14/07/2025
Words From TikTok
သမ္မာကျမ်းစာ၊ ဓမ္မပညာ စာပေးစာယူသင်?
14/07/2025
May God bless you
ဘုရားသခင်ကိုချစ်ပါ
ရှင်မဿဲခရစ်ဝင်။ 19:26 ယေရှုသည်လည်း သူတို့ကိုကြည့်ရှု၍ ဤအမှုကိုလူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ် သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။
သုတ္တံကျမ်း။ 2:6
အကြောင်းမူကား၊ ထာဝရဘုရားသည်ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏။
ဤအမှု =(လူကိုကယ်တင်သောအမှု)
#လူကိုကယ်တင်သောအမှု၊
#သမ္မာတရားကို လက်ခံနိုင်သော ယုံကြည်ခြင်း၊
#အလိုတော်ကို နားလည် လက်ခံနိုင်သောအမှု
ထိုအမှုအရာများသည်
လူမှ လူကို မလုပ်ပေးနိုင်။
ဘုရားသခင်သာလျှင် လုပ်ဆောင် နိုင်သောအမှုဖြစ်ပါ၏။
ဘာသာဝင်တယောက်အဖြစ်
လူက လုပ်ဆောင်နိုင်ကောင်း လုပ်နိုင်ပါလိမ့်မည်။
ဒုတိယမွေးခြင်း၊ဝိညာဉ်တော် အုပ်စိုးခြင်း
ဇာတိပကတိစိတ်ကို ပယ်ဖြတ်ခြင်းအမှုနှင့်ဆိုင်သော ကယ်တင်ခြင်းအမှုကို
လူက မလုပ်နိုင်ပေ။
ဤအရာများဖြစ်ပေါ်လာရန် လူလုပ်နိုင်သောအရာမှာ
ဆုတောင်းခြင်း
နှုတ်ကပတ်တော်ပြောကြားခြင်း
ကောင်သော ပုံသက်သေပြခြင်း တို့ဖြစ်ပါသည်။
ကျနော်တို့အသက်တာသည်
ပြည့်စုံသော ကယ်တင်ခြင်းသို့ရောက်ရန်
#ဘုရားသခင်၏ရွေးကောက်ခြင်း
#ဘုရားသခင်မှလက်ခံသောခေါင်းဆောင်၏
သွန်သင်လမ်းပြမှု
#မိမိ_၏လိုချင်ဆာငတ်မှု
#ကြိုးစားအားထုတ်မှုတို့လည်း
လိုအပ်ပါသည်။
ဘုရားသခင်မှ ကယ်တင်ခံရသောသူများဖြစ်ပါစေ။
Ko Jonathan
18,1,2024
ထာဝရငရဲကို
ကြောက်သောသူသာလျှင်
ထာဝရကောင်ကင်နိုင်ငံသို့ ဝင်နိုင်ပေလိမ့်မည်။
အသင်းတော်များအတွင်းသို့
မှားယွင်းသော သွန်သင်ယူဆချက်များ
ဝင်ေရာက်လာခြင်း (သို့) ဝိညာဉ်တော်တန်ခိုးကင်းမဲ့နေခြင်းအမှုသည်
အဘယ်ကြောင့်နည်း။?????????????
----+++++++-----
(မှန်ကန်သော အယူဝါဒဆိုသည်မှာ
တမန်တော်တို့၏ ယုံကြည်ချက် အတိုင်းခံယူကျင့်သုံးသော ယုံကြည်ခြင်းဖြစ်ပါသည်။
)
ပြုပြင်သတိပြုရမည့် အချက်တချို့မှာ......
(၁)။ဝတ်ပြုခြင်းအစီအစဉ်တွင်
သမ္မာကျမ်းစာအတိုင်းသွန်သင်မှုအားနည်းလာခြင်း၊
နှုတ်ကပတ်တော် ဟောပြောချိန်
နည်းလွန်းခြင်း။
(၂)။သမ္မာကျမ်းစာ( ၆၆)လုံးကို တနှစ်တခေါက်မှန်မှန်ဖတ်ရှုရန် အားနည်းပျက်ကွယ်လာကြခြင်း၊
မဖတ်ကြခြင်း။
(၃)။လောကနှင့် ဆိုင်သော အရာဝတ္ထုများတို့တွင် ပိုမိုနှစ်သက်လာကြခြင်း၊
ရုပ်ဝတ္ထုပစ္စည်းများနှင့် သာယာကျေနပ်နေခြင်း။
(၄)နှုတ်ကပတ်တော်အားဖြင့် တယောက်နဲ့တယောက် အားပေးထောက်ပြသည်ထက်၊
စိတ်ကျေနပ်ဖွယ်စကားများ၊ လူ့အကြိုက်စကားအားဖြင့်သာ
နှစ်သိမ့်ပေးကြခြင်း။
(၅)။ဘုရားသခင်လက်ခံသလား၊ လက်မခံသလား၊
ဘုရားသခင်၏စိတ်ကို မစဉ်စား၊မသိမှတ်ပဲ၊
လူရှေ့ကြည့်ကောင်းအောင်သာ
ဦးစားပေး လုပ်ဆောင်လာကြခြင်း။
စသည့်အချက်တချို့များကြောင့် အသင်းတော်အတွင်းသို့ မှာယွင်းသော သွန်မှုများ
ဝင်ရောက်လာသည်။
သို့မဟုတ် ဝိညာဉ်တော်၏ တန်ခိုး ကင်းမဲ့လာကြသည်။
အရေအတွက်များပြီး၊အရည်အသွေး မပြည့်ဝသော
ခရစ်ယာန်များစွာဖြစ်လာကြသည်။
အရည်အသွေးမရှိသော ခရစ်ယာန်များသည်
ဘုရားသခင်နိုင်ငံတော်အတွက် အကျိုးမပြုနိုင်သလို၊ ဘုရားသခင်မှလည်း လက်ခံမည်မဟုတ်ပါ။
Ko Jonathan
29,9,2021
Update 29,9,2021
Click here to claim your Sponsored Listing.
Location
Contact the school
Telephone
Website
Address
27, 79×80 Street
Mandalay
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |