Ever Green Education Centre

Ever Green Education Centre

Share

An interactive online center offering high-quality education

28/04/2026

🏫 ကျောင်းရွေးမမှားဖို့ ဆုံးဖြတ်ချက်ချ တဲ့အခါမှာ ဒီအချက် (၄) ချက်ကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

​ပညာသင်နှစ်သစ်အတွက် ကျောင်းရွေးချယ်ခြင်းဟာ ကလေးတစ်ယောက်ရဲ့ ဘဝအနာဂတ်အတွက် အရေးကြီးသလို မိဘတွေအတွက်လည်း စိတ်ပင်ပန်းရတဲ့ တာဝန်တစ်ခုပါ။
အစပိုင်းမှာ အဆင် ပြေ ပေ မယ့် နှစ်လယ်ပိုင်းမှာ စိတ်တိုင်းမကျတာမျိုးတွေ မဖြစ်ရအောင် ကျောင်းမအပ်ခင် ဒီအချက်တွေကို သေချာစစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။

​၁။ ရေရှည်ဘတ်ဂျက် (Sustainability of Budget)
​ကျောင်းလခတင်မကဘဲ နောက်ဆက်တွဲကုန်ကျစရိတ်တွေဖြစ်တဲ့ ကျောင်းကားခ၊ ယူနီဖောင်း၊ ကွင်းဆင်းလေ့လာရေးခရီးစဉ်တွေနဲ့ အခြား Activity ကြေးတွေကိုပါ တွက်ချက်ထားရပါမယ်။ မိဘတွေအနေနဲ့ မိမိတို့ရဲ့ ဝင်ငွေနဲ့ ရေရှည် (အနည်းဆုံး ၅ နှစ်စာ) လိုက်နိုင်တဲ့ ဘတ်ဂျက်မျိုးဖြစ်ဖို့ အရေးကြီးပါတယ်။ အစမှာ အဆင်ပြေသယောင်နဲ့ နောက်ပိုင်းမှာ ငွေကြေးအခက်အခဲကြောင့် ကျောင်းခဏခဏပြောင်းရခြင်းဟာ ကလေးရဲ့ လူမှုရေးနဲ့ ပညာရေးကို ထိခိုက်စေနိုင်ပါတယ်။

​၂။ ကျောင်း၏ နောက်ခံသမိုင်းနဲ့ ခိုင်မာမှု (Reputation & Stability)
​အခုခေတ်မှာ ကိုယ်ပိုင်ကျောင်းတွေ IS ကျောင်းတွေ များပြားလာတာမို့ ကျောင်းရဲ့ ရာဇဝင်ကို သေချာလေ့လာသင့်ပါတယ်။
ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ဘယ် စံချိန် စံညွှန်းကို အခြေခံထားတာလဲ။ရေရှည် Plan ကဘာလဲ။
​ကျောင်းဖွင့်လှစ်ထားတာ ဘယ်လောက်ကြာပြီလဲ။
​ပညာရေးအပေါ် တကယ်ပဲ စေတနာပါပါနဲ့ ရေရှည်လုပ်ဆောင်နေတာလား။

​ကျောင်းအုပ်ချုပ်မှုပိုင်းက ခိုင်မာမှုရှိရဲ့လား။
​အရင်က တက်ခဲ့ဖူးတဲ့ ကျောင်းသားဟောင်းတွေနဲ့ ဆရာဆရာမတွေ မိဘတွေရဲ့ အကြံပြုချက် (Reviews) တွေက ဘယ်လိုရှိသလဲ ဆိုတာတွေကို မေးမြန်းစုံစမ်းသင့်ပါတယ်။

​၃။ ဆရာ၊ ဆရာမများ၏ အရည်အချင်းနဲ့ စေတနာ (Quality of Educators)
​ကျောင်းတစ်ကျောင်းရဲ့ အသက်ဟာ ဆရာ၊ ဆရာမတွေပါပဲ။
​ဆရာ၊ ဆရာမတွေဟာ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်မှု ရှိ၊ မရှိ။
​ကလေးတွေအပေါ် နားလည်မှု၊ စိတ်ရှည်မှုနဲ့ စေတနာ ထားနိုင်မှု ရှိ၊ မရှိ။
​ကျောင်းက ဆရာတွေကို စနစ်တကျ Training ပေးပြီး အရည်အချင်း မြှင့်တင်ပေးလေ့ရှိသလား ဆိုတာတွေကို ကြည့်ရပါမယ်။ ကလေးတွေကို ပျော်ရွှင်စွာ သင်ယူနိုင်အောင် (Joyful Learning) ဖန်တီးပေးနိုင်တဲ့ ဝန်းကျင်မျိုး ဖြစ်ဖို့ လိုပါတယ်။

​၄။ မိဘများရဲ့ မျှော်မှန်းချက်နဲ့ ကျောင်းရဲ့ သင်ကြားမှုပုံစံ (Expectation vs Reality)

​မိဘတွေက ကလေးကို ဘာသာစကား ကျွမ်းကျင်စေချင်တာလား၊ စာရိတ္တနဲ့ စည်းကမ်းကို ဦးစားပေးချင်တာလား၊ ဒါမှမဟုတ် နိုင်ငံတကာ သင်ရိုးတွေကို အဓိကထားချင်တာလားဆိုတဲ့ မိမိတို့ရဲ့ မျှော်မှန်းချက်ကို အရင် ရှင်းလင်းအောင် လုပ်ရပါမယ်။

ကျောင်းရဲ့ သင်ကြားမှုစနစ် (Methodology) နဲ့ မိမိတို့ လိုလားချက် ကိုက်ညီမှသာ နှစ်လယ်ပိုင်းမှာ အမြင်မတူတာမျိုးတွေ ကင်းဝေးမှာ ဖြစ်ပါတယ်။

ကျောင်းအပ်ရာသီရောက်တိုင်း မိဘတွေက အိမ်လာမေးတာဖုန်းဆက်မေးတာ လမ်းကြုံတိုင်း မေးတာ
Cb ကရော Viber ကပါမေးသမျှ စိတ်ရှည်စွာ ဖြေ ​ပေးလျက်ပါနော် ☺☺

​အကြံပြုချက် - ကျောင်းအပ်တော့မယ်ဆိုရင် ကျောင်းကို ကိုယ်တိုင်သွားရောက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုပါ။ တာဝန်ရှိသူတွေနဲ့ စကားပြောကြည့်ပါ။ လူပြောသူပြောတင်မကဘဲ မိမိရင်သွေးနဲ့ အမှန်တကယ် ကိုက်ညီမယ့် ဝန်းကျင်မျိုးကို ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။

Naw Zar Naw Amara

​

09/03/2026

ပြည့်စုံ သော စာသင်ခန်းအခင်းအကျင်း
လုံလောက် တဲ့ သင်ယူမှု အထောက်အကူ ပြု
သင်ထောက်ကူ များရယ်။
သင်ကြားရေး အတွေ့အကြုံ မှာ လည်း
Early Child နှင့်
ဆယ်နှစ် ဝန်းကျင် များ
ဆယ်ကျော် သက်များကို ကျွမ်းကျင်စွာ
ချဥ်းကပ် သင်ကြားပေးနိုင်ပြီး
ငယ်ရွယ်ထက်မြက်
တက်ကြွ ပျော်ရွှင်စွာ နေတတ် တဲ့
ဆရာဆရာမ များ ရဲ့
ဒီကနေ့ စာသင်ရက်လေး တစ်နေ့တာအကြောင်း
သားသားမီးမီးတွေ ပြန်ပြောပြကြရောပေါ့။
မိဘတွေကိုယ်တိုင် ဆွေးနွေး မေးမြန်းသမျှကိုလည်း
စိတ်ရှည်စွာ ရှင်းပြအကြံပြုပေးနိုင်တဲ့ ဆရာကြီး ဆရာမကြီး တွေ ရှိ နေရာလေးမို့ စေတနာ အရင်းခံ
လမ်းညွှန် လိုက်ပါပြီ နော်
Naw Zar

Photos from Ever Green Education Centre's post 19/02/2026

ချစ်ခင်လေးစားတန်ဖိုးထားရတဲ့ ဖေဖေမေမေတို့ရဲ
ကလေးတို့အတွက် 👫👶👦👧
နွေရာသီ ၃ လတာ အားလပ်ရက်ကို အကျိုးရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ "Summer Discovery Program" လေး လာပါပြီ! ☀️📚
​မိဘအုပ်ထိန်းသူများနဲ့ မိတ်ဆွေများရှင့်... ကလေးတွေအတွက် စာအုပ်ကြီးကိုင်ပြီး ငြိမ်အောင်လုပ်ယူရင်း အတင်းကျက်ခိုင်းရတဲ့ နွေရာသီမျိုး မဟုတ်ဘဲ၊ ကစားရင်းသင်၊ သင်ရင်းကစား စနစ်နဲ့ ဗဟုသုတတွေ တိုးပွားစေမယ့် အခွင့်အရေးတစ်ခုကို ဖန်တီးပေးလိုက်ရအောင် နော် ♥
​🌟 Summer ESM Program (English • Science • Maths)
​ကျွန်မတို့ရဲ့ Summer Program မှာ KG ကနေ Pre-IGCSE Level အထိ ကလေးများအတွက် အဓိက ဘာသာရပ်ကြီး (၃) ခုကို အထူးပြု သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
​🎨 ဘာတွေ သင်ကြားပေးမှာလဲ?
​English: စာဖတ်စွမ်းရည် (Reading)၊ စကားပြော (Speaking) နဲ့ ဖန်တီးမှုရသစာပေ (Creative Writing) တို့ကို Activities များဖြင့် လေ့ကျင့်ပေးခြင်း။
​Science: ပတ်ဝန်းကျင်က အရာတွေကို စူးစမ်းတတ်စေဖို့ လက်တွေ့စမ်းသပ်ချက် (Experiments) များ၊ ရုပ်ပုံ/ဗီဒီယိုများဖြင့် စိတ်ဝင်စားဖွယ် သင်ကြားပေးခြင်း။
​Maths: ဂဏန်းသင်္ချာကို ခေါင်းရှုပ်စရာလို့ မမြင်ဘဲ ပုစ္ဆာဖြေရှင်းရတာ ပျော်စရာကောင်းလာအောင် Logic ဂိမ်းများ၊ Thinking Skills များဖြင့် သင်ကြားပေးခြင်း။
​🎓 Target Groups (တက်ရောက်နိုင်သည့် အတန်းများ)

Foundation♥
KG to Primary 1 အတွက် အခြေခံကို ပျော်ရွှင်စွာ တည်ဆောက်ခြင်း🐛🦋

Primary♥
Primary 2 to 6 ဘာသာရပ်ဆိုင်ရာ Concept များအား ကျွမ်းကျင်စေခြင်း🐛🦋🐝🐞

Secondary ♥
Secondary 1 & 2 အဆင့်မြင့် အတွေးအခေါ်နှင့် လေ့လာမှုကို အားကောင်းစေခြင်း
📊📈📉📏📐📌🔗🔗
Bridge Program ♥
Pre-IGCSE နှင့် IGCSE
သင်ယူမှု လမ်းစဥ် အတွက် ကြိုတင်ပြင်ဆင်မှုများဖြစ်ပါသောကြောင့် 👇👇

✨ ဘာကြောင့် ဒီ Summer Program ကို ရွေးချယ်သင့်တာလဲ?
​"ကလေးတွေရဲ့ စူးစမ်းချင်စိတ်ကို နှိုးဆော်ပေးပြီး၊ ပညာရေးအခြေခံကို ခိုင်မာစေဖို့ ကလေးများကိုချစ်ခင်နွေးထွေးတန်ဖိုးထားသော ကျွမ်းကျင် ဖျတ်လတ် သော ကိုယ်စွမ်းဥာဏ်စွမ်းထက်မြက်တက်ကြွသော အာမခံချက်ရှိသည့် အရည်အချင်း ပြည့်ဝသူဆရာဆရာမ တို့က သင်ကြားလေ့ကျင့်ဖြည့်စည်း ပေးကြ မှာပါ။"

​Fun Learning: ပျော်စရာကောင်းတဲ့ ဂိမ်းတွေ၊ အဖွဲ့လိုက် လုပ်ဆောင်ချက်တွေ ပါဝင်ပါမယ်။

​Small Class Size: ကလေးတစ်ဦးချင်းစီကို ဆရာ/မများ က သေချာစွာ ဂရုစိုက်ပေး ပါမယ်။

​Confidence Boost: အင်္ဂလိပ်စာ ပြောဆိုရာမှာရော၊ ဘာသာရပ်တွေ ဖြေရှင်းရာမှာပါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာစေမယ်။
​📍 အသေးစိတ် စုံစမ်းရန်နှင့် စာရင်းသွင်းရန်:
[🏩🏫 စံဟိန်း ကိုယ်ပိုင်အထက်တန်းကျောင်း
📞 ဖုန်းနံပါတ်: [092060635 /092201637/092055504]
🏠 လိပ်စာ: [41လမ်း ၊83×84ကြား မဟာအောင်မြေမြို့နယ်၊မန္တလေးမြို့]

​"ကလေးတို့ရဲ့ နွေရာသီကို ESM Summer Program နဲ့အတူ တောက်ပအောင် ပျော်ရွှင်စွာ ဖန်တီးလိုက်ပါ"

Tr. Naw Amara

19/11/2025

နိုင်ငံအများစုက စာမေးပွဲရမှတ်တွေနောက် လိုက်နေကြတဲ့အချိန်မှာ ဂျပန်ကတော့ ကလေးတွေကို ကျောင်းတက်တဲ့နှစ်အစောပိုင်းတွေမှာ စာနာတတ်မှု၊ လေးစားတတ်မှု နဲ့ စိတ်နှလုံးသားကို သင်ပေးနေပါတယ်။

ဂျပန်မူလတန်းကျောင်းတွေမှာ အစောပိုင်းပညာရေးကို ခက်ခဲတဲ့စာမေးပွဲတွေ ဒါမှမဟုတ် ယှဉ်ပြိုင်မှုတွေနဲ့ တွန်းအားမပေးပါဘူး။
အဲ့ဒီအစား ကလေးရဲ့ စရိုက်လက္ခဏာကို အဓိကထားပါတယ်။ စာနာတတ်မှု၊ လေးစားတတ်မှု၊ ကြင်နာတတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု နဲ့ စိတ်ခံစားချက်တွေကို နားလည်တတ်မှုတို့ဖြစ်ပါတယ်။

ကလေးတွေက ဒီတန်ဖိုးတွေကို သီအိုရီဟောပြောတာတွေကနေ မသင်ကြပါဘူး။ သူတို့ဘယ်လိုလူတွေ ဖြစ်လာမလဲဆိုတာကို တိတ်တဆိတ် ပုံသွင်းပေးတဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကနေ သင်ယူကြရတာပါ။

စာသင်ခန်းကို ကိုယ်တိုင်သန့်ရှင်းရေးလုပ်တယ် - အများနဲ့ မျှဝေသုံးတဲ့ နေရာတွေကို လေးစားဖို့

တစ်ယောက်ကိုတစ်ယောက် အစာကျွေးတယ် - တာဝန်ခံတတ်မှု နဲ့ ဂရုစိုက်တတ်မှု သင်ယူဖို့

အပင်တွေ တိရစ္ဆာန်တွေ ပြုစုတယ် - စောင့်ရှောက်မှုတာဝန်ကို နားလည်ဖို့

အစားမစားခင် နဲ့ စားပြီးတဲ့အခါ ကျေးဇူးတင်စကား ပြောတယ် - ကျေးဇူးသိစိတ် ပြုစုပျိုးထောင်ဖို့

အဖွဲ့လိုက် အလုပ်လုပ်တယ် - လူတိုင်းပါဝင်နိုင်တဲ့ ပတ်ဝန်းကျင် တည်ဆောက်ဖို့ဖြစ်ပါတယ်။

ဆရာဆရာမတွေက ဒီနှစ်တွေမှာ ကျောင်းသားတွေရဲ့ လုပ်ရပ်တစ်ခုချင်းစီဟာ ပတ်ဝန်းကျင်က လူတွေကို ဘယ်လို သက်ရောက်မှုရှိတယ်ဆိုတာ သင်ပြပေးပါတယ်။ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။စာသင်ခြင်းမတိုင်ခင် အခြားသူတွေနဲ့ ဘယ်လို အတူနေထိုင်ရမလဲဆိုတာ အရင်သင်ပေးခြင်းဖြစ်ပါတယ်။

စိတ်ခံစားချက်ဆိုင်ရာ ဉာဏ်ရည်ကို ဦးစွာ ပြုစုပျိုးထောင်ပေးလို့ ဂျပန်ကလေးတွေဟာ ပညာကောင်းကောင်း သင်ယူနိုင်သလို၊ စကားလည်း ကောင်းကောင်းနားထောင်တတ်တဲ့၊ ကောင်းကောင်းမျှဝေတတ်တဲ့၊ လူ့အဖွဲ့အစည်းကို ခိုင်မာစေတဲ့ လူကြီးတွေအဖြစ် ကြီးပြင်းလာကြတာပါ။
ဒါက ပညာရေးဟာ သင်ဘာတွေသိလဲဆိုတာပဲ မဟုတ်ဘူးဆိုတာကို သတိပေးတာပါပဲ။ သင်ဘယ်လိုလူမျိုး ဖြစ်လာလဲဆိုတာကလည်း အရေးကြီးလို့ဖြစ်ပါတယ်။

စိတ်ဝင်စားစရာအချက်။
ဂျပန်ရဲ့ "သန့်ရှင်းရေးအချိန်" လို့ခေါ်တဲ့ "ဆိုဂျိ" ကို ကျောင်းတိုင်းလိုလို လုပ်ဆောင်ကြပြီး လူ့အဖွဲ့အစည်း တာဝန်ယူမှုဆိုင်ရာ နှစ် ၁၂၀၀ ကျော်သက်တမ်းရှိတဲ့ ယဉ်ကျေးမှုအစဉ်အလာအပေါ် အခြေခံထားတာပါ။

While most countries chase test scores, Japan spends the first years of school teaching empathy, respect, and heart.

In Japanese elementary schools, early education isnt driven by heavy exams or competition.
Instead, the focus is on character empathy, respect, kindness, cooperation, and emotional awareness.

Children learn these values not from lectures, but from daily routines that quietly shape who they become:

Cleaning their own classrooms so they respect shared spaces
Serving lunch to one another to learn responsibility and care
Caring for plants and animals to understand stewardship
Saying thanks before and after meals to cultivate gratitude
Working as teams to build a culture where everyone belongs

Teachers spend these early years showing students how their actions affect the people around them. The goal is simple: before you learn academics, you learn how to live with others.

By nurturing emotional intelligence first, Japan builds children who not only study well but listen well, share well, and grow into adults who strengthen their communities.

Its a reminder that education isnt just about what you know.
Its about who you become.

Fun Fact:
Japans cleaning time, called souji, is practiced in nearly every school and is based on a 1,200-year-old cultural tradition of community responsibility.

Sources:
Ministry of Education, Culture, Sports, Science and Technology (Japan)
UNESCO
Educated Mind
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

16/09/2025

YMCAမှ Teacher
Training တစ်ခု ဖွင့်လှစ်သင်ကြား
ပေးတော့မှာ ဖြစ်ပါတယ်။

ဘာတွေသင်မှာလဲ။

Educational Psychology

Learning needs and
learning styles

Classroom Management and
Motivation

Assessment

Classroom Instruction
(ICQ,CCQ,Language)

Presentation Techniques and Introductory Activities/Lesson Planning

Feedback & Certificate Awarding

ဘယ်သူတွေ အတွက်လဲ။
လက်တွေ့သင်ကြားရေး စွမ်းရည်တိုးတက်ချင်သော ဆရာ/မ အားလုံးအတွက် ရည်ရွယ်ပါတယ်။

ဘယ်အချိန်တွေမှာ သင်မှာလဲ။
သင်တန်းလေးကတော့ စနေ၊ တနင်္ဂနွေနေ့တွေမှာ မနက်ခင်း ၉ နာရီမှ ညနေ ၄ နာရီထိ ဖြစ်ပါတယ်။

သင်တန်းနေရာလေးကတော့
HITO Centre,YMCA
လမ်း ၈၀ နဲ့ ၁၂လမ်းထောင့် မှာ
ဖြစ်ပါတယ်။

သင်တန်းကြေးနဲ့ အသေးစိတ်ကိုတော့ ဖုန်းနံပါတ်-
09955066565
ကို ဆက်သွယ်မေးမြန်းလို့ရပါတယ်နော်။

18/08/2025

Self-efficacy သို့မဟုတ်
ငါလုပ်ရင် ဖြစ်တယ်ဆိုတဲ့ ယုံကြည်စိတ်။
================
သင်ဟာ အပြုအမူတစ်ခုလုပ်ဆောင်ခြင်းနဲ့ အဲဒီ
အပြုအမူကြောင့်ဖြစ်လာမယ့် အကျိုးဆက်ကိုသိ
မြင်ကောင်းသိမြင်ပါလိမ့်မယ်။ ဥပမာ- တစ်ပတ်
ကို စာ ၁၀နာရီပိုကြည့်ရင် ကျောင်းစာအမှတ်တွေ
ပိုမြင့်လာမှာပဲ။ ငါတစ်နေ့ကို တစ်နာရီလောက်
အပြေးလမ်းလျှောက်ရင် ဝိတ်ကျပြီး ငါ့ခန္ဓာကိုယ်
Fit ဖြစ်လာမှာပဲ စသဖြင့်။ ရတယ် ဒီအလုပ်ကို ငါ
လုပ်နိုင်တယ်၊ ငါလုပ်ရင်ဖြစ်တယ်လို့ ယုံကြည်ခံ
စားမယ် ဆိုရင် သင့်ရဲ့ Self-efficacy မြင့်တယ်လို့
ပြောရပါလိမ့်မယ်။

အင်း၊ စာတွေပိုကြည့်ရင် အမှတ်တက်မှန်းတော့
သိတယ်၊ ဒါပေမယ့် ငါကဉာဏ်မကောင်း၊ ရမှာ
မဟုတ်။ တစ်နေ့ တစ်နာရီ အပြေးလမ်းလျှောက်
ရင် ဝိတ်ကျပြီး ဘော်ဒီ Fit ဖြစ်လာမှာတော့သိတယ်
ဒါပေမဲ့ ငါအပင်ပမ်းခံနိုင်မှာမဟုတ်လို့ စဉ်းစားရင်
Self-efficacy နိမ့်တယ်လို့ ဆိုရပါလိမ့်မယ်။

မိမိကိုယ်ကို စီမံခန့်ခွဲမှုရဲ့ အခြေခံကတော့ မိမိအပြု
အမူများကို တိုးတက်ပြောင်းလဲလာအောင် ထိန်းချုပ် ဆောင်ရွက်နိုင်တယ်လို့ ယုံကြည်ခြင်းပါပဲ။ အလုပ်
တစ်ခုခု လုပ်ဆောင်ကြည့်ဖို့ Self-efficacy မြင့်သူ
တွေဟာ Self-efficacy နိမ့်သူတွေထက် အဲဒီအလုပ်
ကို ပိုပြီးအချိန်ကြာကြာလုပ်ပါလိမ့်မယ်၊ တစ်နည်း
မဟုတ် တစ်နည်း နည်းအမျိုးမျိုးသုံးပြီး စမ်းကြည့်
နေပါလိမ့်မယ် (Bandura, 1989; Desharnis et Al.,
1986; Weinberg, 1986)။

Self-efficacyမြင့်သူတွေဟာ အောင်မြင်ဖို့ကနဦး
မိမိသတ်မှတ်ထားတဲ့စံ ပြည့်မီသွားရင် မိမိတို့ရဲ့ စံနှုန်း
ကို ထပ်တိုးတိုးသွားပါလိမ့်မယ်။ အပြုအမူတို့ကိုတိုး
တက် ပြောင်းလဲလာအောင်လုပ်ရာမှာ သင့်အနေနဲ့ တစ်ကြိမ်ကြိုးစားရုံနဲ့တော့အောင်မြင်ကောင်းမှ
အောင်မြင်မှာ ဖြစ်တဲ့အတွက်အကြိမ်ကြိမ်ကြိုးစားခြင်း၊ တစ်နည်းမရတစ်နည်းပြောင်းလဲစမ်းသပ်ကြည့်ခြင်း၊ ကြိးစားစမ်းသပ်တဲ့အခြေအနေများထဲမှာ သင့်ကိုယ်
သင်ထည့်ထားခြင်းတို့ဟာ အောင်မြင်မှုအတွက် အခွင့်
အလမ်းတို့တိုးမြှင့်ဖို့ အသုံးကြစေပါလိမ့်မယ်။

ရှိပ်စပီးယားကလည်း ဒီသဘောတရားကို သူ့ရဲ့ Measure forMeasureပြဇာတ်မှာဖော်ပြခဲ့ပါတယ်။
မိမိကိုယ်မိမိဖြစ်မိတဲ့ ကြှနျုပျတို့ရဲ့သံသယတှဟော
သစ္စာဖောက်တွေပဲ။ အောင်မြင်နိုင်ပါလျှက် ကြိုးစား
ကြည့်ဖို့ကြောက် လန့်ခြင်းဖြင့် ကြှနျုပျတို့ကို လူတော်က
နေဆုံးရှုံးဖို့ဖြစ်စေတယ်။

Self-efficacy မြင့်ခြင်းဟာ အတိတ်ကစွမ်းဆောင်နိုင်
မှုတွေထက်ပိုတဲ့ အပြုအမူတိုးတက်အောင်လုပ်ခြင်း
ကို ခန်းမှန်းနိုင်တဲ့ နိမိတ်လက္ခာတွေပဲ။ သို့သော်လည်း
Self-efficacy ဟာ ပြင်ပကလာတဲ့ အောင်မြင်ဖို့သတ်
မှတ်စံထက် ကိုယ်တိုင်သတ်မှတ်ထားတဲ့ အောင်မြင်
ဖို့သတ်မှတ်စံပြည့်မှီဖို့ ခန့်မှန်းနိုင်တဲ့ နိမိတ်လက္ခဏာဖြစ်
တယ်။ တင်းနစ်စွမ်းရည်၊ ဆေးလိပ်ဖြတ်ခြင်း၊ ခန္ဓာကိုယ်
Fitဖြစ်အောင်လုပ်ခြင်း၊ ကျောင်းစာအမှတ်တက်အောင်
လုပ်ခြင်း၊ ထုတ်ကုန်ပစ္စည်း အရောင်းတက်အောင်လုပ်
ခြင်း အစရှိတဲ့ ကိုယ်ရေးကိုယ်တာစွမ်းရည်တွေနဲ့အသက်
မွေးမှုအလုပ်အကိုင်စွမ်းရည်အစရှိတဲ့နယ်ပယ်တွေမှာ
အောင်မြင်နိုင်မှုရှိ-မရှိကို Self-efficacyမြင့်-မမြင့်ပေါ်
အခြခံပြီးခန့်မှန်းနိုင်တယ်။ ၄င်းအပြင် အပြုအမူများ
ရေရှည် တိုးတက်ပြောင်းလဲအောင် လုပ်နိုင်စွမ်းရှိ-မရှိ
ခန့်မှန်းရာမှာလည်း Self-efficacyဟာ အသုံးကျပါ
တယ်။ ဒါကြောင့် ဘဝမှာ ဘာလုပ်လုပ် သင့်အနေနဲ့
Self-efficacy မြင့်အောင် မွေးမြူဖို့လိုပါလိမ့်မယ်။

သင်တိုးတက်ပြောင်းလည်းအောင်လုပ်လိုတဲ့ အပြုအမူ
နဲ့ပတ်သက်ပြီး Self-efficacy မြှင့်တင်ခြင်းဟာ သင့်ရဲ့
အတိတ်က အောင်မြင်မှုများကိုပြန်တွေးမိခြင်းနဲ့လည်း တွယ်ဆက် နေပါလိမ့်မယ်။ အောင်မြင်မှုများကို သင်
သတိရ ပြန်တွေးမိလေလေ၊ နောက်ထပ်အောင်မြင်မှု
တစ်ခုရအောင် ငါလုပ်နိုင်လိမ့်မယ်လို့ ယုံကြည်လေ
လေဖြစ်ပါလိမ့်မယ်။ တစ်ဘက်မှာလည်း ကျရှုံးခဲ့တာ
ကို စိတ်ထဲမှာ တွေးမိလေလေ Self-efficacy ကျဆင်း
လေလေ ဖြစ်ပါလိမ့်မယ်။ ကျရှုံးခြင်းထက် အောင်မြင်
တာကို ပြန်သတိရတဲ့ခြင်းဟာ သင့်စိတ်ခံစားမှု၊ Mood
နဲ့လည်း ဆက်စပ်ပါလိမ့်မယ်။ ဆိုလိုတာက သင်စိတ်
ပျော်နေချိန်မှာ သင်အထမြောက်အောင်မြင်ခဲ့တာတွေ
ကို ပိုသတိရစဉ်းစားမိနိုင်ပါတယ်။

သင့်ရဲ့ကိုယ်ပိုင် Self-efficacy ခံစားစိတ်ကိုနားလည်ဖို့
အောက်ပါမေးခွန်များဖြေကြည့်ပါ။
၁။ သင့်ကိုယ်သင် စိန်ခေါ်ထားတဲ့ ရည်မှန်းချက်များ
ချမှတ်ထားပါသလား။
၂။ သင့်ရည်မှန်းချက်အလုပ်များ အောင်မြင်နေပုံကို
စိတ်ကူးထဲမှာ ထင်မြင်စဉ်းစားကြည့်မိပါသလား။
၃။ ရည်မှန်းချက်ကိုအကောင်အထည်ဖော်ရာမှာအတား
အဆီးကြုံချိန်၌ တစ်နည်းမဟုတ်တစ်ပြောင်းလဲ
စမ်းသပ်အဖြေရှာကြည့်ပါသလား။
၄။ ကနဦးကျရှုံးမှုကြုံတဲ့အခါ ဘယ်နည်းနဲ့မဆို ငါရ
ကိုရ ရမယ်ဆိုတဲ့ ယုံကြည်စိတ်သင့်မှာ ရှိပါသလား။
၅။ သင့်ကိုစိန်ခေါ်နေသောအခြေအနေ(ဥပမာ- လူသစ်
တို့နှင့်တွေ့ဆုံခြင်း၊ သင်တန်းအသစ်တက်ရခြင်း၊
အပြောင်းအရွှေ့ကြုံခြင်း) စသည့်သင့်စွမ်းရည်များ
အသုံးချရသည့်နေရာမှာရင်ဆိုင်ရန် ဆန္ဒရှိပါသလား။
၆။ သင့်ရည်မှန်းချက်ရောက်အောင် အထောက်အကူပြု
မည့်လုပ်ဆောင်မှုများကိုပြင်ဆင်ခြင်း၊ စီမံကိန်းချ
ခြင်းဖြင့် သင့်အောင်မြင်မှုအတွက် ကြိုတင်ပြင်ဆင်
ထားပါသလား။
၇။ သင်ရည်မှန်းချက်ရောက်ဖို့ လိုအပ်သည်ညှိယူမှုများ
လုပ်ဆောင်ရန် သင့်လုပ်ဆောင်မှုများကို ပြန်လည်
သုံးသပ်စစ်ဆေးပါသလား။

ဒေါက်တာမြင့်လွင်(စိတ်ပညာ)

17/08/2025

ဆူပူအော်ဟစ်မှုတွေ မကြာခဏ ပြုလုပ်တာဟာ ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုပိုင်းမှာ ဆိုးကျိုးသက်ရောက်နိုင်ကြောင်း မိဘအုပ်ထိန်းသူအများစုက နားလည်ပေမယ့် ကိုယ်တိုင်စိတ်ဖိစီးမှုများပြားတဲ့ ကာလမှာတော့ စိတ်မထိန်းနိုင်ဘဲ ပြုမူမိတတ်ကြပါတယ်။

ဆူပူငေါက်ငမ်းမှုတွေကိုပဲ လက်ခံရရှိနေတဲ့ ကလေးမျိုးဟာ များသောအားဖြင့် အပြောအဆို အပြုအမူပိုင်းမှာ ကြမ်းတမ်းတဲ့ဘက်ဆီ ရောက်သွားနိုင်ပါတယ်။ အော်ဟစ်တာဟာ ပုံမှန်အပြုအမူတစ်ခုပါပဲလို့ လူကြီးတွေဆီက သင်ယူသွားနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုသိပ်မရှိဘဲ ကြီးပြင်းလာတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။

မိဘအုပ်ထိန်းသူတွေဘက်က အောက်ပါနည်းလမ်းလေးတွေ အသုံးပြုပြီး ဆူပူအော်ဟစ်တတ်တဲ့အလေ့အထ နည်းနိုင်သမျှနည်းအောင် ကလေးတွေကို ပြုစုစောင့်ရှောက်နိုင်ဖို့ ဖြည်းဖြည်းချင်း ကြိုးစားယူလို့ရပါတယ်။

ကိုယ့်ကိုယ်ကိုယ် အချိန်ခဏပေးပါ။ စိတ်ဆိုးဒေါသဖြစ်ရတဲ့နေရာကနေ ခဏလေးရှောင်ထွက်လိုက်ပါ။ အသက်ပြင်းပြင်းရှူရင်း စိတ်ကိုလျှော့ချပါ။

ခြိမ်းခြောက်ဒဏ်ပေးခြင်းကို ရှောင်ပါ။ အပြုအမူရဲ့ အကျိုးဆက်ကိုပဲ ကလေးတွေ နားလည်အောင် ပြောပြထားပါ။

တိကျသေချာတဲ့ စည်းကမ်းတစ်ခု ချမှတ်ထားပါ။ တင်းကျပ်လွန်း၊ လျော့ရဲလွန်းတဲ့ စည်းကမ်းတွေ၊ တစ်ကြိမ်နဲ့တစ်ကြိမ် မတူညီတဲ့ စည်းကမ်းတွေဟာ ကလေးတွေအတွက် ဝေခွဲမရ ဖြစ်စေနိုင်ပါတယ်။

စိတ်ခံစားမှုတွေအကြောင်း ကလေးတွေကို ပြောပြပါ။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ စိတ်လှုပ်ရှားမှု၊ ဒေါသ စတာတွေဟာ သဘာဝသာဖြစ်ပြီး ဒေါသဖြစ်လာရင် ဆိုးကျိုးဘက် မရောက်အောင် ထိန်းဖို့လိုအပ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ဥပမာပေးပြီး ပြောပြနိုင်ပါတယ်။

တကယ်လို့များ မထိန်းနိုင်ဘဲ အော်ဟစ်ဆူပူမိလိုက်တယ်ဆိုရင်လည်း ဘာလို့ ဒီလို လုပ်မိကြောင်း ကလေးကို ပြန်ရှင်းပြပါ။ ဒီအပြုအမူဟာ မကောင်းတဲ့အကြောင်းလည်း ပြောပြတောင်းပန်ပါ။

လတ်တလော ကလေးတွေရှေ့ ကိုယ် ပြုနေမိတဲ့ အပြုအမူတွေဟာ နောင်တစ်ချိန် ကလေးတွေဆီမှာ ပုံတူကူးထားသလို မြင်ရနိုင်တာမို့ မိဘအုပ်ထိန်းသူတွေဘက်က တတ်နိုင်သမျှ သတိပြုဆင်ခြင်ဖို့ လိုအပ်ပါတယ်


Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address


Mandalay
05023