A & R Teacher Acquisition Agency

A & R Teacher Acquisition Agency &R

Edit: ရရှိသွားပါပြီရှင့် ။  ကိုကျွမ်းကျင်စွာ လေ့ကျင့်သင်ကြားပေးနိုင်မည့် ဆရာမ လိုချင်ပါတယ်ရှင့်။Order လက်ခံလိုပါက ဆရာမတိ...
13/07/2025

Edit: ရရှိသွားပါပြီရှင့် ။

ကိုကျွမ်းကျင်စွာ လေ့ကျင့်သင်ကြားပေးနိုင်မည့် ဆရာမ လိုချင်ပါတယ်ရှင့်။

Order လက်ခံလိုပါက ဆရာမတို့၏ CV form များကို order id နှင့်တကွ messenger (or) Viber(09402608642) သို့ ပေးပို့လျှောက်ထားနိုင်ပါတယ်ရှင့်။ CV form မရှိပါက စာဖြင့်လည်း ရေးသားပေးပို့နိုင်ပါတယ်ရှင့်။

CV form တွင်ပါဝင်ရမည့်အချက်များ...........

၁။ အမည်
၂။ အသက်
၃။ မှတ်ပုံတင်
၄။ ပတ်စ်ပို့ပုံ (သို့) မျက်နှာရှင်းလင်းစွာမြင်ရသောပုံ
၅။ ဘွဲ့လက်မှတ်/certificate
၆။ ဖုန်းနံပါတ်
၇။ လိပ်စာ
၈။ ကိုယ်ရေးအကျဉ်း (လုပ်ငန်းအတွေ့အကြုံ)

" တာဝန်ယူမှု၊တာဝန်ခံမှု အပြည့်နဲ့ ဆောင်ရွက်ပေးတာ A&R "

A & R Teacher Acquisition Agency
Ph: 09402608642
Viber : 09402608642












A & R Teacher Acquisition Agency မှ ကျောင်းသားမိဘများအား လိုက်နာဆောက်ရွက် ပေးရန် မေတ္တာရပ်ခံချက်များ၁။ အစမ်းသင်သတ်မှတ်ရက...
07/07/2025

A & R Teacher Acquisition Agency မှ ကျောင်းသားမိဘများအား လိုက်နာဆောက်ရွက် ပေးရန် မေတ္တာရပ်ခံချက်များ

၁။ အစမ်းသင်သတ်မှတ်ရက်ကို သေချာစွာ သတ်မှတ်ပေးရန်။

၂။ အစမ်းသင် (၁)ရက်တွင် A & R မှ လိုက်လံစစ်ဆေးပေးမည်ဖြစ်သော်လည်း ဆရာ/ဆရာမများ၏ အရည်အချင်းများကို ကျောင်းသားမိဘများ ကိုယ်တိုင်ကြည့်ရှုစစ်ဆေး အကဲဖြတ်ရန်။

၃။ အစမ်းသင် (၁)ရက်တွင် ကျောင်းသားမိဘများ၏ လိုအပ်ချက်နှင့် မကိုက်ညီပါက A & R ဆီသို့သာတိုက်ရိုက်ဆက်သွယ်ပေးပါရန်နှင့် A & R မှပိုမိုသင့်တော်သော ဆရာ/ဆရာမများ ထပ်မံစီစဉ်ပေးပါမည်။ (အဆင်မပြေမှုများရှိပါက ဆရာ/ဆရာမများအား လေးစားသောအားဖြင့် A & R ကိုသာ တိုက်ရိုက်ဆက်သွယ်ပေးပါရန်)

၄။ အစမ်းသင် အဆင်ပြေပါက A & R ကိုသာ ဆက်သွယ်ပေးပါရန် နှင့် ပထမ စာသင်ရက်စပြီးသည့်နေ့တွင် ဆရာ/ဆရာမများ၏ လစာကို ကျောင်းသို့သွင်းပေးရပါမည်။

၅။ ဆရာ/ဆရာမများ၏လစာမှာ ကြိုပေးစနစ်ဖြစ်ပြီး ပထမ (၁)လတွင်သာ ငွေကြေးပြဿနာ မရှိစေရန် A & R မှထိန်းသိမ်းပေးခြင်းသာ ဖြစ်ပြီး နောက်ပိုင်းလစာများကိုမူ ဆရာ/ဆရာမထံသို့သာ တိုက်ရိုက်ပေးချေရပါမည်။

၆။ ဆရာ/ဆရာမများ၏ ကနဦးလစာကို ကျောင်းသို့ပေးသွင်းခြင်းမရှိဘဲ ဆရာ/ဆရာမများထံသို့ တိုက်ရိုက်ပေးသွင်းပြီး ငွေကြေးပြဿနာ တစုံတရာရှိခဲ့ပါက A & R မှတာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ပါ။
၇။ အစမ်းသင် အဆင်ပြေသော်လည်း စာသင်ချိန် အဆင်မပြေ၍ ကျောင်းသားမိဘနှင့် ဆရာ/ဆရာမများမှ A & R သို့အသိပေးခြင်းမရှိဘဲ မိမိတို့၏ သဘောဆန္ဒအလျောက် ညှိနှိုင်းတိုင်ပင်၍ သင်ကြားခဲ့ပြီး ပြဿနာတစုံတရာဖြစ်ပေါ်လာပါက A & R မှတာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။

၈။ တလပြည့်ပြီးပါက ဆရာ/ဆရာမများ၏ လစာများကို ချက်ချင်းပေးချေရန်။ အကြောင်းအမျိုးမျိုးနောက်ကျခဲ့ပါက (၅)ရက်ထက်နောက်မကျပဲ ပေးချေပေးပါရန်။

၉။ ဆရာ/ဆရာမများ၏ လစာမှာကြိုပေးစနစ်ဖြစ်သော်လည်း သတ်မှတ်ရက်ပြည့်ပြီးမှသာ ပေးချေရမှာဖြစ်ပြီး သတ်မှတ်ရက်မတိုင်မီ ငွေကြိုပေးခြင်း၊ ငွေကြိုထုတ်ချင်း၊ ‌ငွေချေးခြင်း ကြောင့် ပြဿနာတစုံတရာဖြစ်ခဲ့ပါက A & R မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၁၀။ သင်ကြားရေးနှင့် မသက်ဆိုင်သော လူမူရေးကိစ္စရပ်များ၊ အခြားသောကိစ္စရပ်များကို တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၁၁။ ဆရာ/ဆရာမများမှ စာသင်ချိန်၊ စာသင်ရက် တိကျမှန်ကန်မှုမရှိလျှင်သော်လည်းကောင်း၊ စာသင်ချိန်မပြည့်သေးပဲ စောပြန်လျှင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျုးကြောင့် ပျက်ကွက်ခဲ့လျှင်သော်လည်းကောင်း ရက်အစားထိုးပြန်လည်ဝင် ရောက်ရန် ပျက်ကွက်ခဲ့ပါက A & R သို့ချက်ချင်းအကြောင်းကြားပေးပါရန်။

၁၂။ ကျောင်းသားမိဘများဘက်မှ နေမကောင်း၍ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် အတန်းချိန်ပျက်ကွက်မည်ဆိုပါက ဆရာ/ဆရာမများအား ကြိုတင်၍ ဖုန်းဆက်အကြောင်းကြား ပေးပါရန် နှင့် ပျက်ကွက်သည့်စာသင်ချိန်/ရက်အတွက် ဆရာ/ဆရာမများမှ အစားထိုးပြန်ဝင်ပေးမည် မဟုတ်ပါ။

၁၃။ ကျောင်းသားမိဘများမှ ဆရာ/ဆရာမများအပေါ် အော်ဟစ်ဆဲဆိုခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ပြုမူ/ပြောဆိုခြင်းများ မပြုလုပ်ရ။

၁၄။ ကျောင်းသားမိဘများသည် မိမိတို့ သား/သမီးများ၏ လုံခြုံရေးအတွက် ထင်သာမြင်သာသော နေရာတွင်သာ သင်ကြားစေရန်။ (သို့) လုံခြုံရေး ကင်မရာများ တပ်ဆင်ထားရန်(ဖြစ်နိုင်ပါက)။

အထက်‌ပါ မေတ္တာရပ်ခံချက်များကို သိရှိနားလည်ပြီး လက်ခံနိုင်မှသာလျှင် A & R မှ ဆရာ/ဆရာမများကို ငှားရမ်းစေလိုပါသည်ရှင့်.....

ကျေးဇူးတင်ပါသည်ရှင့်........

" တာဝန်ယူမှု၊တာဝန်ခံမှု အပြည့်နဲ့ ဆောင်ရွက်ပေးတာ A&R "

A&R Teacher Acquisition Agency
Phone : 09402608642
Viber : 09402608642
Email : [email protected]

  ကိုကျွမ်းကျင်စွာ လေ့ကျင့်သင်ကြားပေးနိုင်မည့် ဆရာမ လိုချင်ပါတယ်ရှင့်။Order လက်ခံလိုပါက ဆရာမတို့၏ CV form များကို order ...
07/07/2025

ကိုကျွမ်းကျင်စွာ လေ့ကျင့်သင်ကြားပေးနိုင်မည့် ဆရာမ လိုချင်ပါတယ်ရှင့်။

Order လက်ခံလိုပါက ဆရာမတို့၏ CV form များကို order id နှင့်တကွ messenger (or) Viber(09402608642) သို့ ပေးပို့လျှောက်ထားနိုင်ပါတယ်ရှင့်။ CV form မရှိပါက စာဖြင့်လည်း ရေးသားပေးပို့နိုင်ပါတယ်ရှင့်။

CV form တွင်ပါဝင်ရမည့်အချက်များ...........

၁။ အမည်
၂။ အသက်
၃။ မှတ်ပုံတင်
၄။ ပတ်စ်ပို့ပုံ (သို့) မျက်နှာရှင်းလင်းစွာမြင်ရသောပုံ
၅။ ဘွဲ့လက်မှတ်/certificate
၆။ ဖုန်းနံပါတ်
၇။ လိပ်စာ
၈။ ကိုယ်ရေးအကျဉ်း (လုပ်ငန်းအတွေ့အကြုံ)

" တာဝန်ယူမှု၊တာဝန်ခံမှု အပြည့်နဲ့ ဆောင်ရွက်ပေးတာ A&R "

A & R Teacher Acquisition Agency
Ph: 09402608642
Viber : 09402608642












မေး။    ။ A&R ဆိုတာဘာလဲ။ဖြေ။     ။ A&R ဆိုတာ ကျောင်းသားမိဘတွေနဲ့ ဆရာ/ဆရာမ တွေကြားချိတ်ဆက်ပေးတဲ့ ဝန်ဆောင်မှု(page)တခု ဖြစ...
03/07/2025

မေး။ ။ A&R ဆိုတာဘာလဲ။
ဖြေ။ ။ A&R ဆိုတာ ကျောင်းသားမိဘတွေနဲ့ ဆရာ/ဆရာမ တွေကြားချိတ်ဆက်ပေးတဲ့ ဝန်ဆောင်မှု(page)တခု ဖြစ်ပါတယ်ရှင့်။

မေး။ ။ A&R ရဲ့အဓိပ္ပါယ်က ဘာလဲ။
ဖြေ။ ။ A ဆိုတာက Accountability တာဝန်ယူမှုကို ကိုယ်စားပြုပြီးတော့.....R ဆိုတာက Responsibility တာဝန်ခံမှုကို ကိုယ်စားပြုတာပဲဖြစ်ပါတယ်ရှင့်။

မေး။ ။ ဘာဝန်ဆောင်မှုလဲ။ ကျောင်းသားမိဘနဲ့ ဆရာ/ဆရာမတွေ ဘယ်လိုချိတ်ဆက်ပေးတာလဲ။
ဖြေ။ ။ KG to IGCSE, English 4skills, Cambridge assessment (starters,movers,flyers,KET,PET,FCE), Oxford/Jolly phonic တို့တွင် ဘာသာရပ်အလိုက် ကျွမ်းကျင် Teacher(ဆရာ/ဆရာမ)များ ငှာရမ်းလိုသည့် ကျောင်းသားမိဘများနှင့် မိမိကျွမ်းကျင်သည့်ဘာသာရပ်ဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ကိုင်လိုသည့် ဆရာ/ဆရာမ များအကြားချိတ်ဆက်ပေးသည့် ဝန်ဆောင်မှုဖြစ်ပါတယ်ရှင့်။
(Online သင်ကြားမှု၊ အိမ်အရောက်သင်​ကြားမှု ၂မျိုးလုံး ဝန်ဆောင်မှုရရှိနိုင်ပါသည်)

မေး။ ။ ဘာ​ကြောင့် A&R ကို ရွေးချယ်သင့်တာလဲ။
ဖြေ။ ။
(၁) A&R ရဲ့ Founderကိုယ်တိုင်က Teacher ဖြစ် နေခြင်း။
(၂) Teacher ကိုယ်တိုင် လက်ရှိသင်ကြားနေသည့်အတွက် ကျောင်းသားမိဘများ၏အခက်အခဲ၊ ဆရာ/ဆရာမများ၏ အက်အခဲကိုနားလည်ခြင်း။
(၃) ကျောင်းသာမိဘများ၏ အခက်အခဲကိုဖြေရှင်းပေးနိုင်ရန် Teacher ကိုယ်တိုင် အင်တာဗျူး၍ ဆရာ/ဆရာမများကို စနစ်တကျ ရွေးချယ်ပေးခြင်း။
(၄) Trial(အစမ်း) သင်ကြားပြသမည့်ရက်တွင် Teacher ကိုယ်တိုင် အစမ်းသင်ကြားမှုကို လိုက်လံကြည့်ရှု့ စစ်ဆေးပေးခြင်း။
(၅) ဆရာ/ဆရာမများ နှင့် ကျောင်းသားမိဘများအကြား လိုက်နာရမည့်စည်းကမ်းချက်များ၊ သဘောတူညီမှုများ ညှိနိုင်းဆောင်ရွက်ပေးခြင်း။ သတ်မှတ်ပေးခြင်း။
(၆) သင်ကြားမှု အဆင်ပြေ/မပြေ၊ ကျောင်းသားမိဘ နှင့် ဆရာ/ဆရာမများအကြား အခက်အခဲရှိ/မရှိ၊ ဆရာ/ဆရာမများ၏ အခက်အခဲများကို follow up လုပ်ပေးခြင်း။
(၇) ကျောင်းသားမိဘများ ငွေကြေးဆုံးရှုံးမှုမရှိစေရန် နှင့် ဆရာ/ဆရာမများ လစာဆုံးရှုံး(မရရှိ)မှု မရှိစေရန် အာမခံပေးခြင်း။ (ပထမ ၁ လသာလျင်)
(၈) A&R မှ ဆရာ/ဆရာမများ၏ သင်ကြားရေးနည်းစနစ်များနှင့် ပတ်သက်ပြီး အချိန်မရွေး ဆွေးနွေးတိုင်ပင်နိုင်ခြင်း။
(၉) သားသား/မီးမီး များ၏ ရှေ့ဆက်ပညာရေးများနှင့် ပါတ်သက်ပြီး အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ခြင်း။

(မှတ်ချက်။ ။ ကျောင်းသားမိဘ နှင့် ဆရာ/ဆရာမများအကြား သဘောတူညီချက်များ သဘောတူလက်ခံမှ သာလျှင် အင်တာဗျုးခြင်း၊ဆရာ/ဆရာမ ရွေးချယ်ခြင်း၊ အစမ်းသင်ကြားမှုများ လုပ်ဆောင်ပေးပါမည်)

မေး။ ။ ဒီဝန်ဆောင်မှုက မြန်မာပြည်အနှံ့ရလား။
ဖြေ။ ။ အခုလောလောဆယ်မှာတော့ မြန်မာပြည်အနှံ့မရသေးပါဘူးရှင့်။

မေး။ ။ ဘယ်မြို့နယ်တွေရလဲ။
ဖြေ။ ။ မန္တလေးမြို့ တမြို့ထဲသာရပါတယ်ရှင့်။

မေး။ ။ ဘာကြောင့်လဲ။
ဖြေ။ ။ ဘာကြောင့်လဲဆိုတော့ A & R ဆိုတဲ့အတိုင်း Founder ကိုယ်တိုင်က တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ဝန်ဆောင်မှုပေးချင်တာဖြစ်တဲ့အတွက် Teacher ရှိတဲ့ ဒီမန္တလေးမြို့ တမြို့ထဲသာ ဝန်ဆောင်မှုပေးခြင်းဖြစ်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

" တာဝန်ယူမှု၊ တာဝန်ခံယူ အပြည့်နဲ့ ဆောင်ရွက်ပေးတာ A&R"

A & R Teacher Acquisition Agency
Ph: 09402608642
Viber: 09402608642











Address

62rd, 35st X 36st
Mandalay

Website

Alerts

Be the first to know and let us send you an email when A & R Teacher Acquisition Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share