PTS Consultancy & Training

PTS Consultancy & Training

Share

Improve your life through education. Hospitality Training School

04/11/2024

နိုဝင်ဘာ ၂၀ရက်၊၂၀၂၄ မှာဖွင့်မည့်အောက်ဖော်ပြပါသင်တန်းများတွင်ကြိုတင်စာရင်းသွင်းအပ်နိုင်ပါပြီ။
၁။ Housekeeping Operation level 1( လက်​တွေ့လုပ်ငန်းခွင်ကျွမ်းကျင်မှုအသုံးချပညာ)။
သင်ကြားချိန်တပါတ်လျှင် ၁၅ နာရီ၊ (၁) လ။ သင်တန်းကြေး ၃၅၀၀၀၀/ကျပ်။
၂။ Hospitality ဆိုင်ရာလုပ်ငန်းခွင်အသုံးချ English စကား​ပြောသင်တန်း။ ၁ လပြတ်။ သင်ကြားချိန် ၁ ပါတ်၁၂နာရီ။ သင်တန်း​ကြေး ၂၅၀၀၀၀/ကျပ်။
၃။ Hotel management & operation level 1ဟိုတယ်လုပ်ငန်းရပ်ဆိုင်ရာစီမံဆောင်ရွက်မှုလုပ်ငန်းခွင်လက်​တွေ့အသုံးချပညာ။ သင်ကြားချိန်တပါတ်လျှင် ၁၅ နာရီ၊ (၁) လ။ သင်တန်းကြေး ၄၀၀၀၀၀/ကျပ်။
၄။ Hospitality management & operation level 1ဟိုတယ်၊မိုတယ်၊အင်း နှင့်စားတော်ဆက်များဧည်ခံကြိုဆိုရေးဘက်ဆိုင်ရာစီမံဆောင်ရွက်မှုလုပ်ငန်းခွင်လက်​တွေအသုံးချပညာ။သင်ကြားချိန်တပါတ်လျှင် ၁၅ နာရီ၊ (၁) လ။ သင်တန်းကြေး ၄၅၀၀၀၀။ (အထက်​ဖော်ပြပါ Course များသည် PTS - Hospitality Training School ၏ International တန်းဝင်အဆင့်လက်မှတ် ( Certificate )ရသင်တန်းများဖြစ်သည်။
IBMS, India Institute of Business Management School, Mumbai မှ International တန်းဝင်အဆင့် Diploma သင်တန်းများ။
၁။ Diploma in Hospitality management ( Hospitality ဆိုင်ရာလုပ်ငန်းခွင်စီမံ​ဆောင်ရွက်မှုအသုံးချပညာ။ သင်ကြားချိန်တပါတ်လျှင် ၂၀ နာရီ၊ (၄) လ+ လုပ်
ငန်းခွင် internship - နာရီ၂၀၀
ဆင်းရမည်။ သင်တန်းကြေး ၉၅၀၀၀၀/ကျပ်။
၂။ Diploma in Hospitality in HRM ( Hospitality ဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုပညာ)။ သင်ကြားချိန်တပါတ်လျှင် ၂၀ နာရီ၊ (၄) လ + လုပ်ငန်းခွင် internship နာရီ ၂၀၀ ဆင်းရမည်။ သင်တန်းကြေး ၉၅၀၀၀၀/ကျပ်။
Diploma Course များတွင်ဒုတိယမြောက်လမှစ၍ Assessment တင်ရမည်။ လက်မှတ်ရသင်တန်းဆင်း​များအတွက်သက်ဆိုင်ရာဘာသာရပ်အလိုက်ပြည်တွင်းအလုပ်အကိုင်ရရှိရန်စီမံ​​ပေးမည်။
ပြည်ပထွက်၍အလုပ်လုပ်ကိုင်လိုသူများအတွက်စီမံ​ပေးမည်။
၂၅ ​အောက်တိုဘာ ၂၀၂၄ မှစ၍ သက်ဆိုင်ရာဘာသာရပ်အလိုက်ကြိုတင်စာရင်းသွင်းအပ်နိုင်ပါသည်။ Online နှင့် သင်တန်းကျောင်းတွင်မိမိတို့အချိန်​ပေးနိုင်သလိုတက်​ရောက်သင်ကြားနိုင်သည်။ ​အချိန်စာရင်း - Online Course Time-table
Certificate ၁လသင်တန်းများ
၁။ Housekeeping Operation
Level 1, 7am to 10am, Mon - to Saturday
၂။ Hospitality ဆိုင်ရာ English စကား​ပြော။ 11am to 3pm, Mon-Wed
၃။ Hotel management & operation level 1, 7am to 12pm, Mon-Wed
၄။ Hospitality Management and Operation level 1, 7am to 12pm, Thu - Saturday
Diploma Course အချိန်စာရင်း
၁။ Dip in Hospitality management, DHM,6:30am to 12:30pm, Mon-Wed
၂။ Dip in Hospitality in HRM,1pm to 6pm, Mon-Wed
Lecture room time table
သင်တန်း​ကျောင်းအချိန်စာရင်း
Diploma Course အချိန်စာရင်း
၁။ Dip in Hospitality management, DHM, 8:30am to 12pm, Thu-Sunday
၂။ Dip in Hospitality in HRM,1:30pm to 6:30pm, Thu-Sunday
ကြိုတင်စာရင်းသွင်းအပ်နိုင်သည်။
ဆရာတင်စိုး
ဖုန်း 09779561259, 09797250980
Founder of PTS - Hospitality Training School
ဆရာထွန်း​ဇော်
ဖုန်း 09760744257
General Manager
Thiri thitsar Hotel

Photos from PTS Consultancy & Training's post 26/10/2023

Build your life through education. It starts with big ideas to make it a reality. Look for the knowledge to get better ideas. Big ideas are what make you successful. You can decide as you like. You own your life.
Saya Tin Soe

14/08/2023

ဘာဝတွင်အသက်မွေးမှုပညာရပ်တခုအနေဖြင့်ခိုင်ခိုင်မာမာရပ်တည်နေနိုင်ရန်အတွက်ဆရာကိုယ်တိုင်သင်ကြားပေးနေသော DHM, Diploma in Hospitality Management, IBMS, Mumbai ကိုရယူနိုင်ရန်ကျိုးစားကြဖို့တိုက် တွန်းလိုတယ်။ DHM, Diploma in Hospitality Management ဘာလဲ, PTS ရဲ့ IBMS, Mumbai ရဲ့ Diploma ဟာဘာလဲဆိုတာခုရှင်းပြမယ်။
အိန္ဒိယနိုင်ငံ၊ မိုဘိုင်းရှိ IBMS, ကချီးမြင့်တဲ့ ဧည့်ဝတ်ကျေပွန်မှုစီမံခန့်ခွဲမှုဒီပလိုမာသည်ကျောင်းသားများအား ကွဲပြားသောဧည့်ဝတ်ပြုမှုနယ်ပယ်တွင်အောင်မြင်ရန် လိုအပ်သောကျွမ်းကျင်မှုနှင့်အသိပညာများပေးရန် ပြည့်စုံသောသင်တန်းတစ်ခုဖြစ်တယ်။ အစီအစဉ်မှာဟိုတယ်စီမံခန့်ခွဲမှု၊ အစားအသောက်နှအဖျော်ယမကာလုပ်ငန်း၊ ဖောက်သည်ဝန်ဆောင်မှု၊ ပွဲစီစဉ်ခြင်းနဲ့ခရီးသွားစီမံခန့်ခွဲမှုအပါအဝင် ဧည့်ဝတ်ကျေပွန်မှုဆိုင်ရာ ကဏ္ဍပေါင်းစုံတွင် ခိုင်မာသောအခြေခံအုတ်မြစ်ကိုပေးအပ်ခြင်းအပေါ် အလေးပေးထားတယ်။ ကျောင်းသားများသည် သီအိုရီဆိုင်ရာသင်ယူမှုနှင့်လက်တွေ့လေ့ကျင့်မှုတို့ကို ပေါင်းစပ်ခြင်းအားဖြင့်အကောင်းဆုံးအလေ့အကျင့်များနှင့် စီးပွားရေးဗျူဟာများကို နက်ရှိုင်းစွာ နားလည်သဘောပေါက်နိုင်ကြမယ်။ သင်ရိုးညွှန်းတမ်းတွင်FO လုပ်ငန်းဆောင်တာများ၊ HKလုပ်ငန်းဆောင်တာများ၊ အစားအသောက်ထုတ်လုပ်ခြင်းနှင့် စျေးကွက်ချဲ့ထွင်ခြင်း၊ ဧည့်ဝတ်ပြုခြင်းလုပ်ငန်းတွင်အခန်းကဏ္ဍအမျိုးမျိုးအတွက်ကျောင်းသားများအား ပြင်ဆင်ပေးခြင်းအပါအဝင် ကျယ်ပြန့်သောအကြောင်းအရာများပါဝင်ပါတယ်။ ဒီ DHM သင်တန်းသည်ဧည့်ဝတ်ပြုမှုကဏ္ဍတွင် အောင်မြင်မှုအတွက် အရေးပါသော ဆက်သွယ်ရေး၊ အဖွဲ့လိုက်လုပ်ဆောင်မှု၊ ပြဿနာဖြေရှင်းနိုင်မှုနှင့် ခေါင်းဆောင်မှုကဲ့သို့သောမရှိမဖြစ်လိုအပ်သောပျော့ပျောင်းသောစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အလေးပေးထားတယ်။ ဆရာ့အနေဖြင့် (၄)လအတွင်း၊ တပါတ်နာရီ၂၀ On-line သင်ကြားမှုမှာတပါတ်လျှင် အနည်းဆုံး(၄)နာရီဆရာကျောင်းသားများတွေ့ဆုံပြီး မေးခွန်းမေးခြင်း၊ ဆန့်ကျင်အဆိုပြုခြင်း၊ဆွေးနွေး အဖြေရှာခြင်း၊ အဆိုပြုချက်မျှဝေခြင်းတို့ပါဝင်တယ်။
ဒီပလိုမာပြီးဆုံးသောအခါ၊ ဘွဲ့ရများသည် ဟိုတယ်များ၊ အပန်းဖြေစခန်းများ၊ စားသောက်ဆိုင်များ၊ ခရီးသွားအေဂျင်စီများနှင့် အခြားသော ဧည့်ဝတ်ပြုမှုဆိုင်ရာ အဖွဲ့အစည်းများတွင် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများကိုဆက်လက်လုပ်ဆောင်ရန်ကောင်းစွာပြင်ဆင်ထားနိုင်ပြီ။
PTS ရဲ့ အစဉ်အလာအတိုင်းသင်တန်းဆင်းများအတွက်ပြည်တွင်းပြည်ပတွင်လူမှန်နေရာမှန်အလုပ်
အကိုင်အခွင့်အလန်းများရနိုင်ဖို့ရန်လည်းအခမဲ့ကူညီတယ်၊ တိုင်ပင်နိုင်ပါတယ်။
အသေးစိတ်ကို messenger chat box, Telegram, Viber မှ မေးနိုင်ပါတယ်။ ဖုန်းဆက်လိုပါက ၀၉၇၇၉၅၆၁၂၅၉/
၀၉၇၉၇၂၅၀၉၈၀ မေးမြန်းစုံစမ်းနိုင်ပါတယ်။
ဆရာတင်စိုး
CEO, Founder of P T S – Hospitality Training School, Upper Myanmar
MBA in HR, IBMS, Mumbai, INDIA
B.A Psychology, University of Yangon Hlaing
DBA, Diploma in Business Administration, University of Yangon
IDCS, International Diploma in Computer Studies, University of Yangon

Photos from PTS Consultancy & Training's post 12/08/2023

၂၀၂၃၊ စက်တင်ဘာလ ၅ရက် မှစ၍ ဖွင့်မည့်အောက်ဖော်ပြပါ သင်တန်းများမှာကြိုတင်စာရင်းသွင်းအပ်နိုင်ပါပြီ။ Online တန်းဖြစ်သည်။ တပါတ်လျှင် ၄နာရီဆရာနှင့်တွေ့ဆုံ၍ Observation study ယူရမည်။
(၁) Diploma in Hospitality management
နိုင်ငံတကာအဆင့်တန်းဝင် Hospitality ဆိုင်ရာစီမံခန့်ခွဲမှုဒီပလိုမာ။
သင်ကြားချိန်တပါတ်လျှင် ၂၀ နာရီ၊ (၄) လ။ သင်တန်းကြေး ၇၀၀၀၀၀+Verification Certificate USD 100, IBMS, Mumbai, India
(၂) Diploma in Hospitality in HRM
နိုင်ငံတကာအဆင့်တန်းဝင် Hospitality ဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဒီပလိုမာ။
သင်ကြားချိန်တပါတ်လျှင် ၂၀ နာရီ၊ (၄) လ။ သင်တန်းကြေး ၇၀၀၀၀၀ + VC USD 100, IBMS, Mumbai, India
(၃) Diploma in Human Resource Management, DHRM
နိုင်ငံတကာအဆင့်တန်းဝင်လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဒီပလိုမာ။
သင်ကြားချိန်တပါတ်လျှင် ၂၀ နာရီ၊ (၄) လ။ သင်တန်းကြေး ၇၀၀၀၀၀ + VC USD 100, IBMS, Mumbai, India
Diploma Course များဒုတိယမြောက်လမှစ၍ Assessment တင်ရမည်၊ (IBMS, MUMBAI, INDIA အသိအမှတ်ပြုလက်မှတ်ရ။)
The Master’s Program in Business Administration Program can be completed in a period of 10-24 months (IIBMS, MUMBAI, INDIA – International Online 1- Year Master’s Program)
Eligibility: Graduate / Diploma Holder
Course of Study
Executive Master’s Program in Business Administration – EMBA
Master’s Program in Strategic Management
Master’s Program in International HR Management
Fees: USD.2900/USD3900
အသေးစိတ်ကို messenger chat box, Telegram, Viber မှ မေးနိုင်ပါတယ်။ ဖုန်းဆက်လိုပါက ၀၉၇၇၉၅၆၁၂၅၉/
၀၉၇၉၇၂၅၀၉၈၀ မေးမြန်းစုံစမ်းနိုင်ပါတယ်။
ဆရာတင်စိုး
CEO, Founder of P T S – Hospitality Training School, Upper Myanmar
MBA in HR, IBMS, Mumbai, INDIA
B.A Psychology, University of Yangon Hlaing
DBA, Diploma in Business Administration, University of Yangon
IDCS, International Diploma in Computer Studies, University of Yangon

Photos from PTS Consultancy & Training's post 07/08/2023

ဒီနေ့ ဆရာတင်စိုးရဲ့ကျောင်းသားကျောင်းသူတွေကို “The concept of strategy” မဟာဗျူဟာသဘောတရားဆိုတဲ့သင်ခန်းစာလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဆရာ့တပည့်တွေအများသိကြတဲ့အတိုင်း ဆရာတို့ရဲ့မှုမှာ “concept” မိမှရှေ့တိုးဆောင်ရွက်ဖို့ရန်အဆင်ပြေနိုင်မှာပေါ့။ ကဲဒါ့ကြောင့်မိတ်ဆက်အနေနဲ့လေ့လာကြည့်ရအောင်ဗျာ။
“Strategy” ဗျူဟာဆိုတာအောင်မြင်မှုရဖို့ရန်ဖြစ်တယ်။ အခုဒီမှာဘယ်ဗျူဟာကလူတစ်ဦးချင်းနဲ့ အဖွဲ့အစည်းများအတွက်၎င်းတို့၏ရည်မှန်းချက်များအောင်မြင်ရန်ဘာ့ကြောင့်အရေးကြီးကြောင်း ရှင်းပြထားတယ်နော်။ ဗျူဟာကို စီမံချက်ရေးဆွဲခြင်းမှခွဲခြားသိရမယ်နော်။ ဗျူဟာဆိုတာအသေးစိတ်အစီအစဉ် သို့မဟုတ် ညွှန်ကြားချက်အစီအစဉ်မဟုတ်ပါ။ ဒါက လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ဆောင်ချက်များနဲ့ ဆုံးဖြတ်ချက်များအတွက် ညီညွတ်မှုနဲ့ လမ်းညွှန်မှုကိုပေးမဲ့ ပေါင်းစည်းသည့် ဆောင်ပုဒ်ဖြစ်ပါတယ်။
ဗျူဟာဆိုတာဘာလဲ။
၎င်းရဲ့ အကျယ်ပြန့်ဆုံးသဘောအရ၊ မဟာဗျူဟာဆိုတာ လူတစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းများရဲ့ ရည်မှန်းချက်များကို အောင်မြင်အောင် လုပ်ဆောင်ပေးတဲ့ နည်းလမ်းဖြစ်တယ်။
မဟာဗျူဟာ- တိကျသောပန်းတိုင် သို့မဟုတ် အကျိုးသက်ရောက်မှုကို ရရှိစေရန် ဒီဇိုင်းထုတ်ထားသော အစီအစဉ်၊ နည်းလမ်း သို့မဟုတ် လုပ်ဆောင်မှုများ(ဝါ)လုပ်ငန်းစဉ်လို့ဖွင့်ဆိုနိုင်တယ်။
တနည်းဆိုရရင် လုပ်ငန်းတစ်ခုရဲ့ ရေရှည်ရည်မှန်းချက်များနဲ့ ရည်မှန်းချက်များကို အဆုံးအဖြတ်ပေးဖို့ရန်နဲ့ လုပ်ငန်းစဉ်များကိုလက်ခံကျင့်သုံးခြင်းနဲ့ရည်မှန်းချက်ပန်းတိုင်ကိုအကောင်အထည်ဖော်ရန်အတွက်လိုအပ် သောအရင်းအမြစ်များကိုခွဲဝေပေးနိုင်ရန်လို့ ဆိုနိုင်တယ်။
“Corporate versus business strategy”
ကော်ပိုရိတ်ဗျူဟာဆိုတာကုမ္ပဏီရဲ့နယ်ပယ်နဲ့ပြိုင်ဆိုင်တဲ့လုပ်ငန်းများ၊စျေးကွက်များလို့ဆိုနိုင်တယ်။ ကော်ပိုရိတ်မဟာဗျူဟာရဲ့ဆုံးဖြတ်ချက်များတွင်ကွဲပြားမှုများ၊ ပေါင်းစည်းမှု၊ ဝယ်ယူမှုနဲ့ စွန့်စားမှု အသစ်များတွင်ရင်းနှီးမြှုပ်နှံမှုများပါဝင်တယ်။ ကုမ္ပဏီရဲ့ မတူညီသောစီးပွားရေးလုပ်ငန်းများအကြား အရင်းအမြစ်များခွဲဝေပေးခြင်းနဲ့စွန့်စားမှုတွေပေါ့။
လုပ်ငန်းဗျူဟာဆိုတာသီးခြားစက်မှုလုပ်ငန်း သို့မဟုတ် စျေးကွက်အတွင်း ကုမ္ပဏီကဘယ်လိုယှဉ်ပြိုင်မလဲ ဆိုတာနဲ့သက်ဆိုင်တယ်။ အကယ်လို့ကုမ္ပဏီကလုပ်ငန်းနယ်ပယ်တစ်ခုအတွင်းအောင်မြင်ရန်ဆိုလျှင် ၎င်းရဲ့ပြိုင်ဘက်များထက်အသာစီးရရှိအောင်ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ဒါ့ကြောင့်ဒီနည်းဗျူဟာနယ်ပယ်ကို ယှဉ်ပြိုင်မှုဗျူဟာဟုလည်း ခေါ်ဆိုနိုင်ပါတယ်။
Strategy as Positioning
ဒီမှာဘာကိုချဉ်းကပ်ရမလဲဆိုတော့-
ငါတို့ဘယ်မှာပြိုင်နေတာလဲ။
- ထုတ်ကုန်စျေးကွက်နယ်ပယ် Product market scope
- ပထဝီဝင်နယ်ပယ် Geographical scope
- ဒေါင်လိုက် နယ်ပယ် Vertical scope
(Vertical scope ဆိုတာ အဖွဲ့အစည်းရဲ့ လက်လှမ်းမီသော ဧရိယာကို ဆိုလိုတာနော်။ စီးပွားရေးတွင်၊ ဒေါင်လိုက် ပေါင်းစည်းခြင်းဆိုတာမှာကုမ္ပဏီတစ်ခုတွင် ၎င်းရဲ့ထောက်ပံ့ရေးကွင်းဆက်ရဲ့ အဓိကအဆင့်နှစ်ခု သို့မဟုတ် ထို့ထက်ပို၍ ပိုင်ဆိုင်မှုရယူသည့်လုပ်ငန်းဗျူဟာတစ်ခုကို ဖော်ပြရန်အတွက် အသုံးပြုသည့်အသုံးအနှုန်းဖြစ် သည်။ ဥပမာအားဖြင့် ဒေါင်လိုက်ပေါင်းစပ်ထားသော ကားထုတ်လုပ်သူဟာ မော်တော်ကားအစိတ်အပိုင်းများနဲ့ မော်တော်ယာဉ်များကို ထုတ်လုပ်နိုင်ပြီး သုံးစွဲသူများထံ တိုက်ရိုက်ရောင်းချနိုင်တယ်။)
သိရမဲ့ဟာက-
ငါတို့ ဘယ်လိုပြိုင်ကြတာလဲ။
- ငါတို့ရဲ့ယှဉ်ပြိုင်မှုအားသာချက်ရဲ့အခြေခံကဘာလဲ?
ဦးတည်ချက် အဖြစ် နည်းဗျူဟာ Strategy as Direction
ဒီမှာ- သိဖို့ရန််
ငါတို့ဘာဖြစ်ချင်တာလဲ။
- အမြင်ထုတ်ပြန်ချက်
ငါတို့ဘာကိုအောင်မြင်ချင်လဲ။
- မစ်ရှင်ထုတ်ပြန်ချက်
- စွမ်းဆောင်ရည်ပန်းတိုင်များ
ငါတို့အဲဒီကိုဘယ်လိုရောက်မလဲ။
- ဖွံ့ဖြိုးတိုးတက်မှုအတွက်လမ်းညွှန်ချက်များ
- ငွေလုံးငွေရင်းအသုံးစရိတ်ကို ဦးစားပေး၊ R & D သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး
- ကြီးထွားမှုပုံစံများ- အော်ဂဲနစ်ကြီးထွားမှု၊ M & A - mergers and acquisitions ပေါင်းစည်းမှုနှင့် ဝယ်ယူမှုများ၊ မဟာမိတ်ဖွဲ့ခြင်း။
ဒီလောက်ပါပဲ။
အားလုံးအောင်မြင်ပါစေ။
ဆရာတင်စိုး
CEO, Founder of P T S – Hospitality Training School, Upper Myanmar
MBA in HR, IBMS, Mumbai, INDIA
B.A Psychology, University of Yangon Hlaing
DBA, Diploma in Business Administration, University of Yangon
IDCS, International Diploma in Computer Studies, University of Yangon

20/04/2023

မေ ၁၅ရက်၊၂၀၂၃ မှစ၍ ဖွင့်မည့်အောက်ဖော်ပြပါ သင်တန်းများမှာကြိုတင်စာရင်းသွင်းအပ်နိုင်ပါပြီ။ Online တန်းများရှိသည်။ IBMS, INDIA BUSINESS MANAGEMENT SCHOOL, MUMBAI, INDIA နဲ့ BSM- BANGKOK SCHOOL OF MANAGEMENT, THAILAND တို့ကအသိအမှတ်ပြုလက်မှတ်ရသင်တန်းအမျိုးအစားများမှာ -
(၁) Hospitality management & operation level 1 & 2
ဟိုတယ်၊မိုတယ်၊အင်း နှင့်စားတော်ဆက်များနှင့်တခြားဧည်ခံကြိုဆိုရေးဘက်ဆိုင်ရာစီမံဆောင်ရွက်မှုကျွမ်းကျင်သင်တန်း။
သင်ကြားချိန်တပါတ်လျှင် ၁၅ နာရီ၊ (၁) လ။ သင်တန်းကြေး level 1 ၂၀၀၀၀၀။ level 2 ၂၅၀၀၀၀။
(၂) Hotel management & operation level 1 & 2
ဟိုတယ်လုပ်ငန်းရပ်ဆိုင်ရာစီမံဆောင်ရွက်မှုကျွမ်းကျင်သင်တန်း။
သင်ကြားချိန်တပါတ်လျှင် ၁၅ နာရီ၊ (၁) လ။
မန်​နေဂျာ၊ကြီးကြပ်အဆင့်ရည်ရွယ်သူများအတွက်။
သင်တန်းကြေး level 1 ၂၀၀၀၀၀။ သင်တန်းကြေး level 2 ၂၅၀၀၀၀။
လုပ်ငန်းခွင်လက်တွေ့အသုံးချနိုင်သောသင်ခန်းစာများဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတွင်လည်းကောင်းမွန်စွာစီမံခန့်ခွဲနိုင်ပါလိမ့်မယ်။
(၁) Diploma in Hospitality management
နိုင်ငံတကာအဆင့်တန်းဝင် Hospitality ဆိုင်ရာစီမံခန့်ခွဲမှုဒီပလိုမာ။
သင်ကြားချိန်တပါတ်လျှင် ၂၀ နာရီ၊ (၄) လ။ သင်တန်းကြေး ၅၀၀၀၀၀+Verification Certificate USD 100, IBMS, Mumbai, India
(၂) Diploma in Hospitality in HRM
နိုင်ငံတကာအဆင့်တန်းဝင် Hospitality ဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဒီပလိုမာ။
သင်ကြားချိန်တပါတ်လျှင် ၂၀ နာရီ၊ (၄) လ။ သင်တန်းကြေး ၅၀၀၀၀၀ + VC USD 100, IBMS, Mumbai, India
(၃) Diploma in Human Resource Management, DHRM
နိုင်ငံတကာအဆင့်တန်းဝင်လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဒီပလိုမာ။
သင်ကြားချိန်တပါတ်လျှင် ၂၀ နာရီ၊ (၄) လ။ သင်တန်းကြေး ၅၀၀၀၀၀ + VC USD 100, IBMS, Mumbai, India
Diploma Course များတွင်ဒုတိယမြောက်လမှစ၍ Assessment တင်ရမည်၊ (IBMS, MUMBAI, INDIA အသိအမှတ်ပြုလက်မှတ်ရ။)
Operation Course in Hospitality
ဟိုတယ်နှင့်စား​သောက်ဆိုင်များအတွက်နိုင်ငံတကာအဆင့်မီလုပ်ငန်းခွင်ဆိုင်ရာကျွမ်းကျင်မှု(၁) ပြတ် သင်တန်းများ။
(ပြည်တွင်း/ပြည်ပအလုပ်အကိုင်အခွင့်အလန်းအတွက်အ​ထောက်အကူပြုသင်တန်း)
(၁) Hotel Front Office Operation level 1, 2 (ဧည့်ကြိုဌာနဆိုင်ရာလုပ်ငန်းခွင်ကျွမ်းကျင်မူ့သင်တန်း)
သင်ကြားချိန်တပါတ်လျှင် ၁၅ နာရီ၊ (၁) လ။ သင်တန်းကြေး level 1 ၁၅၀၀၀၀။ level 2 ၂၀၀၀၀၀။
(၂) F & B’s service operation level 1, 2 (အစားအ​သောက်နှင်အ​ဖျော်ယမကာဆိုင်ရာဝန်​ဆောင်မှုလုပ်ငန်းခွင်ကျွမ်းကျင်သင်တန်း)
သင်ကြားချိန်တပါတ်လျှင် ၁၅ နာရီ၊ (၁) လ။ သင်တန်းကြေး level 1 ၁၅၀၀၀၀။ level 2 ၂၅၀၀၀၀။
(၃) Housekeeping operation level 1, 2 (အိမ်​ဆောင်ထိန်းသိမ်းမှုနှင့်သန့်ရှင်းသပ်ရပ်မှုဆိုင်ရာလုပ်ငန်းခွင်ကျွမ်းကျင်သင်တန်း)
သင်ကြားချိန်တပါတ်လျှင် ၁၅ နာရီ၊ (၁) လ။ သင်တန်းကြေး level 1 ၁၅၀၀၀၀။ level 2 ၂၅၀၀၀၀။
သက်ဆိုင်ရာဘာသာရပ်အလိုက် Internship, On-job training အတွက် ကြယ် ၃ပွင့်အဆင့် Hotel များ၊ စားတော်ဆက်များတွင်လုပ်ငန်းခွင်လက်တွေ့ယူရမည်။ သင်တန်းဆင်းများအတွက်ပြည်တွင်း/ပြည်ပအလုပ်အကိုင်စီမံပေးမည်။ နယ်မှလာတက်ချင်သူများအ​ဆောင်ကျား/မ ရမယ်။ အ​ဆောင်​ကြေး ၅၀၀၀၀ိ/-ကျပ်။ သင်တန်ဆင်းများအတွက်သက်ဆိုင်ရာကျွမ်းကျင်မှုအလိုက်အလုပ်စီ စဥ်​ပေးမည်။
အသေးစိတ်ကို messenger chat box, Telegram, Viber မှ မေးနိုင်ပါတယ်။ ဖုန်းဆက်လိုပါက ၀၉၇၇၉၅၆၁၂၅၉/
၀၉၇၉၇၂၅၀၉၈၀ မေးမြန်းစုံစမ်းနိုင်ပါတယ်။
ဆရာတင်စိုး

Photos from PTS Consultancy & Training's post 11/04/2023

"အစဥ်အလာပညာ​ရေးနှင့်အသက်​မွေးဝမ်း​ကျောင်းပညာ​ရေး"
ပညာရေးဆိုတာ လူမှုသိပ္ပံပညာရပ်တစ်ခုဖြစ်ပြီး သင်ကြားခြင်း သင်ယူခြင်းများ နှင့် ဆက်နွှယ်နေသည့် ကျွမ်းကျင်မှု ဆိုင်ရာလုပ်ငန်းရပ်များကိုခေါ်ပါတယ်။ တစ်နည်းအားဖြင့် လက်ဆုပ်လက်ကိုင်ပြနိုင်ရန်ခက်ပြီး၊ နက်နဲသိမ်မွေ့သည့် အသိဉာဏ်ပညာဆိုင်ရာဗဟုသုတများကိုပေးသော လုပ်ငန်းတစ်ရပ်လည်းဖြစ်တယ်။ ထို့ပြင် ပညာရေးဆိုတာ မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်တစ်ဆက်သို့ အဆင့်ဆင့် လက်ဆင့်ကမ်းနိုင်စွမ်း "ပန်းတိုင်" ရှိရမှာဖြစ်တယ်။
ပညာရေးကို အကျယ်ပြန့်ဆုံးပြောရလျှင် မွေးသည်မှ သေသည်အထိဖြစ်စဉ်ကြီးတစ်ခုဖြစ်သည်ဟုဆိုနိုင်ပါတယ်။
"ပညာရေး" ဟုဆိုလိုက်လျှင် အစဉ်အလာပညာရေးကိုသာပြောကြမြင်တတ်ကြတယ်။ အစဉ်အလာပညာရေးဆိုတာ တတ်ကျွမ်းမှု၊ နားလည်မှုတို့ကို နေ့စဉ်အတွေ့အကြုံများဖြင့် တဖြည်းဖြည်းတည်ဆောက်ရ​သောပညာရေးမျိုးဖြစ်ပါတယ်။
"ပညာရေး" ဆိုသည်မှာ လက်တင်ဘာသာစကား educare မှဆင်းသက်လာပြီး အဓိပ္ပာယ်မှာ "ဦးဆောင်ဦးရွက်ပြုခြင်း" "ရှေ့ဆောင်လမ်းပြခြင်း" လို့ဆိုလိုတာဖြစ်တယ်။ ယခုအခါ မူရင်းအဓိပ္ပာယ်ကပျောက်သလောက်နီးပါးဖြစ်နေပါပြီ။
အစဉ်အလာပညာရေးသည် လူ့ပတ်ဝန်းကျင် သို့မဟုတ် လူ့အဖွဲ့အစည်းတွင်သင်ရိုး
ညွှန်းတမ်းဖြင့် ၊အထူးသဖြင့် လူငယ်များကို သတ်မှတ်သင်ကြားသည့် ကာလတွင် စတင်ခဲ့တာလို့ဆိုနိုင်ပါတယ်။ ပညာရေးကိုကလေးများအတွက်သာအဓိကပစ်မှတ်အဖြစ်ထားနေကြတာများပါတယ်။
ပညာ၏ဦးတည်ချက်က ကျောင်းသား ကျောင်းသူများရဲ့အားသာချက် သို့မဟုတ် အား နည်းချက်ကို ထုတ်ဖော်ဖွင့်ချရန်မဟုတ်ပါ။ အဆင့်သတ်မှတ်သည့် ပညာရေးစနစ်သည် မိမိကိုယ်မိမိယုံကြည်စိတ်၊ ခွန်အားစိတ်များကို လျှော့ပါးစေနိုင်ပါတယ်။ သတ်မှတ်ချက်အရ အဆင့်နိမ့်သူ၊အမှတ်နည်းသူက စိတ်ဓာတ်ကျတတ်ပါတယ်။ ပညာရေးတွင် အခြားထည့်သွင်းစဉ်းစားသင့်သည့် အချက်များကမိသားစုစီးပွား​ရေးမ​ပြေလည်ခြင်း၊ ချို့တဲ့ဆင်းရဲခြင်းနှင့် ဖြစ်​စေလို​ဇောဖြင့်က​လေးများကိုဖိအား​ပေးခြင်းတို့ဖြစ်ပါတယ်။ ဆရာ၊ဆရာမများ၏ စိတ်​နေသ​ဘောထားနှင့် အရည်အသွေးကလည်းအရေးကြီးပါတယ်။
ပညာရေးဆိုတာ စိတ်ကူးများ၊ စွမ်းဆောင်
နိုင်ရည်များ၊ ကိုယ်ကျင့်တရားများစသည် ဖြင့်ဒါ​တွေကို​ဝေဖန်ပိုင်းခြားနိုင်ဖို့​တော်တဲ့မှန်ကန်စွာအ​ကောင်အထည်​ဖော်နိုင်ဖို့၊ ကိုယ့်ဘာဝမှာအကျိုးရှိစွာပြန်အသုံးချနိုင်ဖို့ပါ။
အခြေခံပညာရေးစနစ်ဟာလူ့ဘောင်နှင့်ကင်းကွာ၍မရသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေရသည့်ပညာရေးဖြစ်စေရန်ကျွမ်းကျင်တတ်မြောက်မှုကို အခြေခံသည့်ပညာရေးစနစ်သာဖြစ်ရမှာပါ။
၂၀ ရာစုတွင် အသက်မွေးဝမ်းကြောင်းပညာရေးက လိုအပ်ချက်အရဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ စီးပွားရေးနှင့်ကိုယ်ပိုင်ဘာဝရပ်တည်ရှင်သန်နိုင်ဖို့လုပ်ငန်းရပ်တိုင်းမှာကျွမ်းကျင်သူများပေါ်ထွန်းရေးကအစဉ်အလာပညာရေးထက်လူသားတို့၏ဆန္ဒအရလိုအပ်ချက်အရ​ပေါ်ထွန်းလာတဲ့ပညာရေးစနစ်ဖြစ်လာခဲ့ပါတယ်။ အလုပ်ခွင်ပညာရေး၊ အလုပ်လုပ်ရင်း ပညာသင်ရေး၊ လုပ်သားပညာရေးသည်နောက်ဆက်တွဲပေါ်ထွန်းလာသည့်စနစ်များဖြစ်လာခဲ့လို့ယ​နေ့မှာအထင်းအရှား​ပေါ်ထွန်းခိုင်မာ​နေပါပြီ။
တင်စိုးရဲ့ဒီစာတမ်းမှာအဓိက​ဖော်ညွန်းလိုတာက​တော့ .....
"မ​ကောင်းမြစ်တာ၊​ကောင်းရာညွန်လတ်
အတတ်သင်​စေ" ဆိုတဲ့စာချိုးအရ မိဘတို့ရဲ့ဝန်တာမှာကိုယ့်သားသမီးကိုပညာသင်​ပေးရမှာဖြစ်တယ်။ မိဘတိုင်းလိုလိုကိုယ့်သားသမီးကိုပညာတတ်ကြီးဖြစ်​စေချင်တယ်လို့ဆိုနိုင်​ပေလိမ့်တယ်။
သို့​သော်သတိပြု​စေလိုသည်မှာမိဘတို့အ​နေဖြင့်​စေတနာ​ဇောဖြင့်သာမဆုံးဖြတ်သင့်ပါ။ ယ​နေ့မှာပညာ​ရေးကိုမိဘတို့အ​နေဖြင့်​နေရာ​ဒေသအချိန်အခါကိုချင့်တွက်ကြပြီး၊ ​​ကောင်းစွာ​ဝေဖန်ဆန်းစစ်ကြရမှာဖြစ်တယ်၊ မိမိတို့မရှိကြ​တော့မဲ့အချိန်ကာလတခုမှာ၊ မိမိတို့သားသမီးများရဲ့ဘာဝတသက်တာမှာကိုယ်ပိုင်ရပ်တည်ရှင်သန်​နေ​စေဖို့ အစဥ်အလာပညာ​ရေး နှင့်အသက်မွေးဝမ်း​ကျောင်းပညာ​ရေးတို့ကိုမျှတစွာအမြင်ရှင်း​စေဖို့လိုတယ်။
ယ​နေ့ကိုယ့်ရပ်ဝန်းရဲ့​နေ့စဥ်ဘာဝ​တွေမှာကျွန်​တော်တို့ကိုယ်တိုင်ကဘယ်အရာကအ​ရေးကြီးသလဲ၊ ဘယ်အရာကိုဦးစား​ပေးရမလဲ၊ ဘယ်အရာကို​တော့ဖြင့်ခုလုပ်ရမလဲ ၈ဆိုတာကိုယ်တိုင်ရှင်းလင်းစွာအမြင်ရှင်းဖို့လိုပါတယ်။ ခု​တော့ဒီ​လောက်ပါပဲ။ ဆက်လက်တင်ပြပါအုံးမယ်။
တင်စိုး
တင်စိုးရဲ့မူရင်းစာတမ်း "Perspectives on knowledge and skills" မှပြန်လည်​ရွေးချယ်တင်ပြပါတယ်။
ကျမ်းကိုး - အ​ရှေ့​တောင်အရှဆိုင်ရာပညာ​ရေးသု​သေသနစာတမ်းများ။

Photos from PTS Consultancy & Training's post 10/04/2023

"Hospitality" အသက်​မွေးမှုပညာ၊ပညာဒါနသင်တန်း
၂၀၂၃ ​ ​မေလ ၁ရက် - သင်တန်းသားသစ်​ခေါ်ယူခြင်း
အဖဘုရားရဲ့​ကျေးဇူး​တော်အားဖြင့်အားလုံး​ဘေးရန်ကင်းလို့မိသားစုများ​ပျော်ရွင်ကြပါ​စေ။ ဆရာတို့ရဲ့ Hospitality ဆိုင်ရာဟိုတယ်၊မိုတယ်၊အင်း၊စား​တော်ဆက်၊ KTV၊SPA အားဖြင့် ရပ်ဝန်းအသီးသီးမှာအလုပ်လုပ်ကိုင်ချင်သူများ၊ တနိုင်တပိုင်ကိုယ်ပိုင်လုပ်ငန်း​လေးတည်​ထောင်လုပ်ကိုင်ချင်သူများအတွက်ရည်ရွယ်ပြီးယခုဒီသင်တန်းကိုဖွင့်ရခြင်းဖြစ်ပါတယ်။
ဒီသင်တန်းသည် Hospitality ဆိုတာဘာမှန်းမသိ​သေးသူများတနည်းအားဖြင့်အ​ခြေခံမရှိကြ​သေးများအ​နေဖြင့်စတင်ပြီးဒီရပ်ဝန်းမှာအစပြု​ခြေချနိုင်မှာဖြစ်ပြီးအ​ခြေခံရှိထားသူများအ​နေဖြင့်လည်းကျွမ်းကျင်ပိုင်နိုင်စွာ​ရှေ့ဆက်တက်လှမ်းနိုင်မှာဖြစ်ပါတယ်။
သင်ခန်းစာက​တော့ "Hospitality Basic Principles and Hotel Operations and Management"
"ဧည့်ဝတ်ပြုမှု အခြေခံမူများနှင့် ဟိုတယ်လုပ်ငန်းဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှု" ဖြစ်ပါတယ်
ဆရာရဲ့ဒီသင်ခန်းစာက International တန်းဝင်ဖြစ်တယ်။
IBMS - India business management school, Mumbai ရဲ့ ညွန်းတမ်းဖြစ်တယ်။
Principle of Hospitality (POH) ဆိုတာအမှန်တကယ်အ​ရေးပါတယ်။ အ​ခြေခံမူကို​သေချာသိမှလုပ်ငန်း​ဆောင်ရွက်မှုနဲ့စီမံခန့်ခွဲမှု​တွေကရလဒ်​ကောင်းမှာဖြစ်တယ်။ Hotel Operations Management ဆိုတာဒီလုပ်ငန်းမှာကျွမ်းကျင်မှုနှင့် စွမ်း​ဆောင်နိုင်ရည်ကိုဆိုလိုတာဖြစ်ပြီးဒီရပ်ဝန်းမှာဘက်စုံလုပ်ငန်းနယ်ပယ်အတွင်း ကျယ်ပြန့်သောနယ်ပယ်များစွာတွင်လုပ်ဆောင်နိုင်မှာဖြစ်တယ်။ အဆိုပါ ကဏ္ဍများထဲတွင် Front Office ဧည့်ကြိုကောင်တာ စီမံခန့်ခွဲမှု၊ Hosekeeping အိမ်ဆောင်ထိန်းသိမ်းခြင်းသန့်ရှင်းသပ်ရပ်မှုဆိုင်ရာလုပ်ငန်းများ၊ F & B အစားအသောက် နှင့် အဖျော်ယမကာ စီမံခန့်ခွဲမှု နှင့် HR လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ၊ တို့ပါဝင်မှာဖြစ်တယ်။

​မေလ၁ရက်၊ ၂၀၂၃ မှာစဖွင့်မှာဖြစ်လို့ခု​ကြေညာချိန်ကစပြီးကြိုတင်စာရင်းသွင်းအပ်နိုင်ပါတယ်။ ၁-လ ၊ တပါတ်သင်ကြားချိန် ၅ နာရီ၊ ၄ပါတ် စုစု​ပေါင်းနာရီ ၂၀ တက်ရမှာဖြစ်ပါတယ်။အချိန်​ပေးနိုင်သူများ​ကျောင်းသို့လာတက်နိုင်ပြီအချိန်မ​ပေးနိုင်သူများ Online မှတက်နိုင်ပါတယ်။ ဆရာရဲ့သင်ကြားမှု မှာသင်တန်း​ကြေး tuition fee အခမဲ့ဖြစ်ပါတယ်။ သင်ကြားမှုအ​ထောက်အကူ လိုအပ်​သောစာအုပ်စာတမ်း၊ video ကလစ်များအခမဲ့ရရှိပါမယ်။
တချို့ပြည်တွင်းအလုပ်အကိုင်​လျောက်ချင်သူများနဲ့ပြည်ပသွားအလုပ်လုပ်ကိုင်ချင်သူများအ​နေဖြင့် Certificate လိုအပ်သူများအ​နေဖြင့်သင်တန်းပြီး Assessment တင်ရပါမယ်။
IBMS India Business Management School (Mumbai)
အသိအမှတ်ပြု ၊ Verification Certificate အတည်ပြုလက်မှတ်ကို Assessment တင်ပြီး ၁-ပါတ်အတွင်းရရှိပါမယ်။
အတည်ပြုလက်မှတ် verification certificate အတွက်USD 25 ​ဒေါ်လာ​ပေးသွင်းရပါမယ်။ Certificate လိုသူများကြိုတင်စာရင်း​ပေးသွင်းအပ်ရန်လိုပါတယ်။ ​၂၅ ​ဒေါ်လာကို ​ပေးသွင်း မည့်ရက်ဒေါ်လာ​စျေး​ပေါ်မူတည်၍ ဆရာ့ထံ KBZ pay 09797250980 ထံမြန်မာကျပ်​ငွေ​ပေးသွင်းထားနိုင်ပါတယ်။
ဟိုတယ်လုပ်ငန်းရှင်များ၊ Hotel General manager များ အ​နေဖြင့် ကျွန်​တော်ရဲ့ PTS, Hospitality Training School, 2023 Donation Program မှာ ပါဝင်ပူး​ပေါင်း​နိုင်ပါတယ်။
ပညာဒါနသက်သက်သာဖြစ်၍ကျွန်​တော့်ရဲ့ သင်ကြားမှုတွင်ဘယ်သူထံမှ သင်တန်း​ကြေး tuition fee မယူပါ။

အ​သေးစိတ်ဆက်သွယ်စုံးစမ်းနိုင်ပါသည်။
ဆရာတင်စိုး
MBA in HR IBMS, Mumbai, India
Founder of PTS, Hospitality Training School
ဆရာမ​မေဇင်စိုး
MBL Business Law, IBMS, Mumbai, India
PTS, Hospitality TrainingSchool
09 797 250980
09 779561259
ရုံးချိန်အတွင်းသာဆက်သွယ်ပါ
Email:[email protected]

18/01/2023

ဖေ​ဖော်ဝါရီ ၁ရက်၊၂၀၂၃ မှစ၍ ဖွင့်မည့်အောက်ဖော်ပြပါ သင်တန်းများမှာကြိုတင်စာရင်းသွင်းအပ်နိုင်ပါပြီ။ IBMS, INDIA BUSINESS MANAGEMENT SCHOOL, MUMBAI, INDIA နဲ့ BSM- BANGKOK SCHOOL OF MANAGEMENT, THAILAND တို့ကအသိအမှတ်ပြုလက်မှတ်ရသင်တန်းအမျိုးအစားများမှာ -
Advanced level - အဆင့်မြင့်တန်း
International Level Certification Course
(၁) Hospitality management & operation level 1 & 2
ဟိုတယ်၊မိုတယ်၊အင်း နှင့်စားတော်ဆက်များနှင့်တခြားဧည်ခံကြိုဆိုရေးဘက်ဆိုင်ရာစီမံဆောင်ရွက်မှု
သင်ကြားချိန်တပါတ်လျှင် ၁၅ နာရီ၊ (၁) လ။ သင်တန်းကြေး level 1 ၄၅၀၀၀၀။ level 2 ၅၅၀၀၀၀။
(၂) Hotel management & operation level 1 & 2
ဟိုတယ်လုပ်ငန်းရပ်ဆိုင်ရာစီမံဆောင်ရွက်မှု
သင်ကြားချိန်တပါတ်လျှင် ၁၅ နာရီ၊ (၁) လ။ သင်တန်းကြေး level 1 ၄၅၀၀၀၀။ သင်တန်းကြေး level 2 ၅၅၀၀၀၀။
လုပ်ငန်းခွင်လက်တွေ့အသုံးချနိုင်သောသင်ခန်းစာများဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတွင်လည်းကောင်းမွန်စွာစီမံခန့်ခွဲနိုင်ပါလိမ့်မယ်။
(၃) Diploma in Hospitality management
သင်ကြားချိန်တပါတ်လျှင် ၂၀ နာရီ၊ (၄) လ။ သင်တန်းကြေး ၇၀၀၀၀၀+Verification Certificate USD 100, IBMS, Mumbai, India
(၄) Diploma in Hospitality in HRM
သင်ကြားချိန်တပါတ်လျှင် ၂၀ နာရီ၊ (၄) လ။ သင်တန်းကြေး ၇၀၀၀၀၀ + VC USD 100, IBMS, Mumbai, India
(၅) Diploma in Human Resource Management, DHRM
သင်ကြားချိန်တပါတ်လျှင် ၂၀ နာရီ၊ (၄) လ။ သင်တန်းကြေး ၇၀၀၀၀၀ + VC USD 100, IBMS, Mumbai, India
Diploma Course များတွင်ဒုတိယမြောက်လမှစ၍ Assessment တင်ရမည်၊ (IBMS, MUMBAI, INDIA အသိအမှတ်ပြုလက်မှတ်ရ။)
Operation Course in Hospitalit- Basic & intermediate level
(၁) Hotel Front Office Operation level 1, 2
သင်ကြားချိန်တပါတ်လျှင် ၁၅ နာရီ၊ (၁) လ။ သင်တန်းကြေး level 1 ၂၅၀၀၀၀။ level 2 ၃၅၀၀၀၀။
(၂) F & B’s service operation level 1,2
သင်ကြားချိန်တပါတ်လျှင် ၁၅ နာရီ၊ (၁) လ။ သင်တန်းကြေး level 1 ၂၅၀၀၀၀။ level 2 ၃၅၀၀၀၀။
(၃) Housekeeping operation level 1,2
သင်ကြားချိန်တပါတ်လျှင် ၁၅ နာရီ၊ (၁) လ။ သင်တန်းကြေး level 1 ၂၅၀၀၀၀။ level 2 ၃၅၀၀၀၀။
(၄) HR operation level 1, 2
သင်ကြားချိန်တပါတ်လျှင် ၁၅ နာရီ၊ (၁) လ။ သင်တန်းကြေး level 1 ၂၅၀၀၀၀။ level 2 ၃၅၀၀၀၀။
သက်ဆိုင်ရာဘာသာရပ်အလိုက် Internship, On-job training အတွက် ကြယ် ၃ပွင့်အဆင့် Hotel များ၊ စားတော်ဆက်များတွင်လုပ်ငန်းခွင်လက်တွေ့ယူရမည်။ သင်တန်းဆင်းများအတွက်ပြည်တွင်း/ပြည်ပအလုပ်အကိုင်စီမံပေးမည်။
အသေးစိတ်ကို messenger chat box, Telegram, Viber မှ မေးနိုင်ပါတယ်။ ဖုန်းဆက်လိုပါက ၀၉၇၇၉၅၆၁၂၅၉/၀၉၇၉၇၂၅၀၉၈၀ မေးမြန်းစုံစမ်းနိုင်ပါတယ်။
ဆရာတင်စိုး

15/01/2023

နှစ်သစ်မှာအဖဘုရားသခင်ရဲ့ကျေးဇူးတော်အားဖြင့်အာလုံးပဲဘေးရန်ကင်းကာကျန်းမာပျော်ရွင်ကြပါစေလို့နုတ် ခွန်းဆက်ပါတယ်။ Hospitality မှာရှိကြသူတွေနဲ့ Hospitality ကိုစိတ်ဝင်စားပြီးအလုပ်အကိုင်အခွင့်အလန်းတွေနဲ့ ကိုယ်ပိုင်စီး’ပွားရေးကိုလုပ်ကိုင်ချင်သူတွေအတွက်ရည်ရွယ်ပြီး ဆရာ့ရဲ့ PTS – Hospitality Training School မှသင်ခန်းစာသစ်ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ ဒါကတော့ “Hospitality Strategic Management Concepts and Cases” ပဲဖြစ်ပါတယ်။ Hospitality ရဲ့ မဟာဗျူဟာ စီမံခန့်ခွဲမှုအယူအဆများနဲ့ ကိစ္စများဟာဘာလဲဆိုတာ ကိုဆရာ့တပည်တွေနဲ့စိတ်ဝင်စားသူတွေလေ့လာနိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။ Introduction Level မှာ Strategic Management မဟာဗျူဟာစီမံခန့်ခွဲမှုကိုစပြီးချဉ်းကပ်ကြရမယ်။ ဒီမှာ The Origin of Strategic Management မဟာ ဗျူဟာစီမံခန့်ခွဲမှု၏ မူလအစ၊ The Traditional Perspective ရိုးရာအမြင်၊ The Organization as a Bundle of Resources: The Resource-Based View အဖွဲ့အစည်းရဲ့အရင်းအမြစ်အစု အဝေးအဖြစ် - အရင်းအမြစ်မှာအခြေခံအမြင်၊ The Organization as a Network of Stakeholders သက်ဆိုင်သူများ၏ကွန်ရက်အဖြစ်အဖွဲ့အစည်းတွေ ဒါတွေပါဝင်မယ်။
အားလုံးသေချာသိရအောင်ဆရာမြန်မာလိုပဲဆက်ရှင်းပြမယ်၊ ဒါကတော့ မဟာဗျူဟာစီမံခန့် ခွဲမှု၏ အရေးပါမှု တိုးလာခြင်းဟာခေတ်ရေစီးကြောင်းများစွာ၏ရလဒ်တစ်ခုဖြစ်ပါတယ်။ စက်မှုလုပ်ငန်းအများ စုတွင် ပြိုင်ဆိုင်မှု တိုးလာခြင်းကြောင့် အချို့သော ကုမ္ပဏီများသည် ယှဉ်ပြိုင်ရန် ခက်ခဲလာစေတယ်။ ခေတ်မီပြီး စျေးသက်သာ သော သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုနှင့် အသိအမြင် တိုးမြင့်လာ စေတယ်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့စီးပွားရေးကို အရှိန်အဟုန်မြှင့် ပြောင်းလဲစေခဲ့တာဘယ်သူငြင်း နိုင်မှာလဲ။ ဒီမှာသိရမှာကအကြောင်းရင်းများ မည်သို့ပင်ရှိစေကာမူ လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုသည် မဟာဗျူဟာကျသော အမျိုးသား အသွင်ကူးပြောင်းရေးတွင် စိတ်ဝင်စားမှု မြင့်တက်လာတာကို မြင်တွေ့ခဲ့ကြရ တယ်မဟုတ်လား။ မဟာဗျူဟာ စီမံခန့်ခွဲမှုနှင့် မဟာဗျူဟာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်အပေါ် အမြင်များစွာထွက်ပေါ် လာပါပြီ။ ဆရာ့သင်ခန်းစာမှာချဉ်းကပ်ပုံသည် ဒီရှုထောင့်သုံးရပ်အပေါ် အဓိကအခြေခံထားတယ်-
(၁) ရိုးရာအမြင်၊ (၂) အရင်းအမြစ်-အခြေခံအမြင်၊ (၃) အစုအဖွဲ့၊ တို့မှာချဉ်းကပ်မှုဖြစ်တယ်။ ဆက်ပြီးဆန်းစစ် ကြည့်ရအောင်။
Origin မူလ အရင်းနောက်ကိုလိုက်ကြည့်ရင် ရိုးရာအမြင်တွေမှာ Economics, other business disciplines, and consulting firms ဒါတွေတွေ့ရပြီး အရင်းအမြစ်-အခြေခံ အမြင်မှာ Economics, distinctive competencies, and general management capability စီးပွားရေး၊ ထူးခြားသောအရည်အချင်းများနှင့် အထွေထွေစီမံခန့်ခွဲမှု စွမ်းရည် ကိုမြင်ရမယ်၊နောက်တော့ အစုအဖွဲ့အမြင် Stakeholder View မှာတော့ စီးပွားရေးကျင့်ဝတ်နှင့် လူမှုရေး တာဝန် Business ethics and social responsibility တွေပေါ့။
View of Firm ကိုဆက်ကြည့်မယ်ဆိုရင်ဒီမှာလည်း ရိုးရာအမြင်မှာ An economic entity၊ အရင်းအမြစ်-အခြေခံ မြင်ကွင်းမှာ A collection of resources, skills, and abilities နဲ့ Stakeholder View မှာတော့ A network of relationships among the firm and its stakeholders ကိုတွေ့ရမယ်နော်။
နောက်ဆက်ပြီး မဟာဗျူဟာ ရေးဆွဲခြင်းသို့ ချဉ်းကပ်ကြမယ်ဆိုရင် Approach to Strategy Formulation ပေါ့ဘာကိုဆက်မြင်ရမလဲဆိုတော့- မစ်ရှင်နှင့် ဗျူဟာများ ရေးဆွဲခြင်းဆီသို့ ဦးတည်သော ပြည်တွင်းနှင့် ပြင်ပပတ်ဝန်းကျင် အခြေအနေများကို ခွဲခြမ်းစိတ်ဖြာခြင်းတွေ၊ အဖွဲ့အစည်းဆိုင်ရာ အရင်းအမြစ်များ၊ ကျွမ်းကျင်မှုများနှင့် စွမ်းရည်များကို ခွဲခြမ်းစိတ်ဖြာခြင်း သာလွန်ကောင်းမွန်သော အရင်းအမြစ်များ၊ ကျွမ်းကျင်မှုများနှင့် စွမ်းရည်များကို ရယူခြင်းတွေနဲ့ အစုအဖွဲ့အမြင်မှာတော့ စီးပွားရေးအာဏာ၊ နိုင်ငံရေးသြဇာ လွှမ်းမိုးမှု၊ ရပိုင်ခွင့်များနှင့် သက်ဆိုင်သူအသီးသီး၏ တောင်းဆိုချက်များကို လေ့လာသုံးသပ်ခြင်းတွေပဲဖြစ်တယ်။
နောက်ဆက်တွေ့နိုင်တာကတော့ Source of Competitive Advantage ယှဉ်ပြိုင်မှု အားသာချက်၏ အရင်းအမြစ် ပါ။ ဒီမှာကြတော့ Traditional Perspective မှာ အားသာချက်များနှင့် အခွင့်အလမ်းများကို အသုံးချခြင်းဖြင့် အဖွဲ့အစည်းကို ၎င်း၏ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင် အကောင်းဆုံးလုပ်ဆောင်ဖို့။ အားနည်း ချက်များနှင့် ခြိမ်းခြောက်မှုများကို ကျော်လွှားဖို့နဲ့ Resource-Based View မှာ အဖိုးတန်၊ ရှားပါးပြီး ပြိုင်ဘက်များက အတုယူရခက်သော အရင်းအမြစ်များ၊ ကျွမ်းကျင်မှုများနှင့် စွမ်းရည်များကို ပိုင်ဆိုင်ခြင်းတွေပါပဲ၊ နောက်အရေးပါတာကတော့ ယုံကြည်မှု၊ စိတ်စေတနာကောင်း၊ မသေချာမရေရာမှု လျှော့ချရေး၊ တိုးတက်သော လုပ်ငန်းကို ဖြစ်စေသော သက်ဆိုင်သူများနှင့် သာလွန်ကောင်းမွန်သော ချိတ်ဆက်မှုများ ဆက်ဆံမှုများ၊ နောက်ဆုံးတွင်ပိုမိုမြင့်မားသော ခိုင်မာသောစွမ်းဆောင်ရည်ပိုင်ဆိုင်နိုင်ဖို့က Stakeholder View ချဉ်းကပ်မှုပါ။
ကဲမိတ်ဆက်ကတော့ဒီလောက်ပါပဲ။ ဆရာအနေနဲ့ “Hospitality Strategic Management Concepts and Cases”ကို International level appreciation certificate ပေးမှာဖြစ်တယ်။ IBMS, Mumbai, India ညွန်းတမ်း အတိုင်းသင်ကြားပေးမှာဖြစ်တယ်။ အထူးသဖြင့်ဘယ်သူတွေတက်သင့်သလဲဆိုတော့ Hospitality management ရပ်ဝန်းမှာရှိနေသူတွေပေါ့။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူနဲ့လုပ်မဲ့သူတွေပေါ့။ သိကြတဲ့အတိုင်းဒီရပ်ဝန်းမှာငွေကြေး သြဇာတန်းတူနေတောင် idea ကောင်းနဲ့ဖောက်ထွက်နိုင်မဲ့သူကတော့သာနိုင်ပါတယ်။ စိတ်ဝင်စားသူမည်သူမဆိုပြန်ဝေမျှပေးပါ၊ မှတ်ချက်သဘောထားပေးနိုင်တယ်၊ သိလိုတာမေးနိုင်ပါတယ်။
ဖုန်းဆက်သွယ်ချင်ရင် 09779561259, Viber 09797250980, Telegram, Messenger
Email:[email protected]
သင်တန်းနဲ့ပါတ်သက်တာအသေးစိတ်ထပ်ပြောမယ်နော်။
ဆရာတင်စိုး

Photos from PTS Consultancy & Training's post 11/12/2022

The DHM that I teach now is a lesson that can be applied in business. The DHM lessons help my students who get their diplomas when they enter the workplace. I encourage my students to build their own business with innovative ideas based on work experience and combined with lessons learned. The skills I taught you are not for you to always stand as employees. You are not to always follow others. I encourage you to create your own. Are you afraid of making mistakes? If you are afraid of going wrong, do nothing and sleep at home. It is only important to be able to distinguish between right and wrong. It is your job to make sure you know this. If you are too stupid, you will lose a lot. May all my students be successful.
Saya Tin Soe

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


NO. 52, 19 Street
Mandalay
952

Opening Hours

Monday 10:00 - 15:00
Tuesday 10:00 - 15:00
Wednesday 10:00 - 15:00
Thursday 10:00 - 15:00
Friday 10:00 - 15:00