08/11/2024
ကဲ Skill test ဖြေကြမယ့် ကျောင်းသားတို့ရေ 화이팅
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Saimdang Korean Language Center, Language school, 103 လမ်းနှင့် 59 လမ်းထောင့် ၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး, Mandalay.
08/11/2024
ကဲ Skill test ဖြေကြမယ့် ကျောင်းသားတို့ရေ 화이팅
စနေ၊ တနဂ်နွေ ရက်တွေမှာပဲ အချိန် ပေးနိုင်သူများအတွက်
EPS အတန်းအတွက်
1. မနက် 8 ~ 10 နာရီထိ
2. မနက် 10 ~ 12 နာရီ ထိ
Conversation Class စကားပြောတန်းအတွက်
1. နေ့ 3 ~ 5 နာရီ ထိ
ရုံးချိန်လွတ် တန်းခွဲ သစ်များကို လာရောက် အပ်နှံ တတ်ရောကွနိုင်ပါပြီ။
ကျောင်းသားတဦးချင်းစီကို သေချာစနစ်တကျ သင်ကြားပေးသော သင်တန်းဖြစ်ပါသည်။
Saimdang Korean Language Center
103လမ်းနှင့် 59လမ်းထောင့် ၊ မန္တလေး
09960001014 / 09 400 49 50 49
02/11/2024
11 လပိုင်း အတွက် ရုံးချိန်လွတ် WEEKEND အတန်းလေးတွေ ဖွင့်ပါမယ်
EPS အတန်းအတွက်
1. မနက် 8 ~ 10 နာရီထိ
2. မနက် 10 ~ 12 နာရီ ထိ
Conversation Class စကားပြောတန်းအတွက်
1. နေ့ 3 ~ 5 နာရီ ထိ
ရုံးချိန်လွတ် တန်းခွဲ သစ်များကို လာရောက် အပ်နှံ တတ်ရောကွနိုင်ပါပြီ။
ကျောင်းသားတဦးချင်းစီကို သေချာစနစ်တကျ သင်ကြားပေးသော သင်တန်းဖြစ်ပါသည်။
Saimdang Korean Language Center
103လမ်းနှင့် 59လမ်းထောင့် ၊ မန္တလေး
09960001014
13/10/2024
낯(이) 뜨겁다
မျက်နှာပူတယ် ၊ ရှက်တယ်
공연 중에 갑자기 내 휴대폰이 크게 울려서 정말 낯 뜨거웠어요.
ဖျော်ဖြေပွဲ အတွင်း ရုတ်တရက်ကြီး ငါ့ ဖုန်းက အကျယ်ကြီး ထမည်လိုက်လို့ အရမ်း အရှက်ရခဲ့တယ်
ကိုရီးယား လူမျိုး ဆရာ Jin Hyung Bum ကိုယ်တိုင် EPS-TOPIK skill test interview ဖြေမယ့် ကျောင်းသားများအတွက် ဂျာဂီဆိုဂဲ သင်တန်းလေးကို သင်ကြား ပို့ချပေးသွားမှာပဲဖြစ်ပါတယ်။
Interview တွင် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိရှိဖြင့် ဂျာဂီဆိုဂဲ ပြောနိုင်ဖို့ အမြန် လာအပ်လိုက်စို့နော်
Center 1- 103လမ်း၊ 59 လမ်းထောင့်၊ ကံသာယာရပ်ကွက်။
Center 2 - 11 လမ်း၊ 77×78 ကြား
Ph: 09 96000 1014
제조업 (ကုန်ထုတ်လုပ်ငန်း)
👉Skill test အတွက် 자기소개 သင်တန်းလေး အခမဲ့ ဖွင့်လှစ်သင်ပေးသွားပါမယ်ရှင့်။ (၂၀ဦးသာ လက်ခံသွားပါမည်။)
👉တတ်မည့်သူများ အောက်ပါ ဖုန်းသို့ ဆက်သွယ် စာရင်းပေးသွင်းပေးပါ။
❗️ကိုရီးယား လူမျိုး ဆရာ ကိုယ်တိုင် သင်ပေးသွားမှာဖြစ်လို့ အမြန် စာရင်းသွင်းလိုက်တော့နော် ။
ဆာ အင်း(မ်) ဒန်း ကိုရီးယားစကားပြော သင်တန်း
103လမ်း၊ 59လမ်းထောင့်၊ ကံသာယာရပ်ကွက်၊ မန္တလေး
09960001014 / 09 4440 24432
EPS-TOPIK ဖြေဆို အောင်မြင်ပြီးသော ကျောင်းသားများအတွက် လုပ်ငန်းခွင်သုံး စကားပြော သင်တန်း
#ဆာအင်းမ်ဒန်းကိုရီးယားဘာသာစကားသင်တန်း
Center 1 - 103လမ်း၊ 59လမ်းထောင့်
Center 2 - 11 လမ်း၊ 77& 78 လမ်းကြား
09960001014 သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါပြီ။
22/08/2024
💥EPS စနစ်ဆိုတာဘာလဲ??
အသေးစိတ်သိရအောင်ထပ်တင်ပေးလိုက်ပါတယ်ရှင့်
EPS သင်တန်းတက်မယ်ဆို ဒါလေးဖတ်ပီး တက်သင့်မတက်ဆုံးဖြတ်ပါနော်
အစိုးရ(၂)နိုင်ငံချင်းMOU လက်မှတ်ထိုးတာ မို့
သင်တန်းကျောင်းအနေနဲ့ စာမေးပွဲအောင်အောင်
သင်ကြားပေးပီး လိုအပ်သော အကူအညီတွေဘဲ ဆောင်ရွက်ပေးလို့ရပါမယ်နော်
>>>>>>>>>>>>>>>>>>>>>>
💠ကိုရီးယား အလုပ်ရှင်တွေ
အီး-၉ အလုပ်သမား ဘယ်လိုခေါ်ရသလဲ??
💠ကိုရီးယား အလုပ်ရှင်များအနေဖြင့် အီး-၉ လုပ်သားခေါ်ယူရာမှာ အဆင့် ၇ ဆင့် အတိုင်း ဆောင်ရွက်ရပါတယ် ။
* 1️⃣ဦးစွာ ပြည်တွင်း (ကိုရီးယား) လုပ်သားများကို ဦးစားပေးခေါ်ယူရခြင်း
- 2️⃣နိုင်ငံခြားသားလုပ်သားခေါ်ယူခွင့်လျှောက်ထားရခြင်း
- 3️⃣နိုင်ငံခြားသားအလုပ်သမားငှားရမ်းခွင့်လက်မှတ်ရရှိခြင်း
- 4️⃣အလုပ်စာချုပ် (အကြမ်း) ချုပ်ဆိုခြင်း
- 5️⃣ဗီဇာ(ထုတ်ပေးရန်) သက်သေခံလက်မှတ်လျှောက်ထားရယူခြင်း
- 6️⃣နိုင်ငံခြားသားအလုပ်သမားကိုရီးယားသို့ ရောက်ရှိခြင်းနှင့် သင်တန်းတက်စေရခြင်း
- 7️⃣အလုပ်ခိုင်းစေခြင်း ၊ ဗီဇာ (နေထိုင်ခွင့်) လျှောက်ထားပေးခြင်း
⏏️1️⃣
ဦးစွာ ပြည်တွင်း (ကိုရီးယား) လုပ်သားများကို ဦးစားပေးခေါ်ယူရခြင်း
************************************************
ကိုရီးယားလုပ်ငန်းရှင်တစ်ဦးဟာ သူ့ရဲ့ အလုပ်မှာ လိုအပ်တဲ့ အလုပ်သမား ရရှိဖို့ ပြည်တွင်း (ကိုရီးယား) အလုပ်သမား များကို ဦးစွာ ဦးစားပေး ခေါ်ယူ ခိုင်းစေရပါတယ် ။ ထိုသို့ ခေါ်ယူသော် လည်း ၁၄ ရက် (သတင်းစာ ၊ တီဗီ စသည်ဖြင့် ကြော်ငြာပါက ၇ ရက်) အတွင်း ကိုရီးယား လုပ်သမားများက လျှောက်ထားမှု မရှိခြင်း ၊ လျှောက်ထားသူရှိသော်လည်း အလုပ်ရှင် အလုပ် သမား ငှားရမ်းရန် သဘောတူညီမှု မရရှိခြင်းတို့ ကြောင့် ကိုရီးယားလုပ်သား များ ခေါ်ယူမရရှိနိုင် ဟူသော အကြောင်းပြချက်ဖြင့် ပြည်ပ(နိုင်ငံခြား) အလုပ်သမား ငှားရမ်းခွင့် လျှောက်ထားခွင့်ရရှိမှာဖြစ်ပါတယ် ။
2️⃣နိုင်ငံခြားသားလုပ်သားခေါ်ယူခွင့်လျှောက်ထားရခြင်း
************************************************
ပြည်တွင်းလုပ်သားခေါ်ယူခဲ့သော်လည်း မရရှိဟူသောအကြောင်းကြောင့် သက်ဆိုင်ရာ အလုပ်ရှာဖွေရေး ဆင်တာ (고용센터) များမှာ ၃ ရက်အတွင်း နိုင်ငံခြားသား အလုပ်သမားခေါ်ယူခွင့်လျှောက်ထားရပါတယ် ။ (၃ ရက် ကျော်သွားသဖြင့် မလျှောက်မိပါက ၊ နောက်ထပ် ပြည်တွင်းလုပ်သမား ခေါ်ယူခွင့် ထပ်မံ လျှောက်ထား ရပြန်ပါတယ် ။ အလုပ်သမား မခေါ်ယူမှီ ၂ လ အတွင်း ကိုရီးယား အလုပ်သမားတစ်ဦးဦးကို အလုပ်ထုတ်ထား တာမျိုး မရှိရပါဘူး။ နိုင်ငံခြားသားအလုပ်သမားခေါ်ယူခွင့်လျှောက်ထားခြင်းမပြုမှီ ၅ လအတွင်း လစာမပေးနိုင် သော အမှုတိုင်ကြားခံရတာမျိုးမရှိစေရပါဘူး။) (Points System)
3️⃣။နိုင်ငံခြားသားအလုပ်သမားငှားရမ်းခွင့်လက်မှတ်ရရှိခြင်း
******************************************
ကိုရီးယားအလုပ်ရှင်က နိုင်ငံခြားသားအလုပ်သမား ခေါ်ယူခွင့် လျှောက်ထား ပါက ၊ သက်ဆိုင်ရာ အလုပ် ရှာဖွေရေးဆင်တာ (고용센터) ကနေပြီး ၊ လျှောက်ထားတဲ့ အလုပ်သမား အရေအတွက် ရဲ့ ၃ ဆသော လုပ်သား လောင်းများ အမည်စာရင်းကို ချပြပါတယ် ။ အလုပ်ရှင်ဟာ ဆင်တာကို တိုက်ရိုက်သွားရောက်၍ ဖြစ်စေ ၊ Online တစ်ဆင့်ဖြစ်စေ လျှောက် ထား နိုင်ပါတယ် ။ စင်တာမှ ချပြသော လုပ်သားလောင်းများ အနက် မိမိနှစ်သက်ရာ အလုပ်သမားလောင်းကို ရွေးချယ်ခြင်းဖြင့် ၊ အလုပ်သမား ငှားရမ်းခွင့် ရရှိမှာ ဖြစ်ပါတယ် ။ ယခင်က အများဆုံး ၁ နှစ် အထိသာ ငှားရမ်း ခွင့်ရှိသော်လည်း ၊ ၂၀၁၀-ဧပြီ-၁၀ မှ စတင်ပြီး ၂ ဖက်သဘောတူပါ က ပြည်ဝင်သည်မှ ၃ နှစ်ထိ ငှားရမ်းခွင့် ပေးထားပါတယ် ။
4️⃣ အလုပ်စာချုပ် (အကြမ်း) ချုပ်ဆိုခြင်း
*****************************************
နိုင်ငံခြားသား အလုပ်သမားငှားရမ်းခွင့် ရရှိတဲ့ အလုပ်ရှင်ဟာ စံပြု အလုပ် စာချုပ်(표준근로계약서) ပုံစံကို ဖြည့်စွက် (အဆိုပြုစာချုပ်ချုပ်) ပြီး တင်ပြရပါတယ် ။ အဲသည်စာချုပ်(အကြမ်း)ကို ကိုရီးယား လူ့အရင်းအဖြစ် ဖွံ့ဖြိုးရေးဌာန(한국산업인력공단:HRD) မှ
တစ်ဆင့် သက်ဆိုင်ရာ နိုင်ငံ အလုပ်သမားဝန်ကြီးဌာန (ပြည်ပ အလုပ်အကိုင်အေဂျင်စီ) သို့ ပို့ဆောင် ပါတယ် ။ ကျနော်တို့ မြန်မာပြည်အတွက်တော့ POEAပေါ့ခင်ဗျာ ။ ပြည်ပအလုပ်အကိုင်အေဂျင်စီက သက်ဆိုင်ရာ အလုပ်သမား ကို အကြောင်းကြားပြီး စာချုပ်ချုပ်ဆိုဖို့ ကူညီ ဆောင်ရွက်ပေးရပါတယ် ။ စံပြုအလုပ်စာချုပ်မှာ သက်ဆိုင်ရာ အလုပ်သမားက လက်မှတ်ရေးထိုးပြီး ပါက ၄င်းစာချုပ်ကို လာရာလမ်းကြောင်းအတိုင်း သက်ဆိုင်ရာ အလုပ်ရှင် ထံပြန်လည်ပို့ဆောင်ရပါတယ် ။ အလုပ်ရှင်အလုပ်သမား သဘောတူညီမှု မရလျင်ဖြစ်စေ ၊ အလုပ်သမားဖက်မှ ပြင်ဆင်ရန် အချက်အလက် တစ်ခုခု ရှိလျင်ဖြစ်စေ ၊ ကိုရီးယား လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာန အနေဖြင့် အလုပ်ရှင်၏ သဘောတူညီချက်ကို ရယူပြီး အတည်ပြုပေးရပါတယ်။
5️⃣ဗီဇာ (ထုတ်ပေးရန်) သက်သေခံလက်မှတ်လျှောက်ထားရယူခြင်း
***********************************
ကိုရီးယားအလုပ်ရှင်သည် အလုပ်သမားလောင်းက လက်မှတ်ရေးထိုးပြီး ပြန်ပို့လာသော စံပြုအလုပ်စာချုပ် (ပြန်လည်) ရရှိပါက ၊ HRDမှ တစ်ဆင့်ဖြစ်စေ မိမိကိုယ်တိုင်ဖြစ်စေ ကိုရီးယား လူဝင်မှုကြီးကြပ်ရေးဌာန တွင် အလုပ်သမားအတွက် ဗီဇာ(ထုတ်ပေးရန်) လက်မှတ် (사증발급 인정서:CCVI) ကိုလျှောက်ထား ရယူပြီး ၊ သက်ဆိုင်ရာ အလုပ်သမား ထံသို့ သတ်မှတ် လမ်းကြောင်းအတိုင်း ပို့ဆောင်ပေးရပါတယ် ။
6️⃣။ နိုင်ငံခြားသားအလုပ်သမားရောက်ရှိခြင်းနှင့် သင်တန်းတက်စေရခြင်း
************************************************
သက်ဆိုင်ရာ အလုပ်သမားသည် သက်ဆိုင်ရာ ပြည်ပ အလုပ်သမား အေဂျင်စီ ၏ ဦးဆောင်လမ်း ညွှန်မှုဖြင့် ၊ ဗီဇာလက်မှတ်ကို အထောက် အထားပြု၍ ဆိုင်ရာ ကိုရီးယားနိုင်ငံသံရုံးတွင် အလုပ်ဗီဇာ (비전문취업 E-9) လျှောက်ထားရယူခြင်း ၊ ကိုရီးယားသို့ အင်ချောန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် ဝင်ရောက်ခြင်း ၊ အလုပ်အကိုင် လေ့ကျင့်ရေးဌာနတွင် နာရီ ၂၀ သင်တန်း တက်ရောက် ပြီးပါက ၊ အလုပ် လုပ်ကိုင်ရန် ကျန်းမာ ရေးနှင့် မညီသူ မဟုတ်လျင် ၊ သက်ဆိုင်ရာ အလုပ်ရှင် ထံ လွဲပြောင်း ပေးအပ်ပါတယ် ။
7️⃣။ အလုပ်ခိုင်းစေခြင်း ၊ ဗီဇာ (နေထိုင်ခွင့်) လျှောက်ထားပေးခြင်း
************************************************
အလုပ်ခွင်ကိုရောက်လာပြီဆိုရင်တော့ ၊ အလုပ်ခိုင်းစေရုံပါပဲ ။ ကိုရီးယား နိုင်ငံအတွင်း ရက်ပေါင်း ၉၀ ထက် ကျော်လွန်ပြီး နေထိုင်မည့် နိုင်ငံခြားသား တစ်ဦးဦးဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၃၁ (출입국관리법 제 31 조) အရ ရက် ၉၀ အတွင်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးမှာ နိုင်ငံခြား သားအဖြစ် မှတ်ပုံတင် ရမှာဖြစ်ပါတယ် ။ သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေး ဌာန အနေဖြင့် လျှောက်ထားသူသို့ နိုင်ငံခြားသား မှတ်ပုံတင် ကတ် (외국인등록증:Alien Registration Card) ထုတ်ပေးမှာဖြစ်ပါတယ် ။ နိုင်ငံခြားသား မှတ်ပုံတင်ကတ်မှာ နေထိုင်ခွင့်ကာလကိုပါ သတ်မှတ်ပေး လိုက်တာ ဖြစ်ပါတယ် ။ အဲသည် သတ်မှတ်ပေး ချက်ဟာ မူလဗီဇာ (နိုင်ငံကူးလက်မှတ်ပါ နေထိုင်ခွင့်ကာလ) နှင့် ကွဲလွဲနိုင်တာကို သတိပြုဖို့ လိုပါမယ် ။
အလုပ်သမားလောင်း ၃ ယောက် မှာ အလုပ်သမား ၁ ယောက် ရွေးချယ်ခေါ်ယူ
အထက်အပိုဒ် ၄ ကိုကြည့်မယ်ဆိုရင် ကိုရီးယား အလုပ်ရှင်က နိုင်ငံခြားသား အလုပ်သမား တောင်းဆို လျှောက်ထားတဲ့ အခါမှာ ၊ ကိုရီးယား အလုပ်ရှာဖွေရေးဆင်တာ အနေဖြင့် အလုပ်ရှင်က စိတ်ကြိုက် မဟုတ်တောင် နည်းနည်း ရွေးချယ်ခွင့်ရှိစေဖို့ အလုပ်ရှင်က တောင်းဆို ထားတဲ့ အလုပ်သမားဦးရေ ရဲ့ ၃ ဆကို ချပြပေးရပါတယ် ။ အဲသည် ၃ ဆသော အလုပ်သမား အမည်စာရင်းထဲကမှ ၁ ဆကို ရွေးချယ်ယူရတာကို သတိပြုကြစေချင်ပါတယ် ။
အဓိပ္ပါယ်ကတော့ စာမေးပွဲအောင်သူ ၃ ယောက်ထဲက ၁ ယောက်ပဲ ရွေးမယ် ဆိုတဲ့ သဘောပါပဲ ။ တစ်နည်းအားဖြင့် စာမေးပွဲ အောင်ထားသူ ၃ ယောက် မှာ ၂ ယောက်ကတော့ အဖယ်ခံရမယ့်သဘောပါ ။ နောက် တစ်မျိုး ထပ်ပြောရလျင် စာမေးပွဲ အောင်ထားသူ မြန်မာ လုပ်သားလောင်း ၃ ထောင် ရှိမှသာ ကိုရီးယားအလုပ်ရှင်တွေက မြန်မာ အလုပ်သမား ၁ ထောင် ကို ခေါ်ပေးလို့ရပါမယ် ။
ဒါဟာ လက်ရှိ ကိုရီးယားဥပဒေအရ ဆောင်ရွက်နေတာပါ ။ ဒီအတိုင်း လုပ်မပေးလျင် လုပ်မပေးတဲ့ သူ အရေးယူခံရပါမယ် ။ ဥပမာ ပြောပါမယ် ကိုရီးယားလုပ်ငန်းရှင် (ကိုရီးယားသူဌေး) တစ်ဦးက မြန်မာအလုပ်သမား ၃ ယောက်လိုချင်တယ်ဆိုပြီး လာလျှောက်ထားတယ် ဆိုပါစို့ ၊ ဂိုယုံဆင်တာက ဆိုင်ရာ အရာရှိက မြန်မာ အလုပ်သမား (လောင်း) ၉ ဦး အမည်စာရင်း ချပေးရမှာပါ ။ ဟာ မြန်မာ မရှိလို့ ဆိုပြီး မြန်မာ ၃ ဦး ထိုင်း ၃ ဦး ၊ နီပေါ ၃ ဦး ဒီလိုလုပ်ပေးလို့ မရပါဘူး ။ အဲ့လို လုပ်ပေးလိုက်တယ် ဆိုပါစို့ ၊ လာလျှောက်တဲ့ အလုပ်ရှင်က မြန်မာ အလုပ်သမား ၉ ဦး အမည်စာရင်း ချမပေးတဲ့ အရာရှိကို တိုင်ကြား/အရေးယူလို့ရပါတယ် ။ ဒါမျိုးပါ ။
ဒီစနစ်ဟာ ကိုရီးယား အီးပီအက်စ် လူရွေးပုံရဲ့ အသက်ပဲ လို့ ပြောလို့ရပါတယ် ။ ဂိုယံဆင်တာ အရာရှိက ချပေးတဲ့ နာမည်စာရင်း အတိုင်းပဲ အလုပ်သမားလာလျှောက်တဲ့ အလုပ်ရှင်က လက်ခံယူပေးရမယ် ဆိုပါစို့ ၊ အလုပ်သမားရွေးချယ်ရေး စံနစ်မှာ လာဘ်ပေး လာဘ်ယူမှုတွေ ဆက်တိုက် ထွက်လာမှာ အသေအခြာပါပဲ ။ ခုလို စနစ်မှာတောင် ဟိုးအစပိုင်းမှာ ကြားပေါက်တွေ ရှိလို့ မကြာမကြာအရေးယူခံရတဲ့ သတင်းတွေ ကြားခဲ့ရပါသေးတယ် ။
အဲ့လိုသာ ဆိုရင် ကိုရီးယား ရောက်ဖို့ ပိုက်ဆံရှိသူတွေ/ များများ လာဘ်ထိုးနိုင်သူတွေသာ ကိုရီးယားရောက်နေမှာပါ ။ နှစ်ပေါင်း ဆယ်ချီပြီး သုတေသနပြု ၊ တကမ္ဘာလုံးမှာ ရှိတဲ့ အလုပ်သမားခေါ်ယူရေးစနစ်တွေ လေ့လာပြီး မှ ဖြစ်လာတဲ့ စနစ်ပါ ။ ဒီ စနစ် မတိုင်ခင်က မြန်မာ အလုပ်သမား တွေ ကိုရီးယားလာဖို့ ဘယ်လိုတွေ ရင်းနှီးခဲ့ကြရသလဲ ၊ ဘယ်လို ဒုက္ခတွေ ကြုံခဲ့ကြရသလဲ ဆိုတာလေးကိုလည်း မေးမြန်း လေ့လာ ကြည့်ကြ စေလိုပါတယ် ။
ဒီတော့ မိတ်ဆွေဟာ ကိုရီးယားကို အီးပီ အလုပ်သမားအဖြစ် လာမယ်လို့ ဆုံးဖြတ်ထား လျင် ဒီစနစ်ကို ကျေကျေ နပ်နပ် ယုံယုံကြည်ကြည် လက်ခံနိုင်ဖို့ လိုမယ် ထင်ပါတယ် ။
သူများတွေ လည်း ဒီလိုပဲ ရောက်သွားကြတာပဲလို့ ဖြေစေချင်ပါတယ် ။ ကံတရားပဲလို့ ပြောရမယ် ထင်ပါတယ် ။ ****မနေ့တစ်နေ့ စာမေးပွဲအောင်တဲ့ သူလည်း အရင်ရောက်လာနိုင်သလို စာမေးပွဲ ၃ ကြိမ်အောင်ပြီး တာတောင် ရောက်မလာနိုင်တဲ့ သူတွေလည်း ရှိမှာပါပဲ ။ ကိုယ်အရွေးမခံရတိုင်း ဒီစနစ်ကြီး မကောင်းဘူးလို့ အော်ဆဲနေလို့ ကောင်းကျိုးရမယ်လို့ မထင်ပါ ။ ဆက်ပါမယ် ။
ဒီ ၁ ကြိမ်မှာ မပါရင် နောက် ၃ လ ထပ်စောင့်ပြန်ဦး
ခုနောက်ပိုင်း အလုပ်သမားခေါ်ယူရမယ့်ကာလကို သတ်မှတ်ပြီး တစ်ပြိုက်နက်တည်း လျှောက်ကြရတာကိုပါ ထည့်တွက်ကြဖို့လိုပါမယ် ။ အလုပ်ခေါ်ရာသီ တစ်ခုမှာ တစ်ကြိမ်သာ အရွေးခံရမှာ ဖြစ်ပြီး ဒီရာသီ (ဒီ၃လပတ်) မှာ အရွေးမခံရတဲ့/သူဌေးမရွေးတဲ့ ၂ ယောက်ကတော့ နောက် အကြိမ် အလုပ်ခေါ်ရာသီ နောက်သူဌေး ခေါ်တဲ့အထိ စောင့်ရပါလိမ့်မယ် ။
နောက်ပြီး ကိုရီးယားအလုပ်ရှင်တွေ အလုပ်သမားခေါ်ယူတာဟာ မြန်မာ တစ်နိုင်ငံတည်းက မဟုတ်ပါဘူး ၊ အခြား ၁၅ နိုင်ငံရှိနေပါသေးတယ် ။ အခြားသော အလုပ်သမား ခေါ်ယူမှုစံနစ် တွေလည်း ရှိနေသေးတယ် ဆိုတာ ရယ် ၊ အလုပ်ရှင်အနေဖြင့် မြန်မာ မဟုတ်ဘဲ အခြားသော နိုင်ငံခြားသားများ ကိုလည်း စိတ်ကြိုက် ရွေးချယ်ခွင့် ရှိနေတယ်ဆိုတာကိုလည်း သတိပြုကြ စေချင်ပါတယ် ။
ဒါ့အပြင် EPS စနစ် နိုင်ငံအလိုက် ခွဲတမ်း ပုံသေ သတ်သတ်မှတ်မှတ် ပေးမထားပါဘူး ။ ကိုရီးယား အလုပ်ရှင် တွေက များများကြိုက်တဲ့ နိုင်ငံသားတွေကို များများ ရွေးခေါ်ပါလိမ့်မယ် ။ ကိုရီးယား အလုပ်ရှာဖွေရေး ဆင်တာ အနေဖြင့် အလုပ်ရှင်များကို မေတ္တာရပ်ခံ တိုက်တွန်းရုံမှ တစ်ပါး အမိန့်ပေး ညွှန်ကြားပြီး ရွေးချယ်စေခွင့်မရှိသလို ၊ ဘယ်သူကို ရွေးပါဆိုပြီး ချပြပေးလို့မရပါဘူး ။ ကွန်ပြုတာမှာ ရမ်ဒမ် (ကျဘမ်း) စနစ်ဖြင့် ပေါ်ချင်သလို ပေါ် လာတဲ့ သူတွေကိုပဲ ချပြပေးတယ်ဆိုတာကိုလည်း ဂရုပြုကြစေလိုပါတယ် ။
ဦးဝိုင်းထံမှ ကောက်နုတ်ပါသည်
လေးစားစွာဖြင့်
16/08/2024
2024 ခုနှစ် EPS-TOPIK နှင့် Skill Test ဖြေဆို အောင်မြင်ပြီး (စိုက်ပျိုး/မွေးမြူရေး , ဆောက်လုပ်ရေး, ဝန်ဆောင်မှု ၂) တွေအတွက် အလုပ်လျှောက်လွှာ ထုတ်ရမည့်ရက်လေးတွေ ရပါပြီ။
ကျောင်းသားတွေ ကိုယ့် နံပါတ်နဲ့ သွားရမည့် ရက်ကို သင်တန်းတွင် လာရောက် မေးမြန်းနိုင်ပါတယ်။
ဆာအင်း(မ်)ဒန်း ကိုရီးယား ဘာသာစကား သင်တန်း
103လမ်း၊ 59လမ်းထောင့်၊ ကံသာယာရပ်ကွက်၊ မန္တလေး
09960001014
📣 10% PROMOTION 📢 1️⃣0️⃣%%%%%%
ကဲကဲကဲ EPS တတ်ချင်တဲ့ ကျောင်းသား/သူ အသစ်ကလေးများအတွက် သတင်းကောင်းလေး လာပါပြီ။
ဆရာမတို့ သင်တန်းမှာ သူငယ်ချင်း ၅ ယောက် လာတတ်ဖို့ စာရင်းသွင်းတာနဲ့ 10% ဒစ်စကောင့် ရမှာပါနော် ။
ဒီ ပရိုမိုးရှင်းလေးက ၈လပိုင်း အကုန် ထိ မို့ အမြန် လာ အပ်ထားလိုက်တော့နော့
❗️ပါးလိ ပါးလိ ❗️
ဆာ အင်း(မ်) ဒန်း ကိုရီးယား ဘာသာစကား သင်တန်း
103 လမ်း- 59 လမ်းထောင့်၊ ချမ်းမြသာစည် ရပ်ကွက်၊ မန္တလေး
09 960001014
07/08/2024
쌤 학원에서 Skill Test 준비한 회화반에 시험 본 학생 28명에 불합격자 2명 , 합격자 26명 나왔습니다 ^^
합격한 학생들 모두 수고 많았고 축하해 ....
건강 잘 챙기고 한국에 가서 화이팅 하자!!!!!
사임당 한국어 학원
Corner of 103 street and 59 street, Mandalay
09960001014
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |