21/08/2026
1. အလုပ်ခွင်မှာ
Everyone knows the company is losing money, but nobody wants to talk about it. It's the elephant in the room.
→ ကုမ္ပဏီက ငွေကြေးအရှုံးပေါ်နေတယ်ဆိုတာ လူတိုင်းသိပေမယ့် ဘယ်သူမှ မပြောချင်ကြဘူး။ ဒါက လူတိုင်းသိပေမယ့် မပြောတဲ့ အဓိကပြဿနာ ဖြစ်နေတယ်။
2. မိသားစုမှာ
Nobody mentioned their father's health problems at dinner. It was the elephant in the room.
→ ညစာစားနေတုန်း အဖေရဲ့ ကျန်းမာရေးပြဿနာကို ဘယ်သူမှ မပြောကြဘူး။ ဒါပေမယ့် လူတိုင်းသိနေကြတယ်။ အဲဒါက မပြောချင်ကြတဲ့ သိသာထင်ရှားတဲ့ကိစ္စ ဖြစ်နေတယ်။
3. သူငယ်ချင်းနှစ်ယောက်ကြား
They both knew they were angry with each other, but neither of them said anything.
That anger was the elephant in the room.
→ သူတို့နှစ်ယောက်လုံး တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးနေမှန်း သိကြတယ်။ ဒါပေမယ့် ဘယ်သူမှ မပြောဘူး။ အဲဒီ မပြောဘဲ ရှောင်နေတဲ့ စိတ်ဆိုးမှု က elephant in the room ပါ။
4. Relationship မှာ
We talked about everything except the fact that our relationship was falling apart. That was the elephant in the room.
→ အရာအားလုံးကို ပြောကြပေမယ့် ငါတို့ relationship ပျက်စီးလာနေပြီဆိုတဲ့အချက် ကိုတော့ မပြောကြဘူး။ အဲဒါက elephant in the room ဖြစ်တယ်။
5. Meeting မှာ
Before we discuss the small issues, let's address the elephant in the room: our project is three months behind schedule.
→ အသေးစားပြဿနာတွေ မဆွေးနွေးခင် အဓိကပြဿနာကြီး ကို အရင်ပြောကြရအောင်—ကျွန်တော်တို့ project က သုံးလနောက်ကျနေပြီ။
6. ပိုပြီး Natural ဖြစ်တဲ့ အသုံး
“Can we talk about the elephant in the room?”
→ “အားလုံးသိနေကြတဲ့ ဒီအဓိကကိစ္စကို တကယ်ပြောကြရအောင်လား?”
ဒီ sentence ကို meeting, relationship, family discussion စတဲ့နေရာတွေမှာ သုံးရင် အရမ်း natural ဖြစ်ပါတယ်။
သင်တန်းတက်ဖို့ ဖိတ်ခေါ်ပါတယ်နော်။ 😊
#မန္တလေးအင်္ဂလိပ်စာသင်တန်း
#အင်္ဂလိပ်စာသင်တန်း
09978841498
09786471528
71လမ်းနှင့် 39 လမ်းထောင့်
ဗန်းမော်ကျောင်းတိုက်အပေါက်ဝရှေ့