03/08/2018
ရုံးချိန်လွတ် Auto Cad ပညာ သင်ယူလိုသူများ အတွက်...................
မန္တလေးမှ Engineer မောင်မယ်များအတွက် Auto Cad 2D, 3D သင်တန်းအား
ညနေပိုင်း ၆နာရီမှ ၈ နာရီ အထိ သင်ယူချင်သူများ( သို့မဟုတ်) အလုပ်မအားလပ်၍ Sunday တစ်ရက်ထဲ သင်ယူလိုသူများ စာရင်းပေးသွင်းနိုင်ပါပြီ။
တကယ်တတ်မြောက်အောင် စိတ်ရှည်စွာဖြင့်သင်ကြားပေးမည် ဖြစ်ပြီး အိမ်တွင် သင်ချင်သူများအတွက် လည်း လိုက်၍သင်ပေးပါသည် ။
သင်တန်းကြေး
2D - 60000 MMK
3D - 60000 MMK
အသေးစိတ်သိရှိလိုပါက 09964566599 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
03/08/2018
ရုံးချိန်လွတ် အတန်းတက်ချင်သူများအတွက်စာရင်းပေးသွင်းနိုင်ပါပြီ
01/08/2018
မန္တလေးမှ Engineer မောင်မယ်များအတွက်Auto Cad 2D, 3D သင်တန်းအား ညနေပိုင်း ၆နာရီမှ ၈ နာရီအထိ သင်ယူချင်သူများ( သို့မဟုတ်) အလုပ်မအားလပ်၍ Sunday တစ်ရက်ထဲ သင်ယူလိုသူများ စာရင်းပေးသွင်းနိုင်ပါပြီ.... တကယ်တတ်မြောက်အောင် စိတ်ရှည်စွာဖြင့်သင်ကြားပေးမည် ဖြစ်ပြီး အိမ်တွင် သင်ချင်သူများအတွက် လည်း လိုက်၍သင်ပေးပါသည် ။
သင်တန်းကြေး
2D - 60000 MMK
3D - 60000 MMK
အသေးစိတ်သိရှိလိုပါက 09964566599 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည် ..
24/05/2018
💌Duct Sizing (အပိုင်း ၃)💌
ဥပမာအ နေဖြင့် 550 CMH air flow rate အတွက် Duct အရွယ်အစား ကို တွက်နည်း ၃ နည်းဖြင့် နမူနာ တွက်ပြပါမည်။
💎Ductulator ဖြင်ု Duct size တွက်ချက်ခြင်း။
(Duct Sizing အပိုင်း ၂ ဧ။် Figure 1 ပုံ တွင်ကြည့်ပါ။)
👉550 CMH နှင့် 1 Pa/m တန်ဖိုး နှစ်ခုကို ထိပ်တိုက်ဆိုင် သော အ နေအထား ရောက်အောင် Ductulator ကို လှည့်ပါ။
👉ပုံဧ။် အပေါ်ပိုင်း တွင် အဝါရောင်ဖြင့် ဝိုင်းပြထားသော 1 Pa/m reading နှင့် 550 CMH reading တန်ဖိုးနှစ်ခု တထပ်တည်း ထိပ်တိုက်ဆိုင် နေသည်ကိုတွေ့ရပါမည်။
👉ဤသို့ တန်ဖိုးနှစ်ခုကို ထိပ်တိုက်ဆိုင် ပြီးနောက် ကျန် ရှိ သောတန်းဖိုးများကို ဖတ် ရှုရပါမည်။
ပုံတွင် ဖတ် ရ သောတန်ဖိုးများမှာ-
Velocity =4.3 m/s
Round duct= 25 cm =250 mm
👉Rectangular duct အရွယ်အစားကို မူ မိမိ Site အခြေအ နေ အရ ရွေးချယ်နိုင် သည်။
သို့သော် aspect ration သည် 1:4 ထက် မများရပါ။
(ဆိုလိုသည်မှာ ductဧ။် အလျား နှင့် အနံ အချိုးသည် 1: 4 ထက် မကြီးစေရပါ။)
ပုံ တွင် Aspect ratio 1:4 ထက်မကြီးသော duct size များမှာ
20 cm x 28 cm ( = 200x280 mm)
25 cm.x 22 cm ( = 250x220 mm)
30 cm x 19 cm ( = 300x190 mm)
40 cm x 15 cm ( = 400x150 mm)
ဟူ၍ ရွေးခြယ်စရာ ၄ မျိုး ရှိသည်။
Site intallation အတွက် လုံလောက်သော height clearance ရှိသည် ဆိုပါက Aspect ratio နဲလေ ကောင်းလေ ဖြစ် ပြီး 1:1 သည် အကောင်းဆုံးဖြစ်ပါသည်။
👉ထို့ကြောင့် duct size 250 x 220 ကို ရွေးချယ်ပါ မည်။
💎💎Duct friction chart ဖြင့် duct size တွက်ချက်ခြင်း။
(Duct Sizing အပိုင်း ၂ ဧ။် Figure 2 ပုံတွင်ကြည့်ပါ။)
👉unit conversion အရ 550 CMH ကို CFM သို့ ပြောင်းလျင် 324 CFM ရပြီး
1 Pa/m သည် 0.1225 in of water per 100 ft နှင့်ညီမျှသည်။
👉324 CFM နှင့် 0.1225 inch of H2O / 100feet မျဉ်းနှစ်ကြောင်း ဧ။် ဆုံမှတ် ကိုရှာပါ။
(ပုံတွင် အဝါရောင် ဖြင့်ဆွဲပြထားသည်။)
👉ထို့နောက် ပုံတွင်ပြထားသော အနီရောင် မျဉ်းများ မှ
velocity 850 fpm (feet per minute) နှင့်
Duct diameter 8.5 inch တန်ဖိုးများကို ရ ရှိပါမည်။
ထို့ကြောင့်
Air velocity= 850 fpm = 4.32 m/s
Duct diameter= 8.5 inch = 216 mm
(အနီးစပ်ဆုံး 220 mm ဟု ထားပါ)
👉Round duct diameter ကို rectangular size သို့ပြောင်းရပါမည်။ Round to Equivalent Rectangular chart ကြည့်၍လဲ ပြောင်းနိုင် သည်။
equation နှင့် ပြောင်းသော်
Area of circle= 3.14 x r ^2
Area of circle= 3.14 x (220/2)^2
= 37994 sq.mm= 0.038 sq.m
Round duct size ဧ။် ဧရိယာ မှာ 0.038 sq.m ရသည်။
Area of rectangular duct size =
Area of round duct size = 0.038 sq.m
Rectangular duct size ဧ။် ဧရိယာ ကို square root တင်သော်
square root of 0.038 m = 0.195 m ဖြစ်သည်။
ထို့ကြောင့် equivalent rectangular duct size မှာ 0.195x0.195m=195x195mm ဖြစ်သည်။
duct size 195 x 195 mm ဆိုသည်မှာလက်တွေ့တွင် မရှိကြောင့် 200 x 200 mm duct size ကို အနီးစပ်ဆုံးရွေးချယ်ပါမည်။
💎💎💎နောက်ဆုံးအနေဖြင့် 550 CMH အတွက် Duct size ကို equation သုံး၍Velocity ပေါ် အခြေခံ တွက်ပြပါမည်။
(Duct sizing အပိုင်း ၂ ဧ။် Figure 4 နှင့်
နောက်ဆုံးပုံဖြစ်သော Typical air velocity in ducted system table တို့တွင်ကြည့်ပါ။)
👉550 CMH =550÷3600
=0.153 cu.meter /second
👉မိမိတို့ တပ်ဆင် မည့် duct သည် residence building (ရိုးရိုး လူနေအိမ်) အတွက် branch duct ဆိုပါစို့။ဤတွင် ဇယားအရ 4 m/s (recommanded 3 နှင့် 4 m/s တွင် ပိုများသော4 m/s velocity ဖြင့်တွက်ကြည့်ပါမည်။)
👉cms = m^2 x m/s
Air volume = Area x velocity
0.153 = Area x 4
Area = 0.04 sq.meter ရရှိပါမည်။
👉Duct aspect ratio ကို 1:1 ဟု ဦးစွာ ယူဆ၍ တွက်ကြည့်ရ မည်။
ထို့ကြောင့် အလျား နှင့် အနံ တူညီပါမည်။
ဧရိယာ = အလျား x အနံ
0.04 = အလျား ^2
အလျား = 0.2 meter =200 mm
duct size 200 x 200 mm ရရှိပါသည်။
air velocity 4 m/s ဖြစ်မည်။
💎💎💎💎💎💎💎💎💎💎💎💎💎💎💎💎
နိဂုံးချုပ်အနေဖြင့် 550 CMH အတွက် Duct size များကို နှိုင်းယှဉ်ကြည့်သော်
👉(၁) 1Pa/m pressure drop ကို အခြေခံ၍ ductulator ဖြင့်တွက် ရာတွင်
duct size = 250 x 220 mm
velocity = 4.3 m/s
(Note :
Practically duct size is ending with 00 (OR) 50. So choose duct size 250 x 250 mm)
👉(၂) 1 Pa/m pressure drop ကို အခြေခံ၍ Chart
ဖြင့် တွက် ရာတွင်
Duct size = 200 x 200 mm
velocity = 4.32 m/s ရရှိသည်။
👉(၃) Velocity ကို အခြေခံ၍ ညီမျှခြင်း ဖြင့် တွက်ချက် ရာ တွင်
duct size = 200 x 200 mm
velocity = 4 m/s
အသီးသီး ရရှိသည်။
👉550 CMH အတွက် နည်း ၃ နည်းကို နှိုင်းယှဉ်ကြည့် ပါက Ductulator ဖြင့်တွက်ခြင်းသည် duct အရွယ်အစား ပိုမိုကြီးမားသည်။
Ductulator ဖြင့် တွက်ခြင်း သည် အတိကျဆုံး ပင်ဖြစ်သည်။
👉Equation နှင့် duct size တွက်ခြင်းသည် ductulator / chart တို့ မရှိသောအ ခြေအ နေ တွင် သာသုံးသင့်သည်။
အဘယ်ကြောင့် ဆိုသော် ယခု ဥပမာ တွင် 4 m/s velocity ( which is same velocity reading with ductulator & chart calculation in this example) ဟု ယူဆထားသည့်တိုင် duct size မှာ သေး သည်။
Velocity များများ ရွေးချယ် တွက်လျင် duct size ပိုမိုသေးပြီး friction lossပိုများလာပေမည်။
When using equation, we may miss out to take care of maximum pressure drop which may result to select bigger equipment .
Credit - Tip Top Training
24/05/2018
ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
💌 Duct Sizing (အပိုင်း ၂) 💌
💎Duct အရွယ်အစား တွက်ချက်ရာ တွင်
Ductulator သုံး၍ တွက်ချက်သည်ဖြစ်စေ...
Chart သုံး၍ တွက်ချက်သည်ဖြစ်စေ...
Equation သုံး၍ တွက်ချက်သည်ဖြစ်စေ...
Software သုံး၍ တွက်ချက်သည်ဖြစ်စေ...
💎" input data "နှစ်ခုရှိမှသာ ကျန် "output data "များ ထွက်ရှိ မည်ဖြစ် သည်။
💎ဆိုလိုသည်မှာ Figure -1 ၌ဖော်ပြထားသော Ductulatorတွင် -
(၁) Air volume သို့မဟုတ် Air flow rate ( CMH )
(၂) Friction loss သို့မဟုတ် Pressure drop (Pa/m)
(၃) Air velocity (m/s)
(၄) Round duct size (cm)
(၅) Equivalent rectangular size (cm)
ဟူ၍ data အချက်အလက် ၅ မျိုးဖော်ပြထားပါသည်။
ယင်း data ( ၅ ) မျိုး အနက်
📍Air flow rate & velocity (သို့မဟုတ်)
📍Air flow rate & friction loss
(၂) မျိုးသိလျင် ကျန်(၃)မျိုးကို ရရှိမည်ဖြစ်သည်။
💎ဆက်လက်၍ Figure-2 ၌ဖော်ပြထားသော Duct friction losses chart တွင် လည်း Ductulator ကဲ့သို့သော အချက်အလက်များကို ဖော်ပြထားသည်။
👉Air flow rateနှင့်Pressure dropသိလျင်သော်လည်း
ကောင်း
- သို့တည်းမဟုတ် -
👉Air flow rate နှင့် Velocity သိလျင် သော်လည်းကောင်း
မိမိတို့ လိုချင်သည့် Round duct size / Rectangular duct size ကို တွက်ချက်ရယူနိုင်ပါသည်။
(၁) Air flow rate 👇
Air flow rate ဆိုသည်မှာ duct ထဲတွင် စီးဆင်းမည့် လေပမာဏ (သို့)လေစီးနှုန်း ဖြစ်သည်။
(၂) Pressure drop သို့မဟုတ် Friction loss👇
Pressure drop ဆိုသည်မှာ duct ထဲတွင်စီးဆင်းနေသော လေ နှင့် duct metal sheetဧ။် အတွင်းသား မျက်နှာပြင် ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသော losses/drop များဖြစ်သည်။
(၃)Air velocity👇
Air velocity ဆိုသည်မှာ လေဧ။် အလျင် ( တစ်စက္ကန့် အတွင်းရွေ့လျားနိုင်သည့် အကွာအဝေး - m/s) ဖြစ်သည်။
🍎 Concept of Duct Sizing🍎
✔Duct size သေးလေလေ Air velocity (လေဧ။် အလျင်)များလေလေ ဖြစ်ပြီး
✔Air velocity များလေလေ (ပွတ်တိုက်အားပြင်းလေလေ) Friction loss များလေလေ ဖြစ်သည်။
✔Friction loss (Pressure drop) များလေလေ Equipment (Fan သို့AHU/FCU) ဧ။် အရွယ်အစားများကြီးမားလေလေဖြစ်သည်။
(အဘယ်ကြောင့်ဆိုသော် Equipment သည် duct friction losses များကို ကျော်လွှားပြီး လေကို လိုအပ်သည့်နေရာရောက်
အောင် တွန်းအားပေးရမည်ဖြစ်သည်။ ထို့ကြောင့် Friction loss များလေ ... equipment ဧ။် အရွယ်အစားကြီးလေဖြစ်ပြီး
လျပ်စစ်စွမ်းအင် လည်းပိုမိုကုန်ကျ ပေမည်)
✔ထို့ပြင် Velocity များလေလေ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ် သော
ဆူညံသံ (Noise level) ပိုမြင့်လေလေ ဖြစ်သည်။
Noise level ကို human comfort အတွက် ထည့်သွင်းစဉ် စားရမည့် အချက်ဖြစ်သည်။
💎💎💎💎💎💎💎💎💎💎💎💎💎💎💎
အနှစ်ချုပ်ဆိုရသော် duct size တွက်ချက်ရာတွင် Friction loss ကို maximum 1 Pa /m (Duct length 1 meter လျင် 1Pa losses ) ဟု ASHARE က သတ်မှတ်ထားသည်။
1 Pa/m ထက် မများရပါ။ 1Pa/m ထိ လက်ခံသည်။
ထို့ကြောင့် duct size တွက်ရာတွင် 1Pa/m ပေါ် အခြေခံ၍ တွက်ချက်ပါသည်။
1Pa/m ထက်များလျင်-
Duct size သေးမည်။Velocity များမည်။Noise များမည်။
Equipment size ကြီး၍ လျပ်စစ်စွမ်းအင်ပိုကုန်မည်။
" Typical air velocity in duct " table ကို နောက်ဆုံးပုံတွင် ဖော်ပြထားသည်။အခန်းအမျိုးအစား , duct အမျိုးအစား ( main duct or branch duct ) ပေါ်မူတည်၍ recommanded velocity range ကိုသတ်မှတ်ထားသည်။
Pressure drop (1 Pa/meter) ကိုမူတည်၍ မတွက်ဘဲ Velocity ပေါ်မူတည်၍လည်းတွက်ချက်နိုင်ပါသည်။
ဆက်ပါဦးမည်.....
Credit
24/05/2018
ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
💌 Duct Sizing (အပိုင်း ၁)💌
💎Duct sizing ဆိုသည်မှာ လေ ကိုသယ်ဆောင်သော metal sheet ပုံး များဧ။် အရွယ်အစား ကို တွက်ချက်ခြင်း ဖြစ်ပြီး
💎Pipe sizing ဆိုသည်မှာ ရေ ကိုသယ်ဆောင်သော black carbon steel (chilled water pipe အတွက် သုံးသော material) pipe များဧ။် အရွယ်အစား ကို တွက်ချက်ခြင်းဖြစ်သည်။
💎လေ နှင့် ရေ / duct နှင့် pipe ကွဲပြား၍ တွက်နည်း မတူသော်လည်း သ ဘောတရား concept က တော့အတူတူပင်ဖြစ်သည်။
👉ယခု သင် ခန်းစာတွင် Duct အရွယ်အစား တွက်ချက်နည်း ကို ဖော်ပြပါမည်။
Duct size တွက်ပုံတွက်နည်း များစွာရှိသည်ဟု မှတ်သား ဖူးပါသည်။
ယခုတွက်ပြမည့် နည်း များမှာ စလုံးရှိ contractor field တွင် အလုပ်လုပ်စဉ်က စာရေးသူ အသုံးပြုခဲ့သော ရိုးရှင်း လွယ်ကူသည့်နည်းများ ဖြစ်ပါသည်။
👉(1) Pressure drop ကို လိုချင်သော တန်ဖိုးတစ်ခုထား ၍တွက်နည်း ။
လိုချင်သော pressure drop မှာ 1 Pa/m ဖြစ်သည်။
Duct 1 meter အရှည် တွင် အများဆုံး pressure drop (1)Pa ထိ လက်ခံသည်။ 1 Pa /meter ထက် ပိုမများ ရပါ။
👉(2) velocity ကို လိုချင်သောတန်ဖိုးတစ်ခု သတ်မှတ်၍ တွက်နည်း။
အောက်တွင်ဖော်ပြထားသော Typical air velocities in ducted system ပုံတွင်ကြည့်ပါ။
မိမိ duct တပ်ဆင် မည့် နေရာ (အခန်း အမျိုးအစား ) နှင့် duct အမျိုအစား ( main duct / branch duct ) ပေါ် မူတည်၍ velocity တန်ဖိုးကွာခြားသည်။
👉Pressure drop ပေါ် မူတည်တွက် လျင် Ductulator သုံးလေ့ ရှိသည်။ Chart သုံး၍လည်းတွက်နိုင် ပါသည်။
👉Velocity (m/s) ပေါ် မူတည်တွက်လျင် အောက်ပါ equation ကိုသုံးနိုင် ပါသည်။
cu.meter/s = m/s x sq.m (သို့)
m3/s = m/s x m2
ဆက်ဦးမည် ...
23/04/2018
🎊မန္တလေး Auto Cad 2D , 3D modeling သင်တန်း🎊
မင်္ဂလာပါရှင်
GBS Construction and Engineering Training Center မှ🎊 မေလ 🎊အတွက် Auto Cad အတန်းသစ် ထပ်မံသင်ကြားပေးမှာ ဖြစ်သည့် အတွက် စတင် စာရင်းပေးသွင်းနိုင်ပါပြီရှင့်...BE ဘွဲ့ရ ဆရာမများမှ သင်ကြားပေးမှာဖြစ်ပါတယ် ..
ရုံးချိန် များ ...ကျောင်းချိန် တိုက်နေသူများအတွက် အချိန်ညှိပြီး သင်ကြားနိုင်ပါသည်။ အိမ်မှာ သင်ယူလိုသူများအတွက်လည်း အိမ်သို့ လိုက်ပါ သင်ကြားပေးပါသည် ။
Auto Cad 2D - 60000 MMK (2 months)
Auto Cad 3D modeling - 60000MMK (2 months)
⏰တစ်ပတ်တွင် (၂ ရက်) သင်ကြားမည် ဖြစ်ပြီး တစ်ရက် လျှင်၂ နာရီ သင်ကြားပါသည်။⏰
လိပ်စာ - ၅၆လမ်းနှင့် ၅၇လမ်းကြား ၊အောင်ဆန်းလမ်း၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။09964566599
21/03/2018
Pump power တွက်နည်း
Photo Credit