Zabu Kyal Kids

Zabu Kyal Kids

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zabu Kyal Kids, School, 62street, Mandalay.

18/07/2025

မူကြိုကျောင်းနှင့် ကလေးထိခိုက်မိခြင်း ပြသနာများ 🙂
#မူကြိုကျောင်းတိုင်းက ကလေးများကို အတတ်နိုင်ဆုံးဂရုစိုက်ကြပါသည်။

#ကလေးရဲ့တန်ဖိုးကြီးမှု ၊မိဘတိုင်းရဲ့ ရတနာ အားလုံးရဲ့အသဲတွေဆိုတာ မူကြိုဆရာမတိုင်း ကောင်းကောင်းသိပါတယ်ရှင့်။

#မူကြိုရောက်တဲ့အခါ ကလေးအချင်းချင်းရန်ဖြစ်တာ အနိုင်ကျင့်ခံရမှာစိတ်ပူကြတာ မိဘတိုင်းဆိုတာလည်း ဆရာမများကကောင်းစွာနားလည်ကြပါသည်။

#မိဘများ မူကြိုကျောင်းပို့တာဘာအတွက်ပါလဲရှင့် ကလေးကို နဲ့ Social &Sharing အခြား Knowledge &Development တွေ ရစေခြင်လို့ မူကြိုပို့ ကြတာဖြစ်ပါတယ်။

#မူကြိုဆိုတာ ကလေးတစ်ယောက်တည်းကို သီးသန့်ထိန်းရတာမဟုတ်ပါ လူနဲတာများတာပဲကွာပါတယ်။ ဆရာမအင်းအား လည်း မျှတအောင်စီစဥ်ထားကြပါတယ်။

#ခုဏကဖွံ့ဖြိုးခြင်းတွေ ရဖို့ဆို သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက်နေထိုင်မှုကစတင်ပါလာပါပြီ။

#ကလေးကို လုံး၀အမှားမခံနိုင်ဘူးဆိုတာမျိုးကတော့မဖြစ်နိုင်ပါဘူးရှင့်။ အသက်အန္တရာယ် ၊ကြီးမားတဲ့ဒါဏ်ရာမျိုး ဖြစ်လို့ လပ်မခံနိုင်တာက ဖြစ်သင့်ပါတယ်။

#သို့်သော် ကျောင်းမှာ အများစုဖြစ်တတ်တာက လက်သည်းနဲ့ကုတ်တာ ၊ ဆိတ်တာ၊ လက်နဲ့ရိုက်တာ၊ ဆံပင်ဆွဲတာ၊ သွားနဲ့ကိုက်တာ စသဖြင့် ရှိပါတယ်။ ပြသနာ ရှိတာ အဲ့ဒါပါ များသောအားဖြင့်။ ကိုက်တာက တော့အဆိုးဆုံးပြသနာပါပဲ ဆရာမတွေအတွက်တော့။

#ကလေးချင်း ဆော့ရင်းမတော်တစ ခိုက်မိတာမျိုးကလည်းရှိတတ်ပါတယ် ။ ဒါတွေကို ကြောက်လို့ ကလေးကို ခွဲထားတာမျိုးကိုလည်း လုပ်လို့မရပါဘူးရှင့်ကျောင်းတွေက။

#ကလေးတွေကို ဆရာမတွေဘက်က ကျောင်းအပ်ရင် ကလေးအကြောင်းမေးတယ်ဆိုတာ ခွဲခြားဆက်ဆံဖို့မဟုတ်ပါ။တချို့ဆို အိမ်ကမိဘက ကလေးရဲ့အကြောင်းရာကိုမပြောပဲ ထိန်ချန်ထားတဲ့အခါ ရုတ်တရက်ဖြစ်သွားတဲ့အခါ ဆရာမတွေ ဗျာများရပါတယ်။

#ကလေးကတချို့အိမ်မှာလက်သွက်တယ်နော်ဆရာမလို့မှာခဲ့ရင် ဆရာမတွေ ကလေးကို ချော့၍ရှင်းပြသွန်သင်ပေးလို့ရတာပေါ့နော်။

#ဆရာမတွေကတော့ ကလေးဆိုတာဘယ်ချိန် သူများကို လုပ်လိုက်မလဲဆိုတာ တိကျမသိနိုင်ပါ။ ခဏလေးအတွင်းမှာ ကလေးတွေကဖြစ်ကြတာပါ။

#ဆရာမတွေက ဘာလုပ်နေလဲမကြည့်ဘူးလား အပြစ်တင်ခံရပါတယ်။ တစ်ယောက်ထိန်းရတာနဲ့ ၅ယောက်ထိန်းရတာနဲ့မတူပါဘူးရှင့်။ ဘယ်လောက် သတိထားထား ခဏအတွင်းကိုဖြစ်သွားတာပါ။

#ဒါဆို ဆရာမတွေအတော်စိတ်ညစ်နေကြပါပြီ။မိဘကပြောတော့မှာပဲ သေးသေးကြီးကြီး စိတ်သောကတွေနဲ့ပါ။မိဘကကျေနပ်ပါ့မလားပေါ့။

#နားလည်းပေးကြတဲ့မိဘတွေလည်းများစွာရှိပါတယ်။တချို့ကျတော့လည်း သာမာန်ပြသနာလေးဖြစ်ရင်တောင် ကျောင်းထွက်ကျောင်းပြောင်းတွေဖြစ်လာပါတယ်။ပြသနာကြီးလို့ကတော့ မတွေးရဲတော့ပါဘူး။

#ကလေးဆိုတာ ဘယ်ချိန်ဘာထလုပ်မလဲမသိနိုင်တာမို့ တီချယ်တွေကလည်း ပြာနေအောင်ကြည့်ကြပါတယ်။ သူများကိုမထိဖိုလည်း မှာကြားသင်ပြကြပါတယ်။ ဒါပေမယ့်ကလေးလေ အချိန်ပြည့်ဘယ်မှတ်ထားနိုင်မလဲနော်။

#လူကြီးတောင် စိတ်မထိန်းနိုင်တာ ကလေးဆိုတော့ သူစိတ်သူဘယ်ထိန်းနိုင်ပါ့မလဲ။အဲ့တော့ လုပ်လိုက်ရင် ပြသနာကစလေရော ကလေးကို မခံနဲ့ပြန်လုပ်လို့ မသင်ပဲတစ်ခုခုဆို ဆရာမကိုတိုင်ဖို့ ပြောပေးပါ။

#မူကြိုကလေးတွက်ပြောပြတာပါ။ ကျမတို့ကလေးကငြိမ်ခံနေရမှာလားဆရာမ လို့ မပြောပါဘူးနော်။ ဆရာမရှိရင်ဆရာမကို အသိပေးဖို့ သင်ပေးရမှာပါ။ မူကြိုကလေးတွက်ပြောပြခြင်းပါ။

#ကျောင်းစထားရင် မူကြိုဆိုတော့ ကျောင်းအပ်ကျောင်းထွက်ရတာလွယ်တော့လည်း အဆင်မပြေတာနဲ့ မညှိတော့ပဲ ထွက်ကြတဲ့အခါ စိတ်မကောင်းဖြစ်ရပါတယ်။

#ကလေးတိုင်းကို ဆရာမတိုင်းကချစ်သလို ဂရုလည်းစိုက်ကြပါတယ်။ကိုယ့်ထမင်းအိုးကွဲမယ်အဖြစ်မျိုး ဘယ်မူကြိုမှ လွှတ်မထားကြပါဘူး။အဲ့အတွက်လည်း ဆရာတွေအပေါ်မှာ အတတ်နိုင်ဆုံးနားလည် ပေးပြီး တစ်ခုခုဆို ညှိနှိုင်းပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

#မူကြိုလုပ်ငန်းဆိုတာ ကလေးနဲ့ မိဘက ကျမတို့ရဲ့ထမင်းရှင်ပါပဲ။မိဘရှိလို့ ကလေးကို လာရောက်အပ်နှံကြတဲ့အတွက် ကျမတို့မူကြိုလုပ်ငန်းဆိုတာဖြစ်လာရတာပါ။

#ဆရာမတွေဘက်ကလည်း မိဘတွေအပေါ် အလေးထားသလို့ ဆရာမတွေအပေါ်မှာလည်း အလေးထား ပေးဖို့မေတ္တာရပ်ခံအပ်ပါသည်။

#မိဘတိုင်းရဲ့ကလေးတိုင်းကို 100%အပြည့်နဲ့နေ့တိုင်းဂရုစိုက်ပေးနေတဲ့မူကြိုဆရာမတွေအပေါ် ထိမိခိုက်မိတာများရှိခဲ့ရင်
ပြသနာ အသေးကြီးပေါ်မူတည်ပြီးနားလည်ပေးကြပါနော်။
ကျေးဇူးတင်ပါတယ်ရှင့်။ 🙏

ကစားရင်းသင်ယူ သင်ယူရင်းတတ်မြောက်ရဖို့ Learning with Tr.Hlaing education centre (LTH) မှာ ပျော်ရွှင်စွာ သင်ယူကြပါစို့...👦👧👨👩
☎️09788191324
🏫အမှတ်(၂၇)၊ ဒုတိယထပ်B၊ မယ်စီကုန်းလမ်း၊ (၇)ရပ်ကွက်၊ လှိုင်မြို့နယ်၊ သံလမ်းမှတ်တိုင်
https://t.me/sandar269


TikTok · K & P Thrift Shop 19/06/2025

TikTok · K & P Thrift Shop 357 likes, 34 comments. “🍀 ကလေးတွေကို စည်းကမ်းနဲ့ထိန်းတယ်ဆိုတာ ဖေဖေမေမေတို့ဘဝရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်သလို စိန်ခ...

Photos from Zabu Kyal Kids's post 12/06/2025

❤️❤️❤️

Photos from Zabu Kyal Kids's post 12/06/2025

အရောင်လေးတွေခြယ်ကြမယ်

Photos from Zabu Kyal Kids's post 19/05/2025

ဘုရားကန်တော့ပြီး တရားထိုင်ကြမယ်🙏🙏🙏

Photos from Zabu Kyal Kids's post 16/05/2025

Happy Friday သားသားမီးမီးလေးများအတွက် အိမ်ပြန်လက်ဆောင်⭐

16/05/2025

ကိုလူချောများရဲ့
နေကာမျက် မှန်လေး

16/05/2025

ဒုံးယိမ်း

16/05/2025

စိန်အိုးစည်😍

16/05/2025

ရိုးရိုးလေး☺️

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


62street
Mandalay
SWE