AEP Private High School

AEP  Private High School AEP Private High School

2023-2024 ပညာသင်နှစ် &  2024 -2025 ပညာသင်နှစ် အောင်မြင်မှု မှတ်တမ်း
29/07/2025

2023-2024 ပညာသင်နှစ် & 2024 -2025 ပညာသင်နှစ်

အောင်မြင်မှု မှတ်တမ်း

လွဲချော်သွားခဲ့သော ကျောင်းသား/သူ များအတွက် လူနည်းနည်း-ထိထိရောက်ရောက် လေ့ကျင့်မည့် Special Day 2  အတန်း လက်ခံပြီ …..🏛️စာသ...
28/07/2025

လွဲချော်သွားခဲ့သော ကျောင်းသား/သူ များအတွက် လူနည်းနည်း-ထိထိရောက်ရောက် လေ့ကျင့်မည့်
Special Day 2 အတန်း လက်ခံပြီ …..
🏛️စာသင်ခန်း တစ်ခန်းလျှင် ၁၂ ဦး မှ ၁၅ ဦးသာ လက်ခံမည်။ တန်းခွဲမရှိပါ။
💪လူနည်းနည်းနဲ့ ထိရောက်စွာ သင်ကြားမယ်။
🌅ကျောင်းသားတွေရဲ့ Level တိုင်းကို ဆင်းပြီး သင်ပေးနိုင်တဲ့ ဆရာကြီးဆရာမကြီး များက တာဝန်ယူထားတယ်။
💐💐စိတ်ဓာတ် မြှင့်တင်ခြင်း အချိန် များလဲ ထည့်ထားပေးတယ်။
✈️🌍ယခုပညာသင်နှစ်မှစပြီး အစီစဉ်ဆွဲထားသော အပတ်စဉ် တိုးတက်မှုကို အခြေခံတဲ့ Study ပုံစံ စနစ်နဲ့ သင်ကြားမယ်။
✍️ပထမလ အတွင်းမှာပဲ တိုးတက်မှုတွေ စမြင်ရပါလိမ့်မယ်။

💪💪အဆောင်နေကျောင်းသားကျောင်းသူများ အတွက်
• ပညာရေးကိုအထောက်အပံ့ ပေးသော အစားအသောက် နှင့် နေထိုင်မှု အတွက်လဲ စိတ်မပူပါနဲ့
🍜🥘လက်ရှိကျောင်းသား ၉၇% ကို အိမ်က အခြောက်အခြမ်းဘာမှ ပို့ စရာမလိုကြပါ။

📆 သင်တန်းစမည့်ရက် – စက်တင်ဘာ ၄ ရက် (ကြာသပတေးနေ့)

🗓️ သင်တန်းကာလ – ၇ လ

🕖 အတန်းချိန် – နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ

📚 တပတ်လျှင် ၆ ရက် လေ့ကျင့်ရမည်
AEP Private High School
💖2025-2026ပညာသင်နှစ်💖
——————————————
🏠 ၃၃လမ်း၊ ၈၃ x ၈၄ကြား၊ မန္တလေးမြို့။
📱 09951145114
"မိဘများရဲ့ ရွေးချယ်မှုဟာ သားသမီးများရဲ့
လှပတဲ့အနာဂတ်တွေ ဖန်တီးပေးနေကြတာပါ။"






#ပညာသင်နှစ် #ပညာ #အထက်တန်း #အလယ်တန်း #မူလတန်း #အနာဂတ် #ကျောင်းဖွင့်ပြီ #ကျောင်းအပ်လက်ခံ #ပညာသင်နှစ် #ပညာသင်နှစ်2025_2026

28/05/2025

✅အပြုသဘောဆောင်သော နည်းလမ်းများဖြင့်
ဆရာနှင့်ကျောင်းသားအပြန်အလှန်လေးစားမှုအပြည့်ဖြင့် သင်ကြားလေ့ကျင့်ပေးသောနေရာ✨✨✨💫

🔹AEP Private High School🔹
💖2025-2026ပညာသင်နှစ်💖
——————————————
🏠 ၃၃လမ်း၊ ၈၃ x ၈၄ကြား၊ မန္တလေးမြို့။
📱 09951145114/ 09799833937
"မိဘများရဲ့ ရွေးချယ်မှုဟာ သားသမီးများရဲ့
လှပတဲ့အနာဂတ်တွေ ဖန်တီးပေးနေကြတာပါ။"

❗️မှတ်ချက် ဆက်သွယ်ရန် ဖုန်းလိုင်း အခက်ခဲရှိပါက
Message or Page Messenger ပို့ပေးပါခင်ဗျ AEPမှ ပြန်လည်ဆက်သွယ်ပေးပါမယ်ခင်ဗျာ...

#ကျောင်းအပ်လက်ခံ #ပညာသင်နှစ် #ပညာသင်နှစ်2025_2026

#ကျောင်းအပ်
#ကျောင်းအပ်လက်ခံ #ကျောင်းဖွင့်ပြီ

#

✅ဆရာနှင့် ကျောင်းသား အပြန်အလှန်လေးစားမှု အပြည့်နဲ့ အပြုသဘောဆောင်သော နည်းလမ်းများဖြင့် ပြုစု ပျိုးထောင်ပေးရာနေရာ ……✨✨✨💫သာ...
27/05/2025

✅ဆရာနှင့် ကျောင်းသား အပြန်အလှန်လေးစားမှု အပြည့်နဲ့ အပြုသဘောဆောင်သော နည်းလမ်းများဖြင့် ပြုစု ပျိုးထောင်ပေးရာနေရာ ……✨✨✨

💫သားသမီးများကို လူတော်တစ်ယောက်တင်မက လူကောင်းဆိုတဲ့ အရည်အချင်းတွေကိုပါ ပိုင်ဆိုင်စေချင်တာ မိဘများရဲ့ အိမ်မက်ပါ ။💫

✅လူတော်ဖြစ်ဖို့ အတတ်ပညာတွေကို လေ့ကျင့် သင်ကြားပေးရသလို ✨
✅လူကောင်းတစ်ယောက် ဖြစ်ဖို့ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားတွေကို အဓိကအလေးထား လေ့ကျင့်,သင်ကြား,ပြုစုပျိုးထောင်ပေးဖို့ လိုအပ်တယ် ။

💢အောင်မြင်ပြီး မှန်ကန်တဲ့ ဘ၀တစ်ခုကို
လျှောက်လှမ်းဖို့ အတွက်...

ကျောင်းစာများကို ဗဟိုပြုပြီး ✅

📌ကိုယ်တိုင် စဉ်းစား ၊ ခွဲခြား ၊ ဆုံးဖြတ်တတ်တဲ့အရည်အချင်းတွေရှိအောင်

📌အဖွဲ့ အစည်းနဲ့ ပူပေါင်း ဆောင်ရွက်တတ်တဲ့ အရည်အချင်းတွေရှိအောင်

📌နားထောင်တတ်တဲ့ အရည်အချင်းတွေ ရှိအောင်

📌ကိုယ်ကျင့်တရား၊ ကိုယ်ချင်းစာတရားတွေပါရှိအောင်

📌ပြောဆို ၊ ပေါင်းသင်းဆက်ဆံတတ်တဲ့ အရည်အချင်းရှိအောင်

📌မတူညီတဲ့ အတွေးအခေါ်တွေကို လေးစားတန်ဖိုးထားတတ်အောင် စသည့် လူတစ်ဦးမှာ ရှိသင့် ရှိထိုက်တဲ့ အရည်အချင်းများစွာကို ဆရာနှင့်ကျောင်းသား အတွေးခေါ်များကို အပြန်လှန် လေးစားမှုအပြည့် ရှိတဲ့ ✅Power Distance တွေကို အခြေခံပြီး

💥အဖွဲ့လိုက် စဉ်းစားတွေးခေါ်ခြင်း ၊ ဆွေနွေးတိုင်ပင်ခြင်း
💥 တစ်ဦးတစ်ယောက်ချင်း ၊ နှစ်ယောက်တစ်တွဲ ၊ အုပ်စုလိုက် Presentation များပြုလုပ်ခြင်း
💥သင်ကြားထားသော သင်ခန်းစာများအား လက်တွေ့ အသုံးချခြင်း နှင့် ပြန်လည်မျှဝေခြင်းစသည့်
သင်ကြားရေးနည်းလမ်းကို အသုံးပြုပြီး တစ်လှမ်းခြင်းပျိုးထောင်ပေးသွားမှာပါ ။

💢စာသင်ခန်းတစ်ခန်းမှာ ၂၅-၃၀ ✅ သာ လက်ခံသင်ကြားပေးတဲ့ အတွက် အထက်ပါအရည်အချင်းတွေကို ရရှိအောင် ကောင်းကောင်းပုံဖော်ပေးနိုင်မှာပါ။

💯ရက်၂၀အစမ်းတက်ရောက်ပြီးလေ့လာနိုင်ပါတယ်ခင်ဗျ💯✅

🔹AEP Private High School🔹
💖2025-2026ပညာသင်နှစ်💖
——————————————
🏠 ၃၃လမ်း၊ ၈၃ x ၈၄ကြား၊ မန္တလေးမြို့။
📱 09951145114
"မိဘများရဲ့ ရွေးချယ်မှုဟာ သားသမီးများရဲ့
လှပတဲ့အနာဂတ်တွေ ဖန်တီးပေးနေကြတာပါ။"






#ပညာသင်နှစ် #ပညာ #အထက်တန်း #အလယ်တန်း #မူလတန်း #အနာဂတ် #ကျောင်းဖွင့်ပြီ #ကျောင်းအပ်လက်ခံ #ပညာသင်နှစ် #ပညာသင်နှစ်2025_2026

♦️၂၀၂၅-၂၀၂၆ ပညာသင်နှစ်♦️AEP Private High School ——————————————🏠 ၃၃လမ်း၊ ၈၃ x ၈၄ကြား၊ မန္တလေးမြို့။📱 09951145114/ 0979983...
27/05/2025

♦️၂၀၂၅-၂၀၂၆ ပညာသင်နှစ်♦️

AEP Private High School
——————————————
🏠 ၃၃လမ်း၊ ၈၃ x ၈၄ကြား၊ မန္တလေးမြို့။
📱 09951145114/ 09799833937
"မိဘများရဲ့ ရွေးချယ်မှုဟာ သားသမီးများရဲ့
လှပတဲ့အနာဂတ်တွေ ဖန်တီးပေးနေကြတာပါ။"

❗️မှတ်ချက် ဆက်သွယ်ရန် ဖုန်းလိုင်း အခက်ခဲရှိပါက
Message or Page Messenger ပို့ပေးပါခင်ဗျ AEPမှ ပြန်လည်ဆက်သွယ်ပေးပါမယ်ခင်ဗျာ...

#ကျောင်းအပ်လက်ခံ #ပညာသင်နှစ် #ပညာသင်နှစ်2025_2026

💢မိမိသားသမီး အနာဂတ် အတွက် #ရွေးချယ်ဆုံးဖြတ်ခွင့်ပေးပါ။ 🔶မနည်းသောအရေအတွက် မိဘများဟာ မိမိသားသမီးကို ငယ်ရွယ်စဉ်ကတည်းက အရွယ်...
27/05/2025

💢မိမိသားသမီး အနာဂတ် အတွက်
#ရွေးချယ်ဆုံးဖြတ်ခွင့်ပေးပါ။

🔶မနည်းသောအရေအတွက် မိဘများဟာ
မိမိသားသမီးကို ငယ်ရွယ်စဉ်ကတည်းက
အရွယ်အလိုက် ပေးသင့်ပေးထိုက်တဲ့
ရွေချယ်ခွင့် မပေးကြဘူး။ 💢

ဘာလို့ မပေးတာလဲဆိုတော့ ❓
🔶 ငါသားလေးက ငယ်သေးတယ်။
🔶 ဘာမှမလုပ်နိုင်သေးဘူး။
🔶 ငါ့သားလေးက ငါ့ သမီးလေးက ဒီအရွယ်မှာ အမှန်အမှား ခွဲခြားနိုင်တဲ့ အရည်အချင်းမရှိသေးဘူး။

✅ဒါ့ကြောင့် အမှန်အမှားကို ခွဲခြားတတ်အောင် ၊ တွေးတော နိုင်အောင် သင်ပေးရမည့် အစား သေးသေးဖွဲဖွဲလေးကစ မိဘတွေက ဝင်ပြီး ရွေးချယ်ဆုံးဖြတ်ပေးတယ် ။

👦ကလေးတွေမှာ ကိုယ်တိုင် ဆုံးဖြတ်ခွင့် ၊ ရွေးချယ်ခွင့် မရှိတော့ မိဘကို အရမ်းကြီး မှီခိုချင်တဲ့
စိတ်တွေဝင်လာမယ်

💥သူ့အရွယ်နဲ့သူ အမှန်အမှား ခွဲခြားနိုင်တဲ့
အတွေးအခေါ်မရှိတော့ဘူး နောက်ဆက်တွဲကတော့

🔹ယုံကြည်မှု တွေ အားနည်းလာတယ်

🔹ကိုယ့်ကိုကိုယ် အားကိုးချင်စိတ်တွေပျောက်လာတယ်

🔹အဆိုးဆုံးက မိမိကိုယ်မိမိ တန်ဖိုးမထားတတ်တော့ဘူး

ဒါတွေကို မိဘတွေသတိမထားမိကြဘူး။

💢ဘယ်သတိထားမိမလဲ မိမိသားသမီးအတွက်ဆို အသက်တောင်ပေးဖို့ ဝန်မလေးတဲ့ မိဘတွေလေ။ ဒါပေမယ့် ချစ်ရာမရောက် နှစ်ရာရောက်မဖြစ်စေချင်ဘူး

💢လောင်းရိပ်မိနေတဲ့ သစ်ပင်တစ်ပင် ဟာ ကောင်းမွန်စွာ ရှင်သန်ကြီးထွားဖို့ မဖြစ်နိုင်ပါဘူး ။

🔸အဲ့ဒီလိုပဲ လောင်းရိပ်မိနေတဲ့ ကလေးတစ်ယောက်ဟာလဲ လောကဓံကို ခံနိုင်ရည်ရှိဖို့ မဖြစ်နိုင်ပါဘူး။

👦 အဲ့တော့ကျွန်တော်တို့ မိမိသားသမီးကို အရွယ်နဲ့ အလိုက် ရွေးချယ်ဆုံးဖြတ်ခွင့်တွေပေးတဲ့အခါ
ကျွန်တော်တို့ ငယ်ငယ်တုန်းကလေ လမ်းလျှောက်တတ်တဲ့ အရွယ်မှာ လမ်းလျှောက်နည်းသင်ပေးသလိုပေါ့။

✅ရပ်နိုင်ပြီဟေ့ ရပ်နိုင်ပြီ ဆိုပြီး ဘေးကနေလက်ခုပ်လေးတီးပြီး အပြုံးလေးနဲ့ ပေါ့။ 💖

💡လဲကျတယ် ၊ထူမပေးပြီး ဘေးကနေ အားပေးစကားပြောပြီး ကိုယ်တိုင်ပြန်ထခိုင်းတယ်

ဒါ့ကြောင့် မိမိသားသမီးကို ပြုစုပျိုးထောင်တဲ့ အခါမှာ
လောကကြီးအကြောင်းကို သိဖို့ အတွက် သူ့အရွယ် နှင့်မျှတတဲ့
🔹အခက်အခဲတွေ
🔹ပြသနာတွေဆီ ကို တွန်းပို့ပေးပါ ဘေးကနေ ဖေးမပေးပါ။
🔹ကလေးအတွက် အန္တရာယ် မရှိဘူးဆိုရင် သူကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခွင့် ပေးပါ။
🔹မှားလျှင် လည်း အပြစ်မတင်ပါနဲ့ ။ သင်ခန်းစာယူ တတ်အောင် လမ်းပြပေးပါ။
🔹မှားတဲ့ အမှားကို သူတို့ ကိုယ်တိုင် ရင်ဆိုင်ပါစေ ကိုယ်က ဘေးက အကောင်းအဆိုးဝေဖန်ပိုင်းခြားပြပါ။

♦️အဲ့ဒီလိုသာ ပြုစုပျိုးထောင်ပေးသွားမယ်ဆိုရင် မိမိသားသမီးက
✅မိမိကိုယ်မိမိယုံကြည်မှု တွေ တိုးလာမယ်
✅ မိမိကိုယ်မိမိ တန်ဖိုးထားတတ်လာမယ်
✅သူကိုယ်တိုင်ရွေးချယ်ထားတာဖြစ်တဲ့ အတွက် နောက်ဆက်တွဲတွေနဲ့ ကြုံ လာတဲ့ အခါ ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်လာမယ်
✅နောင်ဒီလိုအမှားမျိုးတွေ ဖြစ်မလာအောင် ဘယ်လိုစဉ်းစားရမလဲ သိလာမယ်။
✅ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လာမယ်။

🔹AEP Private High School🔹
💖2025-2026ပညာသင်နှစ်💖
——————————————
🏠 ၃၃လမ်း၊ ၈၃ x ၈၄ကြား၊ မန္တလေးမြို့။
📱 09951145114/ 09799833937
"မိဘများရဲ့ ရွေးချယ်မှုဟာ သားသမီးများရဲ့
လှပတဲ့အနာဂတ်တွေ ဖန်တီးပေးနေကြတာပါ။"

❗️မှတ်ချက် ဆက်သွယ်ရန် ဖုန်းလိုင်း အခက်ခဲရှိပါက
Message or Page Messenger ပို့ပေးပါခင်ဗျ AEPမှ ပြန်လည်ဆက်သွယ်ပေးပါမယ်ခင်ဗျာ...

#ကျောင်းအပ်လက်ခံ #ပညာသင်နှစ် #ပညာသင်နှစ်2025_2026

လေးစားစွာ နားထောင်တက်တဲ့ ကလေးတွေ ဖြစ်လာအောင် လေးစားစွာ နားထောင်တက်တဲ့ ဆရာ၊ဆရာ မ တွေ လိုအပ်တယ်။ 🔹ကျောင်းသားဗဟိုပြု သင်ကြာ...
27/05/2025

လေးစားစွာ နားထောင်တက်တဲ့ ကလေးတွေ
ဖြစ်လာအောင် လေးစားစွာ နားထောင်တက်တဲ့
ဆရာ၊ဆရာ မ တွေ လိုအပ်တယ်။

🔹ကျောင်းသားဗဟိုပြု သင်ကြားရေးဖြစ်စဉ်မှာ နားထောင်ခြင်းဟာ အဆင့်တန်း မြင့်မားပြီး အရည်အချင်းရှိ တဲ့ စာသင်ခန်းဖြစ်စေဖို့ သော့ချက်( အသက်သွေကြော) ပဲ။ နားထောင်ခြင်းမရှိတဲ့ စာသင်ခန်းဟာ ပေါ့ပျက်ပျက် နိူင်တဲ့ စာသင်ခန်းတစ်ခုပါပဲ။

🔹နားထောင်ခြင်းဟာ သင်ကြားပေးရတဲ့ ဖြစ်စဉ်မဟုတ်ပဲ သင်ယူရတဲ့ ဖြစ်စဉ်တစ်ခုပါ။

🔹လေးစားစွာ နားထောင်ခြင်းရဲ့ တန်ဖိုးဟာ သင်ကြားရေး ဖြစ်စဉ် ရဲ့ အရေးကြီးဆုံး အပိုင်းဖြစ်တဲ့ ခွဲခြမ်းစိတ်ဖြာခြင်း နှင့် ဝေဖန် ပိုင်းခြား သုံးသပ်ခြင်း အဆင့်ရောက်ရှိဖို့ လုံးလုံးကို အထောက်အကူပြုနေပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့ AEP ဆရာဆရာမများအနေဖြင့် နားထောင်တက်တဲ့ ဆရာဆရာမတွေဖြစ်အောင် ကလေးတွေဆီကနေ လေ့လာ သင်ယူထားပါတယ်။ လက်ရှိလဲ သင်ယူလေ့လာနေဆဲပါ။

🔶ဆရာနှင့်ကျောင်းသား အတွေးခေါ်များကို အပြန်လှန် လေးစားမှုအပြည့် ရှိတဲ့ ✅Power Distance တွေကို အခြေခံပြီး လက်တွေ့ အသုံးချခြင်း နှင့် ပြန်လည်မျှဝေခြင်းစသည့်
သင်ကြားရေးနည်းလမ်းများဖြင့် တစ်လှမ်းခြင်းပျိုးထောင်ပေးသွားမှာပါ ။

💢စာသင်ခန်းတစ်ခန်းမှာ ၂၅-၃၀ ✅ သာ လက်ခံသင်ကြားပေးတဲ့ အတွက် အထက်ပါအရည်အချင်းတွေကို ရရှိအောင် ကောင်းကောင်းပုံဖော်ပေးနိုင်မှာပါ။

🔹AEP Private High School🔹
——————————————
🏠 ၃၃လမ်း၊ ၈၃ x ၈၄ကြား၊ မန္တလေးမြို့။
📱 09951145114
"မိဘများရဲ့ ရွေးချယ်မှုဟာ သားသမီးများရဲ့
လှပတဲ့အနာဂတ်တွေ ဖန်တီးပေးနေကြတာ

#ပညာသင်နှစ်2025_2026 #ကျောင်းအပ်လက်ခံ #ပညာသင်နှစ်

💡Education (1.0) Remember and Understand အဆင့်ကို အကြမ်းအားဖြင့် 👨‍🎓စနစ်ဟောင်း ပညာရေးစနစ်လို့ ခေါ်နိူင်တယ်။💥 မှတ်မိ၊ နား...
27/05/2025

💡Education (1.0) Remember and Understand အဆင့်ကို အကြမ်းအားဖြင့် 👨‍🎓စနစ်ဟောင်း ပညာရေးစနစ်လို့ ခေါ်နိူင်တယ်။

💥 မှတ်မိ၊ နားလည်ဖို့ တွက် 🌟ဆရာမမှ နားလည်အောင် တာဝန်ယူရှင်းပြီး ခွဲခြမ်းစိတ်ဖြာမှုတွေပါလာရင် ဆရာတွေကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာပြီးသော
စာတွေကို ပြန်လည်ရှင်းပြတယ်။

💥ကျောင်းသူကျောင်းသားများက မနည်းသောပမာဏကို မှတ်မိအောင် အာဂုံဆောင် ကျက်မှတ် ခြင်းလို့ အဓိပ္ပာယ် ဖွင့် ဆိုချင်တယ် ။

💥လက်ရှိ ပညာရေးစနစ်သစ် ကို သုံးဆင့် မြှင့် လိုက်တာ အဲ့ဒီပညာရေးစနစ်ကို Education 4.0 လို့ခေါ်တယ်။

🔹သင်ခန်းစာပါ အကြောင်းအရာများကို 🧑‍🎓ကျောင်းသားကျောင်းသူများက
🌟 မိမိတို့ကိုယ်တိုင် နားလည်အောင် ကြိုးစားဖော်ဆောင်ပြီး
🌟ကျောင်းသားကျောင်းသူများကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာနိူင်ခြင်းနှင့် သုံးသပ်နိူင်ခြင်း မှသည် ဖန်တီးခြင်း အဆင့် ထိ ရောက်ရှိအောင်
🌟ဆရာမှ ပံ့ပိုး ကူညီပေးခြင်း နှင့် သင်ကြားသင်ယူခြင်း လို့ အဓိပ္ပာယ် ဖွင့်ဆိုချင်တယ်။ ✅

🔹Education 1.0 နဲ့ 🔹Education 4.0
အဓိပ္ပာယ် ဖွင့် ဆိုချက် နှစ်ခုကို သေချာဖတ်ကြည့်ရင် ရည်ရွယ် ချက် မတူညီတဲ့ အတွက် လုပ် ဆောင် ချက်တွေ
❗️လုံးလုံးတူညီမှာ မဟုတ်ပါဘူး။

❗️လုံးလုံးနည်းပါး မတူညီသော သင်ကြားနည်းတွေ ကွဲပြားနေရပါလိမ့်မယ်။ ✅

✅ ဒီ အဓိပ္ပာယ် ဖွင့်ဆို ချက်လေး နှစ်ခုကို 🔹သေသေချာချာလေး ဖတ်ရုံတင်မကပဲ
🔹သေသေချာချာလေး တွေးတောပြီး
🔹သေသေချာချာလေး ကြံစကြည့်ပါ။
💡အမြင်လေးတစ်ခု ရလာမယ်လို့ မျှော်လင့်ပါတယ် ။💖

💞မိဘများ၏ ရွေးချယ်မှု ဟာ သားသမီးများ၏ လှပတဲ့ အနာဂတ်တွေ ဖန်တီးပေးနေကြတာပါ။

🔹AEP Private High School🔹
——————————————
🏠 ၃၃လမ်း၊ ၈၃ x ၈၄ကြား၊ မန္တလေးမြို့။
📱 09951145114
"မိဘများရဲ့ ရွေးချယ်မှုဟာ သားသမီးများရဲ့
လှပတဲ့အနာဂတ်တွေ ဖန်တီးပေးနေကြတာ

#ပညာသင်နှစ်2025_2026 #ကျောင်းအပ်လက်ခံ #ပညာသင်နှစ်
#ပညာသင်နှစ် #ကျောင်းအပ်လက်ခံ #ပညာသင်နှစ်2025_2026

ပညာ နဲ့ ကိုယ်ကျင့်တရား 🎓လမ်းလျှောက်တဲ့အခါမှာ 💡💡✅မျက်လုံးက လမ်းကောင်း/လမ်းဆိုးကို အရင် ကြည့်ပါတယ် ။ ✅ခြေထောက်က ဆူး,ငြောင့...
27/05/2025

ပညာ နဲ့ ကိုယ်ကျင့်တရား 🎓
လမ်းလျှောက်တဲ့အခါမှာ 💡💡

✅မျက်လုံးက လမ်းကောင်း/လမ်းဆိုးကို အရင် ကြည့်ပါတယ် ။

✅ခြေထောက်က ဆူး,ငြောင့်,ခလုတ် စသည်တို့ကို
ရှောင် ပြီးတော့ လျှောက်ကြပါတယ် ။

✅ခရီးပေါက်ဖို့ ဆိုရင် ခြေထောက်ကလည်း လျှောက်တတ်ဖို့လိုတယ် ။

❗️မျက်လုံး ကောင်းပေမယ့်ခြေထောက် ကျိူး နေရင်လည်း ခရီး မပေါက်နိုင်သလိုခြေထောက်ကောင်းပေမယ့် မျက်လုံး ကန်း နေရင်လည်း လမ်းကောင်း
လမ်းဆိုး မရွေးချယ်နိုင်ပါဘူး ။

📌ဒါကြောင့်
`မျက်လုံး´ ဆိုတဲ့ `ပညာ´
- Education is the eye of men.
💡`ခြေထောက်´ ဆိုတဲ့ `ကိုယ်ကျင့်တရား´
- Charater is the foot of men.

✅`ပညာ´ နဲ့ `ကိုယ်ကျင့်တရား´
ဒီနှစ်ပါး ဟန်ချက် ညီမှလည်း
အရာရာတိုင်း ဖွံ့ဖြိုး တိုးတက်ပါတယ်🌟 ။
ဒါ့ကြောင့် ကျွန်တော်တို့ကျောင်းအနေဖြင့် သင်ခန်းစာများကို အဓိကထားသင်ကြားသည့် အပြင်

✅ကိုယ်ကျင့်တရားပိုင်းကိုလဲ အလေးထားသင်ကြားပေးပါတယ်။

🔹AEP Private High School🔹
——————————————
🏠 ၃၃လမ်း၊ ၈၃ x ၈၄ကြား၊ မန္တလေးမြို့။
📱 09951145114
"မိဘများရဲ့ ရွေးချယ်မှုဟာ သားသမီးများရဲ့
လှပတဲ့အနာဂတ်တွေ ဖန်တီးပေးနေကြတာ

#ပညာသင်နှစ်2025_2026 #ကျောင်းအပ်လက်ခံ #ပညာသင်နှစ်
#ပညာသင်နှစ် #ကျောင်းအပ်လက်ခံ #ပညာသင်နှစ်2025_2026

27/05/2025
💥ကလေးများအတွက် Critical Thinking ….💡ဒီနေ့ခေတ်မှာ Critical Thinking💡 ရှိဖို့လိုတယ် လို့ ပြောလာကြတာကို ❗️သင်သတိထားမိပါလိမ့...
27/05/2025

💥ကလေးများအတွက် Critical Thinking ….💡

ဒီနေ့ခေတ်မှာ Critical Thinking💡 ရှိဖို့လိုတယ်
လို့ ပြောလာကြတာကို
❗️သင်သတိထားမိပါလိမ့်မယ်❗️

❓ဒါဆို Critical Thinkingဆိုတာ ဘာကို ပြောတာလဲ???

❓ကလေးတွေအတွက် Critical Thinking ဘာကြောင့် လိုအပ်သလဲဆိုတာကို နည်းနည်းလေး
စဉ်းစားကြည့်ကြရအောင်လား

💥Critical Thinking ဆိုတာဟာ ကိစ္စတစ်ခု၊
ပြဿနာတစ်ခုကို တွေ့ကြုံလာရချိန်မှာ
✅ကိုယ်ပိုင်အတွေးအခေါ် သုံးသပ်ချက်တွေနဲ့
စနစ်တကျဖြစ်အောင် အကောင်းဆုံးချင့်ချိန်
ဆုံးဖြတ်နိုင်ခြင်းပါပဲ...

🔺အဲ့ဒီလို ဆုံးဖြတ်နိုင်ဖို့ဆိုရင် ကိုယ်တိုင်က
ပြဿနာအကြောင်းအရင်းကို သေချာနားလည်အောင် လုပ်ပြီး 👨‍🎓ကိုယ်ပိုင်အတွေးအမြင်တစ်ခု တည်ဆောက်နိုင်မှကို ဖြစ်မှာပါ..💡

🔹ဒါဆို ကလေးတွေအတွက် Critical Thinking က
ဘာကြောင့်အရေးကြီးလဲဆိုရင်
🔺စာကျက်ရုံ၊ စာမေးပွဲအမှတ်ကောင်းကောင်းရရုံဆိုတာထက်ကို သူတို့သင်ကြားထားတဲ့
ပညာရပ်တစ်ခုကို အသုံးချပြီး ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ ကလေးတွေ ဖြစ်လာဖို့ပါ..

💢ကလေးတွေကို Critical Thinking ရအောင် ဘာတွေလုပ်ပေးမလဲဆိုရင်

💯 စဉ်းစားရတဲ့အရသာကို သူတို့သိပါစေ
💯 အကြောင်းအရာ မေးခွန်းတိုင်းကို 💯ရှင်းရှင်းလင်းလင်းသိပါစေ
💯 အမှားကင်းပြီး တိကျပါစေ
💯 ဆီလျော်အောင် စဉ်းစားတတ်ပါစေ
💯 ကျိုးကြောင်းဆင်ခြင်တွေးပါစေ
💯 မျှတမှုရှိပါစေ
💯 ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဆုံးဖြတ်ခိုင်းပါ
အမှားကိုလည်း ထိခိုက်ပြောဆိုတာမျိုးမဟုတ်ဘဲ
သေချာစနစ်တကျ ထောက်ပြပြောနိုင်တဲ့အထိ လေ့ကျင့်ပေးပါ

💢ဒီလိုသာ လေ့ကျင့်ပေးမယ်ဆိုရင် ကလေးတွေမှာ
Critical Thinking Skill ကောင်းဖို့ဆိုတာ မခက်ခဲပါဘူး

💢ဘယ်ချိန်တည်းက စတင်လေ့ကျင့်ပေးရမလဲဆိုရင်တော့ကလေးတွေ စကားပြောတတ်ချိန် သိချင်စိတ်နဲ့ စူးစမ်းကတည်းကမိဘတွေကိုယ်တိုင်
လေ့ကျင့်ပေးနေဖို့ လိုပါတယ်..

❗️Every Child is Special ပါ ကလေးတိုင်းမှာ မေးမြန်းပိုင်ခွင့်တွေ ရှိပါတယ်❗️

✅ဒါကြောင့် သိချင်စိတ်ကို ရိုက်ချိုးမပစ်ဘဲ ကလေးတိုင်း စဉ်းစားတွေးခေါ်တတ်ကြဖို့ ရည်ရွယ်လျက်...

🔹AEP Private High School🔹
💖2025-2026ပညာသင်နှစ်💖
——————————————
🏠 ၃၃လမ်း၊ ၈၃ x ၈၄ကြား၊ မန္တလေးမြို့။
📱 09951145114/ 09799833937
"မိဘများရဲ့ ရွေးချယ်မှုဟာ သားသမီးများရဲ့
လှပတဲ့အနာဂတ်တွေ ဖန်တီးပေးနေကြတာပါ။"

#ပညာသင်နှစ် #ကျောင်းအပ်လက်ခံ #ပညာသင်နှစ်2025_2026

Address

33Street, Between 83 And 84
Mandalay

Telephone

+959950677771

Website

Alerts

Be the first to know and let us send you an email when AEP Private High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category