Phaung Daw Oo Computer Training & Service Center
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phaung Daw Oo Computer Training & Service Center, Computer training school, 19 Street, 59x60 Street Corner, Nan Shae, Aungmyaetharzan Tsp, Mandalay.
14/05/2026
💻 ကွန်ပြုတာ Services များ ရရှိနိုင်ပါပြီ 💻
🔧 Windows Install / Software Install
🛡 Antivirus & Driver Install
⚡️ Laptop / PC Error Fix
🌐 Internet & Network Setup
🎮 Game Install & Optimization
📂 Data Backup & File Transfer
🖨 Printer Setup & Other IT Services
လူကြီးမင်းတို့၏ Computer / Laptop ပြဿနာများကို စိတ်ချယုံကြည်စွာ ဝန်ဆောင်မှုပေးနေပါသည်။
📞 Contact us for more information
📩 Page Chat Box မှလည်း ဆက်သွယ်နိုင်ပါသည်။
PDO IT ROOM
Epson printer ဆေးရောင်မညီရင် ဒီနည်းလမ်းနဲ့ ဖြေရှင်းကြည့်ပါ။
✅ Nozzle Check
Control Panel → Devices & Printers
Epson L3210 ကို Right-click → Printing Preferences
Maintenance → Nozzle Check
စာရွက်ပေါ်မှာ အရောင်လိုင်းပြတ်နေရင် Head ပိတ်နေပါတယ်။
✅ Head Cleaning
Maintenance → Head Cleaning
၁ ကြိမ်လုပ်ပြီး ၅ မိနစ်စောင့်ပါ
Nozzle Check ပြန်စစ်။
မကောင်းသေးရင် အများဆုံး ၂–၃ ကြိမ်သာ
⚠️ များလွန်းရင် ဆေးကုန်မြန်ပါတယ်
✅ Ink စစ်ဆေး
ဆေးဘူးထဲမှာ ဆေးရှိမရှိ စစ်ပါ
Original Epson Ink သုံးထားလား စစ်ပါ။
✅ Print Setting မှန်အောင်ထား
Photo ပရင့်
✔ Paper Type → Photo Paper
✔ Quality → High
Color → Epson Standard
✅ Color Calibration
Printing Preferences
More Options / Color
Reset Color Adjustment
♂️♂️♂️ Epson L3210 အတွက်
ဒီနည်းကတော့ “Power Cleaning / Ink Flushing” လုပ်တာဖြစ်ပြီး
Color (Y/M/C) မထွက်တာ၊ ပိတ်နေတာ ကို ကူညီဖြေရှင်းနိုင်ပါတယ်။
ဒါပေမယ့် သတိထားပြီး တစ်ကြိမ်တည်းသာ လုပ်ရပါမယ်
♂️ Epson L3210 – Button နဲ့ Power Cleaning လုပ်နည်း
Power ခလုတ်နှင့် Stop / Cancel ခလုတ်ကိုအသုံးပြုရပါမယ်။
လုပ်နည်း
1️⃣ Printer ကို Power OFF လုပ်ထားပါ
2️⃣ Stop / Cancel ခလုတ်ကို ဖိထား
3️⃣ Stop ဖိထားတဲ့အတိုင်း
👉 Power ခလုတ်ကို ဖိပြီး ဖွင့်
4️⃣ ၂ ခလုတ်လုံးကို ၅–၁၀ စက္ကန့်ခန့် ဖိထား
5️⃣ မီးလင်း/လှုပ်ရှားလာရင် လွှတ်ပါ
➡️ Printer က
အသံထွက်မယ်
မီးလင်းလှုပ်မယ်
Ink Flushing / Power Cleaning စလုပ်ပါတယ်
၁၀–၁၅ မိနစ် ခန့် ကြာနိုင်ပါတယ်
(အချိန်အတွင်း မပိတ်ပါနဲ့) ပြီးသွားရင်
Nozzle Check Print ထုတ်စစ်ပါ။
Y / M / C လိုင်းတွေ ကောင်းလာမလာ ကြည့်ပါ။
♂️ သတိထားစရာအချက်
❌ ၁ ရက်အတွင်း ၁ ကြိမ်ထက် မလုပ်ရ
❌ Ink အရမ်းကုန်ပါတယ်
❌ မကြာခဏလုပ်ရင် Head ပိုပျက်နိုင်ပါ။
♂️♂️♂️ အကြံပြုချက်
မိမိ Printer ကို အပတ်စဉ် ၁–၂ ပတ်လောက် မသုံးဘဲထားရင် Head ပိတ်လွယ်ပါတယ်။
အပတ်စဉ် Nozzle Check တစ်ကြိမ်လုပ်ပေးပါ။
ကွန် ပြု တာ သုံး သူ တိုင်း သိ ထား သင့် သော Keyboard Shortcut (၁၀) ခု အ ပိုင်း ( ၁ )
=================================
ကွန်ပျူတာ အခြေခံများကို နေ့စဉ်လေ့လာနိုင်ဖို့ Page လေးကို Follow လုပ်ထားဖို့ မမေ့ပါနဲ့😁😁👇
PDO IT
မင်္ဂလာပါခင်ဗျာ။ ဒီနေ့ ကျနော်နဲ့ အတူတူလေ့လာသွားမယ့် အကြောင်းအရာလေးကတော့ ကွန်ပြုတာသုံးသူတိုင်း သိထားသင့်သော Keyboard Shortcut အကြောင်းဖြစ်ပါတယ်။ အရင်ဆုံးအနေနဲ့ Keyboard Shortcutကိုသုံးခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမလဲ ဆိုတာဘဲဖြစ်ပါတယ်။ Keyboard Shortcut တွေကို သုံးခြင်းဖြင့် ကွန်ပြုတာဖြင့် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရာတွင် ပိုမိုမြန်လာစေပါတယ်။ နောက်ပြီး ကွန်ပြုတာကို အထာကျကျ အသုံးပြုလာနိင်မှာ ဖြစ်ပါတယ်။ ကဲ ဒါဆိုရင်စလိုက်ကြရအောင်ပါ။
နောက်လိုရင်လည်း ပြန်ကြည့်လို့ရအောင် Share ထားလိုက်ဦးနော်
(၁) Ctrl + C & Ctrl + X
Ctrl + C ဆိုတာသည် မိမိ ရွေ့ချင်သော ဖိုင်တစ်ခုကိုသော်၄င်း၊ စာကြောင်းကိုသော်၄င်း Select ပေးပြီးတော့ Ctrl C နှိပ်လိုက်မယ်ဆိုရင် Copy လုပ်ခြင်းဖြစ်ပါတယ်။ Ctrl + X ကိုနှိပ်လိုက်မယ်ဆိုရင် Cut လုပ်သည့် သဘောနှင့် တူပါ
သည်။
(၂) Ctrl + V
Ctrl + V ဆိုတာသည် Paste လုပ်ခြင်းဖြစ်ပါသည်။ Copy (သို့မဟုတ်) Cut လုပ်လာသော ဖိုင်တွေကို၄င်း၊ စာကြောင်းကို၄င်း သိမ်းဆည်းလိုသောနေရာရောက်သည့်အခါတွင် Ctrl + V နှိပ်လိုက်မယ်ဆိုရင် Paste လုပ်ခြင်းဖြစ်ပါသည်။
(၃) Ctrl + S
Ctrl + S ဆိုတာသည် မိမိ ၇ိုက်ထားသော စာများကို သိမ်းဆည်းလိုသည့်အခါတွင် Ctrl + S နှိပ်ပြီး သိမ်းဆည်းနိုင်ပါသည်။ Save လုပ်ခြင်းနှင့် သဘောတရား အတူတူပင်ဖြစ်ပါသည်။
(၄) Ctrl + F
Ctrl + F ဆိုတာသည် Browser သော်၄င်း၊ Word ၄င်း ဖွင့်ထားသည့်အချိန်တွင် ထိုစာမျက်နှာထဲ စာလုံးတစ်ခုခုကို ရှာချင်သည့်အခါတွင် Ctrl + F ကိုနှိပ်လိုက်ပြီး မိမိရှာချင်သည့် စာလုံးကို ရှာဖွေနိုင်ပါသည်။
(၅) Ctrl + Z & Ctrl + Y
Ctrl + Z & Ctrl + Y ဆိုတာသည် Undo & Redo ကိုလုပ်ခြင်း ဖြစ်ပါသည်။ ဒါကိုတော့ တော်တော်များများသိမယ်ထင်လို့ အသေးစိတ်ရှင်းမပြတော့ပါဘူး။
(၆) Alt + Tab
Alt + Tab ဆိုတာသည် လက်ရှိသုံးနေသော Program တစ်ခုမှ အခြားတစ်ခုကို ပြောင်းသုံးချင်သည့် အခါတွင် Mouse မကိုင်ဘဲ Alt + Tab ဖြင့် ပြောင်းနိုင်ပါသည်။
(၇) Ctrl + P
Ctrl + P ဆိုတာသည် Print ထုတ်လိုသည့် အခါတွင် အသုံးပြုခြင်း ဖြစ်ပါသည်။
(၈) Windows + E
My Computer ထဲကို ၀င်ရောက်ချင်သည့် အခါတွင် Windows + E ကို နှိပ်လိုက်ခြင်းဖြင့် ၀င်ရောက်နိုင်ပါသည်။
(၉) Windows + L
လက်ရှိသုံးနေသော ကွန်ပြုတာကို Lock လုပ်လိုလျှင် အသုံးပြုခြင်း ဖြစ်ပါသည်။
(၁၀) Ctrl + Shift + Esc
Task Manager ကိုခေါ်လိုသည့် အခါတွင် အသုံးပြုခြင်း ဖြစ်ပါသည်။
အပိုင်း (၂)တွင် ကျန်နေသေးသည့် Keyboard Shortcut (၁၀)ခုကို ဆက်လက်ဖော်ပြပေးပါမည်။
🙏အဆုံးထိ ဖတ်ရူ့လာပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ လေ့လာထားတဲ့ စာတွေကို ကောင်းစွာ ပြန်လည် အသုံးချနိင်ကြပါစေဗျာ။
29/07/2025
"No Internet Access" ဆိုတာ Wi-Fi ချိတ်ထားပေမယ့်
အင်တာနက်မရတဲ့အခြေနေများ။
====================================
Wi-Fi ကို Forget ပြန်ချိတ်
1. Start > Settings > Network & Internet > Wi-Fi သွားပါ
2. Manage known networks ကိုနှိပ်ပါ
3. ချိတ်ထားတဲ့ Wi-Fi ကို Forget လုပ်ပါ
4. ပြန်ချိတ်ပြီး password ထည့်ပါ
CMD နဲ့ IP & DNS ပြန် Reset
1. Start Menu မှာ cmd ရိုက်ပါ
2. Command Prompt ကို Right-click → Run as Administrator
3. အောက်ပါအတိုင်း ရိုက်ထည့်ပါ (တစ်ကြောင်းစီ)
netsh winsock reset
netsh int ip reset
ipconfig /release
ipconfig /renew
ipconfig /flushdns
4. ပြီးတဲ့နောက် Restart လုပ်ပါ
DNS Server ကို Manual ပြောင်း
1. Control Panel > Network and Sharing Center > Change adapter settings သွားပါ
2. Wi-Fi ကို Right-click → Properties
3. “Internet Protocol Version 4 (TCP/IPv4)” ကို နှိပ်ပါ
4. “Use the following DNS server addresses” ကိုရွေးပါ
Preferred DNS: 8.8.8.8
Alternate DNS: 8.8.4.4
5. OK → Close → Restart
Troubleshoot Tool
Settings > Network & Internet > Status
“Network Troubleshooter” ကို run လုပ်ပါ
→ Windows က ပြဿနာကို စစ်ပြီး auto ဖြေရှင်းပေးနိုင်ပါတယ်။
Desa Bal မှ ကူးယူဖော်ပြလိုက်ပါသည်။
လေးစားစွာဖြင့်
Naylinhtet အိုင်တီလမ်းညွှန်"No Internet Access" ဆိုတာ Wi-Fi ချိတ်ထားပေမယ့်
အင်တာနက်မရတဲ့အခြေနေများ။
====================================
Wi-Fi ကို Forget ပြန်ချိတ်
1. Start > Settings > Network & Internet > Wi-Fi သွားပါ
2. Manage known networks ကိုနှိပ်ပါ
3. ချိတ်ထားတဲ့ Wi-Fi ကို Forget လုပ်ပါ
4. ပြန်ချိတ်ပြီး password ထည့်ပါ
CMD နဲ့ IP & DNS ပြန် Reset
1. Start Menu မှာ cmd ရိုက်ပါ
2. Command Prompt ကို Right-click → Run as Administrator
3. အောက်ပါအတိုင်း ရိုက်ထည့်ပါ (တစ်ကြောင်းစီ)
netsh winsock reset
netsh int ip reset
ipconfig /release
ipconfig /renew
ipconfig /flushdns
4. ပြီးတဲ့နောက် Restart လုပ်ပါ
DNS Server ကို Manual ပြောင်း
1. Control Panel > Network and Sharing Center > Change adapter settings သွားပါ
2. Wi-Fi ကို Right-click → Properties
3. “Internet Protocol Version 4 (TCP/IPv4)” ကို နှိပ်ပါ
4. “Use the following DNS server addresses” ကိုရွေးပါ
Preferred DNS: 8.8.8.8
Alternate DNS: 8.8.4.4
5. OK → Close → Restart
Troubleshoot Tool
Settings > Network & Internet > Status
“Network Troubleshooter” ကို run လုပ်ပါ
→ Windows က ပြဿနာကို စစ်ပြီး auto ဖြေရှင်းပေးနိုင်ပါတယ်။
Desa bal
20/07/2025
today services
Dell laptop keyboard replacement
Lenovo- installation windows 11,deep hardware cleaning
HP- HDD cable missing
07/07/2025
Computer basic
Day 1
02/07/2025
Computer Basic အတန်းအတွက် စာရင်းပေးသွင်းနိုင်ပါပြီ
11/06/2025
PDO Department of information technology
03/06/2024
𝗕𝗹𝘂𝗲 𝗦𝗰𝗿𝗲𝗲𝗻 𝗘𝗿𝗿𝗼𝗿
===============
ကွန်ပျူတာ သုံးနေရင်း အပြာရောင် Screen ပေါ်မှာ error code တွေ၊ QR code တွေပေါ်လာပြီး ဆက်လက်အသုံးပြုလို့မရတော့တဲ့ ပြဿနာမျိုးကို Windows ကွန်ပျူတာ သုံးသူတိုင်း ကြုံဖူးကြမှာပါ။
ဒီလို ပြဿနာမျိုးကို 𝗕𝗹𝘂𝗲 𝗦𝗰𝗿𝗲𝗲𝗻 𝗘𝗿𝗿𝗼𝗿 သို့မဟုတ် 𝗕𝗹𝘂𝗲 𝗦𝗰𝗿𝗲𝗲𝗻 𝗼𝗳 𝗗𝗲𝗮𝘁𝗵 (𝗕𝗦𝗢𝗗) လို့ခေါ်ပါတယ်။
▶ RAM, hard drive သို့မဟုတ် graphics card များမှာ ဖြစ်ပေါ်လေ့ရှိတဲ့ Hardware error များ
▶ မကိုက်ညီတဲ့ device driver များကြောင့် system ချို့ယွင်းမှုများဖြစ်ပေါ်စေတတ်တဲ့ Drive error များ
▶ System files, Applications သို့မဟုတ် Operating System များချို့ယွင်းတဲ့အခါ ဖြစ်ပေါ်လာတဲ့ Software error များ
▶ အန္တရာယ်ရှိတဲ့ Malware နဲ့ Viruses များက system processes ကို ချို့ယွင်းစေခြင်း..
အစရှိတဲ့ အချက်များက Blue Screen of Death (BSOD) ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်း များစွာရှိတဲ့ထဲက အဖြစ်များလေ့ရှိတဲ့ အချက်တွေပဲဖြစ်ပါတယ်။
Blue Screen Error ဖြစ်ရခြင်းဟာ အခုလို error ဖြစ်ပေါ်လာတဲ့အခါ ကွန်ပျူတာရဲ့ data များ ပျက်စီးမှုမှကာကွယ်နိုင်ဖို့အတွက် operating system ကြီးကို ရပ်ပစ်လိုက်ခြင်း ဖြစ်ပါတယ်..
☑ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် အသုံးအများဆုံး နည်းလမ်းတစ်ခုကတော့ blue screen error ဖြစ်တဲ့အခါ 100% ပြည့်အောင် စောင့်ပြီး restart ချခြင်းပဲဖြစ်ပါတယ်..
☑ ဒီအဆင့်မှာအဆင်မပြေသေးဘူးဆိုရင်တော့ screen မှာ ပေါ် လာတဲ့ error code ကို Google မှာ ရိုက်ပြီးတော့ ရှာနိုင်သလို QR code လေးကို scan ဖတ်ပြီးတော့လည်း solution ရှာလို့ရပါတယ်။
☑ လုံးဝဖြေရှင်းလို့မရဘူးဆိုရင်တော့ data တွေကို backup လုပ်ပြီး Windows ပြန်တင်ရန် လိုအပ်မှာဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Location
Category
Website
Address
19 Street, 59x60 Street Corner, Nan Shae, Aungmyaetharzan Tsp
Mandalay
05014