Civil Engineering Department MTU / MIT

Civil Engineering Department MTU / MIT

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Civil Engineering Department MTU / MIT, College & University, Mandalay Technological University, Mandalay.

Photos from Civil Engineering Department MTU / MIT's post 12/05/2021

ဒေါက်တာစန်းယုခိုင်
မဟာဌာနမှုး (ဒုတိယပါမောက္ခချုပ် သင်ကြား-၁)
CDM to non CDM

ဆရာမကြီးသည် ယခင်က မြို့ပြအင်ဂျင်နီယာဌာန ပါမောက္ခ တစ်ယောက်ဖြစ်ပြီး စစ်အာဏာမသိမ်းမီကမှ ဒုတိယပါမောက္ခချုပ်သင်ကြား(မဟာဌာနမှူး) အဖြစ် ရာထူးတိုးခဲ့သူဖြစ်သည်။
ဆရာမ ရာထူးတိုးစဉ်အခါက ကျနော်တို့ပျော်ခဲ့ကြသည် ကိုယ့်မေဂျာကနေ ပညာတတ်တစ်ယောက် ရာထူးတိုးသွားသည်မို့ ကြည်နူးခဲ့ကြသည်။
ဂျပန်နိုင်ငံမှ Ph.D ဘွဲ့ကို ရရှိသူပီပီ စာသင်လည်းတော်သည်။
ဆရာမသည် နိုင်ငံခြားတက္ကသိုလ်တစ်ခုခု၌ အလုပ်ရနိုင်သည်အထိ အရည်အချင်းပြည့်ဝသော ဌာနရှိလက်တစ်ဆုပ်မျှသောဆရာမအရေအတွက်အတွင်းပါဝင်ပါသော်လည်း လူသတ်စစ်ကောင်စီ၏ လက်အောက်တွင် ပါဝင်ရန် ရွေးချယ်ခဲ့သည်။
ဆရာမသည် လူသတ်စစ်ကောင်စီ၏ လက်ကိုင်ဒုတ်အဖြစ် လက်ကို သွေးစွန်းခံပြီး လူသတ်အလုပ်တွေ လုပ်ဖို့ကိုသာ ရွေးချယ်ခဲ့သည်။

လူသတ်စစ်ကောင်စီသည် ဆရာမ၏ သားအရွယ်ရှိသော ကလေးငယ်များကိုပင် အပြစ်မရှိပဲ မညှာမတာ သတ်နေသည်ကိုပင် မိဘချင်းကိုယ်ချင်းမစာနိုင်။

စစ်ကောင်စီခိုင်းသမျှ အလုပ်လုပ်ရန် သို့မဟုတ် စစ်ကောင်စီကို တရားဝင်ဖြစ်စေရန် ကူညီပေးနေခြင်းသည် အကြမ်းဖက် စစ်တပ်အား တရားဝင်လူသတ်ခွင့်ရအောင်လုပ်ပေးနေခြင်းပင်ဖြစ်သည်။

ဆရာမ၏ အမျိုးသားသည်လည်း MTU မှ ဆရာတစ်ယောက်ဖြစ်သည့်အပြင် ဆရာမနည်းတူ လူသတ်လမ်းစဥ်လိုက်ရန် ရွေးချယ်ခဲ့သည်
ဆရာမတို့၏သားလေးသည် အတွေးအခေါ်အားဖြင့်လည်းကောင်း၊ အင်္ဂလိပ်စကားကျွမ်းကျင်မှူဆိုင်ရာအားဖြင့်သော်လည်းကောင်း အဆင့်အတန်းတစ်ခု၌ရှိကြောင်း သိရှိခဲ့ရပါသည်။ ယခုကဲ့သို့ လူသတ်စစ်ကောင်စီ၏ လမ်းစဥ်လမ်းလွဲကိုလိုက်သော ဆရာမတို့လင်မယားအနေဖြင့် ကလေးအား အတွေးအခေါ်အလွဲအမှားများကိုပဲ ဆက်လက်သင်ပြနိုင်တော့မည်ကိုလည်း ကျွန်တော်တို့အနေဖြင့် စိုးရိမ်မိပါသည်။

ထိုသို့ တရားဝင် လူသတ်ခွင့်ရစေရန် အကူအညီပေးနေသော မန္တလေးနည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်-သင်ကြား ဆရာမ ဒေါက်တာစန်းယုခိုင် အတွက် ကျနော်တို့ မြို့ပြအင်ဂျင်နီယာကျောင်းသားကျောင်းသူများမှ အလွန်ပင် အရှက်ရမိပါသည်။

တစ်ချိန်မှာ တွေးတောစဥ်းစားတတ်သောဆရာမ၏သားမှ မေမေက လူသတ်သမားအားပေးလမ်းစဥ်လိုက်ခဲ့သူလား၊ လူသတ်သမားကြီးလား၊ လို့ မေးမြန်းသည့်အခါ လိပ်ပြာလုံလုံနဲ့ ဖြေနိုင်ပါစေလို့ ဆုတောင်းလိုက်ရပါသည်။

Photos from Civil Engineering Department MTU / MIT's post 29/04/2021

မန္တလေးနည်းပညာတက္ကသိုလ် နောက်ဆုံးနှစ်(ဆဋ္ဌမနှစ်) ကျောင်းသားကျောင်းသူများ အားလုံး၏ ထုတ်ပြန်ကြေညာချက်
ရက်စွဲ ။ ။ ၂၀၂၁ခုနှစ်၊ ဧပြီလ (၂၉) ရက်။
မန္တလေးနည်းပညာတက္ကသိုလ်တွင် ဘွဲ့ကြိုနောက်ဆုံးနှစ် (ဆဋ္ဌမနှစ်) တွင် ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူ အားလုံး(အားလုံး)၏ သဘောတူညီချက်ဖြင့် အောက်ပါကြေညာချက်ကို ထုတ်ပြန်လိုက်ပါသည်။
၁) ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ လက်နက်အားကိုးဖြင့် အဓမ္မအာဏာသိမ်းထားသော အကြမ်းဖက် စစ်ကောင်စီအား လုံးဝ (လုံးဝ) အယုံအကြည်မရှိပါ။
၂) အာဏာသိမ်းသည့် နေ့မှစ၍ ယနေ့အထိ အဓမ္မရက်စက်သတ်ခဲ့သော အပြစ်မဲ့ပြည်သူ လူထု (၈၀၀) နီးပါးရှိပြီး ထိန်းသိမ်းခံရသော ပြည်သူလူထု (၃၀၀၀) ကျော်တွင် မိမိတို့၏ ရဲဘော်တက္ကသိုလ် ကျောင်းသားကျောင်းသူများ ပါဝင်နေပါသည်။
၃) ကျွန်ုပ်တို့ကျောင်းသားကျောင်းသူများသည် အကြမ်းဖက်စစ်ကောင်စီကို အယုံအကြည် မရှိသည့်အပြင် သွေးစွန်းသောလက်ဖြင့် မိမိတို့၏ အနာဂတ်ကို ဆေးခြယ်မည့် လုပ်ငန်းအား လုံးဝ လက်မခံနိုင်ပါ။
၄) ထို့ကြောင့် ၂၀၂၁ခုနှစ်၊မေလ(၅)ရက်နေ့တွင် ဖွင့်လှစ်မည်ဆိုသော အာဏာသိမ်းအကြမ်းဖက် အုပ်စု၏လက်ပါးစေ ဆရာ၊ဆရာမအမည်ခံများ၏ နောက်ဆုံးနှစ်သင်တန်းအား ကျွန်ုပ်တို့ နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူ အားလုံး (၂၉၄) ယောက် (၁၀၀%) မှ လုံးဝ (လုံးဝ) တက်ရောက်မည် မဟုတ်ကြောင်း ကြေညာလိုက်ပါသည်။
၅) ၂၀၂၁ခုနှစ်၊ မေလ(၃)ရက်နေ့မှစ၍ လူသတ်အကြမ်းဖက်အုပ်စု၏ ကျွန်အဖြစ်လူသတ်သမား ဘွဲ့ခံယူကြမည့် ဆရာ၊ဆရာမအမည်ခံများကိုလည်း ကျွန်ုပ်တို့ကရာသက်ပန် ဖယ်ကျဉ် သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူဦးရေ - ၂၉၄ ဦး
သပိတ်မှောက် ကျောင်းမတက်သူဦးရေ - ၂၉၄ ဦး
ရာခိုင်နှုန်း - ၁၀၀ %

ဘွဲ့ကြိုနောက်ဆုံးနှစ်(ဆဋ္ဌမနှစ်) ကျောင်းသားကျောင်းသူများ
၁) ဗိသုကာဌာန
၂) ဓာတုအင်ဂျင်နီယာဌာန
၃) မြို့ပြအင်ဂျင်နီယာဌာန
၄) ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာဌာန
၅) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
၆) အီလက်ထရောနစ်အင်ဂျင်နီယာဌာန
၇) စက်မှုအင်ဂျင်နီယာဌာန
၈) မက္ကာထရောနစ်အင်ဂျင်နီယာဌာန
မန္တလေးနည်းပညာတက္ကသိုလ်

19/04/2021

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် မေလ (၅) ရက်နေ့တွင် တက္ကသိုလ် ဒီဂရီကောလိပ်များ၏ နောက်ဆုံးနှစ်သင်တန်းများကို ဖွင့်လှစ်ရန်ကြိုးစားနေသည်ကို ကြားသိရပါသည်

သို့ဖြစ်ပါ၍ မန္တလေးနည်းပညာတက္ကသိုလ် မြိုပြအင်ဂျင်နီယာဌာန ဘွဲ့ကြိုနောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများအား‌လုံး (အားလုံး) မှ တစ်ညီတစ်ညာထဲ ဒုတိယအကြိမ်အတည်ပြုကာ အောက်ဖော်ပြပါ သဘောထားကြေညာချက်အား ထပ်မံထုတ်ပြန်အပ်ပါသည်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်တွင် ထုတ်ခဲ့သော ကြေညာချက်အား ယနေ့ ၂၀၂၁ ခုနှစ် ဧပြီလ (၁၉) ရက်နေ့တွင် ဒုတိယအကြိမ် အတည်ပြုကာ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါသည်

12/03/2021

❗️ငါတို့ကျောင်းသား ငါတို့ပြန်ပေး ❗️

( ၇.၃.၂၀၂၁ ) ၌ ၈၉ လမ်း ၂၂လမ်း၌ ပြုလုပ်သော အထိုင်သပိတ်တွင် မန္တလေးနည်းပညာတက္ကသိုလ်မှ

၁။ ကိုသန်းတိုးအောင်
First Batch, Civil Engineering
ME 12th Batch
၂။ ကိုအောင်သူခိုင်
Second Batch, Architecture နှင့်
အခြားမန္တလေးအခြေစိုက်တက္ကသိုလ်များမှ

ကျောင်းသားကျောင်းသူများအား အိုးဘိုထောင်သို့
ဖမ်းဆီးရိုက်နက်အကြမ်းဖက်ပြီး ခေါ်ဆောင်ခံခဲ့ရသည်မှာ ယနေ့တွင် (၆)ရက်ရှိခဲ့ပြီဖြစ်ပါသည်။

07/03/2021

ပြင်းထန်စွာကန့်ကွက်ခြင်း

07/03/2021

မန္တလေးမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း မြိုပြအင်ဂျင်နီယာဌာန COE 1st Batch မှကျောင်းသားဟောင်း (regular M.E course work)မှ ကိုသန်းတိုးအောင်လည်း အဖမ်းဆီးခံထားရပါသည်

အကြမ်းဖက်အဖွဲ့အနေဖြင့် အဖမ်းဆီးခံကျောင်းသားများအား အမြန်ဆုံးလွှတ်ပေးရန်တောင်းဆိုပါသည်

အဖမ်းဆီးခံကျောင်းသားများအား ရှေ့နေ့များနှင့် ချိတ်ဆက်၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်

အလုပ်အမှုဆောင်အဖွဲ့
မြို့ပြအင်ဂျင်နီယာဘာသာရပ်အသင်း
မန္တလေးနည်းပညာတက္ကသိုလ်

27/02/2021

မန္တလေးနည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာဌာန ဘွဲ့ကြိုနောက်ဆုံးနှစ်မှ ကျောင်းသူ မဂျူလှိုင်မိုး သည် ယနေ့ ၂၇.၂.၂၀၂၁ ရက်နေ့တွင် စစ်အာဏာရှင်လူတစ်စုခိုင်းစေသော လုံခြုံရေးတပ်ဖွဲ့ များ၏ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံထားရပါသည်

ထိုလုပ်ရပ်အား မြို့ပြအင်ဂျင်နီယာဘာသာရပ်အသင်းအနေဖြင့် ပြင်းထန်စွာရှုံ့ချပြီး မဂျူလှိုင်မိုးနှင့်အတူ အဓမ္မဖမ်းဆီသွားသော ကျောင်းသားပြည်သူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုပါသည်

မြို့ပြအင်ဂျင်နီယာဘာသာရပ်အသင်းအနေဖြင့် လိုအပ်သော ကူညီမှုများကိုလဲ ဆက်သွယ်ကူညီပေးနေပါကြောင်းတင်ပြအပ်ပါသည်

အလုပ်အမှုဆောင်အဖွဲ့
မြို့ပြအင်ဂျင်နီယာဘာသာရပ်အသင်း
မန္တလေးနည်းပညာတက္ကသိုလ်

05/02/2021

မန္တလေးနည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာသင်တန်း ဘွဲ့ကြို နောက်ဆုံးနှစ်ကျောင်းသားကျောင်းသူများ အားလုံး၏ တစ်ညီတစ်ညွတ်ထဲ ကြေညာချက်

05/02/2021

❤️

မန္တလေး နည်းပညာတက္ကသိုလ်မြို့ပြ​အင်ဂျင်နီယာပဉ္စမတန်းတွင်တက်ရောက်နေသည့် ကျောင်းသား/သူတို့၏ ဆရာဆရာမ များအပေါ် တိုက်တွန်းချက်နှင့် သဘောထားထုတ်ပြန်ချက်

05/02/2021

မန္တလေး နည်းပညာတက္ကသိုလ်မြို့ပြ​အင်ဂျင်နီယာပဉ္စမတန်းတွင်တက်ရောက်နေသည့် ကျောင်းသား/သူတို့၏ ဆရာဆရာမ များအပေါ် တိုက်တွန်းချက်နှင့် သဘောထားထုတ်ပြန်ချက်

05/02/2021

မန္တလေး နည်းပညာတက္ကသိုလ်မြို့ပြ​အင်ဂျင်နီယာပဉ္စမတန်းတွင်တက်ရောက်နေသည့် ကျောင်းသား/သူတို့၏ သဘောထားထုတ်ပြန်ချက်

05/02/2021

မန္တလေး နည်းပညာတက္ကသိုလ်မြို့ပြ​အင်ဂျင်နီယာမဟာတန်းတွင်တက်ရောက်နေသည့် ကျောင်းသား/သူတို့၏ သဘောထားထုတ်ပြန်ချက်

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Address


Mandalay Technological University
Mandalay