NDK Education Centre

NDK Education Centre

Share

အတန်းစုံ သင်ရိုးသစ် English ဘာသာရပ်များ နှင့် English 4 Skills သင်တန်းများကို ပို့ချပေးလျက်ရှိပါသည်။

Photos from NDK Education Centre's post 28/05/2025

🏡အေးချမ်းလှပတဲ့ မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်မှာ
အင်္ဂလိပ်စာသင်တန်း အသစ် ထားချင်တဲ့ မိဘများအတွက် သင်တန်းအသစ်ဖွင့်လှစ်လိုက်ပါပြီ။

🏠 မန္တလေးမြို့မှာ အောင်မြင်စွာ ရပ်တည်လာခဲ့တဲ့ သင်တန်းတစ်ခု ဖြစ်ပါတယ်။
Page မှာလာရောက်လေ့လာဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်။

😍 အခမဲ့ ပညာဒါနအတန်းလည်းပါဝင်တာကြောင့် မည်သူမဆို လာရောက်အပ်နှံနိုင်ပါပြီ။

ဖွင့်လှစ်လိုက်တဲ့အတန်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပြီး အချိန်ဇယားနဲ့ သင်တန်းကြေးတွေကိုတော့ ပုံပါဇယားမှာဖော်ပြထားပါတယ်။

🔵 1. English Grammar, Reading and writing
အသက် (6) နှစ်မှ (15) နှစ် ကြား တက်ရောက်နိုင်ပါတယ်။
အငယ်တန်းတွေကိုတော့ Grammar ထက် Vocabs + Easy Reading & Writing ပုံစံသင်ကြားပေးမှာဖြစ်ပြီး အတန်းအားလုံးကို အင်္ဂလိပ်စာ အလွတ်ကျက်စရာမလိုဘဲ ကိုယ်တိုင်ရေးတတ် ဖတ်တတ်အောင် သင်ကြားမှာ ဖြစ်ပါတယ်။

🔴 2. English Speaking
အသက် (6) နှစ်မှ (15) နှစ် ကြား တက်ရောက်နိုင်ပါတယ်။
ပုံမှန်ပြောတတ်၊ ဆက်သွယ်တတ်အောင်အပြင် လူအများရှေ့ပြောရဲတဲ့ Public Speaking Skill အတွက်ပါလေ့ကျင့်ပေးပါတယ်။ British Eng & American Eng စတဲ့ ကွာခြားမှု Accent တွေအပြင် မိခင်ဘာသာစကားအလိုက် လေယူလေသိမ်း နဲ့အသုံးအနှုံး ကွဲလွဲတတ်ပုံကိုလည်း သင်ကြားပေးမှာဖြစ်ပါတယ်။

🟢 3. နိုင်ငံတကာ သင်္ချာအတန်း
အသက် (6) နှစ်မှ (15) နှစ် ကြား တက်ရောက်နိုင်ပါတယ်။
Cambridge Maths + Olympiad Maths အပါအဝင် စိတ်တွက် သင်္ချာ ကိုလည်းလေ့ကျင့်ပေးပါတယ်။

🟠 4. Basic Social Studies - "ပညာဒါန"
အသက် (10) နှစ်မှ (17) နှစ် ကြား တက်ရောက်နိုင်ပါတယ်။
အခြေခံ ပထဝီ၊ သမိုင်း၊ မြေပုံ၊ ရာသီဥတုနဲ့ သဘာဝ ဘေးများအကြောင်းနဲ့ မိမိတို့နေထိုင်ရာ ကမ္ဘာမြေအကြောင်း အပါအဝင် အထွေထွေ ဗဟုသုတများကို သင်ကြားပေးမှာဖြစ်ပါတယ်။ စာရွက်စာတမ်းကအစ အခမဲ့ ဝေပေးမှာ ဖြစ်ပြီး (3) လတိတိ ပညာဒါန ပေးမှာဖြစ်ပါတယ်။
တရုတ်ကျောင်းရှိလို့ နှစ်ရက်လုံးမရ သူများ တနင်္ဂတွေတစ်ရက်တည်းလည်း လာတက်နိုင်ပါတယ်။

⚪ 5. ဘာသာစုံလေ့ကျင့်ရေး
Grade (1) မှ Grade (9) ကြား။
ကျောင်းသင်ရိုးပါ စာများကို ​ကောင်းစွာ နားလည်သဘောပေါက်နိုင်ဖို့ အာမခံ သင်ကြားပေးပါတယ်။
မြန်မာကျောင်း၊ တရုတ်ကျောင်း၊ Internationl School မည်သည့်ကျောင်းပဲတက်တက် အချိန်အဆင်ပြေအောင် ညှိနှိုင်းပေးပါတယ်။

▫Grade (12) ဖြေဆို အပြီး GED, IGCSE စတဲ့ နိုင်ငံတကာ အထက်အတန်းအောင်လက်မှတ် အတွက် ဆက်တက်ရန်ရည်ရွယ်ထားသူများအနေနဲ့ အခြေခံ ကောင်းစွာ ပိုင်နိုင်စေမှာဖြစ်ပါတယ်။

တစ်ဦးချင်း (သို့မဟုတ်) လူစု၍ သီးသန့်သင်ကြားချင်သူများ ဆက်သွယ်နိုင်ပါပြီ။ မကြာခင်မှာ GED preparation class, TOEIC preparation class, Basic Computer class စသည်တို့ကိုလည်း ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် နိုင်ငံခြားမှာ ကျောင်းတက်၊ အလုပ်လုပ်ရန်ပြင်ဆင်နေသူများလည်း မိမိတို့အဆင်ပြေတဲ့အချိန် ညှိနှိုင်း တက်ရောက်နိုင်ပါတယ်။
International School တက်ရောက်တဲ့ကျောင်းသားကျောင်းသူများ မြန်မာစာ သီးသန့်သင်ကြားလိုပါကလည်း ဆက်သွယ်နိုင်ပါတယ်။

💠 Founder and Teachers:
U Nanda Kywal
- M.Ed. (Candidate)
- P.G.D.E. (MUFL)
- B.A. (English)
- Dip. in TEFL
- Dip. in Educational Administration
- Dip. in Business English

Daw Ei Thin Zar Oo
- B.A. (English)
- D.T.Ed.
- ECCD

ဘာသာစုံလေ့ကျင့်ရေးအတန်းများ
(2.6.2025) တနင်္လါနေ့ စပါမယ်။

စနေ၊ တနင်္ဂနွေအတန်းများ
(7.6.2025) စနေနေ့ စပါမယ်။

🏚 ငလျင်ဘေး စတဲ့ ဘေးသင့်သူ ကျောင်းသားကျောင်းသူများအတွက် သတ်မှတ်သင်တန်းအားလုံးကို (70%) အထိ ပညာဒါန ပေးပါတယ်။ ဟုတ်ပါတယ် ပညာသင်နှစ်တစ်ခုလုံးပါ။
အတူတူခက်ခဲနေချိန်မှာ ထားပေးနိုင်တဲ့ စေတနာပါ။

အားလုံးအတွက်လည်း သတ်မှတ်သင်တန်းကြေးရဲ့ (40%) Discount ပေးထားပါတယ်။

🎁 ဇွန်လအတွင်း အပ်နှံသူများ အတွက် ဗလာမပါ Spin Wheel လှည့်ခွင့်များနဲ့အတူ ကံစမ်းမဲ ပေးမှာဖြစ်ပါတယ်။

🏫 လိပ်စာ
အမှတ် (309), 19 လမ်း၊ ရပ်ကွက်ကြီး (2)
မြမာလာ၊ ပြင်ဦးလွင်။
Map = https://maps.app.goo.gl/i68RS8ti2pmJPiej9
(Eagle Transformer ဘေး

☎ Ph: 09-772 651 41, 09-983 135 329
09-965 848 022, 09-2011002

25/05/2024

👩‍👩‍👦‍👦 သားသမီးများကို ကောင်းမွန်တဲ့ ပညာရေးပံ့ပိုးမှု ပေးချင်တဲ့ မိဘ များအတွက် သတင်းကောင်းပါ။

👨‍🏫 NDK Education Centre မှ - အခြေခံပညာ ကျောင်းသားများအတွက်ရည်ရွယ်ပြီး အောက်ပါ Online Classes (3) ခုကို ပညာဒါန ဖွင့်လှစ်လိုက်ပါတယ်။
NDK သင်တန်းဟာ 2018 ကတည်းက ပြင်ပသင်တန်းများ၊ ပညာဒါန သင်တန်းများစွာ ဖွင့်လှစ်သင်ကြား လာခဲ့ပြီး အခုအခါမှာတော့ နေရာဒေသမရွေး ကျောင်းသား လူငယ်များအဆင်ပြေစေရန် Online Class ကိုအဓိကထား သင်ကြားသွားမှာ ဖြစ်ပါတယ်။

🎁 ပညာဒါနသင်ပေးမယ့် အတန်းတွေကတော့

📘 1. Basic English Grammar & 4 Skills – [အသက် 7 နှစ်မှ 16 နှစ်အထိ]
📚 2. အင်္ဂလိပ်စာ နှင့်သင်္ချာ သင်ရိုးသစ် - [အလယ်တန်း]
📕 3. အင်္ဂလိပ်စာ သင်ရိုးသစ် - [အထက်တန်း] တို့
📌 ဖွင့်လှစ်မှာဖြစ်ပါတယ်။
📋 ပညာဒါန ကာလ က ဇွန်လ တစ်လလုံးပဲဖြစ်ပါတယ်။

🕣 သင်တန်းချိန်ကဘယ်လိုပါလဲ?
မူလအစက Zoom class နဲ့ အချိန်ဇယားခွဲ ပြီး တစ်ခါကြေငြာခဲ့ ပေမယ့် အချိန်အဆင်မပြေမှုပြဿနာများမရှိရလေအောင် Video Classes အနေနဲ့သင်ကြားမှာဖြစ်ပါတယ်။

📘 Grammar & 4 skills မှာတော့ Level များကိုအောက်ပါအတိုင်းခွဲထားပါတယ်။
4 Skills Level (1) Beginner
4 Skills Level (2) Pre-Intermediate
4 Skills Level (3) Intermediate
4 Skills Level (4) Advanced

ဒီသင်တန်းမှာ တစ်ပတ် (3) ရက် Video Lessons နဲ့ လေ့လာရမှာဖြစ်ပြီး
ကျန် (3) ရက်က Activities များ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

📕 သင်ရိုးသစ်ဘာသာရပ်များအနေနဲ့ *အလယ်တန်း ကိုတော့ သင်္ချာ + အင်္ဂလိပ် သင်ကြားမှာဖြစ်ပြီး နှစ်သက်ရာ ဘာသာရပ်တစ်ခု (သို့) နှစ်ခု တက်ရောက်နိုင်ပါတယ်။ *အထက်တန်း ကတော့ အင်္ဂလိပ်စာ သီးသန့်ဖြစ်ပါတယ်။

📚 General Knowledge
မည်သည့်အတန်းပဲတက်တက် သင်ခန်းစာသင်ကြားနေရင်း ကျောင်းသူကျောင်းသားများတွေးမိတဲ့၊ မေးမြန်းချင်တဲ့ မေးခွန်းများကိုလည်း စစ်တမ်းကောက်ယူပြီး သီးသန့်ပြန်လည်ဆွေးနွေးပေးမှာဖြစ်ပါတယ်။

💯
100% ပညာဒါန ပါ။ စာရွက်စာတမ်းကြေး၊ Certificate ကြေးဘာမှ မကောက်ခံပါ။ ဒါပေမယ့် တစ်လ သင်ရိုး အပြည့် တက်ရောက်နိုင်သူများသာလျှင် လက်ခံမှာဖြစ်ပါတယ်။ Deposit 10000 ကျပ် ယာယီပေးသွင်းရမည်ဖြစ်ပြီး လကုန်ထိ (75% roll call) နှင့်အထက် မှန်မှန် ပါဝင်သူများကို ငွေပြန်ထုတ် ပေးမှာဖြစ်ပါတယ်။ ပညာဒါန အခမဲ့တက်ရောက်နိုင်ရန် ဒီ Post ကို Share ပေးပြီး Screenshot ကို comment မှာ ment ပေးဖို့တော့လိုအပ်ပါတယ်။

🎉 ဘာတွေ သင်မှာ လဲ ?
📘 1.
Grammar & 4 Skills မှာတော့ Grammar ကို အချိန်ရဲ့ သုံးပုံနှစ်ပုံသုံးပြီး Speaking ကို သုံးပုံတစ်ပုံ ပေါင်းစပ်ပြီးသင်မှာဖြစ်ပါတယ်။ ဒါသင် ဒါကျက် ကနေ ဖောက်ထွက်ပြီး အသက်အရွယ်အလိုက် အခြေခံ သဒ္ဒါ နဲ့ သက်ဆိုင်ရာ ဝါကျတည်ဆောက်ပုံတွေ ကိုယ်တိုင်တည်ဆောက်တတ်အောင် သင်ပေးမှာဖြစ်ပါတယ်။ Speaking မှာတော့ မသိမဖြစ် စကားပြော Pattern ပေါင်းများစွာ နဲ့ Activities တွေ ပေါင်းစပ်ပြီးသင်မှာဖြစ်ပါတယ်။
ထိရောက်မှုရှိစေရန် ပုံမှန် သင်ပြီးသား သင်ခန်းစာများကို Writing Exercise အနေနဲ့သော်လည်းကောင်း၊ Speaking Exercise အနေဖြင့် Voice mail ဖြင့်လည်းကောင်း ကိုယ်တိုင် ပါဝင်အားထုတ်ရမှာ ဖြစ်ပါတယ်။ အားသာချက်ကတော့ Video lessons များကို ရာသက်ပန် လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။

📕 2.
Grade (6) မှ (9) ထိ English + Maths နဲ့ Grade (10) မှ (12) ထိ English တို့ကို ကျောင်းပြဌာန်းစာအုပ်ပါ သင်ခန်းစာများကို တစ်နှစ်ပတ်လုံးလေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပြီး ဇွန်လတစ်လလုံး အတွက် ပညာဒါန အခမဲ့ဖြစ်ပါတယ်။ နားမလည်ဘဲ ကျက်လိုက်ရသည်များမရှိဘဲ တစ်ခုမကျန်နားလည်သဘောပေါက်ခြင်းအတွက် ဆရာမှ တာဝန်ယူပြီး သဘောပေါက်ပြီးသား စာကိုကျွမ်းကျင်လာအောင် လေ့ကျင့်ရန် ကျောင်းသားတာဝန်ဖြစ်ပါတယ်။

🎀 ဘယ်လိုသင်မှာလဲ ?
သင်တန်းအပ်လိုက်တာနဲ့ Facebook group + telegram group ထဲသို့ ထည့်ပေးမှာဖြစ်ပြီး နှစ်ခုလုံးမှာတစ်ပြိုင်နက် Video Lessons များတင်ပေးထားမှာဖြစ်ပါတယ်။
Facebook group မှာတော့ data ချွေတာကာ ကြည့်နိုင်ပြီး Telegram မှာတော့ wifi ရစဥ် download ထားပါက အချိန်မရွေး ပြန်လေ့လာနိုင်မှာ ဖြစ်ပါတယ်။
တစ်တန်းကို တစ်ပတ် (3) ရက်က Video Class အချိန်ဖြစ်ပြီး ကျန် (3) ရက်က လေ့ကျင့်ခန်းများကို
လက်ရေးနဲ့ homework + အသံ File နဲ့ homework နှစ်ခုလုံး လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။
နာရီအတိအကျနဲ့ သင်စရာမလိုပေမယ့် ရက်အလိုက်အချိန်ဇယားထားထားတာဖြစ်တာကြောင့် မှန်မှန်လေ့လာရမှာဖြစ်ပါတယ်။ Roll Call by homework နဲ့
သင်ခန်းစာ Unit တစ်ခုပြီးဆုံးတိုင်း Test ရမှတ်များကို ပွင့်လင်းမြင်သာစွာ ပုံမှန် Update တင်ပေးမှာဖြစ်ပါတယ်။
နားမလည်လို့ မရှင်းတဲ့ မေးခွန်းများကိုလည်း Video Lessons များပြန်တင်ပြီး ရှင်းလင်း သင်ကြားပေးမှာဖြစ်ပါတယ်။ ကျောင်းသားတစ်ဦးချင်းစီကို သေချာစစ်ပေးပြီး လိုအပ်တာကို ပြန်လေ့ကျင့်ပေးမှာဖြစ်ပါတယ်။

📅 ပညာဒါန သင်တန်းစမယ့်ရက်
1. Grammar & 4 Skills = June 1, 2024
2. Grade (6) မှ (12) = June 3, 2024
Video Lessons များဖြစ်တာကြောင့် အသိနောက်ကျပါကလည်း အဆင်ပြေတဲ့ရက်မှစပြီး လေ့လာနိုင်ပါတယ်။

👨‍🏫 ဆက်ဖွင့်မှာလား
ဒီအတန်းများအားလုံး ဇွန်လ ပညာဒါန ပြီးရင်လည်း ပုံမှန်အတန်းများအနေနဲ့ ဆက်ဖွင့်မှာဖြစ်ပါတယ်။
( G 6 to 9 Eng+ Maths
G 10 to 11 Eng
4 skills Level 1 to 4)
ဆက်ဖွင့်ရင်လည်း စာသင်နှစ်တစ်နှစ်ပတ်လုံးကို ပုံမှန်
သင်တန်းကြေးများကို ပထမဆုံး Online class များအနေနဲ့ တစ်ဝက်တိတိလျှော့ပေးထားတာကြောင့် ပုံမှန် အတန်းတစ်တန်း ဘာသာရပ်တစ်ခုကို တစ်လ (5000) ကျပ်ဝန်းကျင် သာ ကျသင့်တော့မှာဖြစ်ပါတယ်။
ဟုတ်ပါတယ် တစ်လ (5000) ကျပ်တည်းနဲ့ တစ်ကြိမ်ဝင်ထားပါက တစ်နှစ်ပတ်လုံးလေ့လာနိုင်ပြီး အပတ်စဥ် လေ့ကျင့်စစ်ဆေးမှုများ ဂရုတစိုက်ရှိနေမှာဖြစ်ပါတယ်။
Grade (6) to (9) English တစ်နှစ်စာ = 45000 ကျပ်
Grade (6) to (9) Maths တစ်နှစ်စာ = 45000 ကျပ်
Grade (10) to (12) English တစ်နှစ်စာ = 55000 ကျပ်
English (4) skills ရာသက်ပန် level တစ်ခု = 20000 ကျပ်

📝 ပညာဒါန အတွက် စာရင်းပေးရန်
- ကျောင်းသား အမည်
- အတန်း
- မွေးသက္ကရာဇ်
- မိဘ အမည်
- ဖုန်းနံပတ် (မိဘ or ကိုယ်တိုင် မှတ်ချက်ရေးပေးပါ)
- တက်ရောက်မည့် သင်တန်းများ
တို့ကို Page messenger တွင် စာရင်းပေးနိုင်ပါပြီ။

📲ဆက်သွယ်ရန်
🔶 09-2011002, (Viber✔)
🔵 09-772651411 (Telegram✔ + Viber✔)
🔴 09-965848022

📣 ပညာဒါန ပြုချင်သူများလည်း Share ပေးနိုင်ပါတယ်။
🎁 ယခုကစပြီး အများဗဟုသုတရရန် အင်္ဂလိပ်စာဗဟုသုတ Video အတို များကို page/ NDK ပညာဒါန Group/ Youtube မှာ ပုံမှန် တင်သွားမှာဖြစ်တာကြောင့် စိတ်ဝင်စားသူ လေ့လာသူများအနေနဲ့ Follow/ Subscribe လုပ်ထားနိုင်ပါတယ်။ Comment မှာ Link များပေးထားပါမယ်။

‼အထူးအစီအစဥ် အနေနဲ့
Public ဖြင့် Share ပေးပြီး Screenshot ment သွားသူမည်သူကိုမဆို နံပတ်စဥ်များ ပေးပြီး (June 15, 2024) တွင်
အယောက် (20) တိတိကို (3000) တန်မဲများ ပွင့်လင်းမြင်သာစွာဖြင့် စီစဥ်ပြီးလက်ဆောင်ပေးမှာဖြစ်ပါတယ်။ (share တဲ့အခါ ပုံမပေါ်ရင် Caption မှာ စာတစ်ခုခုရေးပြီးမှ Share နိုင်ပါတယ်)

😊 အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။

21/01/2024

မူလတန်း နဲ့ အလယ်တန်းကျောင်းသားများအတွက် စာမေးပွဲကြီးအတွက်လေ့ကျင့်ရန် ညနေခင်းပညာဒါန သင်တန်း ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။

အခြေခံမပိုင်နိုင်ရင်လည်း လိုအပ်တဲ့အခြေခံကစပြီး သင်ပေးမှာဖြစ်ပါတယ်။

အချိန် -
မူလတန်း = 4:00 မှ 6:30 PM
(အချိန် ညှိနှိုင်းနိုင်ပါသည်။)

သင်တန်းရက် -
Jan 22, 2014 မှ စပြီး စာမေးပွဲ ကြီး ဖြေ ပြီးတဲ့အထိ
(နောက်ကျမှ တွေ့လည်း

သင်တန်းဘယ်လိုအပ်နှံရမလဲ
- ယခင်နှစ်တွေကတော့ နှစ်ပတ် ကြိုကြေငြာပြီး Form ဖြည့်ပြီး Deposit တစ်သောင်းယာယီကောက်ပြီးမှ လက်ခံပါတယ်။ သင်တန်းအပြီးထိတက်သူတိုင်းကို ပြန်အမ်းပေးပါတယ်။ ဒီနှစ်ကတော့ အခက်အခဲလေးတွေရှိပြီး ဖွင့်ဖို့ကြေငြာတာ နောက်ကျသွားတဲ့အတွက် နောက်ကျပြီးမှ သိရလည်း သိသိချင်းလာအပ်လို့ရပါတယ်။ တစ်ခါတည်း Form တင်ပြီးအပ်နိုင်ပြီး Deposit တောင်းမထားပါဘူး။ အားလုံးအခမဲ့ပဲ ဖြစ်ပါတယ်။

- အချိန်ပိုသင်ပေးပါသလား
မူလတန်းနဲ့ အခြား စာလိုက်နိုင်ရင် မခေါ်ပါဘူး။ လိုအပ်တယ်၊ နားမလည်တာတွေ ကျန်သေးတယ်ဆို စနေ တနင်္ဂနွေထဲကနေ ကျောင်းသားနဲ့ ညှိပြီး သင်ပေးပါတယ်။

- ကျောင်းသားဦးရေကန့်သတ်ထားပါသလား
မူလတန်း (16) ဦး နဲ့ အလယ်တန်း (16) ဦး ပဲ ကန့်သတ်ထားပါတယ်။

လိပ်စာ
89 လမ်း၊ 23(D) အနီး၊ လမ်းအနောက်ခြမ်း။
သင်းသီရိလမ်း၊ NDK သင်တန်း။
(စိုးလွင်မင်းနှင့်ညီများ ဆံသဘေးလမ်း)

Ph: 09 772 651 411
အခုပဲ သင်တန်းမှာ စာရင်းပေးအပ်နှံနိုင်ပါပြီ။

Photos from NDK Education Centre's post 04/06/2023

အင်္ဂလိပ်စာနဲ့ သင်္ချာ အခြေခံကောင်းစေဖို့
NDK - Weekend class များ ကိုတစ်နှစ်ပတ်လုံး ဖွင့်လှစ်ပေးထားပါတယ်။

ပြီးတော့ အစစအရာရာ ကုန်စျေးနှုန်းကြီးမြင့်လာတဲ့ခေတ်မှာ ကုန်စျေးနှုန်းမတက်တဲ့အပြင် (40%) discount ပါပေးထားတာမို့ ကျောင်းသားမိဘများအတွက် အလွန်အဆင်ပြေစေမှာပါ။

🏢NDK သင်တန်းမှာ 2023 June ကျောင်းဖွင့်ရာသီကစပြီး
- 4 Skills English (Weekend) သင်တန်း
- သင်္ချာ နှင့် IQ Development သင်တန်း
- ညနေခင်း ဘာသာစုံသင်တန်း ဆိုပြီး 3 မျိုးဖွင့်ထားပါတယ်။
(Conputer အတန်းများဖွင့်ရန် ကြိုးပမ်းနေပါတယ်)

ပြောင်းလဲလာတဲ့ ပညာရေး စနစ်နဲ့ အညီ စာသင်ခန်းမှာ English to English သင်ကြားပြီး ကျောင်းသားများရဲ့ Critical Thinking Skill ကိုဦးစားပေးပြီး သင်သွားမယ့် အင်္ဂလိပ်စာသင်တန်းဖြစ်ပါတယ်။

👨‍🏫 အင်္ဂလိပ်စာကို ကျက်စာသက်သက် ကျက်ရုံထက် ကိုယ်တိုင်တွေးတတ်အောင်၊ အသံထွက် မှန်ကန်အောင်၊ ဝေါဟာရ ကြွယ်ဝအောင် အပြင် စာကြောင်းတွေ ကိုယ်တိုင် တည်ဆောက်တတ်လာအောင် သင်ကြားပေးမှာဖြစ်ပါတယ်။
ကျောင်းသားများ စာမှာ ပျော်ရွှင်လာအောင် ဆုပေးစနစ်၊ ကစားနည်းများနဲ့ စာသင်တဲ့စနစ်၊ Group works, အသံ၊ ဗီဒီယို ဖိုင်များနဲ့ လေ့လာခြင်း စတဲ့ နည်းစနည်းများ အသုံးပြုသွားမှာပါ။

သင်္ချာတန်းမှာဆိုရင်လည်း NDK သင်တန်းရဲ့ ကိုယ်ပိုင် Course နဲ့ အခြေခံ အတွက်အချက်များ၊ သင်္ချာ ပညာရှင်များ နဲ့ သင်္ချာ သမိုင်း၊ စိတ်တွက်သင်္ချာ အပြင် IQ Development activity များ နဲ့ IQ တိုးတက်လာအောင် သင်ကြားပေးမှာဖြစ်ပါတယ်။

📚English နဲ့ Maths နှစ်ခုလုံးကို Level 4 ခုခွဲထားပါတယ်။
Level 1 = Foundation (Age 5 to 7)
Level 2 = Elementary ( Age 7 to 10)
Level 3 = Pre - intermediate ( Age 11 to 13)
Level 4 = intermediate ( Age 13 to 16)

🙋Level Test ဖြေဆိုနိုင်ပြီး သင့်တော်တဲ့အတန်းမှာ တက်ရောက်နိုင်ပါပြီ။
အချိန်ဇယားများနဲ့ သင်တန်းကြေးများကိုတော့ ပုံမှာ အသေးစိတ်ဖော်ပြထားပါတယ်။
ဖတ်စာအုပ်များအတွက် ထပ်မံ ငွေသွင်းရန် မလိုပါ။ လေ့ကျင့်ခန်း စာအုပ်များနဲ့ စာရေးကိရိယာများသာလိုအပ်ပါတယ်။

ယခုပညာသင်နှစ်ကစပြီး တစ်နှစ်ပတ်လုံးဖွင့်လှစ်ထားတာမို့ မိမိနဲ့ကိုက်ညီမယ့် Level ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

🎀ကျောင်းသားတစ်ဦးတည်းမှ Eng + Maths နှစ်ခုလုံးတက်ရင် (5%) discount နဲ့ ညီအစ်ကိုမောင်နှမများ အတူတက်ရင် နောက်ထပ် (5%) discount ထပ်ပေးပါသေးတယ်။

NDK Education Centre - သင်းသီရိလမ်း၊ ၈၉လမ်းမ အနောက်ခြမ်း၊ 24D လမ်း အနီး။ မန္တလေး။
Ph: 09 772 651 411

09/03/2023

JOB VACANCY

မန္တလေးမြို့ NDK သင်တန်း တွင် စနေ၊ တနင်္ဂနွေရက်များတွင် အင်္ဂလိပ်စာ/ သင်္ချာ သင်ကြားပေးရန် (Male/Female -2 posts) ခေါ်ယူလျက်ရှိပါသည် ဆရာ၊ ဆရာမတို့။

(ယခင် Post တွင် Mon - Fri အတန်း မဖွင့်ဖြစ်သေးသောကြောင့် Weekend အတန်းကို ပြန်လည် ကြေငြာခြင်း ဖြစ်ပါသည်။)

1. English & Maths teacher

*နွေရာသီ (3) လ ကာလအတွင်းသာ*
Weekend - Sat & Sun 9:00 AM မှ 4:30 PM အထိ အင်္ဂလိပ်စာတန်းနှင့် သင်္ချာတန်းတို့တွင် သင်ကြားရန် ဆရာ/ဆရာမ တစ်ဦးစီ အလိုရှိပါသည်။ စာသင်ကြားခြင်း အတွေ့အကြုံရှိသူ၊ စိတ်ရှည်သည်းခံသူ၊ ဝါသနာပါ ပြီး အချိန်နှင့် သင်ကြားခြင်းအလုပ်ကို လေးစားသူ ဖြစ်လျှင် ပို၍အဆင်ပြေပါသည်။
ပြောင်းလဲလာသော ပညာရေးစနစ်နှင့်အညီ Happy Environment တည်ဆောက် ကာ စာ ကိုလည်းသင် စိတ်ကိုလည်းပြင်ပေးနိုင်သည့် ရည်ရွယ်ချက်ရှိသူ မည်သူမဆို ဝမ်းသာစွာ ကြိုဆိုပါသည်။
Salary = 180,000 MMK (တစ်ပတ်လျှင် နှစ်ရက်သာ)

2. Assistant teacher

*နွေရာသီ (3) လ ကာလအတွင်းသာ*
Weekend - Sat & Sun 9:00 AM မှ 4:30 PM အထိ အင်္ဂလိပ်စာတန်းနှင့် သင်္ချာတန်းတို့တွင် အကူဆရာမအနေဖြင့်သင်ကြားရန် ဆရာမ တစ်ဦး အလိုရှိပါသည်။ စိတ်ရှည်သည်းခံသူ၊ ဝါသနာပါ ပြီး အချိန်နှင့် သင်ကြားခြင်းအလုပ်ကို လေးစားသူ ဖြစ်လျှင် ပို၍အဆင်ပြေပါသည်။ Teaching အတွေ့အကြုံမရှိလျှင်လည်း ရေရှည် စာသင်ရန် ရည်ရွယ်ထားသူများအတွက် အတွေ့အကြုံနှင့် ပညာရရန် အာမခံပါသည်။

နွေရာသီကာလအတွင်း အဆင်ပြေပါက ရေရှည်လက်တွဲ အလုပ်လုပ်လိုပါသည်။
Salary = 120,000 MMK (တစ်ပတ်လျှင် နှစ်ရက်သာ)

CV Form ပို့ရန်
e-Mail = [email protected]
Phone = 09772651411

Viber တွင် ပို့လိုပါက
= 09772651411, 092011002
(Page Messenger တွင်လည်း မေးမြန်းနိုင်ပါသည်။)

NDK Education Centre အတန်းစုံ သင်ရိုးသစ် English ဘာသာရပ်များ နှင့် English 4 Skills သင်တန်းများကို ပို့ချပေးလျက်ရှိပါသည်။

Photos from NDK Education Centre's post 05/03/2023

👦"သားသားက Speaking ကောင်းလှချည်လား"
"ကောင်းဆို NDK မှာ သင်တန်းတက်တာကိုးဗျ"
👩"သမီးက ဉာဏ်ကောင်းလှချည်လား ဒီလောက်ခက်တာကို စိတ်တွက်နဲ့တွက်နိုင်တယ်"
"NDK သင်တန်းမှာက Basic to Advanced Level Maths Course, စိတ်တွက်သင်္ချာ၊ အိုလံပစ် သင်္ချာ စတာတွေ အပြင် IQ လေ့ကျင့်ခန်းတွေပါလုပ်ပေးလို့ ဉာဏ်ရည်လည်းတိုးတက်လာတာပေါ့။"

💥 English စာ နဲ့ သင်္ချာ အခြေခံ ကောင်းမွန်စေဖို့ နွေရာသီကျောင်းပိတ်ရက်ကာလမှာ ဖွင့်လှစ်မယ့် NDK သင်တန်းအသစ်များမှာ အပ်နှံနိုင်ပါပြီ။
- 4 Skills English (Weekend) သင်တန်း
- သင်္ချာ နှင့် IQ Development သင်တန်း
- ညနေခင်း ဘာသာစုံသင်တန်း ဆိုပြီး 3 မျိုးဖွင့်ထားပါတယ်။
‼️ကုန်ဈေးနှုန်းတွေတက်နေချိန်မှာ သင်တန်းကြေးကို သင့်တင့်မျှတတဲ့ ဈေးနှုန်းသာ သတ်မှတ်ထားပါတယ်။
🌈ပြောင်းလဲလာတဲ့ ပညာရေး စနစ်နဲ့ အညီ စာသင်ခန်းမှာ English to English သင်ကြားပြီး ကျောင်းသားများရဲ့ Critical Thinking Skill ကိုဦးစားပေးပြီး သင်သွားမယ့် အင်္ဂလိပ်စာသင်တန်းဖြစ်ပါတယ်။
💝အင်္ဂလိပ်စာကို ကျက်စာသက်သက် ကျက်ရုံထက် ကိုယ်တိုင်တွေးတတ်အောင်၊ 💭အသံထွက် မှန်ကန်အောင်၊ ဝေါဟာရ ကြွယ်ဝအောင် အပြင် စာကြောင်းတွေ ကိုယ်တိုင် တည်ဆောက်တတ်လာအောင် သင်ကြားပေးမှာဖြစ်ပါတယ်။👨‍🏫
👦🧕ကျောင်းသားများ စာမှာ ပျော်ရွှင်လာအောင် ဆုပေးစနစ်၊ ကစားနည်းများနဲ့ စာသင်တဲ့စနစ်၊ Group works, အသံ၊ ဗီဒီယို ဖိုင်များနဲ့ လေ့လာခြင်း စတဲ့ နည်းစနည်းများ အသုံးပြုသွားမှာပါ။
⭐️သင်္ချာတန်းမှာဆိုရင်လည်း NDK သင်တန်းရဲ့ ကိုယ်ပိုင် Course နဲ့ အခြေခံ အတွက်အချက်များ၊ သင်္ချာ ပညာရှင်များ နဲ့ သင်္ချာ သမိုင်း၊ စိတ်တွက်သင်္ချာ အပြင် IQ Development activity များ နဲ့ IQ တိုးတက်လာအောင် သင်ကြားပေးမှာဖြစ်ပါတယ်။
English နဲ့ Maths နှစ်ခုလုံးကို Level 4 ခုခွဲထားပါတယ်။
Level 1 = Foundation (Age 5 to 7)
Level 2 = Elementary ( Age 7 to 10)
Level 3 = Pre - intermediate ( Age 11 to 13)
Level 4 = intermediate ( Age 13 to 16)
🙋‍♂️Level Test ဖြေဆိုနိုင်ပြီး သင့်တော်တဲ့အတန်းမှာ တက်ရောက်နိုင်ပါပြီ။
အချိန်ဇယားများနဲ့ သင်တန်းကြေးများကိုတော့ ပုံမှာ အသေးစိတ်ဖော်ပြထားပါတယ်။
ဖတ်စာအုပ်များအတွက် ထပ်မံ ငွေသွင်းရန် မလိုပါ။ လေ့ကျင့်ခန်း စာအုပ်များနဲ့ စာရေးကိရိယာများသာလိုအပ်ပါတယ်။

🗓သင်တန်းရက် -
- English နှင့် သင်္ချာတန်းတွေကို March 11, 2023 မှာ စဖွင့်မှာဖြစ်ပါတယ်။
- ညနေခင်း ဘာသာစုံသင်တန်းများကိုတော့ March 13, 2023 မှာ စတင်ဖွင့်လှစ်မှာပါ။

📊 English + Maths အတန်းများကို ကနဦး သင်တန်းကြေး တစ်ဝက် (50%) နှင့် ကျန် နှစ်ကြိမ်ကို (25%) စီ နှစ်ခါ ခွဲသွင်းနိုင်ပါတယ်။
✅ ကျောင်းသားတစ်ဦးတည်းမှ English + Maths နှစ်မျိုးလုံးတက်မယ်ဆိုရင် သင်တန်းကြေး (20%) ထပ်မံလျှော့ပေးပါတယ်။
✅ သင်တန်းအားလုံးအတွက် Facebook Post ကို Share ပေးပြီး ကျောင်းသားမိဘ နှစ်ဦး ကို Mention ခေါ်ပေးလျှင် (10%) Discount ပေးပါတယ်။
✅ ကျောင်းသား ကျောင်းသူဟောင်းများတက်ရောက်ပါက နောက်ထပ် (5%) Discount ပေးပါမယ်။
✅ ဒါ့အပြင် March 10, 2023 အတွင်း သင်တန်း အပ်နှံသူများအတွက် ဗလာမပါ ကံစမ်းမဲ တစ်စောင် လက်ဆောင်ပေးမှာဖြစ်ပါတယ်။
💝 ကံစမ်းမဲတွေထဲမှ သင်တန်းကြေးမှ 5000 Cash Back, 10000 Cashback, 9000 ကျပ် တန်ဖိုးရှိ LMZ Toothpaste & Toothbrush set, 5000 ကျပ် တန်ဖိုးရှိ LMZ Kid Toothpastes, 7000 ကျပ်တန်ဖိုးရှိ LMZ Toothpaste set, 5000 ကျပ် တန်ဖိုးရှိ စားသောက်ကုန် set တို့ကို မေတ္တာလက်ဆောင် ကံစမ်းမဲ ဖောက်ပေးမှာဖြစ်ပါတယ်။

📒
💒NDK Education Centre - သင်းသီရိလမ်း၊ ၈၉လမ်းမ အနောက်ခြမ်း၊ 24D လမ်း အနီး။ မန္တလေး။
Ph: 09 772 651 411

16/10/2022

💥 English စာအခြေခံ ကောင်းမွန်စေဖို့ သီတင်းကျွတ်ကျောင်းပိတ်ရက်အပြီး ဖွင့်လှစ်မယ့် NDK သင်တန်းအသစ်များမှာ အပ်နှံနိုင်ပါပြီ။
- 4 Skills English (Weekend) သင်တန်းနဲ့
- ညနေခင်း ဘာသာစုံသင်တန်း ဆိုပြီး 2 မျိုးဖွင့်ထားပါတယ်။

‼️ကုန်စျေးနှုန်းတွေတက်နေချိန်မှာ Discount 40% အထိပေးထားတာ NDK ရဲ့ စေတနာတွေပါ။

🌈ပြောင်းလဲလာတဲ့ ပညာရေး စနစ်နဲ့ အညီ စာသင်ခန်းမှာ English to English သင်ကြားပြီး ကျောင်းသားများရဲ့ Critical Thinking Skill ကိုဦးစားပေးပြီး သင်သွားမယ့် အင်္ဂလိပ်စာသင်တန်းဖြစ်ပါတယ်။

💝 အင်္ဂလိပ်စာကို ကျက်စာသက်သက် ကျက်ရုံထက် ကိုယ်တိုင်တွေးတတ်အောင်၊ အသံထွက်မှန်ကန်အောင်၊ ဝေါဟာရ ကြွယ်ဝအောင် အပြင် စာကြောင်းတွေ ကိုယ်တိုင် တည်ဆောက်တတ်လာအောင် သင်ကြားပေးမှာဖြစ်ပါတယ်။

👦🧕ကျောင်းသားများ စာမှာ ပျော်ရွှင်လာအောင် ဆုပေးစနစ်၊ ကစားနည်းများနဲ့ စာသင်တဲ့စနစ်၊ Group works, အသံ၊ ဗီဒီယို ဖိုင်များနဲ့ လေ့လာခြင်း စတဲ့ နည်းစနည်းများ အသုံးပြုသွားမှာပါ။

✅ ⭐️
English Class မှာ Level 4 ခုခွဲထားပါတယ်။
Level 1 = Foundation (Age 5 to 7)
Level 2 = Elementary ( Age 7 to 10)
Level 3 = Pre - intermediate ( Age 11 to 13)
Level 4 = intermediate ( Age 13 to 16)

Level Test ဖြေဆိုနိုင်ပြီး သင့်တော်တဲ့အတန်းမှာ တက်ရောက်နိုင်ပါပြီ။
Level 1+2 က မူလတန်းဖြစ်ပြီး
Level 3+4 က အလယ်တန်း + အထက်တန်းဖြစ်ပါတယ်။
ကျောင်းသားတစ်ဦးအနေနဲ့ အတန်းတစ်တန်းကို အပ်နှံထားရင် နောက်တစ်တန်းကိုပါ အခမဲ့ တက်ရောက်နိုင်ပါတယ်။

⏰အချိန် -
English 4 Skills
Level 1 = 8:30 AM - 10:00 AM
Level 2 = 10:30 AM - 12:00 PM
Level 3 = 8:30 AM - 10:00 AM
Level 4 = 10:30 AM - 12:00 PM
(Sat, Sun)

ဘာသာစုံ သင်တန်း
မူလတန်း = 4:00 မှ 6:30 PM (Mon to Fri)
အလယ်တန်း နှင့်အထက်တန်း = 4:30 မှ 7:00 PM (Mon to Fri)

🗓သင်တန်းရက် -
- English စာသင်တန်း
Oct 22, 2022 မှ Feb 19, 2022 ထိ
Weekends (Sat, Sun) 4 လ - သင်တန်း

- ဘာသာစုံ သင်တန်း
လက်ရှိဖွင့်လှစ်နေပြီး စာသင်နှစ်ကုန်အထိ ပုံမှန်အတန်းများရှိပါတယ်။

📊 သင်တန်းကြေး အားလုံး ကို 40% Discount ပေးထားပါတယ်။
English 4 skills တစ်လလျှင် 35000,
40% နှုတ်ရင် 21000 သာကျသင့်မှာဖြစ်ပါတယ်။
ညနေခင်း ဘာသာစုံသင်တန်း တစ်လလျှင် 42000,
40% နှုတ်ရင် 25000 သာကျသင့်မှာ ဖြစ်ပါတယ်။

📒 ဘာသာစုံသင်တန်းအတွက် ထပ်မံဝယ်ယူရမယ့်စာအုပ်များမရှိပါ။
အင်္ဂလိပ်စာသင်တန်းအတွက် စာအုပ်ဝယ်ယူရန်လိုအပ်ပါတယ်။

💒NDK Education Centre - သင်းသီရိလမ်း၊ ၈၉လမ်းမ အနောက်ခြမ်း၊ 24D လမ်း အနီး။ မန္တလေး။

Ph: 09 772 651 411
အခုပဲ စာရင်းပေးအပ်နှံနိုင်ပါပြီ။

17/07/2022

သင်တန်းများ ပြန်ဖွင့်ပါပြီ။
လောလောဆယ်တော့ မူလတန်းနဲ့ အလယ်တန်းကို လက်ခံ သင်ကြားပေးနေပါပြီ။

English & Maths အဓိက ထားပြီး ကျန်ဘာသာရပ်များ အားလုံးကိုလည်း လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

July လ လက်ကျန်ရက်များအတွက် မည်သူမဆို ပညာဒါန အခမဲ့ သင်ပေးမှာ ဖြစ်ပြီး August လမှသာ သင့်တင့်မျှတတဲ့ သင်တန်းကြေးစတင်ပေးသွင်းရမှာဖြစ်ပါတယ်။ ကုန်စျေးနှုန်းများ အဆမတန် တက်နေသော်လည်း သင်တန်းကြေး ကို အရင်ကာလတွေအတိုင်း ဆက်လက်ထိန်းထားပေးမှာဖြစ်ပါတယ်။

စဖွင့်မည့်နေ့
18.7.2022 Monday
(နောက်ကျ မှ ပိုစ်ကိုတွေ့သူများလည်း အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။)

အချိန်
မူလတန်း = 4:00 to 6:30 PM
အလယ်တန်း = 4:30 to 7:00 PM

နေ့ရက်
တနင်္လါမှ သောကြာထိ တစ်ပတ်ငါးရက်။
+ Sunday အချိန်ပို ညှိနှိုင်းပြီး သင်ကြားပေးပါမည်။

လိပ်စာ
၈၉လမ်း ၂၄*၂၅ ကြား သင်းသီရိလမ်း
ဖုန်း 09772651411

14/05/2021

သင်တန်း အနေနဲ့ ပိတ်ထားရတာ 2020 March 24 ကတည်းကဖြစ်လို့ အခုဆို တစ်နှစ်နဲ့ နှစ်လပြည့်ပါတော့မယ်။
အကယ်၍ သင်ကြားခွင့်ရမယ်ဆိုပါကလည်း အထွေထွေ ကြပ်တည်းမှုများကြောင့် သင်တန်းကြေး များစွာ လျှော့ပေးပြီး သင်မှာဖြစ်ပါတယ်။
အားလုံးနားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

မည်သူမဆို အခမဲ့လေ့လာနိုင်အောင်လည်း အွန်လိုင်းကနေ ပညာဒါနများ ပေးသွားဦးမှာ ဖြစ်ပါတယ်ခင်ဗျာ။

04/01/2021
Photos from NDK Education Centre's post 09/12/2020

၂၀၁၉ အမျိုးသားနေ့တုန်းက သင်တန်းက ကျောင်းသူ၊ ကျောင်းသားလေးများနဲ့ အတူ လေ့လာရေး ခရီးထွက်ခဲ့တဲ့ပုံရိပ်လေးတွေဟာ အခု 2020 (နှစ်၁၀၀ ပြည့် အမျိုးသားနေ့) မှာတော့ ခရီးသစ်မထွက်နိုင်ဘဲ လွမ်းစရာ Memory လေးအဖြစ် ကျန်ခဲ့ပါပြီ။
Let's meet again soon.

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


၈၉လမ်း၊ ၂၄*၂၅ကြား၊, သင်းသီရိလမ်းသွယ်၊, အောင်မြေသာစံမြို့နယ်၊, မန္တလေး။
Mandalay