21/04/2018
#လွယ်လွယ်ကူကူခန်းဂျီးရေးကြမှတ်ကြမယ်
Kanji လေ့လာတာကိုစိတ်ရှုပ်စရာ အရာတခု အဖြစ်မြင်နေကြပါတယ်။ ဂျပန်စာလေ့လာသူတွေမှာ ခန်းဂျီး လေ့လာမှုဟာ အကြီးမားဆုံးစိန်ခေါ်မှု တစ်ခုဆိုလဲမမှားပါဘူး ။ လူတိုင်းဟာ kanjiအလျှင်မြန်ဆုံးရနိုင်မဲ့ ကိုယ်ပိုင်နည်းလမ်းတွေ အမြင်တွေနဲ့လဲ လေ့လာနေကြပါတယ်။အမှန်တိုင်းပြောရရင် အဲ့ဒီလေ့လာမှုတွေထဲမှာလဲ အရမ်းကောင်းတဲ့ခန်းဂျီးလေ့လာမှုတွေကိုတွေ့ရှိရပါတယ်။ လူအများစုဟာ ကိုယ်ရေးလိုက်တဲ့ခန်းဂျီး မှန်မှန်ကန်ကန်များများဆွဲနိုင်ဖို့ထက်လှလှလေးဆွဲနိုင်ဖို့ကိုဦးစားပေးနေကြတာကြောင့် ခန်းဂျီးအတွက်အချိန်အများကြီးပေးရတယ်ခန်းဂျီးလဲဆွဲသလောက်မေ့တယ်ဆိုတာတွေဖြစ်ကြတာပေါ့။ထင်ထားသလောက်လဲvocabularyမတိုးတော့ဘူးပေါ့။နောက်တစ်ရက် ခန်းဂျီး ကို အချိန်အများကြီးမပေးနိုင်တာကြောင့် ခန်းဂျီးဆွဲချင်စိတ် မရှိတော့ဘဲဖြစ်တတ်ပါတယ်။
အာ့တာကြောင့်လူသိများတဲ့ ခန်းဂျီးလေ့လာစိန်ခေါ်နည်းလေးတွေကို တင်ပြပေးလိုက်ပါတယ်။
ခန်းဂျီးအစိတ်အပိုင်းတွေကိုခွဲကြည့်ပါ။
ဥပမာအားဖြင့် 集 ပေါင်းစည်းမှု အဲ့ဒီခန်းဂျီးကိုလေ့ကျင့်ကြမယ်ဆိုရင် အနည်းဆုံးအကြိမ် ၂၀ လောက် ချရေးလိုက်ပါ။ အကြိမ်၂၀ ဟာမှတ်မိဖို့လွယ်သလိုမေ့ဖို့လဲမခက်ပါဘူး။ဒါဆိုရင် ခန်းဂျီးအစိတ်အပိုင်းလေးခွဲကြည့်မယ်ဆိုရင်ရော?
隹 + 木 = 集(Turkey )+(Tree) = (grather)
(ကြက်ဆင်ဌက်တွေ သစ်ပင်ပေါ်မှာ စုဝေးနေတာကိုကျွန်တော်ပြတင်းပေါက်ကလှမ်းမြင်လိုက်တယ်)ဆိုပြီး ကိုယ်ပိုင်ပုံပြင်လေးတွေ နဲ့ ကိုယ်နားလည်လွယ်နိုင်ရန်မှတ်တာမျိုးလေးတွေလုပ်မယ်ဆိုရင် အဲ့ဒီခန်းဂျီးကမမေ့နိုင်တော့ပါဘူး။
အခုဆိုရင် 集ကို ထပ်ခွဲလိုက်တော့ နောက်ထပ် vocabularyနှစ်လုံးလဲထပ်တိုးတယ် 集ရဲ့ဆွဲချက်နဲ့အဓိပ္ပါယ်လဲမမေ့တော့ဘူးပေါ့။
ခန်းဂျီးရဲ့အဓိပ္ပါယ်နဲ့ဆွဲချက်တွေကို အမြဲတမ်း မှတ်မိနေအောင်လုက်ကြမယ်။
ခန်းဂျီးတွေကိုမှတ်မိလွယ်အောင် ဆွဲနိုင်ချင်တယ်ဆိုရင် ခန်းဂျီးတလုံးရဲ့နီးစပ်ရာ စကားလုံးတွေပါဆွဲယူပြီးလေ့လာနိုင်ပါတယ်။ ဥပမာ 食 kanji ပုံမှန်ဆိုရင်စားတယ်ဆိုတဲ့အဓိပ္ပါယ်ရှိတယ်ပေါ့ ။ kanjiဆိုတာ kunyomi onyomi ဖတ်ပုံနှစ်မျိုးရှိတယ်ဆိုအစထဲကသိကြမှာပါ။kunyomi ဆိုတာ kanjiတလုံးရဲက မူလစကာလုံး onyomiဆိုတာကတော့ တခြားခန်းချီးတလုံးနဲ့တွဲသုံးရတဲ့အခါမှာ အသုံးပြုတဲ့ဖတ်ပုံဖတ်နည်းမျိုး ဖြစ်ပါတယ်။
食 (kunyomi) く.う、く.らう 、た.べる
食 (onyomi) しょく、じき
ဥပမာကျွန်တော်တို့က 食事 ကိုကျက်မယ်ဆိုရင်
食事、食欲、朝食、昼食、夕食、外食、会食。。。。。。。。စသဖြင့် 食နဲ့ပတ်သတ်တဲ့vocabularyတွေဖြန့်ပြီးကျက်တာက ပိုပြီးမှတ်မိလွယ်ပါတယ်။
အဲ့ဒီလိုပဲ 食+事=食事 (eat+ matter=meal)ခွဲပြီးကျက်မယ် စကားလုံးတွေကိုဖြန့်ပီးကျက်မယ်ဆိုရင် vocabularyတိုးတို့အပြင်ခန်းဂျီးတွေလဲမေ့မှာမဟုတ်ပါဘူး။
တကယ်တော့ခန်းဂျီးဆိုတာကြောက်စရာမဟုတ်ပါဘူး။ နောက်ပိုင်းဆွဲရင်းစိတ်ဝင်စားသွားရင် ခန်းဂျီးပဲဆွဲချင်နေပါလိမ့်မယ်။အဲ့ဒီလိုလဲမဖြစ်စေနဲ့နော်😇တခြားအစိတ်အပိုင်းတွေမှာလဲဂျပန်ဘာသာစကားဟာအရေးပါတာကြောင့် တခြား文法တို့読解တို့လဲ လေ့လာရင်း 漢字လေးတွေလဲဆွဲရင်း vocabularyတွေအများကြီးတိုးအောင်ကျက်နိုင်မှတ်နိုင်ကြပါစေဗျာ။
ပွင့်လင်းလာတဲ့ မြန်မာပြည်ကြီးမှာ ဂျပန်ကုမ္ပဏီတွေ များစွာ လာရောက် ရင်းနှီးမြုပ်နှံနေကြပြီမို့ ဂျပန် စကားတတ်ထားခြင်းဟာ သင့်အတွက် အားသာချက် ဖြစ်စေမှာပါ .
သင့်ဘဝအိမ်မက်ကိုအကောင်အထည်ဖော်ဖို့ UJLAC Mandalay နဲ့ ယခုပင် ချိတ်ဆက်လိုက်ပါစို့ ။
သင့်အနေနဲ့ ဂျပန်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်လိုပါက ကျနော်တို့ UJLAC Mandalay နဲ့ ယခုပင် ဆက်သွယ်လိုက်ပါ ။
သင်တန်းကျောင်းလိပ်စာ
UJLAC ( Mandalay ) ဂျပန်စာ သင်တန်းကျောင်း
၊ ခိုင်ရွှေဝါလမ်း ၊ ၆၉ x ၇၀ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့။
ဆက်သွယ်ရန်ဖုန်း ( မနက် ၉:၀၀ - ညနေ ၅:၃၀ အတွင်း )
09-761003253 ၊ 09-773653633 ၊ 09-760563476 ၊ 09-761003252
(မှတ်ချက် ။ ။ စနေ ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။)