TUM -Technological University Mandalay

TUM -Technological University Mandalay

Share

This Page is Official for posting of TUM's Information.

03/02/2021

Online ဂျပန် ပညာရေးပွဲတော် ၂၀၂၁ - Study in Japan Fair 2021 ဖိတ်ကြားလာခြင်း ကိစ္စ
Okayama University Japan Education Information Center (OJEIC) အစီအစဉ်ဖြင့် Online Study in Japan Fair 2021 အား (၃၁-၁-၂၀၂၁) ရက်နေ့မှ (၁၃-၂-၂၀၂၁) ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း အောက်ပါအချက်အလက်များ နှင့် တကွ ပေးပို့ဖိတ်ကြားလာခြင်းအား သိရှိနိုင်ရန် ကြေညာအပ်ပါသည်။
Online ပညာရေးပွဲတော် ၂၀၂၁ တွင် ပူးပေါင်း ပါဝင်သည့် တက္ကသိုလ် (၃၀) ကျော်ကို OJEIC Facebook ၌ မိတ်ဆက်ခြင်း
https://www.facebook.com/StudyinJapanOfficeYangon
https://studyinjapan-myanmar.com/
တွင် စာရင်း ပေးသွင်းကာ ပညာသင်ဆုများ၊ စာမေးပွဲများ၊ တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ လေ့လာခြင်း
တက္ကသိုလ်များ၊ ကျောင်းများနှင့်ဆွေး‌နွေးခြင်း (မြန်မာဘာသာ၊ ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ)

Okayama University Japan Educational Information Center, Myanmar OJEIC OJEIC (1)Yangon office, The Japan Foundation, Yangon,1st Floor,No70,Nat Mauk Lane(1),Bahan T/S,Yangon

Photos from TUM -Technological University Mandalay's post 02/02/2021

အစားအစာဆန်းသစ်တီထွင်မှုကိုစိတ်ဝင်စားသောကျောင်းသားများအတွက် ProVeg ကပထမဆုံး ကျင်းပသော webinar (https://www.eventbrite.co.uk/e/designing-sustainable-food-systems-for-a-better-future-tickets-135814750575) ကိုဖေဖော်ဝါရီ ၁၀ ရက်တွင်ကျင်းပမည်။ ဤ webinar တွင် A*STAR၊ Beyond Meat, Oatly နှင့် Nestle အစားအစာကျွမ်းကျင်သူများအားအစားအစာများ၏ အနာဂတ်အကြောင်း ဆွေးနွေးရန်ဖိတ်ခေါ်ပါသည်။ ကျောင်းသားများအတွက် Food & Beverage ပညာရှင်များထံမှ ပိုမို သင်ယူရန်နှင့်စိတ်၀င်စားစရာကောင်းသော မေးခွန်းများအတွက် အခွင့်အလမ်းကောင်း တစ်ခု ဖြစ်ပါ သည်။ စိတ်ပါဝင်စားသူ ကျောင်းသား ကျောင်းသူများ သည် ဤ link မှတဆင့်မှတ်ပုံတင် နိုင်ပါ သည်။
https://www.eventbrite.co.uk/e/designing-sustainable-food-systems-for-a-better-future-tickets-135814750575
စောစီးစွာတင်ပြ သူများအား ဖေဖော်ဝါရီ ၁၀ ရက်မတိုင်မီ Idea Proposal တင်ပြသော အဖွဲ့များ အတွက် ကံစမ်းမဲတစ်ခု ရှိပါသည်။ ကျောင်းသား/သူ များသည် Idea Proposal form ကိုကျွန်ုပ်တို့၏ Website (https://proveg.com/asean-innovation-challenge/) မှ တဆင့်ကူးယူပြီး email ([email protected]) သို့ ပေးပို့နိုင်သည်။
နောက်ဆုံးအနေဖြင့်ကျွန်ုပ်တို့သည်စိန်ခေါ်မှုတွင်ပါ၀င် ရန် ကျောင်းသား/သူများကို ထပ်မံ တိုက်တွန်းလို ပါသည်။ ကျောင်းသားများသည်ဆန်းသစ်တီထွင်မှုဆိုင်ရာအကြောင်းအရာများနှင့် ပတ်သတ်၍ သတင်း အချက် အလက်များကိုစုဆောင်းရန် Facebook group နှင့်အခြား ကျောင်းသား ခေါင်းဆောင်များ နှင့်သီးခြား Whatsapp အဖွဲ့ရှိသည်။

AIT Roadshow Live - Myanmar | Asian Institute of Technology 28/01/2021

Hello everyone, Goodevening!
Here I'ld like to share you and your students who would love to do further study abroad, in Thailand.

𝐀𝐈𝐓 𝐑𝐨𝐚𝐝𝐬𝐡𝐨𝐰 𝐋𝐢𝐯𝐞 - 𝐌𝐲𝐚𝐧𝐦𝐚𝐫 🇲🇲

𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 𝐚𝐧𝐝 𝐉𝐨𝐢𝐧 𝐭𝐨 𝐰𝐢𝐧 𝐚 𝟒𝟎% 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭 𝐨𝐧 𝐀𝐈𝐓 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐄𝐧𝐭𝐫𝐲 𝐓𝐞𝐬𝐭 https://bit.ly/2LZvHf4

► Meet our 3 Deans and Faculty members
► Meet our Alumni and current students from Myanmar
► Learn about our Masters and Ph.D. programs and available scholarships
► Join the webinar and school-specific sessions to win a special prize.

𝐁𝐫𝐞𝐚𝐤𝐨𝐮𝐭 𝐑𝐨𝐨𝐦𝐬
After the main webinar, you have a chance to join school-specific breakout sessions where you can talk with the Dean and the faculty members of each School.

𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫 𝐍𝐨𝐰: https://bit.ly/2LZvHf4

AIT Roadshow Live - Myanmar | Asian Institute of Technology AIT Roadshow Live – Myanmar Registration Form Email* Name* First Last Interested in* Masters Ph.D. School of Interest School of Engineering and Technology School of Environment, Resources and Development School of Management Consent* I agree to the privacy policy. By submitting this registration f...

Thailand Scholarship 2021 Year 2021_attachment.pdf 28/01/2021


(နည်းပညာတက္ကသိုလ် (မန္တလေး) မှ B.E. ဘွဲ့ရရှိပြီးသူများ၊ ယခု ပညာသင်နှစ်တွင် ဘွဲ့လွန်သင်တန်း M.E. တက်ရောက်နေသူများ နှင့် ဆရာ/မ များ အတွက်သာ)
ထိုင်းနိုင်ငံ ပညာရေး သိပ္ပံ သုတေသန နှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီးဌာန (MHESI) နှင့် ထိုင်းတက္ကသိုလ် တို့ ပူးပေါင်း၍ ၂၀၂၁ ပညာသင်နှစ်အတွက် ထိုင်းတက္ကသိုလ်များ တွင် ဖွင့်လှစ်မည့် မဟာဘွဲ့နှင့် ပါရဂူ ဘွဲ့ သင်တန်းများသို့ သတ်မှတ်အရည်အချင်း ပြည့်မီသည့် ဆရာ/ဆရာမ များ နှင့် ကျောင်းသား/သူ များ လျှောက်ထားနိုင်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ပညာသင်ဆုသို့ သတ်မှတ်အရည်အချင်းပြည့်မီသည့် ဆရာ/မ များနှင့် ကျောင်းသား/သူ များသည် အောက်ဖော်ပြပါ Link ရှိ အချက်အလက်များအား သေချာ ဖတ်ရှု၍ သက်ဆိုင်ရာ Website သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ကြောင်း နှင့် လျှောက်ထားပြီးသူများသည် မိမိတို့၏ အမည်၊ အတန်း၊ ဘာသာရပ်၊ ဖုန်းနံပါတ်၊ email address၊ မွေးသက္ကရာဇ် နှင့် လျှောက်ထားသည့် ပညာသင်ဆု အမျိုးအစား တို့အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက် နောက်ဆုံးထား၍ [email protected] သို့ email ပေးပို့ပေးရန် ဖြစ်ပါသည်။
https://drive.google.com/file/d/1zJVzb7FmW61evo080UeTCNskiUDML3tq/view?usp=drivesdk

Deadline of Application: 19 February 2021

Thailand Scholarship 2021 Year 2021_attachment.pdf

28/01/2021

ASEAN-ITALY ကျောင်းသားကျောင်းသူများ ညီလာခံ ကျင်းပရေး ကိစ္စ
အာဆီယံ - အီတလီ ကျောင်းသား၊ ကျောင်းသူများ ညီလာခံ ကို (၇-၄-၂၀၂၁) ရက်နေ့မှ (၈-၄-၂၀၂၁) ရက်နေ့အထိ ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ ညီလာခံ မကျင်းပမီ လေ့ကျင့်ရေး အစည်းအဝေး လေးကြိမ် ကို၂၀၂၁ ခုနှစ် မတ်လ အတွင်း ကျင်းပရန် ရည်ရွယ်ထားပါကြောင်း၊ အဆိုပါညီလာခံနှင့် လေ့ကျင့်ရေး အစည်းအဝေးများသို့ အာဆီယံတစ်နိုင်ငံချင်းစီမှ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်စွာပြောဆိုနိုင်သူ ကျောင်းသား ကျောင်းသူ (၆) ဦးစီ ပါဝင်တက်ရောက်ရန် Global Action မှ ဖိတ်ကြားပါကြောင်း၊ နည်းပညာတက္ကသိုလ်(မန္တလေး) မှ အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စိတ်ပါဝင်စားသူများ (၂၉-၁-၂၀၂၁) ရက်နေ့ နံနက် (၁၀း၀၀) နာရီ နောက်ဆုံးထား၍ [email protected] သို့ စာရင်းပေးပို့နိုင်ပါသည်။
စာရင်းပေးပို့ရာတွင်
အမည် -
အတန်း -
အထူးပြုဘာသာရပ် -
ခုံအမှတ် -
နေရပ်လိပ်စာ အပြည့်အစုံ -
ဆက်သွယ်ရန် ဖုန်းနံပါတ် -
အီးမေးလ်လိပ်စာ -
Passport No. – (attached file ဖြင့် တွဲပို့ရန်)
English Language Proficiency – (certificate များ ရှိပါက attached file ဖြင့်တွဲပို့ရန်)
Recent Photo (passport size) – attached file ဖြင့် တွဲပို့ရန်

သတ်မှတ်ချက်များ
(က) နည်းပညာတက္ကသိုလ် (မန္တလေး) တွင် ပထမနှစ် နှင့် ဒုတိယနှစ် တက်ရောက်နေသူ ကျောင်းသား/သူ ဖြစ်ရမည်။
(ခ) မြန်မာနိုင်ငံသား ဖြစ်ရမည်။
(ဂ) အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအဆင့် အနည်းဆုံး B1 Level ရှိရမည်။
(ဃ)နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ (အထူးသဖြင့် အာဆီယံရေးရာများ) ကို အထူးစိတ်ဝင်စားသူ
(င) ခေါင်းဆောင်မှုနှင့် အဖွဲ့လိုက် လုပ်ဆောင်နိုင်မှု အားကောင်းသူ
(စ) ညီလာခံမှ ပြုလုပ်သည့် အစည်းအဝေးများ အားလုံးသို့ ပါဝင်တက်ရောက်နိုင်သူ
သတ်မှတ်ချိန်ထက် နောက်ကျမှ ပေးပို့သော လျှောက်လွှာများ ကို လက်ခံစဉ်းစားမည် မဟုတ်ပါ။

(5)7P 00005 Healthy Life Style.mp4 20/01/2021

ပြည်သူအခြေပြု ဦးစားပေး လုပ်ငန်းစဉ် ၇ ရပ်ထဲမှ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှု ဘဝပုံစံများ လိုက်နာကျင့်သုံး ဆောင်ရွက်ရေး လုပ်ငန်းစဉ် ဗွီဒီယို..

(5)7P 00005 Healthy Life Style.mp4

(4)7P 00004 Vehicle.mpg 20/01/2021

ပြည်သူအခြေပြု ဦးစားပေး လုပ်ငန်းစဉ် ၇ ရပ်ထဲမှ ယာဉ်အန္တရာယ် လမ်းအန္တရာယ် တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး လုပ်ငန်းစဉ် Video

(4)7P 00004 Vehicle.mpg

20/01/2021

ပြည်သူအခြေပြု ဦးစားပေး လုပ်ငန်းစဉ် ၇ ရပ်ထဲမှ ဘီယာ အရက်အလွန် အကျွံ သောက်သုံးခြင်းနှင့် နောက်ဆက်တွဲ အန္တရယ်များ လျှော့ချရေး လုပ်ငန်းစဉ် video

(3)7P 00003 Alcohol.mp4

(2)7P 00002 Tobacco.mp4 19/01/2021

ပြည်သူအခြေပြု ဦးစားပေးလုပ်ငန်းစဉ် ၇ ရပ်ထဲမှ ဆေးလိပ်၊ စီးကရက်၊ ဆေးရွက်ကြီး နှင့် ကွမ်းယာ သုံးစွဲ မှု ကင်းစင်ပပျောက်ရေး လုပ်ငန်းစဉ် video

(2)7P 00002 Tobacco.mp4

19/01/2021

ပညာေရးဝန်ကြီးဌာနမှ Domain Name (mdep.moe.edu.mm) လွှင့်တင်ထားသော MDEP: Myanmar Digital Education Platform ရှိ Online ဝန်ဆောင်မှု စနစ်များအား ၂၀၂၁ခုနှစ်၊ ဇွန်လအထိ ဆက်သွယ်ရေး အော်ပရေတာများက မိုဘိုင်းဒေတာ အခမဲ့ (Zero Data Charges) ဖြင့် ဆက်လက်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ Website, Facebook, Education TV Channel, FM တို့တွင် MDEP: Myanmar Digital Education Platform အား မိုဘိုင်း ဒေတာအခမဲ့ဖြင့် ဝင်‌ေရာက်အသုံးပြုနိုင်ကြောင်း ကျောင်းသား ကျောင်းသူများအား အသိပေးအပ်ပါသည်။

07/01/2021

Myanmar Country Company Fiber Project တွင် တာဝန်ထမ်းဆောင်ရန်အတွက် BE EC (or) BE IT ဘွဲ့ရများ အမြန်အလိုရှိပါသည်။
Position: FTTH Project Engineer (ကျား) ၁၅ ဦး
Requirements:
ယာဉ်မောင်းလိုင်စင် (က) (or) (ခ) ရှိရမည်။
Computer Basic (or) Com-TIA. .
အဖွဲ့အစည်းနှင့်ပူးပေါင်း လုပ်ဆောင်နိုင်သူဖြစ်ရမည်။
အသောက်အစားကင်းရှင်းရမည်။
ရိုးသား ကြိုးစားပြီး ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရမည်..
လျှောက်ထားရန်..
09-402888074 (Viber)
09-776377492 (phone)
email: [email protected]
Deadline: 13 Jan 2021..

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Address


Mandalay
0507222