Happy Learning English

Happy Learning English Video class, Zoom class, One-on-one zoom class များရှိပြီး PDF File များလည်း ဝယ်ယူနိုင်ပါတယ်။
A dedicated English teacher

26/08/2026

Level up လုပ်တဲ့နေရာမှာ အရေးကြီးဆုံးက Vocabulary ဖြစ်ပါတယ်။

ဆိုပါစို့ ကိုယ်က တခြား skills တွေမှာ level အတော် မြင့်နေပြီ ၊ ဒါပေမဲ့ စကားလုံးတွေက basic words တွေပဲ ဖြစ်နေသေးတယ်ဆိုရင် ဒါဟာ level up ဖြစ်တယ်လို့ မဆိုလိုပါဘူး။

ဉပမာ ကိုယ်က Academic Writing ရေးတဲ့အခါ
"လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းသည် ကျန်းမာအောင်နေထိုင်ခြင်းအတွက် အရေးကြီးသည်" လို့ ရေးချင်တယ်ပေါ့နော်။

"Doing exercise regularly is important for staying healthy" လို့ ရေးလို့ရသော်လည်းဘဲ အဲ့ဒီအစား
" Engaging in regular exercise matters the most for staying healthy" လို့ ရေးလိုက်တာဟာ ပိုပြီး formal ဆန်စေသလို Vocabulary ကောင်းကောင်းသုံးနိုင်လိုက်တဲ့အတွက်လဲ စာကြောင်းကို ပိုပြီး ရုပ်လုံးကြွစေပါတယ်။

အခု ဒီ Post မှာ "Important" အစား သုံးလို့ရမဲ့ အသုံးလေးတွေကို ရှင်းပြပေးစေချင်ပါတယ်။

1. Matter the most

❌ Money is important in my life.

✅ Money matters the most in my life.

❌ Education is important for children.

✅ Education matters the most for children.

2. Come first

❌ Safety is important at work.

✅ Safety comes first at work.

❌ Family is important to me.

✅ Family always comes first for me.

3. Indispensable

❌ A computer is important for my studies.

✅ A computer is indispensable for my studies.

❌ A good dictionary is important for learning English.

✅ A good dictionary is indispensable for learning English.

4. A key factor

❌ Hard work is important for success.

✅ Hard work is a key factor in achieving success.

❌ Communication is important in a team.

✅ Communication is a key factor in a successful team.

5. Of paramount importance (formal )

❌ Health is important for everyone.

✅ Health is of paramount importance for everyone.

❌ Following rules is important in school.

✅ Following rules is of paramount importance in school.

6. Essential

❌ Water is important for life.

✅ Water is essential for life.

❌ Exercise is important for staying healthy.

✅ Exercise is essential for staying healthy.

7. Crucial / Critical / Vital

❌ Time management is important for students.

✅ Time management is crucial for students.

✅ Time management is vital for students.

❌ Good planning is important for success.

✅ Good planning is critical for success.

8. Top priority

❌ Education is important for children.

✅ Education is a top priority for children.

❌ Safety is important in factories.

✅ Safety is a top priority in factories.

See you in the next post ❤️

Big shout out to my newest top fans! 💎 Aye Thin Zar Kyaw, Win Min Htun, Naw Eh Wah, Ei Ei Naing, U Linn Htim, Zin Mie Mi...
26/08/2026

Big shout out to my newest top fans! 💎 Aye Thin Zar Kyaw, Win Min Htun, Naw Eh Wah, Ei Ei Naing, U Linn Htim, Zin Mie Mie Pyone, Myat Llay, Nyein Min Htay, Eli Jeffer Rob

Drop a comment to welcome them to our community,

26/08/2026

စကားပြောတိုးတက်ချင်ရင် ဒီလို Speaking patterns တွေနဲ့ စကား‌ပြောများများလေ့ကျင့်ဖို့ လိုအပ်ပါတယ်။

Speaking patterns 1000 ကျော်ပါတဲ့ PDF file အကြောင်း အသေးစိတ်သိချင်ရင် ဒီ Link လေးကို နှိပ်ပြီး ဖတ်ကြည့်ပါ။

https://www.facebook.com/share/p/18JBcXzS78/

25/08/2026

စကားပြောရာမှာ ထိထိမိမိဖြစ်စေမဲ့ Speaking pattern လေးတစ်ခုကို လေ့လာကြည့်ရအောင်ဗျာ။

Words can't describe how much/adj S V
ဘယ်လောက် ...လဲဆိုတာ စကားလုံး/
စကားတွေနဲ့ ဖော်ပြလို့မရဘူး။

Eg. Words can't describe how much I love you.
ငါ မင်းကို ဘယ်လောက်ချစ်လဲဆိုတာ စကားလုံးတွေနဲ့ ဖော်ပြလို့မရဘူး။

Eg. Words can't describe how sad I feel.
ငါ ဘယ်လောက်ထိ ဝမ်းနည်းလည်းဆိုတာ စကားတွေ နဲ့ ဖော်ပြလို့မရဘူး။

Eg. Words can't describe how much I am missing you.
ငါ မင်းကို ဘယ်လောက်လွမ်းနေလဲဆိုတာ စကားလုံးတွေနဲ့ ဖော်ပြလို့မရဘူး။

Eg. Words can't describe how much I want this job.
ကျွန်တော် ဒီအလုပ်ကို ဘယ်လောက်တောင် လိုချင်လဲဆိုတာ စကားလုံးတွေနဲ့ ဖော်ပြလို့မရဘူး။

Eg. Words can't describe how great a mother's love is.
မိခင်ရဲ့အချစ်က ဘယ်လောက်ကြီးမားလဲဆိုတာကို စကားတွေနဲ့ ဖော်ပြလို့မရဘူး။

See you in the next post ❤️

25/08/2026

"Indifferent" ကို ဘယ်လိုသုံးလဲ❓

25/08/2026

B2/C1 level လေ့လာနေသော Students တွေအတွက် လေ့လာမှတ်သားစရာ အသုံးများ

1. The team is on a roll.
အသင်းက အောင်မြင်မှုတွေ ဆက်တိုက်ရနေတယ်။

2. He likes to travel on a shoestring budget.
သူက ငွေနည်းနည်းနဲ့/Budget ချွေတာပြီး ခရီးသွားရတာကို ကြိုက်တယ်။

3. My business is on an even keel.
ကျွန်တော့်ရဲ့စီးပွားရေးက တည်ငြိမ်နေပြီ။

4. I am on cloud nine.
ကျွန်တော် အရမ်းပျော်တယ်။

5. The cold drinks are on ice.
အအေးတွေကို ရေခဲစိမ်ထားတယ်။

6. The supermarket is on fire.
Supermarket မီးလောင်နေပြီ။

7. The team is on fire.
အသင်းက အရမ်းကောင်းနေတယ်။ (performance ကောင်းတာကို ပြောတာပါ)

8. The program is on the air.
အစီအစဉ်ကို TV/ရေဒီယိုကနေ ထုတ်လွှင့်နေတယ်။

9. It is on the house.
ဒါ အခမဲ့ပါ၊ မေတ္တာလက်ဆောင်ပါ။

10. I am on the fence.
ငါ ဆုံးဖြတ်ချက် မချရသေးဘူး၊ ဝေခွဲမရဖြစ်နေတယ်။

11. His life is on the line.
သူ့အသက်အန္တရာယ်ရှိနေတယ်။

My job is on the line.
ကျွန်တော် အလုပ်ကနေ အချိန်မရွေး ပြုတ်သွားနိုင်တယ်။

12. He is on the mend.
သူ သက်သာလာပြီ။

13. Their marriage is on the rocks.
သူတို့ အိမ်ထောင်ရေးက ပြိုကွဲဖို့ အလားအလာရှိတယ်။

14. The thief is on the run.
သူခိုးက ထွက်ပြေးတိမ်းရှောင်နေတာ။

15. I have been on the go since this morning.
ငါ ဒီမနက်ကတည်းက တစ်စက်ကလေးမှ မနားရဘူး(အလုပ် အရမ်းများနေတာ)

16. He seems honest on the surface, but I don't fully trust him.
အပေါ်ယံကြည့်ရင် ရိုးသားပုံပေါ်ပေမဲ့ ငါတော့ သူ့ကို အပြည့်အဝ မယုံဘူး။

17. He is on the take.
သူ လာဘ်စားတယ်။

18. I am on the phone.
ငါ ဖုန်းပြောနေတယ်။

19. His name is just on the tip of my tongue.
သူ့နာမည်ကို ပါးစပ်ဖျားလေးတင် မေ့နေတာ။

20. He has been on the wagon for six months.
သူ အရက်ဖြတ်ထားတာ ၆လရှိပြီ။

21. His fame is on the wane.
သူ့ရဲ့ ကျော်ဇောမှုက ကျဆင်းလာပြီ၊မှေးမှိန်လာပြီ။

22. The project is in limbo.
Project က မရေမရာဖြစ်နေတယ်၊ ဘာဆက်ဖြစ်မလဲ မသိရတဲ့အခြေအနေမှာ ရှိနေတယ်။

23. I am at my wit's end.
ငါ ကြံရာမရဖြစ်နေတယ်။

24. I am at your disposal.
မင်းငါ့ကို အလိုရှိသလို အသုံးပြုနိုင်ပါတယ်။

25. I am in earnest.
ငါ အတည်ပြောနေတာ။

26. The prisoner is on the loose.
ထောင်သားက လွတ်နေတယ်။

27. He is at fault.
သူ့မှာ အပြစ်ရှိတယ်။

28. I am in a tight spot/corner.
ငါ ကျဉ်းထဲကျပ်ထဲ ရောက်နေတယ်။

29. I am in a hurry.
ကျွန်တော် အလျင်လိုနေလို့ပါ။

30. The project is still up in the air.
ဒါက အခုထိ မသေချာသေးဘူး၊ ဆုံးဖြတ်ချက်မချရသေးဘူး။

See you in the next post ❤️✨

25/08/2026

"Give up" Phrsal verb ရဲ့ အသုံးပြုပုံ အမျိုးမျိုး

24/08/2026

"ချေး(ဂျီး)များ‌တာ" ကို English လို ဘယ်လိုပြောကြလဲ ❓
အသုံးများတဲ့ meaning 6လုံးကို မျှဝေပေးမယ်နော်။

1.Hard to please
Eg.I am really hard to please when it comes to food.

2.Fussy
Eg. Don't be fussy about your mother's cooking.

3. Choosy
Eg. He is choosy about his clothes.

4. Picky
Eg.I am a picky eater.

5. Particular
Eg. She is particular about how her coffee is made.

6. Selective
Eg. She is so selective about the jobs she applies for.

See you in the next post 💗

24/08/2026

"Run" နှင့် တွဲသုံးသော Collocations များ
ဒီလို Collocations တွေနဲ့ English စာ လေ့လာချင်ရင် Collocations and Idiomatic expressions ပေါင်း 2100 ကျော်ပါတဲ့ PDF file ရှိပါတယ်။

Collocations and Idiomatic expressions 2100 ကျော်ပါဝင်တဲ့ PDF file အကြောင်း သိချင်ရင် ဒီ Link လေး နှိပ်ပြီး ဖတ်ကြည့်ပါ။

https://www.facebook.com/share/p/1ENsXUpaEu/

23/08/2026

ကျောင်းမှာ ဆရာမကို စာပြန်တာ၊အတန်းရှေ့ထွက်ပြီး စာအလွတ်ပြန်ရတာကို Englishလို ဘယ်လိုပြောကြလဲ။

စာပြန်တာကို "recite" ဆိုတဲ့ verbလေး သုံးပြီး ပြောလို့ရပါတယ်။" အလွတ်ရွတ်ပြသည်" လို့ အဓိပ္ပာယ်ရပါတယ်။

Exampleလေးတွေ ကြည့်ရအောင်ဗျာ။

I will be ready to recite all the lessons to the teacher from memory by tomorrow.
ငါ မနက်ဖြန်တော့ ဆရာမကို စာတွေ အားလုံးပြိုင်ဖို့ အဆင်သင့်ဖြစ်မှာပါ။
(Recite something to someoneဆိုတဲ့ အသုံးပုံစံပါ)

I am afraid to recite by heart, standing in the front of the class.
အတန်းရှေ့ထွက် မတ်တပ်ရပ်ပြီး စာအလွတ်ဆိုဖို့ ကျွန်တော် ကြောက်တယ်။

စာပြန်တာမှ မဟုတ်ဘူး တခြား ဘုရားစာ၊dialogue စသဖြင့် ကိုယ် အာဂုံဆောင်ထားနိုင်တဲ့ အရာတွေကို အသံကျယ်ကျယ်နဲ့ အလွတ်ရွတ်ဆိုတာကိုလည်း "recite" သုံးပါသေးတယ်။

I always hear my mother reciting her prayers every morning.
ကျွန်တော်အမေ မနက်တိုင်း ဘုရားစာ ရွတ်ဆိုတာကို အမြဲကြားတယ်။

See you in the next post 💗

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Happy Learning English posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share