28/01/2023
ပဋိပက္ခမှန်သမျှက
မမျှတမှုတွေက စခဲ့တာချည်းပဲ ...
မထင်မှတ်တဲ့ပြဿနာတွေကလည်း
ပျက်ကွက်မှုတွေက စခဲ့တာပဲ ...
နားလည်မှုလွဲခဲ့တာတွေကလဲ
သိသင့်တာကို အသိမပေးမိတာတွေကြောင့်ပါပဲ....
တကယ်တော့ ရိုးရှင်းပါတယ်...
ကိုယ်ချင်းစာစိတ်လေးနဲ့ပဲ
တွေးပေးပါ
ဘယ်သူ့ကိုမှ မတရားမလုပ်ချင်တော့ဘူး ...
ကိုယ့်နေရာနဲ့သင့်တဲ့ ကျင့်ဝတ်တွေကို
စောင့်ထိန်းလိုက်ပါ
ပျက်ကွက်မှုတွေ နည်းသွားပါလိမ့်မယ်...
တဖက်လူနေရာက
ခဏလောက်ဖြစ်ဖြစ် မြင်ကြည့်၊တွေးကြည့်၊ခံစားကြည့်ပါ
နားလည်မှုလွဲတာတွေ သိပ်မဖြစ်တော့ဘူး ....
အသေးအဖွဲလို့ လစ်လျှူရှုလိုက်မိတာတွေကြောင့်
လွယ်နေတာတွေ ခက်မသွားစေချင်ဘူး....
WPH