတယ်။ ဒါက အင်္ဂလိပ်စကားပြောနိုင်ငံတွေမှာ တက္ကသိုလ်မှာစာသင်တဲ့အခါ၊ အက်ဆေးတွေ၊ assignments တွေရေးဖို့အတွက် ကျောင်းသားတွေကို ကြိုတင်ပြင်ဆင်ပေးပြီးသားဖြစ်ပါတယ်။ မိဘတွေကလဲ ဒါကို နိုင်ငံတကာပညာရေးဆီ ပေါင်းကူးတံတားတစ်ခုလို့ မြင်ကြပါတယ်။

၃။ ဘာသာရပ်ရွေးချယ်စရာ စုံလင်မှု

ကျောင်းသားတွေဟာ သင်္ချာ၊ သိပ္ပံဘာသာရပ်တွေနဲ့ အင်္ဂလိပ်စာ စတဲ့ အဓိကဘာသာရပ်တွေအပြင် စီးပွားရေး၊ ICT နဲ့ လူမှုရေးဘာသာရပ်တွေကနေလည်း ရွေးချယ်နိုင်ပါတယ်။ ဒီလိုရွေးချယ်နိုင်မှု့ကနောင် တက်ရောက်မဲ့ဘာသာရပ်အတွက် ပြင်ဆင်ရာမှာ ကူညီပေးပါတယ်။

၄။ အလွတ်ကျက်မှတ်ဖို့မလိုဘဲ စဉ်စားပြီးဖြေရတဲ့စာမေးပွဲစံ

IGCSE က ဝေဖန်ပိုင်းခြားစဉ်းစားတတ်မှု၊ ပြဿနာဖြေရှင်းနိုင်မှု့ စွမ်းရည်တွေကို အလေးပေးသင်ကြားပါတယ်။ မြန်မာနိုင်ငံက စာတွေကိုအလွတ် မကျက်နိုင်တဲ့ ကျောင်းသားတွေ အတွက် စဉ်စားပြီးမိမိနားလည်သလိုဖြေလို့ရတဲ့ စာမေးပွဲဖြစ်နေတာကို တွေ့ရှိရပြီး ဒါက နိုင်ငံခြားမှာ တက္ကသိုလ် တက်တဲ့အခါအဆင့်မြင့်ပညာရေးအတွက် ပိုပြီးပြင်ဆင်ထားနိုင်တယ်လို့ ဆိုပါတယ်။

၅။ A-Levels နဲ့ IB တို့ဆီသို့ တက်ရောက်နိုင်တဲ့ လမ်းကြောင်းတစ်ခု

နိုင်ငံတကာတက္ကသိုလ်အများအပြားက A-Levels၊ IB (သို့) ညီမျှတဲ့ အရည်အချင်းတွေကို တောင်းဆိုကြပါတယ်။ IGCSE က ဒီလိုအဆင့်မြင့် အရည်အချင်းတွေဆီ ချောမောစွာရောက်ရှိဖို့ ပထမဆုံးခြေလှမ်းအဖြစ် အခြေခံအုတ်မြစ်ကောင်းတစ်ခုကို ချပေးပါတယ်။

ရန်ကုန်က နိုင်ငံတကာ တက္ကသိုလ်တွေဝင်ခွင့်လျှောက်ပေးနေတဲ့ agency တွေက သူတွေပြောတာကတော့- “IGCSE က မြန်မာကျောင်းသားတွေကို ကျောင်းလျှောက်ပေးတဲ့အခါမှာ လွယ်ကူစေပါတယ်တဲ့။ နိုင်ငံခြားက တက္ကသိုလ်တွေက စံသတ်မှတ်ချက်ကို သိကြပြီး ဝင်ခွင့်နဲ့ပတ်သက်လို့ မိသားစုတွေကို ယုံကြည်မှုရစေပါတယ်” လို့ အားလုံးကပြောကြပါတယ်။

Cambridge International (2024) အဆိုအရ ကမ္ဘာတစ်ဝှမ်းမှာ IGCSE စာမေးပွဲကို နှစ်စဉ် ကျောင်းသား ၁ သန်းကျော်ဖြေဆိုကြပြီး အရှေ့တောင်အာရှမှာ ဖြေဆိုသူတွေပိုပြီးတိုးတိုးလာနေပါတယ်တဲ့။

မိဘများတွေအတွက်စဉ်စားရမှာတွေကတော့

ကုန်ကျစရိတ် -

အစိုးရစစ်စာမေးပွဲတွေထက် စာမေးပွဲကြေးက ပိုများပေမယ့် မိသားစုအများစုက တက္ကသိုလ်ဝင်ခွင့်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ မြင်ကြပါတယ်။

ကိုယ့်သား/မီး နဲ့ အဆင်ပြေမပြေ-

ကျောင်းသား/သူ တွေမှာ ကိုယ်တိုင် စာလုပ်တဲ့အလေ့အကျင့်ကောင်းတွေ လိုအပ်ပါတယ်။ ဘာသာရပ်တွေက အမှတ်ပေးစည်းမျဉ်းကတင်းကျပ်ပြီး စာမေးပွဲ အတွက် ကို ဦးတည်ထားပါတယ်။

ဘယ်မှာတက်ခိုင်းမှာလဲ-

မန္တလေး၊ ရန်ကုန်မြို့တွေက နိုင်ငံတကာကျောင်းတွေနဲ့ စင်တာတွေ၊ အွန်လိုင်းကနေ ကပါ IGCSE အစီအစဉ်တွေကို စနစ်တကျ သင်ကြားပေးနေကြလို့ ရွေးချယ်စရာများပါတယ်။

ဆရာတွေအနေနဲ့ကတော့-

သင်ကြားမှု့ ပုံစံ -

ဒါသင်၊ဒါကျက် ဆိုတာမျိုးမဟုတ်ဘဲ ဖတ်စာအုပ်ထဲက အကြောင်းအရာတွေပေါ်မှာ အခြေခံပြီး မေးခွန်းတွေကို ဖြေဆိုရတာမျိုးဖြစ်တဲ့အတွက်၊ သင်ခန်းစာတွေကို ကျောင်းသားနားလည်အောင် သင်ကြားပေးရတာပါ။

အင်္ဂလိပ်ဘာသာစကားအခက်အခဲ -

မြန်မာကျောင်းသားအများစုဟာ ပညာသက်ဆိုင်ရာ ဘာသာရပ်တွေကို အင်္ဂလိပ်စာလိုသင်ရတဲ့အတွက် အတွက် အင်္ဂလိပ်စာ အခြေခံကောင်း လိုအပ်ပါတယ်။

စာမေးပွဲစစ်ဆေးတဲ့ပုံစံ -

England ကနေစာမေးပွဲမေးခွန်းထုတ်ပြီး စစ်တာဖြစ်ပြီး အမှတ်ပေးစည်းကမ်းတွေပါ သတ်မှတ်ထားတာဖြစ်တဲ့အတွက် ဆရာတွေက ကျောင်းသားတွေကို စာမေးပွဲမေးခွန်းဟောင်းတွေနဲ့ စာမေးပွဲလေ့ကျင့်ခန်းတွေများများလုပ်မှရတာပါ။ အရင်နှစ်ကဖြေဆိုထားကြသူတွေရဲ့ အဖြေလွှာတွေကိုလဲပြန်ကြည့်လို့ရပါတယ်။

IGCSE နဲ့ပတ်သက်ပြီး အမေးမျာ:တဲ့မေးခွန်းတွေကတော့

Q1: IGCSE က US မှာ အသိအမှတ်ပြုပါသလား?

ဟုတ်ကဲ့။
US တက္ကသိုလ်တွေက IGCSE ကို SAT၊ ACT (သို့) A-Levels တွေနဲ့ တွဲဖက်ပြီး ဝင်ခွင့်ရဲ့အစိတ်အပိုင်းအနေနဲ့ လက်ခံလေ့ရှိပါတယ်။

Q2: ဘာသာရပ်အားလုံးယူဖို့ လိုအပ်ပါသလား

မလိုပါ။
ကျောင်းသားတွေက အဓိကနဲ့ ရွေးချယ်ဘာသာရပ်တွေထဲကနေ ရွေးချယ်ယူရပြီး တက္ကသိုလ်ရဲ့လိုအပ်ချက်ပေါ်မူတည်ကာ ၅ ခုကနေ ၇ ခုအထိ ယူလေ့ရှိပါတယ်။

Q3: IGCSE ကိုပြီးဆုံးဖို့ ဘယ်လောက်ကြာပါသလဲ?

ပုံမှန်အားဖြင့် နှစ်နှစ်ကြာပါတယ်။
ဒါပေမယ့် ကျောင်းသားအချို့က ၁၂ လကနေ ၁၈ လအတွင်း အမြန်ပြီးအောင်လုပ်ကြပါတယ်။

Q4: IGCSE က မြန်မာနိုင်ငံက တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အစားထိုးနိုင်ပါသလား?

မြန်မာတက္ကသိုလ်တွေအတွက် တော့တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုရန် လိုအပ်ဆဲဖြစ်ပါတယ်။
IGCSE က နိုင်ငံခြားသွားမယ့် ကျောင်းသားတွေအတွက် အကောင်းဆုံးဖြစ်ပါတယ်။

Q5: မြန်မာနိုင်ငံက ကျောင်းသားတွေ IGCSE စာမေးပွဲကို ဘယ်မှာဖြေဆိုနိုင်ပါသလဲ

ခွင့်ပြုထားတဲ့ စင်တာတွေမှာ British Council Myanmar နဲ့ Cambridge (သို့) Pearson နဲ့ မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိက နိုင်ငံတကာကျောင်းတွေ ၊ စင်တာတွေ ပါဝင်ပါတယ်။

နောက်ဆုံးအနေနဲ့ပြောရရင်

IGCSE က ပေါ်ပြူလာဖြစ်တာတစ်ခုတည်းမဟုတ်ပါဘူး။ မြန်မာကျောင်းသားတွေအတွက် နိုင်ငံတကာတက္ကသိုလ်တွေဆီရောက်ဖို့ ယုံကြည်စိတ်ချရတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ မိဘတွေက စာမေးပွဲ qualification အတွက် ယုံကြည်မှုရပြီး။ IGCSE က တကမ္ဘာလုံးရဲ့ စံနှုန်းတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ထားလို့ ကျောင်းသားတွေအတွက် နိုင်ငံတကာ အဆင့်မြင့် ပညာရေးရဲ့ စိန်ခေါ်မှုတွေ အတွက် ပိုပြီး ပြင်ဆင် ထားနိုင်တဲ့ အတွက် အကျိုးရှိကြပါတယ်။

Crd

Photos from Tr. Hla Accounting Class's post 19/08/2025

Congratulations my dears😍🤍

IGCSE Accounting Internal Note စာအုပ်ကို
ကိုယ်တိုင်ထုတ်ပြီး ပထမဦးဆုံး စပြီး
သင်တဲ့နှစ်မှာ တီချယ့်အပေါ် ယုံကြည်အားကိုးမှု
အပြည့်နဲ့ ကြိုးစားပေးခဲ့ကြတဲ့အတွက်
ကျေးဇူးအများကြီးတင်မိပါတယ်။

ရလာတဲ့ results တွေအပေါ်မှာလဲ
ကျေနပ်ပီတိဖြစ်မိပါတယ်။

နောက်ထပ် series တွေမှာ
ဖြေရမယ့်သူတွေအတွက်
ပိုမိုကောင်းမွန်တဲ့ results တွေရဖို့
အများကြီး ကြိုးစားရပါအုံးမယ်။

Photos from Tr. Hla Accounting Class's post 15/12/2024

"𝐈𝐆𝐂𝐒𝐄 , 𝐆𝐄𝐃 , 𝐒𝐀𝐓 . 𝐎𝐒𝐒𝐃 , 𝐄𝐉𝐔 , 𝐀𝐂𝐓 – ဘယ်ဟာကိုရွေးချယ်ရမလဲ?"

Undergraduate Degree ကို နိုင်ငံခြားတက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ယူလိုတဲ့ ကျောင်းသားများနဲ့ ၎င်းတို့ရဲ့ မိဘတွေအတွက် အကျိုးရှိစေဖို့ ရည်ရွယ်ပြီး အားလုံးကို စုစည်း Sharing လုပ်လိုက်ရပါတယ် ❤

အချိန်ပေးပြီး ဖတ်ရှုကာ မိမိရည်မှန်းချက်နဲ့ ကိုက်ညီမဲ့ Preparation မျိုးကို ပြုလုပ်စေချင်ပါတယ် ~

✅What is IGCSE?
https://www.facebook.com/share/p/1DMySZvvGP/

✅What is GED?
https://www.facebook.com/share/p/12Ett4A3xxh/

✅What is SAT?
https://www.facebook.com/share/p/127RJL3eTyJ/

✅What is OSSD?
https://www.facebook.com/share/p/14adkVRcU7/

✅What is EJU?
https://www.facebook.com/share/p/19aoep1rbw/

✅What is ACT?
https://www.facebook.com/share/p/1GBKwi9TxQ/

!


Crd.

15/07/2024

IGCSE ဆိုတဲ့ နိုင်ငံတကာ အသိအမှတ်ပြု ပညာရေးစနစ်က ခုလိုအချိန်မှာ အားလုံးနဲ့မစိမ်းတော့ဘူး ဆိုတာတော့ သဘောပေါက်လောက်မယ်ထင်ပါတယ်

🔵 အလယ်တန်းအဆင့် ပညာရေးရှိတဲ့အချိန်တည်းက Pre-IGCSE ကို တက်ရောက်ထားလို့ရပြီး အဆင်သင့်ဖြစ်တဲ့အခါ IGCSE ကိုဆက်လက်တက်လှမ်းနိုင်ပါတယ်

ဒါပေမယ့် နည်းနည်းဆင်တူတဲ့ GED လိုအရာမျိုးနဲ့ ယှဉ်လာတဲ့အခါ အုပ်ထိန်းသူ၊ မိဘတွေဟာ သား၊သမီးအတွက် ဘယ်အရာကို ရွေးပေးရမလဲ၊ ဘယ်အရာက အကောင်းဆုံးလဲဆိုပြီး တွေဝေလာတတ်ပါတယ် 🤔

ဒါကြောင့် IGCSE ကိုရွေးချယ်လိုက်တဲ့အခါ ရလာမယ့် နောက်ဆက်တွဲ ကောင်းကျိုးတွေကို ပြောပြပေးလိုက်ပါတယ် 💁

1️⃣ စိတ်ကြိုက်ဘာသာရပ်ရွေးချယ်ခွင့်ရှိခြင်း

IGCSE မှာ ဘာသာရပ်ပေါင်း (၇၀) ကျော်ရှိလို့ ကိုယ် စိတ်ဝင်စားတဲ့၊ လေ့လာချင်တဲ့၊ ကိုယ်နဲ့သင့်တော်မယ့် ဘာသာရပ်တွေကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိပါတယ်။ ဒီလို ဘာသာရပ်များတာကို IGCSE ရဲ့အဓိက အားသာချက် အဖြစ်သတ်မှတ်နိုင်ပါတယ်။ ကိုယ့်ရဲ့ဝါသနာ၊ သွားချင်တဲ့ Career လမ်းကြောင်း၊ စိတ်ဝင်စားတဲ့အရာပေါ် အခြေတည်ပြီး ဘာသာရပ်တွေ စိတ်ကြိုက်ရွေးချယ်ပြီး သင်ယူနေရင်း ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကို တဖြည်းဖြည်းပေါ်လွင်လာစေပြီး ပြုပြင်နိုင်မှာဖြစ်ပါတယ်။

2️⃣ တက္ကသိုလ်အကြိုလေ့ကျင့်မှုသဖွယ်ဖြစ်ခြင်း

IGCSE က နိုင်ငံတကာအသိအမှတ်ပြုဖြစ်တဲ့အတွက် သင်ကြားရမယ့်စာတွေကလည်း အဆင့်မြင့်သင်ရိုးတွေပါ။ နှုတ်တိုက်ကျက်ရတာ မဟုတ်ပဲ တကယ်နားလည်တတ်မြောက်အောင် သင်ယူရတာမလို့ ကိုယ့်ရဲ့ တက္ကသိုလ်ခရီးအတွက် အထောက်အကူဖြစ်မှာသေချာပါတယ်။ English လိုတွေချည်း သင်ယူရတာကြောင့် နိုင်ငံခြားကျောင်းတွေမှာ တက်ရောက်ဖို့ စိတ်ကူးရှိသူ၊ ပြည်တွင်းက နိုင်ငံတကာ အသိအမှတ်ပြု Private တက္ကသိုလ်တွေ တက်ရောက်တဲ့အခါ သင်ခန်းစာတွေ ကောင်းကောင်းနားလည်စေမယ့် အကြိုလေ့ကျင့်မှုသဖွယ် ဖြစ်ပါလိမ့်မယ်။

3️⃣ အာမခံချက်ရှိတဲ့အနာဂတ်

ဒီအချက်ကိုတော့ ခဏခဏထောက်ပြပါများလို့ အားလုံးသဘောပေါက် နေလောက်ပြီထင်ပါတယ်။ တကယ်လိူ့ IGCSE လက်မှတ်သာ ပိုင်ဆိုင်ထားခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ပညာရေးခရီးရှေ့ဆက်ဖို့၊ အနာဂတ်အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်အတွက် အတော်လေးအထောက်အကူဖြစ်စေပါတယ်။ နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ပဲဖြစ်ဖြစ်၊ အလုပ်အကိုင်ကြောင့်ပဲဖြစ်ဖြစ် IGCSE လက်မှတ်ရှိရုံနဲ့ ခက်နေတဲ့အဆင့်တွေအကုန် လွယ်ကူသွားပါလိမ့်မယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများ အသိအမှတ်ပြုတဲ့ IGCSE လက်မှတ်သာ ပိုင်ဆိုင်ထားရင် နိုင်ငံတော်တော်များများမှာ ကျောင်းတက်ဖို့၊ ပြောင်းရွှေ့ဖို့‌ ဖြေဆိုရမယ့် Language Tests တွေကို ‌ကျော်လွှားနိုင်ပါလိမ့်မယ်။ အလုပ်လုပ်တဲ့အခါမှာလည်း ကိုယ့် ရဲ့ ပညာရေး Quality ကို သက်သေပြနိုင်မယ့် တစ်ခုတည်းသော အရာဖြစ်ပါလိမ့်မယ်။

ဒါကြောင့် IGCSE က နိုင်ငံတကာတက္ကသိုလ်တွေမှာ အဆင့်မြင့်မြင့်ပညာသင်ကြားလိုသူတွေ အတွက် အခုချိန်ထိ အသင့်တော်ဆုံးရွေးချယ်မှုဖြစ်နေတာပါ


Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


38B, 72*73
Mandalay