31/08/2019
Certified Professsional Coach Level 1
03/ 2019 အစီအစဉ်ပထမနေ့
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from STET Education Hall, Mandalay, Education, STET Education Hall, Sein Pan Maharsi Yeikthar Road, Between 36th & 37th Streets, Mandalay.
31/08/2019
Certified Professsional Coach Level 1
03/ 2019 အစီအစဉ်ပထမနေ့
01/04/2019
Coaching Skills for Leaders သင်တန်း
=======================
အကောင်းဆုံး အစီအစဉ်များနဲ့ ခရီးဆက်နေရတာမို့ တစ်နှစ်မှာ အကြိမ်နည်းနည်းဘဲ ဖွင့်ဖြစ်တော့မယ့်
Coaching ပညာရပ်အကြောင်း
အခြေခံကျကျ လေ့လာလိုသူတွေ အတွက်
အကောင်းဆုံး နှစ်ရက်တာကို
အချိန်ပေးပြီး သင်ယူလိုက်ကြပါ
သင်တန်းမှာ
အဓိက လေ့လာကြရမှာက
ကြိုက်တဲ့ Coaching လိုင်းကိုသွားဖို့ အဓိက နဲ့ အခြေခံကျတဲ့
သဘောတရားတွေ အကုန်အစင်သိခွင့်ရမှာပါ
ဆက်လက်သင်ယူနိုင်မယ့်
ပညာရပ်တွေကို ကောင်းမွန်းစွာသွားနိုင်မယ့်အပြင်
Company ကြီးတွေမှာ
Coaching စံနစ်တွေသုံးပြီး
Executive Level တွေက အစ
ကြီးကြပ်ရေးမှူးတွေ အဆင့်ဆင့် စီမံသူတွေက
လုပ်ငန်းခွင်မှာ ရှိတဲ့ အခက်အခဲတွေနဲ့ စိတ်ခံစားချက်တွေကြောင့် ဖြစ်တဲ့ အကြောင်းကြီးငယ်တွေကို ပြေလည်စေနိုင်ပြီး
Leader တစ်ယောက်ရဲ့ Role နဲ့ ဘယ်လို အစီအစဉ်တွေဆွဲပြီး ကျော်လွှားနိုင်မယ် အောင်မြင်နိုင်မယ်ဆိုတဲ့
နည်းလမ်းတွေကို သင်ယူကြရမှာပါ
သင်ကြားရတဲ့ Subject က ကြီးပေမယ့်
အလွယ်တကူလေ့လာလို့ရမယ့်
သင်တန်းမျိုး တစ်ခု ဖြစ်လာတော့မှာပါ
အင်္ဂလိပ်လို သင်ယူရပေမယ့်
မြန်မာပြန်တွေပါပြီး
မြန်မာလို ရှင်းပြမယ့် သဘောတရားတွေကို
အလွယ်တကူဖြစ်အောင်စီစဉ်ပေးထားပါတယ်
အလေးထားသင်ယူလိုသူများကို ဦးစားပေးဖိတ်ခေါ်ပါမယ်
ပထမဦးဆုံး စာရင်းပေး ငွေသွင်းသူ သုံးဦးကို
၅% တိတိ Discount ပေးသွားမှာ ဖြစ်ပါတယ်
သင်တန်းရက်က ဧပြီလ ၂၇ ၂၈ စနေ တနင်္ဂနွေနေ့ တွေ ဖြစ်ပါမယ်
အချိန်က မနက် ၈း၃၀ မှ
တစ်နေ့လုံး ညနေ ၄း၃၀ထိဖြစ်ပါမယ်
နေ့လည်စာ ထမင်းနဲ့
မနက်ပိုင်း နဲ့ နေ့လည်ပိုင်း
ကော်ဖီ Break ချိန်လေးတွေ ပေးပါမယ်
Certification အနေနဲ့
International Association of Coaching, IAC အသင်းကြီးက အသိအမှတ်ပြု
နိုင်ငံတကာ အဆင့် Coaching စာသင်ကျောင်းကြီးဖြစ်တဲ့
Team Coach International နဲ့ မြန်မာရဲ့ Coaching ပညာသင်ကျောင်းဖြစ်တဲ့ TRUST Education Business တို့ကနေ ပူးတွဲချီးမြှင့်တဲ့
Coaching Skills for Leadership သို့မဟုတ်
Certified Professional Coach CPC L-1
Certificate ကို ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်
Professional Coach တစ်ယောက်ခရီးစဉ်မှာ အသုံးပြုရမယ့် Tools တွေ အစုံအလင်သိခွင့်ရပြီး လက်တွေ့ကျကျ အသုံးပြုလို့ရသွားတော့မှာမို့
အမြန်ဆုံး ဆက်သွယ်နိုင်ပါပြီ
ဆက်သွယ်ရန် ဖုန်းနံပါတ်ကတော့
09965109455
နဲ့
0996436248 သို့ ဆက်သွယ်ပြီး အမြန်ဆုံး စာရင်းပေးနိုင်ကြပါပြီ
ကိုခင်မောင်သန်း
Licensed Trainer for CPC L-1,
Certified Professional Coach,
Certified Member of IAC(58812),
Licensed LPI Trainer by LPCOE,
Founder & Vice President of MIAPC (Myanmar International Association of Coaching).
15/02/2019
Valentine's day ချစ်ခြင်း
=============
ချစ်ခြင်းကိစ္စသည် ငယ်ရွယ်စဉ်က Body Chemical ဟော်မုန်းအပြောင်းအလဲ ဖြစ်ပါတယ်
ချစ်ခြင်းရဲ့ တဖက်မှာ မုန်းခြင်း ဥပက္ခာ နဲ့ ရန်သူအဖြစ်သတ်မှတ်ခြင်းဆိုတာတွေ လာပါတယ်
ချစ်ခြင်းဆိုတဲ့ နယ်ပါယ်မှာ 5 Love Languages ဆိုတာ နာမယ်ကြီးပါတယ်
တကယ့်ကို ပညာပါတဲ့ နည်းလမ်းမို့ ကောင်းပါတယ်
သို့သော်
ချစ်ခြင်းဆိုတဲ့ နောက်ကွယ်ကို လှပ်ကြည့်ရင်
One Person Vs One Person
Or
One Person Vs Others
Or
A group of People Vs Another or Other Group Of People
နှစ်ဖက်ရှိပါမယ်
ယောင်္ကျား မိန်းမ နှစ်ဖက်
အဖွဲ့ နှစ်ဖက်ရှိပါမယ်
ချစ်ခြင်းအကြောင်းဖွင့်ဆိုတဲ့အခါ
ကျား မ ဆိုတာကိုလည်း စဉ်းစားရပါမယ်
သည့်ထက်ပိုပြီး စဉ်းစားတဲ့အခါမှာ ကျားမ သဘာဝထက်မကတော့ဘဲ
လူတစ်ဦးယောက်စီမှာရှိတဲ့
မတူတဲ့ Personality ကို ထည့်စဉ်စားဖို့ လိုလာပါတယ်
ဘာလို့လည်း ဆိုရင်
လူတစ်ယောက်တိုင်းဟာ
သူဖြတ်သန်းတွေ့ကြုံဖူးတဲ့ အရာတွေ အားလုံးကို စုကိုင်ပြီး
သူ့ဘဝကိုနေကြပါတယ်
အဲ့လိုစုကိုင်ထားတဲ့ အတွေ့အကြုံတွေအတိုင်းနေပါတယ်
တုန့်ပြန်ပါတယ်
အဲ့တာကို သူ့ရဲ့ Perception အလေ့အထတစ်ခုအဖြစ်ယူပါတယ်
သူ့ကိုယ့်ပိုင် Personality နဲ့ ကိုယ်ပိုင်လုပ်ပြီးကြီးပြင်းလာခဲ့တာပါ
ဘယ်ကိစ္စကို ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို သူပုံစံရွေးပြီး နေ့စဉ်ဖြတ်သန်းနေကြတာမျိုးပါ
ခုလိုအခြေအနေမျိုးကို
နှစ်ဖက်ညှိနှိုင်းနေဖို့ဆိုတာ
ကောင်းကင်ယံမှာ
လေယာဉ်နှစ်စီး ဆီဖြည့်ရတာထက်ပိုခက်ပါတယ်
ယောင်္ကျားတစ်ယောက်က ဘာကြိုက်တတ်တယ်
မိန်းမတစ်ယောက်က ဘာကြိုက်တယ် ဘာကိုတော့မကြိုက်ဘူး
အဲ့ဒီရှုထောင့်ကကြည့်ပြီး
လိုက်လံ ငြှိနှိုင်းနေရင် သိပ်ခက်ပါတယ်
လူတစ်ယောက်မှာ ဘယ်လို Personality ရှိတယ် ဆိုတဲ့
ရှုထောင့်က ချဉ်းကပ်မယ်ဆို
ပိုလွယ်ပါတယ်
သူ့ရဲ့ စဉ်းစားပုံနဲ့
Personality ပိုင်းကို ပိုမိုပြီး သိနိုင်လို့ဖြစ်ပါတယ်
နောက်ပြီး တဖက်လူရဲ့ Emotional သွားမယ့် Trend ကို မှန်းလို့ရနိုင်လို့ဖြစ်ပါတယ်
နောက်အရေးကြီးတဲ့ အကြောင်းအရာ တစ်ခုက Perception က စိတ်နဲ့ ခန္ဓာကိုယ်ရဲ့
အမူအရာ အမူအကျင့်တွေ နှုတ်ထွက်စကားကို ပြောင်းလဲ စေနိုင်တယ်ဆိုတဲ့ သာဓက တစ်ခုပါ
အဲ့ဒီသဘာဝကိုလည်း
လူတိုင်းနားလ်ာသဘောပေါက်ဖို့ ကောင်းပါတယ်
သဘောက
ကိုယ့်ထဲမှာ လူတစ်ယောက်ကို
ကြည့်ရင်းကြည်ညိုလာတယ်ဆိုရင်
ကြည့်ရင်း ကြည့်ရင်း ကိုယ့်ထဲ ထွက်လာတဲ့ Chemical က တစ်မျိုး
ပိုပိုကြည့်လေ ကြည်ညိုလေဘဲ
နောက်တစ်ခါ
ပြဿနာ
ရှိတယ်လို့ ယူဆမိရင်
အဲ့လူကိုဘဲ
ကြည့်ရင်း ကြည့်ရင်း မုန်းလာမယ်
တွေးလေ မုန်းလေ ကြည့်လေ မုန်းလေ အဲ့အချိန်မှာ ကိုယ့်ထဲထွက်နေမယ့် Chemical က နောက်တစ်မျိုး
ကိုယ်စမိရင် စမိသလို
Perception ကနေ စလိုက်မိတာနဲ့
အချစ် အတွေး
အမုန်း အတွေးဝင်တတ်တာမျိုး
အဲ့ဒီ Perception ကြောင့်
Change တတ်တာတွေကို သိရမယ်
အဲ့တာကြောင့်
Personality Awareness
Self Emotional Awareness အကြောင်း လူတိုင်းသိဖို့ အရေးကြီးလာပါတယ်
သိလာရင်
တစ်ဦးနဲ့ တစ်ဦးနားလည်မှုပိုလာမယ်
တစ်ဦးနဲ့ တစ်ဦး နားမလည်နိုင်မှုတွေ လျော့နည်းလာမယ်
တစ်ဦးနဲ့ တစ်ဦး သူ့သဘောထား ဘယ်လိုရှိတယ်
ငါ့သဘောထားဘယ်လိုရှိတယ် စသဖြင့် ပြောမထားပေမယ့် နောက်ကွယ်က သဘောထားတွေပါ Transparency ရှိရှိသိမြင်နိုင်တာမို့
ဘဝနေနည်းအတတ်တစ်ခုအနေနဲ့
သင်ယူလေ့လာထားသင့်ပါတယ်
အဲ့ဒီလို သေသေချာချာလေ့လာပြီး သိလာလို့ရှိရင်
Change တွေတိုင်း ထိရှမှုနည်းလာမယ်
နားလည်မှုပိုလာမှာမို့
အားလုံးအတွက်
Emotion ကောင်းကောင်းနဲ့
အကောင်းဆုံး Valentines နေ့ရက်များကို နေ့တိုင်းနေ့တိုင်း ရေရှည်ကျော်ဖြတ်နိုင်ကြပါစေလို့
ဆုတောင်းပေးပါတယ်
ကိုခင်မောင်သန်း
Certified Professional Coach (TCI),
Licensed LPI Trainer of Emotional Excellence by LPCOE,
Licensed Certified Professional Trainer for Level I.
Vice President of Myanmar International Association of Certified Coach(MIAPC).
Certified Professional Coaching
ခရီးစဉ် နံပါတ် CPC 01-2019 စတင်ပါတော့မယ်
တစ်နှစ်မှာ အကြိမ်နည်းနည်းသာ ဖွင့်တဲ့ Quality Coach, Professional Coach သင်တန်းပါ
တကယ့် Passionate ဖြစ်တဲ့
Professional Coach ဖြစ်ချင်တယ်
တစ်နာရီကို ဒေါ်လာနဲ့ Charge လုပ်ရမယ့် ပညာရှင်တစ်ယောက်ဖြစ်လို့ တကယ့်ကို Commitment ပေးနိုင်သူကိုသာ လက်ခံချင်ပါတယ်
ပညာရှင် Level တန်းဆိုတဲ့ အသုံးအနှုံးကို သုံးရတာက
ကိုယ်တိုင် သင်ယူ
ကိုယ်တိုင် Assetment ပေါင်းများစွာ အစစ်ဆေးခံပြီး
ကိုယ်တိုင် Assignment နာရီပေါင်းများစွာကို လုပ်ရပြီး
ပန်းတိုင်ဝင်တာနဲ့ IAC လို့ခေါ်တဲ့ နိုင်ငံတကာ Level International Association of Coaching က ပေးတဲ့ တစ်နှစ်စာ အသင်းဝင်နံပါတ်နဲ့ အသိအမှတ်ပြုပေးတဲ့ ပညာရှင် အဖြစ် မိတ်ဆွေချက်ချင်းရပါမယ်
ရေးဖြေ နှုတ်ဖြေတွေရဲ့ အဆုံးမှာ Team Coach International ရဲ့ License Coach အဖြစ်ရပါမယ်
မိတ်ဆွေ ဆက်လုပ်နိုင်သေးရင်
Myanmar International Association of Professional Coach အသင်းဝင်ခွင့်ရပါမယ်
မိတ်ဆွေဆက်လုပ်နိုင်သေးရင်
Team Coach International နဲ့ လက်တွဲထားတဲ့
TRUST School of Coaching & Mentoring အောက်မှာ
CPC သင်တန်းတွေ ဖေါ်ထုတ်ပေးတဲ့ ဝင်ငွေရတဲ့ TRUST Partner လုပ်ရင်း
လေးလတစ်ကြိမ်လုပ်တဲ့ Mastermind Coach Meetup တွေမှာ ပညာဖလှယ်ခွင့်ရပါမယ်
မိတ်ဆွေရဲ့ Coaching လုပ်ရင်းကြုံရတဲ့ အရေးပေါ် အခက်အခဲတွေကို အကူအညီအပြည့်ပေးမယ်
မိတ်ဆွေဆက်လုပ်နိုင်သေးရင်
နှစ်နှစ်တစ်ကြိမ်ဖိတ်တဲ့ International Conference တွေ ဖိတ်စာနဲ့ တကွတက်ခွင့်ရမယ်
မှတ်ချက် နောက် ၂၀၂၀ ပွဲက
စပိန်နိုင်ငံ ဘာစီလိုးနားမှာ လုပ်မှာပါ
မိတ်ဆွေ ဆက်လုပ်နိုင်သေးရင် မြန်မာနိုင်ငံမှာ အနည်းဆုံး Coach 100 ပြည့်လာရင် စတင်တောင်းမယ့်
Myanmar International Coaching Conference (in the near future)
မှာ ကိုယ်တိုင် အိမ်ရှင်အဖြစ် ဝိုင်းဝန်းဆောင်ရွက်ရင်းဂုဏ်ယူခွင့်ရမယ်
မိတ်ဆွေ ဆုံးဖြတ်ပြီးရင်
အခုစာကိုဆက်ဖတ်လို့ရပါပြီ
Mandalay Level 1 သင်တန်းက November 3-4 ဖွင့်မှာပါ
Dec 1-2 မှာ Level 2
Jan 26-27 မှာ Level 3 ဖွင့်မှာပါ
ပုံမှန်အားဖြင့် Level 1-2-3 သည် ရှစ်လနဲ့ တစ်နှစ် အနည်းဆုံးကြာတတ်ပါတယ်
အခုအပါတ်မို့
နိုင်ငံခြားက သင်မယ့် ဆရာတွေနဲ့
Examination Board တို့ရဲ့ အချိန် ရက်ချိန်းပေးတာကြောင့် လတိုတိုနဲ့
Certified Professional Coach ဖြစ်ခွင့်ရကြမှာပါ
အဲ့တာကြောင့် အမြန်ဆုံးဆက်သွယ်စာရင်းပေးကြဖို့ ဖိတ်ခေါ်ပါတယ် ခင်မျာ
အခုဆုံးဖြတ်ရင်
January လကုန်ဆို
မိတ်ဆွေနာမယ်နောက်မှာ
Certified Member of International Association of Coaching (no. X # # #),
Certified Professional Coach (by Team Coach International),
Member of Myanmar International Associational of Professional Coach (no. # # ),
Certified TRUST Partner of TRUST School of Coaching & Mentoring (no. # # )
စတဲ့ ဂုဏ်ပုဒ်တွေကို
မိတ်ဆွေ စီးပွားရေးသုံး လိပ်စာကဒ်
ရာထူးမြင့်ဝန်ထမ်းလျောက်လွှာတွေ နဲ့
မိတ်ဆွေရဲ့ Professional Business Card တွေမှာ
တခါးဖွင့်ထားတဲ့ နိုင်ငံတကာ Level ထိ ပညာရည်ပြည့်ဝတင့်တယ်တဲ့
စာတန်းလေးများ က
မိတ်ဆွေကို တခြားအပေါင်းအသင်းများထက် ထူးခြားတဲ့
အခက်အခဲဖြေရှင်းနိုင်စွမ်းတွေ ပိုသိနေသူ
အခက်အခဲများ အတားအဆွးများကို အလွယ်တကူ ကျော်လွှားနိုင်တဲ့ အမြင်ရှိတဲ့ သူအဖြစ် မြင့်မားတဲ့ အနေအထားတစ်ခုကို ရောက်ရှိစေမှာမို့
အခုဘဲ စတင်လိုက်ပါ
ဒီနေ့ မဆက်သွယ်ဖြစ်ရင်
ဘယ်နေ့ ဆက်သွယ်ဖြစ်မလဲ
အကောင်းဆုံး အနာဂါတ်တွေ
ဘဝတစ်ဆစ်ချိုး အကွေ့လေး လုပ်ဖို့ ဆက်သွယ်မေးမြန်း စရာ ရှိရင် 09965109455 ကို အားမနာတမ်း ဖုန်းဆက်မေးလို့ရပါတယ်
(စာသင်နေလို့ ဖြစ်စေ
Client များနဲ့ Coaching Session လုပ်နေလို့်ဖြစ်စေ
Missed Call တွေကို ဖုန်းပြန်ခေါ်ပေးပါတယ်
SMS ပို့ထားလည်း ပြန်ခေါ်ပေးပါတယ် )
ကျေးဇူးတင်ပါတယ်
ကိုခင်မောင်သန်း
Certified Professional Coach (by Team Coach International),
Member of International Association of Coaching, IAC.(058821).
Licensed LPI Trainer on Emotion (by LPCOE).
President, TRUST Trainers & Coaches Group.
Founder of TRUST, School of Coaching & Mentoring.
Executive Chairman & Founder of SSL Private School,
Chief Facillitator for group of mentors at SSL Private School,
Director, TSKT Group of Company, a Developer Business.
24/10/2018
Coaching ကို ဘာအတွက် လိုအပ်တာလဲ
(Team Coach International ရဲ့ ဆောင်းပါးများကို
တစ်စိတ်တစ်ပိုင်းဖြစ်စေ
တစ်ပုဒ်လုံးဖြစ်စေ ကိုးကားလိုလျှင် ကူးယူလိုလျှင် ခွင့်ပြုချက်တောင်းရန်လိုအပ်ပါသည်)
ဟားဘတ် ဘစ္စနက်စ် ပါဘလစ်ရှာက ထုတ်တဲ့
Tha Wild West of Executive Coaching by Stratford and Alyssa Freas, Harvard Business Review မှာ ရေးထားတာက
စံနစ်တကျနဲ့ ပုံဖေါ်လို့ရတဲ့
One to One Coaching Interventions ဟာ လူတစ်ယောက် အပြောင်းအလဲ အရှိန်မြှင့်ဖို့ နဲ့ အကောင်းဆုံးအပြောင်းအလဲတွေနဲ့ ကိုယ်နဲ့ တစ်သားတည်းကျဖို့ အတွက် မဟာဗျူဟာမြောက်နည်းလမ်းပါ
လို့ တိုက်တွန်းထားပါတယ်
အကျိုးတရားဘာတွေရမလဲ
Harry Minkowski,
President of an extremely successful multibillion-dollar unit that produces much of the profit at a premier entertainment company က
တစ်ဝက်မျှလောက်သော လူတွေက တစ်ဝက်မျှလောက်သော အကျင့်စာရိုက်တွေကို ပြင်လိုက်မယ်ဆို အံ့အားသင့်စရာကောင်းလိမ့်မယ်
ကျနော်တို့အနေနဲ့ Coaching ကို အသုံးပြုပြီ လူတစ်ရာရဲ့ အချိန် ၉၅ ရာနှုန်းသောအချိန်ကို အသုံးပြုပြီး အကျင့်စရိုက် ၉၅ရာနှုန်းထားလောက်ပြင်ပေးလိုက်နိုင်တယ်
အရင်ကဆို သူတို့မှာ တကယ်ရှိပြီးသားအရည်အချင်းတွေဘာတွေမသိခဲ့ကြပေမယ့် အခုတော့ Coaching အပြီးမှာ အလုပ်ခွင်တွေမှာပေါ့ပေါ့ပါးပါးနဲ့
အောင်မြင်ပျော်ရွှင် နေကြပြီဖြစ်ပါတယ်
Coaching ဆိုတာ အောင်မြင်တဲ့ အပြောင်းအလဲတွေရဲ့ ကြားခံနယ်လား
မေးခွန်းတစ်ခုရှိပါတယ်
Executive Coaching Program တစ်ခုဟာ ဘယ်အတိုင်းအတာတစ်ခုအထိ လုပ်ငန်းခွင်တွေထဲ အဖွဲ့အစည်းတွေထဲ တိုးတက်တဲ့ အပြောင်းအလဲတွေ ရအောင် စွမ်းဆောင်ပေးမလဲ
Nick Paradopoulos,
i-Coach Academy, National Centre for Work Based Learning Partnerships, Middlesex University (2009) က
တစ်ဦးတစ်ယောက်ချင်း Coaching လုပ်ခြင်းဟာ အငြင်းပွားဖွယ်ရာကောင်းကောင်းလုပ်ရင်တောင် အကောင်းဆုံး မဟာဗျူဟာမြောက် အပြောင်းအလဲ လုပ်ပေးနိုင်တဲ့ အကောင်းဆုံးသော ဘာသာရပ်လို့ သာသာထိုးထိုးပြောချင်ပါတယ် တဲ့
တစ်ဦးချင်း တစ်ယောက်ချင်း အပြောင်းအလဲ ကောင်းတွေ မလုပ်ဘဲ အဖွဲ့အစည်းကြီးတစ်ခုလုံးဖို့ ကြားခံနယ်တစ်ခု မရနိုင်ပါဘူး လို့ဆိုပါတယ်
Learning is the act or process through which behavioral change happens
လို့ ဆိုလာတဲ့
Malcom Knowles က အပြောင်းအလဲ နဲ့ သင်ယူခြင်းကို အပြန်အလှန်အပြောင်းအလဲ လုပ်ယူလို့ရတယ်လို့ ဆိုပါတယ်
Manfred Kets de Vries,
Clinical Professor of Leadership Development, INSEAD က
" အပြောင်းအလဲ လုပ်ယူခြင်း" ဆိုတာ Coaching ရဲ့ နှလုံးသားပါ လို့ ဆိုပါတယ်
Coaching ဆိုတာ
အရေးပါတဲ့ ဂုဏ်ဒြပ်တစ်ခုအနေနဲ့ အကူအညီတွေ ပေးနိုင်ဖို့ တစ်ဦးတစ်ယောက်ချင်းနဲ့ အဖွဲ့အစည်းတွေထဲ
"အခက်အခဲအနှောက်အယှက်တွေကို ကြာရှည်လက်ခံထားမယ် အစား"
အပြောင်းအလဲတွေကို ဖန်တီးဖို့
အပြောင်းအလဲတွေကို လက်ခံနိုင်ဖို့
အပြောင်းအလဲတွေကို စိန်ခေါ်နိုင်ဖို့ အဓိကထား ကူညီပေးနိုင်တာဖြစ်ပါတယ်
သို့သော် တကယ့် Coaching Process နဲ့ နည်းပညာတွေဟာ သိပ်အဆင့်မြင့်ပါတယ်
ခက်ခဲနေနိုင်ပါတယ်
Skiffington and Zeus, 2001. McGraw-Hill Professional - New York ရဲ့ အဆိုအရ
Coach တစ်ရဲ့ အခန်းကဏ္ဍ ဟာ Change Agent ပါ
အဖွဲ့အစည်းတစ်ခု ရဲ့ အတွင်းသို့မဟုတ် အပြင်က Coach ဖြစ်လို့ရပါတယ်
သူလုပ်ပေးနိုင်မယ့်
Coaching ပုံစံတွေရှိပါတယ်
👉ရုံးတွင်းက Coach သို့မဟုတ် ရုံးပြင်က ဖိတ်ခေါ်ထားတဲ့ ပညာရှင် Coach တစ်ယောက် နဲ့ ရုံးမှာ မိမိအလုပ်ခွင်မှာ လုပ်ငန်းခွင်တွင်း Coaching အသုံးပြုတဲ့ အလေ့အထပါတ်ဝန်းကျင်တစ်ခုဖန်တီးခြင်း
👉အဖွဲ့အစည်းအတွင်း ဦးဆောင်သူတွေရဲ့ Leadership Skills တွေ တက်လာပြီး အကောင်းဆုံး ဦးဆောင်မှုတွေ ပြုလုပ်စေခြင်း
👉အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ပိုင်းကို ခေါင်းဆောင် သို့မဟုတ်
Leader တွေနဲ့ အကြား Coaching သင်ကြားပေးပြီး မန်နေဂျာများကို Coach များဖြစ်လာအောင် ဖန်တီးခြင်း အစီအစဉ်
👉ပြင်ပမှ ပညာရှင် Coach တစ်ယောက် အဖွဲ့အစည်းအကြီးအကဲ သို့မဟုတ် ခေါင်းဆောင် နဲ့ အလုပ်လုပ်ကိုင်ပေးခြင်းဖြင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ သို့မဟုတ် Operation စံနစ်ကြီးတစ်ခု လည်ပါတ်နိုင်ဖို့ Masteries Skills တွေ ခိုင်ခန့်ကောင်းမွန်စေခြင်း
စီးပွားရေးလုပ်ငန်းခွင်မှာ Coaching အသုံးပြုရင်း
"မူလတန်ဘိုးတွေ ရှင်းရှင်းသိလာခြင်း"
"စွန့်စားမှုလုပ်နိုင်ဖို့ ယုံကြည်ချက်တွေရရှိလာခြင်း"
"ရည်မှန်းချက်တွေနဲ့ အကောင်အထည်ဖေါ်ရေးမဟာဗျူ ဟာ ချမှတ်နိုင်ခြင်း" စတဲ့ အရည်အချင်းတွေကို မိမိဝန်ထမ်းတွေဆီ ပြန့်ပွားပေးရင်း သူ့ရဲ့ တန်ဘိုးရှိတဲ့ အခန်းကဏ္ဍ အဖြစ် သင်ကြားသင်ယူမှု အလေ့အထရှိတဲ့ အဖွဲ့အစည်းကောင်းတစ်ခုဖြစ်လာပါ လို့ဆိုပါတယ်
Change as a Facillitator
အဖြစ်အသုံးပြုနေကြတဲ့ Coaching များလည်း ရှိပါတယ်
အမျိုးသားရေးအဆင့် လူသားရင်းမြစ် စံနှုန်းအရ
Talent Management
Learning & Development
Compensations & Benefits
Employee Relations အပိုင်းမှာ
Coaching, Counseling နဲ့ Mentoring
Strategic HR Leadership
ကဏ္ဍတွေရှိပါတယ်
ကျွန်တော်တို့ရဲ့
IAC, The International Association of Coaching က
Coaching ကို
Coaching as a transformative process for personal and professional awearness, discovery and growth. လို့ ဖွင့်ဆိုပါတယ်
ကိုယ့်ရဲ့ Client ကို အဖေါ်ပြုရင်း သူ့ရဲ့ အတွေးနယ်ပါယ်ချဲ့ထွင်ပေးရင်း နည်းလမ်းသစ်တွေကနေတဆင့် သူ့မှာရှိပြီး ကျွမ်းကျင်မှုတွေ အားကောင်းလာအောင် အပြောင်းအလဲဖြစ်လာအောင်ကူညီပေးတာလို့ဆိုပါတယ်
The World Association of Business Coaches က
စီပွားရေးနယ်ပါယ်ကဖြစ်စေ
အစိုးရအဖွဲ့အစည်းကဖြစ်စေ
NGO အဖွဲ့တွေထဲက ဖြစ်စေ
ဖိတ်ခေါ်တဲ့ Client ကို ပုံသေတည်ဆောက်ထားတဲ့ အပြန်အလှန်ပြောဆို မေးမြန်းရင်း ပုံမှန်စကားဝိုင်းတစ်ခု ပြုလုပ်တာကို Business Coaching လို့ ခေါ်တယ် လို့ဆိုပါတယ်
ရည်မှန်းချက်က
သူနဲ့သူ့ရဲ့ အဖွဲ့အစည်းအကျိုးအတွက် ထားရှိတဲ့ စီးပွားရေးရည်မှန်းချက်တွေ ပြောင်ပြောင်မြောက်မြောက်လုပ်ဆောင်အကောင်အထည်နိုင်ဖို့ သူ့ရဲ့ သတိမထား သတိမမူမိတဲ့ အကြောင်းအရာတွေကို သတိထားမိ သိရှိလာပြီး သူ့ရဲ့ လုပ်ဆောင်မှုတွေ နဲ့ အမူအကျင့်တွေပြောင်းလဲ လာနိုင်သွားအောင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်
The AMA/Institute for Productivity team အဆိုအရ
Coaching ဟာ
အလုပ်ခွင်ရဲ့ လုပ်ကိုင်နိုင်စွမ်းရည်တွေ တိုးတက်ဖို့ ရည်ရွယ်ချက်နဲ့ အတွင်းသို့မဟုတ်ပြင်ပ ပညာရှင် မန်နေဂျာ စီနီယာခေါင်းဆောင် တို့အကြား အချိန်တို အချိန်လတ် ဆက်ဆံရေးတစ်ခု ထူထောင်ခြင်းလို့ ဆိုပါတယ်
Institute of Coaching at McLean Hospital, an Affiliate of Havard Medical School က Coaching ကို
လူတစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ ရပ်တည်မှု အားသာချက်တွေနဲ့ အလားအလာတွေကို အပြောင်းအလဲတစ်ခုအဖြစ် ရွေ့လျားလာနိုင်အောင် စွမ်းဆောင်ပေးခြင်းလို့ ဖွင့်ဆိုပါတယ်
Sir John Whitmore က သင်ပေးခြင်းထက် သင်ယူမှုဖြစ်စဉ်တွေ ပိုရအောင် လုပ်ပေးတယ်လို့ဆိုပါတယ်
သူတို့ရဲ့ကိုယ်ပိုင် စွမ်းဆောင်ရည်တွေ အမြင့်ဆုံးထုတ်လာအောင် မြှင့်တင်ပေးနိုင်ဖို့ လူတစ်ယောက်စီရဲ့ ကိုယ်ပိုင်အလားအလာကောင်းများကို ဖွင့်ထုတ်ပေးတယ်လို့ ဆိုပါတယ်
Sten, L.R. ကတော့
Executive Coaching ကို
အတွေ့အကြုံကောင်းတွေကို အခြေခံတဲ့ တစ်ဦးတစ်ယောက်ချင်းဗဟိုပြု Leadership Development နည်းလမ်းတွေဖြစ်ပြီး ရေတို ရေရှည် အလုပ်ဖြစ်မယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းကို တည်ဆောက်ပေးတယ်လို့ဆိုပါတယ်
Zenger, John. H, Stinnett Kathleen က Coaching ဆိုတာ တစ်ဦးတစ်ယောက်ကို သူ့ရဲ့ သိမြင်မှုနယ်ပါယ် ချဲ့ထွင်ရေး အခက်အခဲတွေအတွက် အဆင့်မြင့်အဖြေများ ပြီးပြည့်စုံတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ကူညီပေးတဲ့ ကြားခံနယ် တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်
Coaching ဆိုတာ ဘာလဲ
အနှစ်သာရအားဖြင့်
Coaching ဆိုတာ ရှေ့သို့တိုးခြင်းနဲ့ ရည်မှန်းချက်ဗဟိုပြုခြင်းပင်ဖြစ်ပါတယ်
ရည်ရွယ်ချက်တွေကတော့
သူလိုတဲ့ အဖြေတွေ ကိုယ်တိုင်ဖေါ်ထုတ်ရာမှာ ကူညီပေးဖို့
သူတို့လိုရာပန်းတိုင်ကို အရောက်လှမ်းဖို့ ဖြစ်နိုင်ခြေတွေအားလုံးကို သတိပြုမိလာဖို့
နဲ့
မိမိလိုရာပန်းတိုင်ရောက်ဖို့
သင့်လျှော်တဲ့ မဟာဗျူဟာတွေ နဲ့ လိုအပ်တဲ့ အားထုတ်မှုတွေ ဖြစ်ထွန်းလာဖို့ ကိုယ်တိုင်တာဝန်ယူလာအောင် ကူညီပေးတဲ့ အတတ်ပညာဖြစ်ပါတယ်
ရည်ညွှန်း
Coaching for High Perfoemance: How to develop Exceptional Results through Coaching.
သင်ကြားမှု သင်ယူမှု ဖြစ်စဉ်မှာ
The Big Picture အစဉ်အရ
Directive သင်ပေးသူအဖြစ်မှ တစ်ဆင့်ပြီး တစ်ဆင့် Enabling ကိုယ်တိုင်လုပ်ဆောင်နိုင်အောင် ကူညီပေးနိုင်သူ အဖြစ် အစဉ်အတိုင်းဖေါ်ပြပေးရလျှင်
Instructor,
Teacher, Lecturer,
Consultant,
Trainer,
Mentor,
Facilitor,
Coach,
အဖွဲ့အစည်းတွေအတွက်
Facilitative Coach
ဆိုတာမျိုးရှိပါတယ်
Coaching က
ရည်မှန်းချက် ရည်ရွယ်ချက်ကို ဗဟိုပြုစဉ်းစားတယ်
Coach က မေးခွန်းမေးတယ်
နားထောင်ပေးတယ်
စိန်ခေါ်မှုတွေကိုပေးတယ်
Coachee လို့ခေါ်တဲ့ Client က အချိန်တော်တော်များများစကားပြောရတယ်
နှစ်ဘက်ဆက်ဆံရေးတစ်ခု ထူထောင်ရတယ်
Counselling ဆိုတာက
စိတ်ခံစားမှုဆိုင်ရာ
ကိုယ်ရေးကိုယ်တာ အခက်အခဲတွေအပေါ် ဗဟိုပြုစဉ်းစားတယ်
Counselor အတိတ်ကအကြောင်းတွေကို မေးခွန်းမေးတယ် နားထောင်ပေးတယ်
စိတ်ပညာရပ်အပေါ် အခြေခံထားတယ်
Consulting ဆိုတာကျတော့
ပြဿ နာ ဖြေရှင်းမှုများကျွမ်းကျင်သူ
ပုံမှန်ဖြစ်စဉ်အတိုင်းကိုင်တွယ်တယ်
လုပ်ငန်းပရောဂျက်တွေနဲ့ ပါတ်သက်ပြီး အလုပ်လုပ်တယ်
ယုံကြည်မှု အခြေခံတယ်
လုပ်ပိုင်ခွင့်ရသူဖြစ်တယ်
ရေတိုအတွက်သုံးတယ်
Mentoring ဆိုတာ
ကိုယ့်သိထားတဲ့ ပညာတွေ အတွေ့အကြုံတွေကို Share ပေးတယ်
Mentors ဆိုတာ အကြံပေးသူ မျှဝေပေးသူဖြစ်တယ်
Mentee က နားထောင်ပေးရတယ် မေးခွန်းမေးရတယ်
Mentor က ကိုယ့်ရဲ့ i-con သို့မဟုတ် role model ဖြစ်တယ်
အလုပ်အကိုင်အပြောင်းရွှေ့လုပ်ပေးနိုင်တယ်
ရေရှည်လုပ်ပေးရတာမျိုးပါ
Coaching နဲ့ Mentoring မတူကွဲပြားပါတယ်
Coaching မှာ ပုံမှန်အားဖြင့် သတ်မှတ်ကြာချိန်ရှိပြီး
Mentoring မှာ အချိန်အကြာကြီးဖြစ်သွားနိုင်ပါတယ်
Coaching ကတော့
ပုံမှန်သဘာဝအားဖြင့် ပုံစံတကျရှိပြီး ပုံမှန်သတ်မှတ်ထားတဲ့အတိုင်းတွေ့ဆုံဆွေးနွေးကြတာမျိုးလုပ်ရပြီး
Mentoring ကတော့ Mentee အပေါ်မူတည်ပါတယ် သူ့အနေနဲ့ အကြံဉာဏ်လိုတာ လမ်းညွှန်ချက်လိုတာ အားပေးမှုလိုတာတွေအပေါ် ပုံမှန်သတ်မှတ်ထားတဲ့ အချိန်မဟုတ်တဲ့ တွေ့ဆုံဆွေးနွေးတာမျိုးရှိနိုင်ပါတယ်
Coaching က ရေတို တစ်ခါတစ်လေ သတ်မှတ်ကြာချိန်အတွင်း တိကျတဲ့ အပိုင်းတစ်ခုကို တိုးတက်မှုရှိစေဖို့ ဆွေးနွေးကြတာနဲ့
Mentoring ဆိုတာ ကိုယ့် မိတ်ဆွေရဲ့ ကျယ်ပြန့်တဲ့ အမြင်ကို အချိန်ကြာကြာယူပြီးဆွေးနွေးလေ့ရှိပါတယ်
နောက်ပြီး
Coaching က သူလုပ်နေတဲ့ Coaching က တိကျတဲ့ ကျွမ်းကျင်မှုကို အခြေခံတဲ့ ဆွေးနွေးမှု မဟုတ်ရင်
မလိုအပ်ဘဲ Client ရဲ့ ပုံမှန်အလုပ်အကြောင်း ကိုယ်က အတွေ့အကြုံရှိထားဖို့ မလိုပါဘူး
Mentoring ကျတော့ Mentee ထက် အတွေ့အကြုံပိုလိုပါတယ် အရည်အချင်းပိုလိုပါတယ် အလုပ်ခွင်မှာဆို အထက်ကနေ အောက်ကို ဗဟုသုတမျှဝေတာမျိုး အခွင့်အလမ်းတွေ လက်လျမ်းမမီတာတွေမဖြစ်အောင် ဖွင့်ပေးတာမျိုး လုပ်ပေးရတာပါ
Coaching မှာ
အလုပ်ခွင်မှာ ပြဿ နာဖြေရှင်းရတာမျိုး တိုးတက်မှုဖန်တီးရတာမျိုးလုပ်ရတာပါ
Mentoring ဆိုတာကတော့ အလုပ်သို့မဟုတ် ကိုယ်ရေးဆိုင်ရာ တိုးတက်မှုကို အာရုံစိုက်တာပါ
Coaching ဆိုတာ တိကျသေချာတဲ့ ရည်မှန်းချက်ကို အမြန်ရအောင် အစီအစဉ်ဆွဲပြီး လုပ်ကိုင်ရတာဖြစ်ပြီး
Mentoring က အနာဂါတ်အတွက် အစီအစဉ်တစ်ရပ်ကို Mentor အကူအညီနဲ့ လမ်းညွှန်မှုခံပြီး Mentee ကိုယ်တိုင် အစီအမံရေးဆွဲရတာမျိုးပါ
Coaching က နယ်ပါယ်ပိုတိတိကျကျ ပြဿ နာဖြစ်ရပ်တွေကို တိတိကျကျဖြေရှင်းပေးနိုင်ပြီး
Mentoring ကတော့ Mentee ရဲ့ ကိုယ်ရေးကိုယ်တာ တစ်ကိုယ်ရေ ဖွံ့ဖြိုးတိုးတက်မှု ကို ပိုမိုဖြေရှင်းပေးနိုင်တာကိုတွေ့ရတယ်
Coaching နဲ့ Counseling ကွာခြားပုံက
Coaching က ရည်ရွယ်ရည်မှန်းချက်တွေကို အာရုံပြုတယ်
Counseling ကျတော့ အခက်အခဲတွေအပေါ် အာရုံပြုတယ်
Coaching က ရည်မှန်းချက်ကို ဦးတည်ပြီးတော့
Counseling ကျတော့
အခက်အခဲကို ကျော်လွှားဖို့ ဦးတည်တယ်
Coaching က အနာဂါတ်ကို အာရုံပြုပြီး
Counseling က အတိတ်ကို အာရုံပြုတယ်
Coaching က ရည်မှန်းချက်တွေကို ရှင်းရှင်းလင်းလင်းသိရအောင်လုပ်ပေးတယ်
Counseling ကတော့ ပြဿ နာနားတစ်ဝိုက်ကိုဘဲ ဆွေးနွေးတယ်
Coaching က အဖြေကို အာရုံထားတယ်
Counseling က ပြဿ နာကိုဖြေရှင်းပေးတယ်
Coach တစ်ယောက်က သူ့ရဲ့ Coachee အဖြေရှာနိုင်ဖို့ ကူညီပေးတယ်
Counseling ကတော့
ပြဿ နာ အခက်အခဲကြားကနေ ဝေးဝေးပြေးနိုင်အောင်ကူညီပေးတာမျိုးပါ
Lewis R. Stem© 2008 John Wiley & Sons Inc ရဲ့
Executive Coaching ထဲက Building and managing your professional Coaching မှာ
High Potential Coaching
On-Board Coaching
Continued Leadership Coaching
Remedial Coaching
Group/Team Coaching
Legacy Coaching
Targeted Coaching ဆိုပြီးရှိပါတယ်
အဖွဲ့အစည်းနဲ့ လုပ်ငန်းခွင်တွေအတွက် Coaching ကို ဘယ်သူလုပ်သင့်သလဲ
ပြင်ပ ပညာရှင် Coach များ
အလုပ်ချိန်ပြည့် ရုံးတွင်းက ပညာရှင် Coach များ
အချိန်ပိုင်း ရုံးဝန်ထမ်း ပညာရှင် Coach များ
လိုင်းမန်နေဂျာများ
အဖွဲ့ခေါင်းဆောင်များ
တို့ ဖြစ်ကြပါတယ်
Coaching လုပ်ခြင်းဖြင့် အကျိုးခံစားခွင့်ရမည့်သူများ
Coach နဲ့ တစ်သီးပုဂ္ဂလ Client အကြား အဓိကဆက်ဆံရေး
HR မန်နေဂျာနဲ့ ပါဝင်တဲ့ မန်နေဂျာတစ်ယောက်ချင်းစီဟာ အဖွဲ့အစည်းကိုယ်စား ပြု အကျိုးခံစားခွင့်ရရှိမှာဖြစ်ပါတယ်
နှစ်ဖက်အဖွဲ့အကြား က သူတွေအနေနဲ့ တစ်ဦးတစ်ယောက်ချင်း အရည်အချင်းပိုင်းတိုးတက်လာပြီး မိမိအဖွဲ့အစည်းကို ပြန်လည်အကျိုးပြုပေးနိုင်မှာဖြစ်ပါတယ်
အချုပ်အားဖြင့်ဆိုရသော်
Coaching သည်
တစ်သီးပုဂ္ဂလ တစ်ယောက်ချင်းစီရဲ့ အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းဖို့ မိမိလက်ရှိအခြေအနေမှန်များကို ကိုယ်တိုင်လက်တွေ့ကျကျသိရှိခြင်း
ရည်မှန်းချက်များကို ရှင်းလင်းစွာ ချမှတ်ခြင်း ဖြစ်နိုင်ခြေများဖေါ်ထုတ်ခြင်း အကောင်းဆုံးရွေ့နိုင်မယ့် အရွေ့များတည်ဆောက်ပြီး အောင်ပွဲခံနိုင်တဲ့ အကူအညီမျိုးကို ပေးခြင်း ယူခြင်းပင်ဖြစ်ပါတယ်
ကောင်းကျိုးလိုအင်ဆန္ဒများပြည့်ဝကြပါစေ
မှတ်ချက် Team Coach International ၏ ဆောင်းပါးများကို
အစအဆုံးဖြစ်စေ
တစ်စိတ်တစ်ပိုင်းဖြစ်စေ
ယူသုံးလျှင် ကိုးကားလျှင်
သေသေချာချာ Credit ပေးဖေါ်ပြပြီးမှသာ အသုံးပြုကြပါရန် မေတ္တာရပ်ခံပါသည်
Khin Maung Than
Vice President
Myanmar International Association of Professional Coach,
Cetified Professional Coach(by Team Coach International),
Licensed LPI Trainer on Emotion.
Member of International Association of Coaching (058821)
President, TRUST Trainers & Coaches Group.
Executive Chairman of SSL Private School.
28/07/2018
Congratulation! Team!
Team Coach International
အဖွဲ့ မှာ ပညာဆက်ခံပြီး
International အဖွဲ့ အစည်းဖြစ်တဲ့ International Association of Coaching IAC အသိအမှတ်ပြု အသင်းဝင်အဖြစ် တက်လှမ်းနိုင်မယ့် Coaching Training သင်တန်း
Level 1 အောင်မြင်စွာပြီးမြောက်ပါပြီ
03/03/2018
Certificate Awards
Coaching Level 1
By
TEAMCOACH INTERNATIONAL
03/03/2018
Sayar Saw David
Teamcoach International Myanmar
Certified Professional Coach Level 1
Two days Course is on!
Professional Coaches are on the way!
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |