04/06/2025
June လ အတွက် Adult learners “Speaking Class” အတန်း စပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်📣
English for everyone! The best place to boost your English skills!
04/06/2025
June လ အတွက် Adult learners “Speaking Class” အတန်း စပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်📣
31/05/2025
ယနေ့ရဲ့ Word of the day ကတော့ “Cacophony“ ဆိုတဲ့ Noun လေး ဖြစ်ပါတယ်။ 📣
အဓိပ္ပါယ်ကတော့ နားမခံသာတဲ့ အသံဗလံတွေကို ဆိုလိုတာပဲဖြစ်ပါတယ် 💥📢
ဥပမာ - ဆောက်လုပ်ရေးခွင်က အသံတွေက မခံမရပ်နိုင်အောင်ကို ဆူညံတာမလို့ ကျွန်တော်တို့ နားတွေပါ အုပ်ထားရတယ် 😖
We covered our ears as the cacophony of the construction site became unbearable.
စားသောက်ဆိုင် တစ်ခုလုံးက ရယ်သံတွေ၊ စကားပြောသံတွေ ၊ ပန်းကန်ခွက်ယောက်အသံတွေ အစရှိတဲ့ ကျွက်ကျွက်ညံညံသံတွေနဲ့ ပွက်လောရိုက်သွားခဲ့တယ် 🍽️🥄💬
The cafeteria erupted into a cacophony of laughter, chatter, and clattering trays.
26/05/2025
Day 1: Building blocks of brilliance 📖📕
Grammar and Writing fun has officially begun❗️
Timetable 🕰️
Monday: 5 p.m. - 6 p.m.
Tuesday: 5 p.m. - 6 p.m.
Saturday: 5 p.m. - 6 p.m.
Sunday: 5 p.m. - 6 p.m.
24/05/2025
သင်သိပါသလား ❓
ဒီနေ့မှာတော့ English language နဲ့ပတ်သက်တဲ့ သင်ခန်းစာမဟုတ်ဘဲ စိတ်ဝင်စားစရာ facts လေး အချို့ကို ဖော်ပြသွားမှာမလို့ သေချာဖတ်ကြည့်ပြီး knowledge အနေနဲ့ မှတ်ကြရအောင်နော် 📣⭐️
23/05/2025
May 26 ရက်တွင် စတင်မည့် Basic Grammar and Writing class တွင် ကျောင်းသား နှစ်ယောက်စာသာ ကျန်ရှိကြောင်း အသိပေးအပ်ပါသည်📣
22/05/2025
Types of Jobs 🔎 ဒီနေ့ရဲ့ Vocabulary learning lesson လေးကတော့ အလုပ်အကိုင်တွေနဲ့ ပတ်သတ်တဲ့ ဝေါဟာရတွေကို လေ့လာကြရမှာပဲဖြစ်ပါတယ်📣
🔷Service Industry Jobs
🔷Education Jobs
🔷Office and Technical Jobs
🔷Public Service Jobs
🔷Creative Jobs
🔷Skilled and Technical Jobs
ဒီ categories 6 ခုအောက်ကနေ လေ့လာကြရမှာ ဖြစ်ပါတယ် ✅
အချိန်လေး နည်းနည်းပေးပြီး မှတ်သားကြရအောင်✨
20/05/2025
သားသားမီးမီးတို့အတွက် အင်္ဂလိပ်စာ Grammar နှင့် Writing ကို အခြေခံမှစ ကျကျနန လေ့လာဖို့ရန်အတွက် Grammar Academy မှ GRAMMAR AND WRITING class ကို စာရင်းလက်ခံနေပါပြီ📣
May လ ၂၆ ရက်နေ့ စပါမည် ✅
ဒီအတန်းမှာ ကျောင်းသား ၅ယောက်သာလျှင် လက်ခံပါမည်၊ Teacher နှင့် အနီးကပ်သေသေချာချာ လေ့လာခွင့်ရပါမည်
English to English သင်ကြားပါသည်။
💻 Zoom Application
⏱️ 6:00 p.m. - 7:00 p.m.
🗓️Saturday to Tuesday
💵 60000 kyats per month
Speaking အားနည်းသော ကလေးများ အတွက်လဲ အလေ့အကျင့်တစ်ခါထဲ ရစေပြီး Grammar နှင့် Writing skills နှစ်မျိုးလုံးကိုပါ ဖိဖိစီးစီး သင်ကြားသွားပါမည်။
Course book က မိမိကိုယ်တိုင် ဝယ်နိုင်သလို သင်တန်းမှလဲ ပို့ပေးပါသည်။
ဆက်သွယ်ရန် ဖုန်း
📞 09793965211
17/05/2025
🔎 Your နဲ့ You’re ကြား ကွဲကွဲပြားပြားသိဖို့ 🔎
🔶Your ကတော့ possessive adjective - ပိုင်ဆိုင်မှုကို ပြတဲ့ နာမဝိသေသန ဖြစ်ပါတယ် ။
🔶ဒါ မင်းရဲ့ စာအုပ်လား?
Is this your book?
🔶မင်းရဲ့ ခွေးက လိမ္မာတယ်။
Your dog is clever.
🔷You’re ကတော့ “You are” ရဲ့ အတိုကောက် အသုံးနှုန်းဖြစ်ပါတယ်။
🔷မင်းက English ဘာသာမှာ တော်လိုက်တာ။
You’re good at English.
🔷မင်းက အံ့ဩဖို့ကောင်းတယ်။
You’re amazing.
နှစ်ခုကြား ကွာခြားချက်ကို နားလည်သွားပြီဆိုရင် ပေးထားတဲ့ sentence လေးတွေမှာ မှားသုံးထားတာလေးတွေကို ပြင်ကြည့်ရအောင်နော် ✅
12/05/2025
ဒီနေ့မှာတော့ Types of doctors 🧑⚕️👩⚕️👨⚕️🩺ဆရာဝန်အခေါ်အဝေါ် vocabulariesတွေကို လေ့လာကြရအောင် 🔎
ကလေးအထူးကု - Doctor of children ❌
Pediatrician ✅
တိရစ္ဆာန် အထူးကု - Doctor of animals ❌
Veterinarian ✅
အစရှိသဖြင့် ပိုမို တိကျတဲ့ အသုံးအနှုန်းလေးတွေ တစ်ပုံချင်းစီမှာ မှတ်သားလိုက်ရအောင် 📣
09/05/2025
Amphibians, birds and their babies🐸🐍🐓🦅
ဒီနေ့ကတော့ တွားသွားသတ္တဝါတွေနဲ့ သူတို့ရဲ့ baby version လေးတွေကို ဘယ်လိုခေါ်လဲ လေ့လာကြရအောင်နော် 📣
08/05/2025
Animals and their babies 🐵🐰🦁🐷🐶
တိရစ္ဆာန်လေးတွေနဲ့ သူတို့ရဲ့ babies လေးတွေကို ဘယ်လိုခေါ်ကြလဲ ?
တစ်မျိုးနဲ့ တစ်မျိုး အခေါ်အဝေါ်တွေ မတူကြလို့ လေ့လာလိုက်ကြရအောင် 📣
07/05/2025
မသိမဖြစ်တဲ့ idioms လေးတွေ လေ့လာကြရအောင်📣
🔶 Break the ice ( ရေခဲခွဲတာလား???)
🔸သူကတော့ စကားဝိုင်းတစ်ခုမှာ ဘာပြောရမှန်းမသိဖြစ်နေတာမျိုး မရှိရလေအောင် ကိုယ်က activity တစ်ခုခု လုပ်လိုက်တာပဲဖြစ်ဖြစ်၊ စိတ်ဝင်စားစရာ topic တစ်ခု ပြောပြီး conversation ကို အသက်သွင်းလိုက်တာမျိုးကို ခေါ်ပါတယ်။
🔶Bite the bullet ( ကျည်ဆံကိုက်တာလား???)
🔸ကျည်ဆဲကိုက်တာ မဟုတ်ပါဘူးနော်…… သူကတော့ ကိုယ်မလုပ်ချင်လို့ နေ့ရွေ့ ညရွေ့ အချိန်ဆွဲနေတဲ့ အလုပ်တစ်ခုကို လုပ်ချ ပစ်လိုက်တာ မျိုးမှာ သုံးပါတယ်။
🔶Hit the nail on the head 🔨
🔸အဓိပ္ပါယ်ကတော့ တစ်ခုခုနဲ့ ပတ်သတ်ပြီး ကိုယ်လုပ်တာ ၊ ကိုယ်ပြောတာက ကွက်တိကျသွားတယ် ဆိုတာမျိုးမှာ သုံးပါတယ်။
🔶Burn the midnight oil 🕯️🪔
🔸သူကတော့ ညလုံးပေါက်အလုပ်လုပ်တယ် ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။
Knowledge ပိုတိုးဖို့ English လေ့လာရာမှာ idioms တွေလဲ ထည့်သွင်း လေ့လာဖို့လိုအပ်ပါတယ်🔎
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |