𝐇𝐞𝐢𝐧 𝐊𝐊

𝐇𝐞𝐢𝐧 𝐊𝐊 ပညာရေးဆိုင်ရာ ဗဟုသုတများ မျှဝေပေးမည်။

တက္ကသိုလ်ဝင်တန်းများ ပြန်လည်ဖြေရမည်‼️ ကြေးမုံသတင်းစာမှ တရားဝင် ထုတ်ပြန်ချက် ‼️
21/04/2025

တက္ကသိုလ်ဝင်တန်းများ ပြန်လည်ဖြေရမည်

‼️ ကြေးမုံသတင်းစာမှ တရားဝင် ထုတ်ပြန်ချက် ‼️

20/03/2025

တကယ်ဆိုရင် အခြေခံပညာ Assessment မှာ
Grade -5 (မူဆင့်ပြီးမြောက်ကြောင်း)
Grade -9 (လယ်ဆင့်ပြီးမြောက်ကြောင်း)
Grade -12 (ထက်ဆင့်ပြီးမြောက်ကြောင်း)

ဆိုပြီး ခရိုင်/ပြည်နယ်/တိုင်းဆင့်
Exam အသီးသီးဖြေကြရတယ်
Grade -12 ကျမှ အကျထားခြင်းထက်
G5/9အဆင့် မှာပါ အကျထားပြီး
Exam Questions ကို Quality
ကောင်းကောင်းထားမှသာ ပိုအဆင်ပြေမယ်

Grade -12 ကိုပဲ အဆင့်မြင့်နေလို့မရဘူး
အောက်ခြေမခိုင်ရင် လိုရာသွားဖို့
ခက်ခဲလိမ့်မယ်

2025 ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း Grade-12 Mathematics မေးခွန်းလွှာများCrd
19/03/2025

2025 ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း
Grade-12 Mathematics
မေးခွန်းလွှာများ

Crd

လေ့ကျင့်ရန် သင်္ချာမေးခွန်း 2025Grade-12
23/12/2024

လေ့ကျင့်ရန် သင်္ချာမေးခွန်း 2025
Grade-12

03/10/2024

အခြေခံပညာ(သင်ရိုးသစ်) ဗဟိုအဆင့်သင်တန်း
Grade-12 သင်္ချာ (အခန်း-၁)

၂၊ ၁၀၊ ၂၀၂၄ ဗုဒ္ဓဟူးနေ့ ၇း၀၀ နာရီ

ဆရာကြီးဒေါက်တာအောင်ကျော်(ပါမောက္ခ)

September 1 - 30 အတွင်း Grade 12 ဖြေဆိုခွင့်လျှောက်လွှာများတင်လို့ရပါပြီ။ စနစ်ဟောင်း (၉)တန်းအောင် ကျောင်းသား/သူများ နှင်...
23/08/2024

September 1 - 30 အတွင်း Grade 12 ဖြေဆိုခွင့်လျှောက်လွှာများတင်လို့ရပါပြီ။
စနစ်ဟောင်း (၉)တန်းအောင် ကျောင်းသား/သူများ နှင့် စနစ်ဟောင်း (၁၀)တန်း (မဖြေဖြစ်သူ/ကျရှုံးသူ) များသည်လည်း Grade -12 ပြင်ပဖြေဆိုခွင့်ရှိပါသည်။

တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း
01/07/2024

တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း

ဆရာအလုပ်ဆိုတာ..စာသင်ရတဲ့ အလုပ်က မလွယ်ပါ။ ကိုယ်ကိုယ်တိုင် စာသင်တဲ့ နယ်ပယ်ထဲ၊ ထဲထဲဝင်ဝင် ရောက်လာလေလေ၊ စာသင်တဲ့ အလုပ်အပေါ်မ...
25/06/2024

ဆရာအလုပ်ဆိုတာ..

စာသင်ရတဲ့ အလုပ်က မလွယ်ပါ။
ကိုယ်ကိုယ်တိုင် စာသင်တဲ့ နယ်ပယ်ထဲ၊ ထဲထဲဝင်ဝင် ရောက်လာလေလေ၊ စာသင်တဲ့ အလုပ်အပေါ်မှာ ပိုပြီး တာဝန်ကြီးတယ်လို့ ခံယူလာဖြစ်လေလေ ဖြစ်လာတယ်။ စာသင်တဲ့ အလုပ် က၊ တစ်ကိုယ်လုံး နဲ့ လုပ်ရတယ်။

စာသင်ဖို့အတွက်၊ ဦးနှောက်လည်း သုံးရတယ်။ နှလုံးသားလည်း ပါရတယ်။ ကိုယ်ကာယကလည်း အားစိုက်ရ တယ်။ ဥပမာ၊ စာသင်တဲ့ အချိန်တစ်ခုတည်းကိုပဲ ကြည့်ပါ။ စာသင်ချိန်မှာ၊ ဦးနှောက်လည်း တရပ်စပ် အလုပ် လုပ် နေရတယ်။ ဒီလိုပဲ ပါးစပ်နေလည်း တစ်တွတ်တွတ် ပြောနေရတယ်။ စာသင်နေရင်း လက်ဟန်၊ ခြေဟန် တွေ က ၊ ဟိုလှုပ် ဒီလှုပ်။ တစ်ကိုယ်လုံးက လှုပ်ဖို့ လိုရင် လှုပ်နေရတယ်။ Body language နဲ့လည်း သင်ရ၊ နှုတ်ကလည်း အားထုတ်နေရတယ်။ ဒီကြားထဲမှာ၊ ဆရာတစ်ယောက်ဆိုတဲ့ အသိစိတ်က လူကို လွှမ်းမိုးနေ တယ်။ နှလုံးသားကနေ၊ သင်ယူသူတွေ နားလည်ရဲ့လား။ သူတို့ နားနဲ့ ကိုက်ရဲ့လား။ ငါ့ အာဘော်ကို နှစ်သက် ရဲ့လား။ သူတို့ စရိုက်နဲ့ အပ်စပ်ရဲ့လား ဆိုတာတွေကို ခံစားနားလည်အောင် လုပ်ပြီး၊ သတိနဲ့ ကြည့်ကြည့်နေရ တယ်။

ငါသာ သင်တန်းသား တစ်ယောက်၊ စာသင်သား တစ်ယောက်ဆိုရင် အခု၊ ငါ သင်တဲ့ အကြောင်းအရာတွေကို ကောင်းကောင်း နားလည်၊ သဘောပေါက်နိုင်ပါ့မလား. ဆိုတဲ့ ပုံစံနဲ့ စဉ်းစားရတယ်။ ပမာပြု ခံစားရတယ်။ ဒါတွေဟာ ဆရာတစ်ယောက်ရဲ့ စာသင်ချိန်မှာ ထားရတဲ့ နှလုံးသား အလုပ်။ နောက် စေတနာတို့၊ ဘာတို့ ဆို တာတွေက၊ အပိုဆုတွေ ဖြစ်လို့ မပြောတော့ပါဘူး။

နောက် ဆရာတစ်ယောက်ရဲ့ အလုပ်က၊ စာသင်ဖို့အတွက် ပြင်ဆင်ရတဲ့ အချိန်။ ဆရာတစ်ယောက်အဖြစ် နေထိုင်ဖို့၊ လေ့လာဆည်းပူးရတဲ့ ပုံစံတွေ စသည်ဖြင့် ရှိနေပါတယ်။

ဆရာတစ်ယောက်ဟာ၊ သူ့အလုပ်ကို လုပ်ဖို့ စာအုပ်ပုံထဲကို ခေါင်းတိုးရတယ်။ ဒီလိုပဲ လူတွေထဲလည်း တိုးဝင် ရတယ်။ သဘောတရားသက်သက်ချည်း မဟုတ်ဘဲ၊ လက်တွေ့သိနားလည်အောင်လည်း လုပ်ရတယ်။ Vocational ဆိုလည်း၊ Vocational အလိုက်။ ဝိဇ္ဇာ သိပ္ပံဆိုလည်း ဝိဇ္ဇာ သိပ္ပံအလိုက် ကိုယ့်ဘာသာရပ်ကို၊ ထဲထဲဝင်ဝင် ပိုပိုပြီး နားလည်နေဖို့ အမြဲ ကြိုးစားနေရတယ်။ ခေတ်ကိုလည်း မျက်ခြေမပြတ် ကြည့်နေရတယ်။

ကိုယ်သင်ကြားတဲ့ ဘာသာရပ်တွေမှာ၊ အမြဲ အသစ်အသစ် ဖြစ်နေဖို့ အားထုတ်ရတယ်။ ထိုနည်းလည်းကောင်း ပဲ၊ ရှုထောင့်အသစ်၊ နည်းနာသစ်တွေ ပေးနိုင်အောင် ကြိုးစားရတယ်။ ကိုယ်သင်တဲ့ ဘာသာရပ် အကြောင်း အရာကိုပင်၊ ချည်းကပ်ပုံအသစ်နဲ့ ထပ်မံတင်ပြနိုင်အောင် ကြိုးစားရတယ်။

ဆရာကြီး ဦးအောင်သင်း ပြောသလိုဆိုရင်၊ ဆရာဆိုတာ စာကိုချည်း သင်တာ မဟုတ်။ စိတ်ကိုလည်း သင်ရ တယ်။ ကျောင်းသားတွေရဲ့ စိတ်ကို သင်ဖို့၊ တတ်နိုင်သမျှ ကျောင်းသား တစ်ယောက်ချင်းစီရဲ့ စရိုက်၊ ဗီဇကို နားလည်အောင် ကြိုးစားရတယ်။

ဆရာဟာ၊ စာသင်ခန်းထဲမှာ သင်ကြားသူ၊ ပြသသူ၊ လမ်းညွှန် အကြံပေးသူဖြစ်သလို၊ စာသင်ခန်း ပြင်ပမှာလည်း ဦးလေး သဖွယ်၊ အဖေသဖွယ်၊ အစ်ကိုသဖွယ် ၊ အဒေါ် သဖွယ်၊ အစ်မ သဖွယ် နီးနီးကပ်ကပ် ပေါင်းသင်းကြရ တယ်။ အဲ့လို စိတ်ချင်း၊ ကိုယ်ချင်း နီးကပ်ပြီးတော့ ကျောင်းသားတွေကို ဆွဲခေါ်ရတယ်။ အနီးကပ် ကြီးကြပ်ရ တယ်။

တကယ့် ဆရာတွေဟာ၊ သူတို့ ပညာရပ်ကို ဆက်လက် ဆည်းပူးဖို့ အမြဲကြိုးစားရတယ်။ သုတေသနလုပ်ဖို့ ကြိုးစားရတယ်။ စာတမ်းတွေ ရေးဖို့ မပြတ် လေ့လာရတယ်။ သင်ကြားရေးကို လည်း မျက်ခြေပြတ်လို့ မရဘူး။ သုတေသနအတွက်၊ ခရီးတွေ သွားတန် သွားရတယ်။ လူတွေနဲ့ တွေ့ဖို့ ဆုံဖို့၊ ဆွေးနွေးဖို့၊ မေးမြန်းဖို့ ၊ စနည်း နာဖို့ မပြတ် အားထုတ်ရတယ်။ ဒီကြားထဲ၊ ကျောင်းသားတွေအတွက် ဆိုပြီး၊ အိတ်ကပ်ထဲက ပိုက်ဆံကို တွန့်တို ခြင်း မရှိ၊ စိုက်ထုတ်ရတာတွေလည်း ရှိတယ်။

တကယ့် ဆရာတစ်ယောက်ရဲ့ စိတ်ဟာ၊ သာမန် စိတ် မဟုတ်ပါဘူး။ ပရဟိတ စိတ်သက်သက်လည်း မဟုတ်ပါ ဘူး။ ဆရာဆိုတာ၊ နှုတ်၏ စောင်မခြင်းကိုလည်း ပြုရတယ်။ ကိုယ်၏ လုံ့လထုတ်ခြင်းကိုလည်း လုပ်ရတယ်။ မနောကံ ကရုဏာကိုလည်း မွေးရတယ်။ ဦးနှောက်ကလည်း၊ ဓားသွေးကျောက်လို မဖြစ်အောင် လုပ်ရတယ်။ ဓားသွေးကျောက်ဆိုတာ၊ ဓားတွေကို ထက်စေပေမယ့် ကိုယ်က တဖြည်းဖြည်း ပါးသွားတယ်။ တုံးသွားတယ်။

ဆရာ အလုပ်ဆိုတာ၊ တစ်ပွဲထိုး အလုပ် မဟုတ်ဘူး။
ဆရာ အလုပ်ဆိုတာ၊ အပျင်းပြေ ဝင်လုပ်ရတဲ့ အလုပ် မဟုတ်ဘူး။
ကိုယ်ကျိုးကို မျှော်ကိုးပြီး လုပ်လို့ ရတဲ့ အမျိုးအစားလည်း မဟုတ်ဘူး။
အာဏာ ရဖို့ မဟုတ်သလို၊ ငွေကြေး ချမ်းသာဖို့လည်း မဟုတ်ဘူး။

ဆရာအလုပ်ဆိုတာ၊ ပညာကို ချစ်လို့ လုပ်တဲ့ အလုပ်သာ ဖြစ်ပါတယ်။

ဆရာ အလုပ် လုပ်နေပြီး၊ ပညာကို ဟန်ဆောင်ပန်ဆောင်ချစ်တယ်ဆိုရင်၊ ဆရာ အဖြစ်နဲ့ မထိုက်တန်သူလို့ပဲ ဆိုလို့ရပါမယ်။

Crd

ကျောင်းဖွင့်ရင် မလုပ်မဖြစ်လုပ်ရမယ့်ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲတော်နှင့်စပ်လျင်း၍ဗဟုသုတမှတ်ဖွယ်ရာများကို  ပြန်လည်မျှဝေ...
23/06/2024

ကျောင်းဖွင့်ရင် မလုပ်မဖြစ်လုပ်ရမယ့်
ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲတော်နှင့်စပ်လျင်း၍ဗဟုသုတမှတ်ဖွယ်ရာများကို ပြန်လည်မျှဝေပါသည်။ ~

မျှဝေပေးသူအား လေးစားစွာဖြင့်
Crd

ဟော ကြိုးစားလိုက်ပုံများ🙂
11/06/2024

ဟော ကြိုးစားလိုက်ပုံများ🙂

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်ရန် (၈) နာရီခွဲသာ လိုတော့ပါသည်။ဖြေဆိုထားသော ကျောင်းသား/သူများထူးချွန်...
10/06/2024

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်း
ထွက်ရန် (၈) နာရီခွဲသာ လိုတော့ပါသည်။

ဖြေဆိုထားသော ကျောင်းသား/သူများ
ထူးချွန်စွာအောင်မြင်ပါစေကြောင်း
ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

#အောင်စာရင်းကိုTelegramတွင်လွယ်ကူစွာကြည့်ရန်

Join ရန် link

t.me/Examinations2024

t.me/Examinations2024

www.myanmarexam.org

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို၁၁-၆-၂၀၂၄ အင်္ဂါနေ့ နံနက်၆နာရီတွင်Telegram Channel တွင်ပါ လွယ်ကူစွာကြည့်နိုင်စေရန်...
08/06/2024

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို
၁၁-၆-၂၀၂၄ အင်္ဂါနေ့ နံနက်၆နာရီတွင်

Telegram Channel တွင်ပါ လွယ်ကူစွာ
ကြည့်နိုင်စေရန် တင်းပေးပါမည်။

Join ရန်

https://t.me/Examinations2024

https://t.me/Examinations2024

www.myanmarexam.org

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when 𝐇𝐞𝐢𝐧 𝐊𝐊 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share