Baby House Preschool

Baby House Preschool

Share

Baby House Preschool

Aungmyaytharzan. Mandalay.

Photos from Baby House Preschool 's post 17/03/2024

🍉🍉ဖရဲသီး အတူတူစားကြမယ်

Photos from Baby House Preschool 's post 28/02/2024

ရင်းနှီးချစ်ခင်မှုရစေရန် ဘောလုံးသယ်ကစားခြင်း

Photos from Baby House Preschool 's post 16/02/2024

16.2.2024
သမီးလေး ခင်ပိုးသဲအိ (4)နှစ်ပြည့်မွေးနေ့ပါ
😘ဖေဖေ မေမေ အတွက် အားကိုးရတ့ဲသမီးလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကွယ်🎂

Photos from Baby House Preschool 's post 14/02/2024

14.2.2024 ဖွားဖွားကြီးရဲ့ Valentine's Day par

Photos from Baby House Preschool 's post 12/02/2024

8.2.2024 ပထမဆုံးအကြိမ် Baby House Preschool မှသားသားမီးမီးများနဲ့ အပြင်ဗဟုသုတရ​ေစရန် လေ့လာရေးထွက်ခြင်း အမှတ်တရ

Photos from Baby House Preschool 's post 10/02/2024

8.2.2024
🙍‍♂️သားသားမီးမီးတို့ရဲ့👦👧 ပျော်ရွှင်ဖွယ်ရာ လေ့လာရေးခရီးစဉ် အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။💞💞💞

Photos from Baby House Preschool 's post 28/01/2024

သူငယ်ချင်းများက လက်ဆောင်ပေး👑💖❣

Photos from Baby House Preschool 's post 21/01/2024

🎂သမီးလေး ရွှန်းလ့ဲဖြူ (4)နှစ်ပြည့် မွေးနေ့မှစ နောင်နှစ်ပေါင်းများစွာ သမီးလေး လိုရာပန်းတိုင်လွယ်ကူစွာလျှောက်လှမ်းနိုင်ပါစေနော်😘

16/01/2024

မူကြိုမှာ ဘာတွေသင်ပေးလဲ?
English လိုရောသင်ပေးလား?
၃ လလောက်နေရင် English လိုပြောတက်လား?
ABC / 123/ ကခ ရော အကုန်သေချာသင်ပေးလား?
စာရေးနည်းရော သင်ပေးလား?
ကလေးကို ထမင်းခွံ့ကျွေးပေးလား?
သေချာချော့သိပ်ပေးလား?
ကလေးကဆိုးတယ် သူကိုင်နေတဲ့အရုပ်ထိရင်မကြိုက်ဘူး အဲ့ဒါမျိုးဆိုရင်ရော ကလေးစိတ်ကြိုက်လိုက်လုပ်ပေးလား?
များစွာများစွာသော မေးခွန်းတွေနဲ့ ကျောင်းလာစုံစမ်းတဲ့ မိဘတွေ အများကြီးပါပဲ။
မိဘနဲ့စတင်ခွဲခွာပြီး ကျောင်းပို့ရတဲ့ခံစားချက် ၊စိတ်မချဖြစ်မှု၊သင်ကြားရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြမှု စတဲ့ မိဘ‌တွေရဲ့ ခံစားချက်တွေကို နားလည်ပါတယ်။

ကျွန်မတို့ မူကြို‌ကျောင်းဆိုတာ သားသားမီးမီးလေးတွေအတွက် ဒုတိယမိသားစုအိမ်လေးပါ။
မူကြိုဆရာမဆိုသည်မှာလည်း ဒုတိယမိခင်ပါပဲရှင်။
ဆိုတော့ ကျောင်းမှာ ဘာတွေလုပ်ရလဲ၊ ဘာတွေလေ့ကျင့်သင်ကြားပေးလဲ။

အိမ်ကနေစတင်ခွဲခွာရတဲ့ ကလေးအတွက် ကျောင်းမှာ ပျော်အောင်အရင်ထားရပါတယ်၊ ပတ်ဝန်းကျင်အသစ်နဲ့ နေသားကျအောင် စတင်လေ့ကျင့်နေထိုင်ပေးရပါတယ်။
(ကျောင်းစလာခါစဆိုရင် ငိုတယ်၊ ဆဲတယ်၊ မျက်နှာတွေရိုက်တယ်၊ ဆံပင်တွေဆွဲတယ် ဒါတွေ‌ကို အပြုံးမပျက် မငြိုမငြင်ရပဲ စိတ်ရှည်သည်းခံရပါတယ်)
စာတွေချည်းသင်တဲ့ကျောင်းမဟုတ်ပဲ ပြင်ပလောကနဲ့ ပတ်သက်ပြီး ထိတွေ့မိအောင်စတင်လေ့လာသင်ကြားပေးရတယ်။
အစစအရာရာသူတို့သုံးတဲ့ ပစ္စည်းလေးတွေကို သူ့နေရာလေးနဲ့သူ စည်းကမ်းတကျဖြစ်အောင် လေ့ကျင့်သင်ကြားပေးရတယ်။
(ငယ်ငယ်ကတည်းက လေ့ကျင့်သင်ကြားပေးမှ ကလေးတစ်ယောက်က စည်းကမ်းတကျနဲ့ ဖွံ့ဖြိုးကြီးထွားလာမှာပါ)
ထမင်းစားချိန်၊ မုန့်စားချိန် စည်းစနစ်နဲ့သပ်ရပ်စွာစားတတ်စေဖို့၊ လက်ဆေးသန့်စင်တတ်ဖို့
ရှုးပေါက်အီးပါတတ်ဖို့ စတဲ့ အလေ့အကျင့်ကောင်းလေးတွေဖြစ်အောင် လေ့ကျင့်ပေးရတယ်။
(ကိုယ်စားတဲ့ ထမင်းချိုင့်လေးပြန်ဆင့်တတ်ဖို့၊ လက်သုတ်ပဝါလေးပြန်ခေါက်တတ်ဖို့၊ ရေဘူးလေး နေရာတကျပြန်ထားတတ်ဖို့၊ လွယ်အိတ်လေးစည်းစနစ်တကျထားတတ်ဖို့၊ ဖိနပ်လေးညီညီစီချွတ်တတ်ဖို့ စတဲ့အချက်လေးတွေကို ဖြည်းဖြည်းချင်းလေ့ကျင့်သင်ကြားပေးရပါတယ်)
သူတို့လေးတွေ တစ်နေ့တာအတွက် အသေးစိတ်ကစ လေ့ကျင့်သင်ကြားပေးရပါတယ်။
ကစားစရာပစ္စည်းကစားတဲ့အချိန်၊ လက်မှုပညာလေးတွေလုပ်တဲ့အချိန် တွေမှာ မျှဝေတက်ဖို့ အချင်းချင်းကူညီတက်ဖို့ လုမယူပဲသင့်မြတ်နေကြဖို့ ပြောပြပေးရပါတယ်။
ကလေးတစ်ယောက်ချင်းစီရဲ့ အမူအကျင့်တွေကို လေ့လာသိရှိနေရပြီး ဘယ်လိုပြင်ဆင်ပေးရမလဲအမြဲတွေးနေရပါတယ်။
ကိုယ်နှုတ်အမူအယာတွေ သတိထားမဆူမိမငေါက်မိအောင်နေပြီး ကလေးနားလည်သဘောပေါက်အောင် ပြောဆိုရပါတယ်။
အကျဉ်းချုပ်အားဖြင့် မူကြိုဆိုသည်မှာ ကလေးကို စာတွေ မရရအောင်ထိုးသင်ရတာမျိုးမဟုတ်ပါဘူး၊ ကလေးဘဝကနေစတင်တွေ့ကြုံရမယ့် အရာတွေကို အခြေခံတကျ စည်းစနစ်ရှိစွာနဲ့ လေ့ကျင့်သင်ကြားပေးရတာပါရှင်။
မူကြိုကျောင်းဆိုတာ ကလေးတွေကို စတင်ပြုစုပျိုး‌ထောင်ပေးခြင်းပါ၊ ကိုယ်စတင်ပြုစုပျိုးထောင်လိုက်တဲ့ ကလေးဟာ ကိုယ့်အားကိုယ်ကိုးနိုင်သွားတဲ့အချိန် ဆိုရင် သိပ်ပြီးကျေနပ်ရတယ်ဆိုတာ ခံစားဖူးတဲ့ မူကြိုဆရာမတိုင်း သိပါတယ်ရှင်.........။

16/01/2024

သူတပါး မကောင်းတာကို တွေးနေရင်
ကိုယ့်အတွက် ကောင်းတာတွေ တွေးဖို့
အချိန်တွေ ဆုံးရှုံးတယ် ။

သူတပါး မကောင်းကြောင်းတွေ ပြောနေရင်
ကိုယ့်အတွက် ကောင်းတာတွေ ပြောဖို့
အချိန်တွေ ဆုံးရှုံးတယ် ။

သူတပါး မကောင်းမှု လုပ်တာကို ထိုင်ကြည့်နေရင်
ကိုယ်ကောင်းတာလုပ်ဖို့ အချိန်တွေ ဆုံးရှုံးတယ် ။

ကမ္ဘာကြီးက တဖြည်းဖြည်းပူလာတယ်
ကိုယ့်စိတ်တွေ အေးအောင်ကြိုးစားထားမှ
ဘဝအချိန်ခဏလေးနေရတာ တန်ဖိုးရှိမယ် ။

နေရာတိုင်းက ဆူနေတယ်
ကိုယ့်စိတ်ကိုယ်တိတ်အောင်ငြိမ်အောင် ကြိုးစားထားမှ
ဘယ်နေ့ ဘယ်အချိန် ဘယ်ဘေးနဲ့ သေရမယ်မှန်း
မသိနိုင်အတွက် ပြင်ဆင်ပြီးသားဖြစ်မယ်။

ကုသိုလ်လည်းမရ၊ပညာလည်းမရ ဥစ္စာလည်းမရ
အကုသိုလ်တွေပဲ အဖတ်တင်တဲ့
အလုပ်တွေအတွက်အချိန်မဖြုန်းပါနဲ့ ။

ကုသိုလ်ကောင်းမှုက
တိတ်ဆိတ်တဲ့ သဘောရှိတယ် အေးချမ်းတယ်
အကုသိုလ်က ဆူတယ် ပူတယ်

အကုသိုလ်ဆို မလုပ်နဲ့ကုသိုလ်မှန်သမျှ အကုန်လုပ် မိမိရဲ့ရုပ်ကြီးကို ကောင်းတဲ့ဘက် မှာ များများခိုင်း မိမိရဲ့စိတ်ကို ကောင်းတဲ့ဘက်မှာ ပဲ ​ကြံစည်နိုင်ရမယ်ဘဝက သိပ်မြန်လွန်းပါတယ် ။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay