29/10/2020
Mandalay University Astronomy Club
Improve ourselves
29/10/2020
20/03/2020
26/02/2020
29.2.2020*ရက်နေ့တွင်MASES (Myanmar Astronomy and Science Enthusiasts) နှင့် ကျွန်တော်တို့Mandalay University Astronomy Club တို့ပူးပေါင်း၍ ဒုတိယအကြ်ိမ်မြောက်
# # # # # # # # #
Astronomy TalkShow and Star Gazing Party
# # # # # # # # #
ကျင်းပမည်ဖြစ်ပါသဖြင့် MUAC club member များနှင့် မန္တလေးတက္ကသိုလ်အတွင်းရှိစိတ်ပါဝင်စားသူများပါဝင်နိုင်ပါကြောင်းအသိပေးအပ်ပါသည်။
/29.2.2020/
-မနက် (၉:၀၀)တွင်မန္တလေးတက္ကသိုလ်၌ Astronomy Talk show ပြုလုပ်မည်ဖြစ်ပီး
-ညနေ (၄:၀၀) မှမနက် (၆:၀၀)အထိ မန္တလေးကွန်ပျူတာတက္ကသိုလ်(UCSM) ဒဟတ်တော၌ Star Gazing Party ကျင်းပမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသူများအနေဖြင့် Chat Box မှဖြစ်စေ ph.no 09786126624/ 09776553207သို့ဖြစ်စေ ဆက်သွယ်၍စာရင်းပေးသွင်းနိုင်ပါသည်။
**transportation fee** 2000 ks ❤️
21/02/2020
Mandalay University Astronomy Club နှင့် MASES (Myanmar Astronomy and Science Enthusiasts Society)တို့မှ ပူးပေါင်း၍ကွန်ပျူတာတက္ကသိုလ်၌ကျင်းပမည့် Star Gazing Party ( နက္ခတ်တာရာနှင့်ကြယ်ကြည့်ပွဲ )အတွက် ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်နှင့်တကွသက်ဆိုင်ရာဌာနမှူးများနှင့်တွေ့ဆုံဆွေးနွေး
Mandaly University Astronomy Club (MUAC) ၏ Weekly activity ကို ဇန်နဝါရီလ (၂၃) ရက်နေ့တွင် Dark Matter and Dark Energy ခေါင်းစဉ်ဖြင့် Discussion ပြုလုပ်မည် ဖြစ်ပါ၍ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်နိင်ပါသည်။
ပြုလုပ်မည့် အချိန် - ညနေ(၃နာရီ-၄နာရီ)
ပြုလုပ်မည့်နေ့ရက်- ကြာသပတေးနေ့(၂၃-၁-၂၀၂၀)
ပြုလုပ်မည့်နေရာ - မန္တလေးတက္ကသိုလ်
အခန်းအမှတ် (၃၃) (ရူပသချာင်္ဝင်း)
Mandaly University Astronomy Club (MUAC) ၏ Weekly activity ကို ဇန်နဝါရီလ (၁၄) ရက်နေ့တွင် Fomation of the Universe ခေါင်းစဉ်ဖြင့် Discussion ပြုလုပ်မည် ဖြစ်ပါသည်။
ပြုလုပ်မည့် အချိန် - ညနေ(၃နာရီ-၄နာရီ)
ပြုလုပ်မည့်နေ့ရက်- အင်္ဂါနေ့(၁၄-၁-၂၀၂၀)
ပြုလုပ်မည့်နေရာ - မန္တလေးတက္ကသိုလ်
အခန်းအမှတ် (၃၃) (ရူပသချာင်္ဝင်း)
06/01/2020
“ကမ္ဘာကနေ အလင်းနှစ် ၅၅၃ နှစ် ကွာဝေးတဲ့ ကြယ်နဲ့ ဂြိုဟ်ကို Ayeyarwady နဲ့ Bagan ဟူ၍ မြန်မာ့သမိုင်းမှာ ပထမဆုံး နိုင်ငံတကာအသိအမှတ်ပြုအမည်များပေးနိုင်ခဲ့”
ယခင်နှစ်နိုဝင်ဘာလအတွင်းက IAU (International Astronomical Union) ရဲ့ နှစ်၁၀၀ပြည့် အထိမ်းအမှတ် အဖြစ် “Name Exoworlds” အစီအစဥ်ကိုကမ္ဘာအဝှမ်းကျင်းပခဲ့ရာမှာ ရန်ကုန်တက္ကသိုလ်ရူပဗေဒဌာန နဲ့ ကျွန်တော်တို့MASES က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ခဲ့ပါတယ်။ နိုင်ငံအသီးသီးအနေနဲ့ အာကာသထဲက လက်ရှိရှာဖွေတွေ့ရှိထားပြီးတဲ့ ဂြိုဟ်တစ်လုံးနဲ့ကြယ်တစ်လုံးစီကို နာမည်ပေးခဲ့ရတာဖြစ်ပြီး အတည်ပြုလိုက်တဲ့ နာမည်ကို နိုင်ငံတကာမှာတရားဝင်စာရင်းသွင်းပြီး နောင်အနာဂတ်မှာ အသုံးပြုသွားမှာဖြစ်ပါတယ်။
ဒီ့အတွက် မဲစနစ်နဲ့ အမည်တွေဆုံးဖြတ်ပေးခဲ့ကြပြီးတော့ HD 18742 ကြယ်နဲ့ HD 18742 b ဂြိုဟ်တို့ကို Ayeyarwady နဲ့ Bagan ဆိုတဲ့ နာမည်တွေ ပေးနိုင်ခဲ့ပါတယ်။ Ayeyarwady ကြယ်ဟာ ဒြပ်ထု အနေနဲ့ ကျွန်တော်တို့ နေထက် အနည်းငယ် ကြီးပြီး အရွယ်အစား က ၅ ဆ ကျော်ပိုမိုကြီးမားပါတယ်။ သူ့ကို လှည့်ပတ်နေတဲ့ ဓာတ်ငွေ့လုံး ဂြိုဟ် Bagan ကတော့ ဂျူပီတာဂြိုဟ်ထက် ဒြပ်ထု အနည်းငယ်ကြီးပြီး အရွယ်အစားအားဖြင့် ၃.၅ဆ ခန့် ပိုမိုကြီးမားပါတယ်။ Bagan ဂြိုဟ်ဟာ သူ့ရဲ့ မိခင်ကြယ် ကို ၂.၁ နှစ် တစ်ခါ တစ်ပတ်ပြည့်အောင် လှည့်ပတ်နေတာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ဟာဝိုင်အီ ရဲ့ W.M.Keck Observatory ကို အသုံးပြုပြီး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Ayeyarwady နဲ့ Bagan ကို ကမ္ဘာမှ ကြည့်ပါက Eridanus ကြယ်စုအတွင်းမှာ တည်ရှိတာတွေ့ရမှာဖြစ်ပြီး Eridanus ဆိုတာကတော့ မြစ် လို့ အဓိပ္ပါယ်ရပါတယ်။
အမည်များကို ရဲမင်းစိုး ဆိုသူကအဆိုတင်သွင်းထားတာဖြစ်ပြီး ထောက်ခံမဲအများဆုံးနဲ့အနိုင်ရရှိသွားတာဖြစ်ပါတယ်။
ဒီ Link ကနေ ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။ https://exoplanets.nasa.gov/exoplanet-catalog/6589/hd-18742-b/
MASES/ Nyan Hein
Mandaly University Astronomy Club (MUAC) ၏ Weekly activity ကို ဒီဇင်ဘာလ (၃၀) ရက်နေ့ (မနက်ဖန်)တွင် Interstellar Medium ခေါင်းစဉ်ဖြင့် Discussion ပြုလုပ်မည် ဖြစ်ပါသည်။
ပြုလုပ်မည့် အချိန် - ညနေ(၃နာရီ-၄နာရီ)
ပြုလုပ်မည့်နေ့ရက်- ၃၀-၁၂-၂၀၁၉(တနင်္လာနေ့)
ပြုလုပ်မည့်နေရာ - မန္တလေးတက္ကသိုလ်
အခန်းအမှတ် (၃၃) (ရူပသချာင်္ဝင်း)
19/12/2019
2019-2020 ပညာသင်နှစ်အတွက် Mandalay University Astronomy Club ၏ ပထမဆုံး activity ကို မန္တလေးတက္ကသိုလ်အခန်းအမှတ်(၃၃) (ရူပသင်္ချာဝင်း) တွင် Formation of the solar system ခေါင်းစဉ်ဖြင့်ညနေ ၃:၀၀ မှ ၄:၃၀ အထိ Discussion ပြုလုပ်ခဲ့ပါသည်
Activity တွင်
-Group discussion
-Question & Answer time
-Drawing activity များ ဖြင့် Astronomy ဘာသာရပ်အသိပညာများတိုးပွါးလာစေရန် ပြုလုပ်ခဲ့ပါသည်။
*စိတ်ဝင်တစားတက်ရောက်ပေးပါသော
Astronomy Club memberများအားလည်း
အထူးကျေးဇူးတင်ပါသည်
*နောက်လာမည့် discussion များတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်
အပ်ပါသည်။
*မန္တလေးတက္ကသိုလ်အတွင်းရှိ Astronomy ဘာသာရပ်အားစိတ်ဝင်စားသူများအနေဖြင့် ကျွန်တော်တို့ astronomy club တွင်ပါဝင်နိုင်ပါ ကြောင်းအသိပေးအပ်ပါသည်
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Mandalay