U KYAW WIN - Gemologist

U KYAW WIN - Gemologist

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U KYAW WIN - Gemologist, Personal coach, ဝင်းဝင်း ကားဝင်း ၂၆ဘီလမ်း ၈၈*၈၉လမ်းကြား ဆိုင်တန်းရပ်၊ချမ်းအေးသာဇံမြို့နယ်, Mandalay.

28/02/2024

#ယနေ့ကြေးမုံသတင်းစာ(28_2_2024)

#ဦးဇော်မင်းထွန်းနှင့်အများသိစေရန်အသိပေးကြေငြာခြင်း

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၃၉လမ်း ၈၆လမ်းနှင့်
၈၇လမ်းကြာ ဦးကျော်ဝင် (ဘ) ဦးမြသိန်း (၉/မရမ(နိုင်)
၀၇၀၂၃၉ ​၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း
အများသိစေရန် အသိပေး ကြေညာအပ်ပါသည်။

ကျွန်ုပ်​၏ မိတ်ဆွေဖြစ်သူ ဦးကျော်ဝင်းမှာ ကျောက်မျက်လောကတွင် နှစ်ပေါင်း ၃၅နှစ်ကျော် ကျောက်မျက်ပညာရှင်အဖြစ် ရပ်တည်လာခဲ့သူဖြစ်ပြီး Myan Gem Lab - 缅甸国家珠宝鉴定中心 - မြန်မာ့ကျောက်မျက်ဓာတ်ခွဲခန်းဓာတ်ခွဲခန်းရှိ ကျောက်မျက်ဓာတ်ခွဲခန်းသုံး ပစ္စည်းရပ်များအားလုံးမှာလည်း ကျန်ုပ်မိတ်ဆွေကြီးမှာ လွန်ခဲ့သော နှစ်ပေါင်း၂၀ကျော်ကတည်းက သုံးစွဲပိုင်ဆိုင်လာခဲ့သည့်ပစ္စည်းရပ်များဖြစ်ကြောင်း ကျန်ုပ်​၏မိတ်ဆွေ ပြောပြချက်အရသိရှိရပါသည်။

(၁၄-၂-၂၀၂၄) နေ့စွဲပါ မန္တလေးနေ့စဉ်သတင်းစာ၊ စာမျက်နှာ ၂၃ Myan Gem Lab အမျာသိစေရန် သတိပေးကြေညာချက် ပထမပိုဒ်တွင် Myan Gem Lab အမည်ဖြင့် ကျောက်မျက်ဓာတ်ခွဲခန်း ထူထောင်လုပ်ကိုင်ရာတွင် ကျောက်မျက်ဓာတ်ခွဲခန်းသုံး ကိရိယာမှန်သမျှမှာ
ဦးဇော်မင်း​ထွန်း၏ ပစ္စည်းရပ်များဖြစ်ကြောင်း ကြေညာလာခဲ့သဖြင့်
#ဦးဇော်မင်းထွန်းအနေဖြင့် ၎င်းမပိုင်ဆိုင်ဘဲ
ကျန်ုပ်မိတ်ဆွေဦးကျော်ဝင်းသာ အမှန်တကယ်ပိုင်ဆိုင်သူဖြစ်ကြောင်း ဤသတင်းစာကြေညာသည့်နေ့မှ(၁၄)ရက်အတွင်း အများသိစေရန် ရှင်းလင်းဝန်ခံကြေညာပေးရန် ဦးဇော်မင်းထွန်းနှင့် အများသိစေရန်နှင့် အသိပေးကြေညာအပ်ပါသည်။

လွှဲအပ်ညွှန့်ကြာချက်အရ-
ဦးဝင်းနိုင်ဦး(LLB)
တရားလွှတ်တော်ရှေ့နေ (စဉ်—၁၅၆၅၄)
၇၄လမ်း၊ ၃၅လမ်းနှင့် ၃၆လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
ဖုန်း ၀၉ ၄၅၉၁၆၄၇၉၈၊ ၀၉ ၇၈၉၆၃၂၆၂၈

27/02/2024

#ဦးဇော်မင်းထွန်းနှင့်အများသိစေရန်အသိပေးကြေငြာခြင်း

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၃၉လမ်း ၈၆လမ်းနှင့်
၈၇လမ်းကြာ ဦးကျော်ဝင် (ဘ) ဦးမြသိန်း (၉/မရမ(နိုင်)
၀၇၀၂၃၉ ​၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း
အများသိစေရန် အသိပေး ကြေညာအပ်ပါသည်။

ကျွန်ုပ်​၏ မိတ်ဆွေဖြစ်သူ ဦးကျော်ဝင်းမှာ ကျောက်မျက်လောကတွင် နှစ်ပေါင်း ၃၅နှစ်ကျော် ကျောက်မျက်ပညာရှင်အဖြစ် ရပ်တည်လာခဲ့သူဖြစ်ပြီး Myan Gem Lab ဓာတ်ခွဲခန်းရှိ ကျောက်မျက်ဓာတ်ခွဲခန်းသုံး ပစ္စည်းရပ်များအားလုံးမှာလည်း ကျန်ုပ်မိတ်ဆွေကြီးမှာ လွန်ခဲ့သော နှစ်ပေါင်း၂၀ကျော်ကတည်းက သုံးစွဲပိုင်ဆိုင်လာခဲ့သည့်ပစ္စည်းရပ်များဖြစ်ကြောင်း ကျန်ုပ်​၏မိတ်ဆွေ ပြောပြချက်အရသိရှိရပါသည်။

(၁၄-၂-၂၀၂၄) နေ့စွဲပါ မန္တလေးနေ့စဉ်သတင်းစာ၊ စာမျက်နှာ ၂၃ Myan Gem Lab အမျာသိစေရန် သတိပေးကြေညာချက် ပထမပိုဒ်တွင် Myan Gem Lab အမည်ဖြင့် ကျောက်မျက်ဓာတ်ခွဲခန်း ထူထောင်လုပ်ကိုင်ရာတွင် ကျောက်မျက်ဓာတ်ခွဲခန်းသုံး ကိရိယာမှန်သမျှမှာ
ဦးဇော်မင်း​ထွန်း၏ ပစ္စည်းရပ်များဖြစ်ကြောင်း ကြေညာလာခဲ့သဖြင့်
#ဦးဇော်မင်းထွန်းအနေဖြင့် ၎င်းမပိုင်ဆိုင်ဘဲ
ကျန်ုပ်မိတ်ဆွေဦးကျော်ဝင်းသာ အမှန်တကယ်ပိုင်ဆိုင်သူဖြစ်ကြောင်း ဤသတင်းစာကြေညာသည့်နေ့မှ(၁၄)ရက်အတွင်း အများသိစေရန် ရှင်းလင်းဝန်ခံကြေညာပေးရန် ဦးဇော်မင်းထွန်းနှင့် အများသိစေရန်နှင့် အသိပေးကြေညာအပ်ပါသည်။

လွှဲအပ်ညွှန့်ကြာချက်အရ-
ဦးဝင်းနိုင်ဦး (LLB)
တရားလွှတ်တော်ရှေ့နေ
ဦးကောင်းမြတ်ထွန်း (LLB)ဒေါ်ဝင်းဝင်းဖြိုး (LLB)ဒေါ်အိအိငြိမ်း (LLB)
အထက်တန်းရှေ့နေများ
၇၄လမ်း၊ ၃၅လမ်းနှင့် ၃၆လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
ဖုန်း ၀၉ ၄၅၉၁၆၄၇၉၈၊ ၀၉ ၇၈၉၆၃၂၆၂၈

Photos from U KYAW WIN - Gemologist's post 25/02/2024

Myan Gem Lab - 缅甸国家珠宝鉴定中心 - မြန်မာ့ကျောက်မျက်ဓာတ်ခွဲခန်း

တနှစ်ပြည့် အထိမ်းအမှတ် မင်္ဂလာနှင့် နေရာသစ် ပြောင်းရွှေ့ ဖွင့်လှစ်ခြင်း အမှတ်တရ

16/02/2024

အရှားပါးဆုံး ပန်းရောင်စိန်များအကြောင်း

စိန်ချစ်သူများနှင့် ကျောက်မျက်ရတနာချစ်သူများအတွက် ရည်ရွယ်ပြီး ကမ္ဘာပေါ်တွင် အရှားပါးဆုံး စိန်အမျိုးအစားများထဲမှ တစ်ခုဖြစ်သည့် ပန်းရောင်ကာလာရှိသည့် ပန်းရောင်စိန်များအကြောင်းကို အားလုံးအတွက်မျှဝေဖော်ပြပေးလိုက်ပါသည်။ စိန်များ၏ အရောင်အသွေးအစုံများ၊ ဖွဲ့စည်းတည်ဆောက်ပုံ မာကျောခြင်း၊ တောက်ပခြင်းများသည် မိန်းကလေးများ၏ စိတ်ကို ဖမ်းစားနိုင်ပါသည်။

စိန်များကို အရောင်မျိုးစုံဖြင့် တွေ့ရှိရပြီး ကမ္ဘာ့အရှားပါးဆုံးနှင့် တန်ဖိုးအရှိဆုံး ကျောက်မျက်များထဲတွင် ပါဝင်ပါသည်။ အရှားပါးဆုံးမှာ အနီရောင်စိန်ဖြစ်ပြီး ကမ္ဘာပေါ်တွင် (၁) မှ (၃၀) ခန့်သာရှိသည်။ အပြာရောင်စိန်သည် သြစတြေးလျ၊ အိန္ဒိယနှင့် တောင်အာဖရိကတွင်သာ တူးဖော်ရရှိသောကြောင့် ဒုတိယအရှားပါးဆုံးဖြစ်သည်။ထို့နောက် သြစတြေးလျအနောက်ပိုင်းရှိ Kimberly ဒေသရှိ ကမ္ဘာ့ထောက်ပံ့မှု၏ 90% သာရှိသော ပန်းရောင်စိန်တုံးကို တွေ့ရှိရပါသည်။

2022 ခုနှစ် ဇူလိုင်လတွင် Lulo Rose ဟုခေါ်သော နှစ်ပေါင်း 300 အတွင်း အကြီးမားဆုံး ပန်းရောင်စိန်ကို တွေ့ရှိခဲ့ပြီး အန်ဂိုလာနိုင်ငံတွင် 170 ကာရက်အလေးချိန်ရှိသော နုန်းမိုင်းတွင်း (မြစ်ကြောင်း သိုမဟုတ် မြစ်ကြမ်းပြင်) တွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။

ပန်းရောင်စိန်၏ ရှားပါးမှုသည် အပြာရောင်စိန်များနှင့် ယှဉ်လုနီးပါးဖြစ်ပြီး အနှစ် ၂၀ ခန့်ဝန်းကျင်၌ ပန်းရောင်စိန်များသည် ဘူမိဗေဒပညာရှင်များ၏ စူးစမ်းလိုစိတ်တစ်ခုဖြစ်ခဲ့ပါသည် ။ ပန်းရောင်စိန်၏ အရောင်သည် အခြားစိန်များနှင့် ဖွဲစည်းထားပုံခြင်း ကွဲပြားခြားနားမှုရှိသောကြောင့် စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။

ပန်းရောင်စိန်ကိုဘယ်ကရတာလဲ။

ရောင်စုံစိန်အများစုသည် ဒြပ်စင်များနှင့် အညစ်အကြေးများ သိုမဟုတ် ၎င်းတို၏ ဓာတ်သတ္တုဖွဲစည်းပုံရှိ ချိုယွင်းချက်များပေါ်မူတည်ပြီးမှ ၎င်းတို၏ အရောင်ဆန်းများကို ရရှိကြပါသည်။ ပန်းရောင်စိန်များသည် ထိုသို့မဟုတ်ဘဲ အမှန်တကယ် ကျောက်မျက်ဗေဒပညာရှင်များမှလည်း ပန်းရောင်အရောင်ကို ဖြစ်စေသည့် အကြောင်းအရင်းကို အတိအကျ မသိကြပါ။ “ဓာတ်သတ္တုဖွဲစည်းမှုအတွင်းမှာ တိကျမှုမရှိတဲ့ သတ္တုတစ်မျိုးပါဝင်ဖွဲစည်းခဲ့ပုံရပြီး ၎င်းဓာတ်သတ္တုမှာ အလွန်မြင့်မားသောဖိအားကြောင့် ပုံပျက်ခြင်းနှင့် သတ္တုချော်ထွက်လာပြီး လူသိများသော ပုံမှန်အရောင်ရှိသည့် စိန်ကို အညိုရောင်ပြောင်းစေပြီး ထူးခြားဖြစ်စဉ်အနေနဲ့ သတ္တုချော်နှစ်မျိုးရောစပ်ခြင်းက စိန်ကို ပန်းရောင်ပြောင်းစေသည်” ဟု သီအိုရီတစ်ခုရှိပါသည်။ ဓာတ်သတ္တုပုံပျက်ခြင်း ချော်ထွက်ခြင်းသည် အလွန်ရှားပါးသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး ၎င်းသည် နှစ်ကြိမ်ဖြစ်ပွားသည့်အခါ ပို၍ပင်ရှားပါးသည်။

ထိုကြောင့် ပန်းရောင်စိန်သည် ထူးခြားဆန်းကြယ်သည့်အရာဖြစ်သည့်အတွက် မြင့်မားသော စျေးနှုန်းပေးခြင်းခံရသော အရှားပါးဆုံးပန်းရောင်စိန်လည်း ဖြစ်နိုင်ပါသည်။ ထို့ပြင် နှစ် 40 နီးပါးကြာပြီးနောက် 2020 ခုနှစ်တွင် Argyle သတ္တုတွင်းကို ပိတ်လိုက်ခြင်းသည် ပန်းရောင်စိန်ထွက်ရှိမှုအတွက် ပိုမိုကန့်သတ်လာသဖြင့် ဤကျောက်မျက်ရတနာများသည် ပိုမိုတန်ဖိုးမြင့်လာရပါသည်။ မယုံနိုင်လောက်အောင်ပင်၊ သတ္တုတွင်း စုစုပေါင်းထုတ်လုပ်မှု၏ 1% မျှသာ အမှန်တကယ်ပင် ပန်းရောင်စိန်များဖြစ်သောကြောင့် ပန်းရောင်စိန်သည် အမှန်တကယ်ရှားပါးကြောင်း သိသာလာစေပါသည်။

တော်ဝင်ပန်းရောင်စိန်များ

Williamson ပန်းရောင်စိန် (၇) တုံးကို တန်ဂနီကာမြိုရှိ Williamson စိန်တွင်း၌ ၁၉၄၇ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပါသည်။
တန်ဇန်းနီးယားသမ္မတနိုင်ငံဟု လူသိများသော နိုင်ငံတွင် စိန်ကြမ်း (၅၄.၅ ကာရက်) ကို မင်းသမီး အဲလိဇဘက်နှင့် မင်းသားဖိလစ်တိုအား ၁၉၄၇ ခုနှစ် နိုဝင်ဘာလတွင် လက်ထပ်ပွဲအတွက် ပေးအပ်ခဲ့ပါသည်။ မိုင်းပိုင်ရှင်မှာ ဘူမိဗေဒပညာရှင် John Williamson ဖြစ်ပါသည်။ နောက်တစ်နှစ်အကြာမှာ လန်ဒန်အခြေစိုက် စိန်ဖြတ်တောက်သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Briefel နှင့် Lemer သည် ကျောက်ကြမ်းများကို ၂၃.၆ ကာရက် တောက်ပြောင်သော အဝိုင်းသားဖြင့် ပြောင်လက်တောက်ပသော ကျောက်မျက်အဖြစ်သို ပြောင်းလဲပေးခဲ့ပါသည်။

ထိုနောက် Cartier သည် ဧရာမစိန်ကြီးအတွက် သင့်လျော်သော အဆင်တန်ဆာတစ်ခုကို ဒီဇိုင်းဆွဲရန် တာဝန်ပေးအပ်ခဲ့သည်။1952 ခုနှစ်တွင် ပန်းရောင်စိန်သည် အဖြူရောင် စိန်ပွင့်များဖြင့် ဝန်းရံထားသော ပန်းပွင့်ပုံစံ ပလက်တီနမ်ရင်ထိုး၏ အလယ်ဖြစ်လာပြီး 1953 ခုနှစ်တွင် Princess Elizabeth II ဘုရင်မကြီးအား သရဖူဆောင်းလာသောအခါတွင် ‌နောက်ဆုံးတွေ့ခဲ့ရပါသည်။ ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၃၄ သန်းခန့်ရှိပြီး Williamson ပန်းရောင်စိန်ရင်ထိုးသည် သူမ၏စုဆောင်းမှုတွင် အဖိုးတန်ဆုံးသော ရင်ထိုးများထဲမှ တစ်ခုဖြစ်သည်ဟု ယူဆရပါသည်။

မကြာသေးမီက ဘုရင်မကြီး အဲလိဇဘက် ၂ ကို ပေးခဲ့သော ကျောက်ကို အစွဲပြု၍ Williamson Pink Star စိန်တုံးကြီးသည် ဟောင်‌ကောင်တွင် လေလံတင်ရောင်းချမှု၌ အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၉ သန်းရရှိခဲ့ပြီး ကမ္ဘာ့စံချိန်တင်ခဲ့ပါသည်။

15/02/2024

💎 "GIA လေဆာကုဒ်ပါတဲ့ Without certificate စိန်"💎

ကမ္ဘာ့စိန်စျေးကွက်မှာ နှစ်ပေါင်း ၆၀ ကျော် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေတဲ့ GIA အဖွဲ့အစည်းက

၄င်းတို့ဆီမှ Report ထုတ်ပေးသမျှ စိန်ပွင့်တွေကို အမှတ်အသားတစ်ခုအနေနဲ့ Laser code ထိုးပေးလေ့ရှိပါတယ်။

ဒါကိုပဲ စျေးကွက်ထဲမှာ GIA laser code ပါရင်ကို သဘာဝစိန် စစ်မှန်ကြောင်း
သက်သေတစ်ခု အနေနဲ့ လက်ခံထားကြပါတယ်။

သို့ပေမဲ့... စျေးကွက်ထဲမှာ GIA လေဆာကုဒ်နဲ့ without စိန်တွေရှိနေပြန်ပါတယ်။

ဒါဟာ ကောင်းလား? မကောင်းလား?
ကိုယ်သာဆို ဝယ်ယူသင့်မလား မဝယ်ယူဘူးလား?

ဘယ်လိုအမြင်ရှိလဲဆိုတာကို ပြောပြပေးသွားပါဦးခင်ဗျာ...

Grand Diamon

15/02/2024

Netflix Series မှာ Nothing Lasts Forever ဆိုတဲ့ Documentary လေးတစ်ခုကြည့်ရတယ်။ စိန်ဟာ ထာဝရခိုင်မြဲတဲ့အချစ်ရဲ့ သင်္ကေတ လို့ လူတွေ (အနည်းဆုံးတော့ အနောက်တိုင်းသားတွေ) က ယုံကြည်နေကြတဲ့အတွက် ချစ်သူကို လက်ထပ်ခွင့်တောင်းတဲ့အခါမှာ စိန် နဲ့ သက်သေတည်လို့ တန်ဖိုးကြီးတဲ့ စိန်လက်စွပ်ကလေးနဲ့ ပရိုပို့စ် လုပ်ကြပါသတဲ့။ စိန်ဟာ လှပတယ် ခိုင်မာတယ် တန်ဖိုးကြီးမားတယ် ရှားပါးတယ် လူတိုင်းကအလေးထားကြရတယ်.. ဒီလိုပဲ မင်းကိုငါချစ်တဲ့အချစ်ဟာာ လှပခိုင်မာတန်ဖိုးကြီးတာရှည်ခံရှားပါးလေးနက်ပါတယ် စိန်လိုပါပဲ လို့ တင်စားကြတာပါပဲ။

တကယ်တော့ ဒါက ကမ္ဘာကျော်စိန်တိုက်ကြီး ဒီဘီယားစ် က လူတွေကို ၁၉၄၀ ဝန်းကျင်ကစလို့ ဂျင်းထည့်ခဲ့တာပါတဲ့။ အဖြူအမဲခေတ်ကကို ကြော်ငြာဖလင်တွေရိုက်ကူးပြီး မင်းသားမင်းသမီးဆယ်လီတွေနဲ့ ဒီအပင်း ကို လူတွေထဲရောက်အောင်သွင်းခဲ့တာပါ။

အခုတော့ စိန်လောကကြီးထဲမှာ ဓာတုစိန်တွေမျိုးစုံပေါ်ထွက်လာပြီးတော့ မိုဇာနိုက်လို စိန်မျိုးဆိုရင် တကယ့်စိန်အစစ်နီးပါး လှပကောင်းမွန်မာကျောခိုင်ခံတဲ့သဘောရှိတယ်။ မိုဇာနိုက်ဟာ ရှားပါးတဲ့ တွင်းထွက်တစ်ခုပါ ဆီလီကွန်ကာဗိုက်လို့ ဆိုကြတယ်.. မိုဇာနိုက်ကို ဓာတ်ခွဲခန်းမှာလည်းထုတ်လို့ရနေပါပြီ။ အစကတော့ စက်မှုလုပ်ငန်းတွေမှာ သုံးခဲ့တယ်.. အခုတော့ မိုဇာနိုက်ဟာ လက်ဝတ်ရတနာလောကမှာပါ နေရာယူလာပါပြီ။ တကယ်စစ်ဆေးကြည့်တဲ့အခါ စိန်အစစ်ထင်လို့ ဝယ်ထားသူတွေ မိုဇာနိုက်ဖြစ်လို့ ရူးမတတ်ခံစားရသူတွေလည်း ထုနဲ့ဒေးပေါ့။ အဆိုးဆုံးကတော့ အချစ်ကို ခိုင်မာတဲ့ စိန်နဲ့တင်စားခဲ့တဲ့အခါ လက်စွပ်ကြီးက စိန်တုကြီးဖြစ်နေတော့ မင်းအချစ်ကရော ခိုင်မာရဲ့လား အတုကြီးလားဆိုတာမျိုးတွေဖြစ်ကုန်ကြပါတယ်။ မိုဇာနိုက်စိန်တုလေးကိုပေးပေမဲ့ ကိုယ့်အချစ်ကတော့ ဒေါင်ဒေါင်မြည် အစစ်မှ အစစ် တာရှည်ခံလေးပါကွယ်လို့ ဆိုရမလားပေါ့လေ။

တကယ်တော့ စိန် ရဲ့ ကျဆုံးခန်းလည်းမဟုတ်ဘူး မိုဇာနိုက်ရဲ့ နန်းသိမ်းပွဲလည်းမဟုတ်ဘူး။ လူသားတွေထဲကို အပင်းသွင်းပြီး အထည့်ခံထားရတဲ့ ဈေးကွက်အိုင်ဒီယာတစ်ခု ရဲ့ ကျဆုံးခန်းသက်သက်ပါပဲ။ သိပ္ပံနည်းကျအရပြောရရင် စိန်တွေဟာ ကာဗွန်အနုမြူတွေပါပဲ။ ကာဗွန်အက်တမ်ဟာ အခြားတည်မြဲတဲ့အက်တမ်တွေလိုပဲ မပျက်စီးနိုင်လောက်တဲ့ သက်တမ်းရှိပါတယ်။ အနုမြူတွေရဲ့ သက်တမ်းဟာ ၁၀ပါဝါ-၂၅ လောက် (နှစ်ပေါင်း ၁ နောက် သုည ၂၅လုံး) ရှိတော့ ဒါဟာ စကြဝဠာရဲ့ ဖြစ်နိုင်ခြေရှိတဲ့သက်တမ်း (နှစ်ပေါင်း ၁ နောက် သုည ၁၅လုံး) ထက်ပင် ပိုကြာနိုင်တာကြောင့် အနုမြူတိုင်းဟာ ထာဝရ(နီးပါး) တည်မြဲကြပါသတဲ့။ ကိုရွှေစိန်ကိုမှ ထာဝရချစ်ခြင်းမေတ္တာရဲ့ သင်္ကေတအဖြစ် လူတွေ ဂျင်းထည့်ခံလိုက်ရတဲ့အခါမှာ အခြားတူညီတည်တံ့တာတွေ ပေါ်လာတဲ့အခါမှာ ထာဝရအချစ်စိတ်ကူးကြီး ကြော်ငြာအိုင်ဒီယာကြီးဟာ စမုံတုံးသွားရှာတာပါပဲ။

ဒါနဲ့ဆက်စပ်လို့ တွေးကြည့်ရရင် ဘာသာရေးနယ်ပယ်မှာလည်း လူတွေမသိနိုင်တဲ့ ယုံကြည်မှုနယ်ပယ်မှာ ဂျင်းထည့်ပြီး တွန်းပို့ထားတာတွေရှိပါတယ်။ ဒါတွေကလည်း ဒီဘီယားစ်စိန်တိုက်ကြီးရဲ့ ကြော်ငြာလိုပါပဲ..။ မစားရဝခမန်း ကောင်းကင်ဘုံ နတ်ဘုံနတ်နန်းတွေနဲ့ မြူဆွယ်လို့ လူတွေကို ဒါန သီလ တွေ လုပ်ခိုင်းတဲ့အခါမှာ လူတွေက တမလွန်ကို မက်ပြီးတော့ လုပ်ကြပါတယ်။ လူတွေ ကောင်းမှုတွေလုပ်ကြတာက ကောင်းလို့လုပ်တာမဟုတ်ပဲ အနာဂတ်မှာ ရလိုမှုလောဘနဲ့ လုပ်ကြတာဖြစ်တယ်။ ဒါတွေကို မယုံတော့တာနဲ့ စိန်အိုင်ဒီယာရဲ့ ကျဆုံးခန်းလိုပဲ မူရင်းအပေါ်မှာတောင်ထိခိုက်လာနိုင်ပါတယ်။ တစ်ခုခုကို လုပ်ဆောင်တာဟာ မိမိကိုယ်ပိုင်ဉာဏ်ဆင်ခြင်တုံတရားနဲ့ လုပ်သင့်လုပ်ထိုက်တာမို့လို့ လုပ်ဆောင်ရတာဟာ အသင့်မြတ်ဆုံးဖြစ်ပါတယ်။ အကျိုးမျှော်ကိုးရလိုမှုတွေနဲ့ လုပ်ဆောင်ကြတဲ့အခါမှာ အကျိုးရလဒ်အပေါ်မယုံကြည်တော့တဲ့အခါ ကောင်းမှုလုပ်ရပ်တွေကိုယ်တိုင်က အဓိပ္ပာယ်မထင်တော့သလို ဖြစ်သွား တတ်တာကို သတိပြုကြဖို့ လိုပါလိမ့်မယ်။

ဆြာလင်းထက်ဆွေ

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


ဝင်းဝင်း ကားဝင်း ၂၆ဘီလမ်း ၈၈*၈၉လမ်းကြား ဆိုင်တန်းရပ်၊ချမ်းအေးသာဇံမြို့နယ်
Mandalay
05022