A N S

A N S Computer Training Center & Business Software Production

17/07/2012

System Makes Easy

17/07/2012

အာဇာနည် နေ့ ကဗျာ

ခွါရွဲနေတဲ့ ဖိနပ် တရံ ကြားက အရွေ့ ၊ အမြှောက် အပေါင်း နောက် အစား တဲ့ အနုတ် ကတော့ ငါတို့ သွေးထဲ ပျော်နေသတဲ့ ငါတို့ ရဲ့ ရော့ရွဲ နေတဲ့ညအိပ်ယာ ဝင်ပုံ ကို အခန်း တံခါးမှာ ကပ်ပြီး တွဲ လိပ်ထား မယ် ကမ္ဘာကြီး အကြောင်း ဆိုတာ ရေခဲ သတ္တာထဲမှာ ခဏ ခဲ ခိုင်းထားလိုက် ကမ္ဘာ့ရေ ကို ရပ်ခိုင်း ထား မြန်မာ့ ရေကို နွေး ပူပူလေး ပေါ့ …. အာဇာနည် နေ့ ဒို့မမေ့ အမြဲ သတိ ရှိရမည် … ဒါစာသင်ခန်းထဲက ဝတ္တရာ လား… လေ ငွေ့လား .. ဝတ္တရာကို … ကြမ်းပြင်ပေါ် တစစီ ကျဲထား.. လွင့်နေတဲ့ လေ… တစ်လုံးစီ လုံး ကျောင်းထဲက အိတ်ကပ် တွေထဲ ညှင်းညှင်းသာသာ ထဲ့ ပေးမလို့ ပါ… မျက်နှာချက် တွေပေါ်က ရဲရင့်ခြင်းကဗျာပါ..သူတို့ ကသံယောဇဉ် ရှိပါတယ် စာသင်ခန်းတွေကို တွယ်ထားတယ် ဈေးတွေ မှာလဲ သူတို့ ရှိတယ်… လူနေအိမ်တွေ မှာလဲ နွယ်ထားတယ်… အပင်လေးတွေမှာလဲ တွယ်တတ်တယ်…. ဘုရား ပုထိုးတွေမှာလဲ တရားနာတယ်… အဖြူရောင် ကလေးတွေရဲ့ စာရွက် လေးတွေထဲမှာ သူတို့ နေလေရဲ့ ….. သူတို့ ကပင့်ကူမျှင်လေးတွေလေ… သူတို့ ရက်လုတ်ထားတယ်… သွေးကျောတွေနဲ့
ကျွန်တော်တို့ လွမ်းကြရအောင် ဗျာ ပန်းလေးတွေ ခွေပြီး….. ပုဆစ် ဒူးတုတ်
ကျွန်တော်တို့ ရွတ်ကြရအောင် ဗျာ ကဗျာ ဆွမ်း ကို ကပ် ပြီး….. လက်အုပ်မိုး၍
ကျွန်တော်တို့ ….. ရွေ့ကြရအောင် အရွေ့တွေကို ကိုင်ပြီး
စာသင်ခန်းတွေ က တကယ်ဝမ်းနည်းတာလား
အမေ မနက်ဖြန် အာဇာနည်နေ့ ကျောင်းပိတ်တယ် ပျော်လိုက်တာ
Happy world , oshin , ရုပ်ရှင် သွားမယ်နော် အမေ…
ရုံး တွေကရော တကယ်ဝမ်းနည်းတာလား
အမေတို့ လဲရုံး ပိတ်တယ် သားသား သွားချင်တာ လိုက်ပို့မယ်
ကုန်တိုက်တွေလဲ တကယ်ဝမ်းနည်းတာလား
ဖေဖေ ကြီးလဲ အလုပ်နားတယ် သူငယ်ချင်းတွေနဲ့ beer ဆိုင်သွားမယ်
ကဲ….. ကဲ…. အာဇာနည် နေ့……….

13/03/2012

Want ASK ......
Come ANS......

13/03/2012

Welcome my friends.

02/09/2011

ဒီနေ့ ၂.၉.၂၀၁၁ မှ ၅.၉.၂၀၁၁ ထိ မြို့တော်ခန်းမတွင် ANS ၏ ပြပွှဲရှိပါသည်။
ပြပွဲအတွင်းသင်တန်းအပ်နှံပါက ANS အင်္ကျီတစ်ထည်လက်ဆောင်ပေးမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်ခင်ဗျာ။

11/08/2011

Welcome From ANS

Address

21st/btwb 80th & 81st
Mandalay
095

Website

Alerts

Be the first to know and let us send you an email when A N S posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category