𝗙𝗼𝗿𝗲𝘅 - သင်တန်း

𝗙𝗼𝗿𝗲𝘅  - သင်တန်း

Share

𝗠𝗮𝗻𝘂𝗮𝗹 𝗧𝗿𝗮𝗱𝗶𝗻𝗴 ပညာရပ်များကို လွယ်ကူစွာ လေ့လာလိုက်ပါ။

24/12/2025

မြန်မာ့ရွှေ သိန်း၁၀၀ ဖြစ်တော့မယ်ဆိုတာမျိုး အပြောများနေလို့ လက်ရှိမဖြစ်နိုင်သေးပါဘူး။ ရွှေဈေးတက်တယ်ဆိုတာက ကမ္ဘာ့ရွှေဈေး စံချိန်တင်တက်နေတာကြောင့်မို့။ ငွေကြေးဖောင်းပွမှု သိပ်မတွေ့ရပဲ၊ ဘတ်တက်နေတာကလည်း ထိုင်းဘတ်ကိုယ်တိုင်ကတန်ဖိုးထိုးတက်နေတာကြောင့်ပါ။ ကမ္ဘာ့ရွှေဟာ ၄၅၀၀တန်းနားအထိရောက်လာပြီး ကမ္ဘာ့ရွှေ၁၀၀အတက်ဟာ မြန်မာ့ရွှေ ၂သိန်းဝန်းကျင်ရှိတယ်။ ငွေကြေးဖောင်းပွမှုမပါရင် ကမ္ဘာ့ရွှေ ၄၈၀၀အထိတက်မှ သိန်း၁၀၀ ဖြစ်နိုင်ပါမယ်။

26/08/2025

price action ရဲ့ အခြေခံအချက် (၃) ချက်
Price action နဲ့ Trade လုပ်တော့မယ်ဆိုရင် ဒီအချက်တွေကို သိထား တတ်ထား လေ့ကျင့်ထားမှရပါမယ်။
1. Candlestick Patterns
Market ရဲ့သဲလွန်စ သို့ ဘာသာစကားက Candlestick နဲ့ Patterns တွေကို အဓိကထားပြီးဖတ်ကြရတာဖြစ်ပါတယ်။
Patterns ပေါင်းများစွာရှိတဲ့ အနက်လူသုံးအများဆုံးကတော့ Pinbar, Shooting Star, Doji, Engulfing စတဲ့
Patterns တွေက လူသုံးများပါတယ်။
2. Support and Resistance
ဒီအချက်သည်လည်းပဲ နောက်ထပ်အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ Market ရဲ့ 70 % လောက်က Sideway သွားနေပြီး Support , Resistance ကို
အပြန်ပြန်အလှန်လှန် ဖြစ်ပေါ်နေလို့ Support ရောက်ရင် Buy မယ် Resistance ရောက်ရင် Sell မယ်စသဖြင့် confirmation တွေယူလို့ရပါတယ်။
3. Trendlines
နောက်ဆုံးတစ်ခုကတော့ Trend ဖြစ်ပါတယ်။ ခုမှစတင်မည့် Beginners များအပါဝင် Pro traders များအထိ Trend အတိုင်း Trade ကြရပါတယ်။
Market ကို Trend မကျိုးဘဲ Reversal Trade လို့ကတော့ ရှိသမျှအကုန်ပြောင်နိုင်ပါတယ်။

24/08/2025

Alt coin တစ်ခုဖြစ်တဲ့ Solana ရဲ့ဈေးတက်ချက်ကတော့ အနည်းငယ်ကြမ်းနေတယ်။

15/08/2025

သောကြာနေ့မှာ Traders အများစုကငွေဖော်လေ့ရှိကြပါတယ်။ မြတ်နေတဲ့ position တွေကိုပိတ်တာ Partation ခွဲပိတ်တာစသဖြင့်လုပ်ကြပြီး တစ်ပတ်စာအနားယူလေ့ရှိကြပါတယ်။
Reatils Traders ကနေစပြီး Institutional Traders ကြီးတွေအထိ position တွေကို ပိတ်ကြတာဖြစ်တဲ့တွက် Market Direction က oppostie အဖြစ်ပြောင်းနိုင်ပါတယ်။

15/08/2025

Trading မှာ Strategy က 10 % Risk management က 30 % နဲ့ psychology က 60 % ဆိုပြီး Research လုပ်ထားတာရှိပါတယ်။
10 % ဖြစ်တဲ့ Strategy ကို အရင်ဆုံးရှာရပါမယ်။ ကိုယ်ပိုင် စနစ်မရှိဘဲ အရောင်းဝယ်လုပ်လို့ အဆင်မပြေပါဘူး။ ကိုယ့် life style နဲ့ကိုယ်ရည်ကိုယ်သွေးကDayလား Swing လား စသဖြင့် ကိုယ်တိုင်သိမှ ရပါမယ်။ အခြေခံ အချက်လက်တောင် မသိဘဲနဲ့ ဒီလောကထဲကို ဝင်လာမိရင် အနှေးနဲ့အမြန် ပြန်ထွက်သွားရမှာပဲဖြစ်ပါတယ်။
မှတ်ထားပါ Trading မှာ 95% လောက်က looser အဖြစ်ထွက်ခွာသွားကြတာ ဖြစ်ပါတယ်။ ဒီလို အချက်တွေတောင် တချို့မသိကြဘဲ Moti speaker လို MLM လိုကောင်တွေရဲ့ဘူမသိကိုးမသိထဲမှာ
ရင်းနှီးငွေဆိုပြီး ထည့်ထားကြတာလည်း သိပ်မဆန်းပါဘူး။ ကိုယ်တိုင် သေချာနားမလည်တာရယ်၊ သေချာရှင်းပြမယ့်သူမရှိတာရယ်၊ နားလည်အောင်လုပ်ရမှာ ပျင်းတာရယ်၊ အသစ်ဆန်းပြောင်းလဲရမှာ ကြောက်တာတွေရယ်၊
လောဘကြီးတာတွေရယ်ကြောင့် အလိမ်ခံရတာတွေ ခပ်စိတ်စိတ်တွေ့လာရပါတယ်။
အခုခေတ်မှာ အရာရာအလွယ်တကူ လက်တစ်ကမ်းမှာ လေ့လာလို့ရပါတယ်။ စာအုပ်တွေဖတ်လို့ရတယ်။ ကိုယ်က E skill ကောင်းရင် udemy တို့လိုနေရာတွေမှာလေ့လာလို့ရတယ်။ ကျွန်တော်တို့ ဆီမှာလည်း လာသင်လို့ရတယ်။
Youtube video တွေကြည့်လို့ရတယ်။ မြန်မာဆရာတွေ တချို့ဆရာကောင်းတွေ စေတနာနဲ့သေချာရှင်းပြထားတာရှိပါတယ်။ ကိုယ်တိုင်လည်း အားရင်အားသလို အတွေ့ကြုံတွေကို ပြန်ပြောပြပါတယ်။
ကိုယ့်ဘက်က အချိန်တစ်ခုပေးဇောက်ချလုပ်မယ်ဆိုရင် ဒီလောကထဲမှာ ထမင်းစားလက်မှတ်ရနိုင်ပါတယ်။

10/08/2025

Trading မှာ စိတ်ခံစားမှု (Emotion) တွေထက် ပိုအရေးကြီးတဲ့အရာတစ်ခု ရှိပါတယ်။
အဲဒါကတော့ စည်းကမ်း (Discipline) ပါပဲ။ စည်းကမ်းဆိုတာ အကျင့်ကောင်းတစ်ခုကို ပုံမှန်လုပ်ဆောင်ခြင်းကနေ စတင်တာပါ။

ဥပမာ၊ ကျွန်တော်တို့ မနက်အိပ်ရာနိုးတာနဲ့ စောင်ခေါက်တာ၊ မျက်နှာသစ်တာ၊ ရေချိုးတာတွေဟာ စည်းကမ်းကနေတစ်ဆင့် အကျင့်တစ်ခုလို ဖြစ်လာပြီးသားပါ။
ကောင်းတဲ့အကျင့်တစ်ခုပေါ့။ တွေးကြည့်လေ... မနက်အိပ်ရာထတာနဲ့ မျက်နှာမသစ်၊ ရေမချိုးတဲ့သူအနားကို ဘယ်သူက ကပ်ချင်မှာလဲ?

Trading လည်း ထိုနည်းတူပါပဲ။ ကိုယ်ပိုင်အကျင့်ကောင်းတွေကို မွေးမြူလို့ရပါတယ်။

ဘယ်အချိန်မှာ Entry ဝင်မယ်။

ဘယ် Strategy တစ်ခုတည်းကိုပဲ အာရုံစိုက်မယ်။

London Session မှာပဲ Market ကို Analysis လုပ်မယ်။

စသဖြင့် ကောင်းမွန်တဲ့ အကျင့် (Good Habits) တွေကို မွေးထားပြီး မှန်ကန်တဲ့ စိတ်ထားမျိုး ရှိမယ်ဆိုရင် Trading ဟာ သင့်အတွက် ငွေတွင်းကြီး တစ်ခု ဖြစ်လာပါလိမ့်မယ်။

အကျင့်တစ်ခုကို ပုံမှန်မပျက်မကွက် (Consistency) ရှိရှိ လုပ်ဆောင်သွားမယ်ဆိုရင် ကိုယ့်ရဲ့စိတ်ခွန်အား (Willpower) ဟာလည်း တိုးတက်လာနိုင်ပါတယ်။
ဒီအရာတွေဟာ ဘာသာရေးမှာတောင် အသုံးချနေကျ ဖြစ်ပါတယ်။ အဓိဋ္ဌာန်ပြည့်အောင် ပုတီးစိပ်တာ၊ တရားထိုင်တာ စတာတွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်း မပျက်မကွက် ရက်ပြည့်အောင် လုပ်ဆောင်ကြတာဟာ စည်းကမ်းရဲ့ အစွမ်းသတ္တိပဲဖြစ်ပါတယ်။

Trading မှာအရင်ဆုံး သင်ယူလေ့လာပြီးပြီဆိုတာနဲ့ အမြတ်ရဖို့ထက် ရေရှည်မှာ တည်တည်ငြိမ်ငြိမ်နဲ့ရပ်တည်နိုင်အောင် အစထဲကလေ့ကျင့်ထားသင့်ပါတယ်။

10/08/2025

Forex မှာ Pip ဆိုတာငွေကြေးတွေရဲ့ စျေးနှုန်းပြောင်းလဲမှုကို တိုင်းတာတဲ့ ယူနစ်တစ်ခုပါပဲ။ ဘယ်လောက် အတက်အကျရှိလဲဆိုတာကို ရေတွက်တဲ့ နည်းလမ်းပေါ့။

ဥပမာ- ရွှေတစ်ကျပ်သားကို ကျပ် ၂၀ သိန်းကနေ ၂၀ သိန်းနဲ့ တစ်ထောင် ဖြစ်သွားတယ်ဆိုရင် ကျပ်တစ်ထောင်တက်တယ်လို့ ပြောသလိုပါပဲ။
Forex မှာလည်း စျေးနှုန်းတစ်မျိုးကနေ နောက်ဈေးတစ်မျိုးကို ပြောင်းသွားတဲ့အခါ 'Pip' ဘယ်လောက်ပြောင်းသွားတယ်ဆိုပြီး ပြောကြတာပါ။

Pip ကို ဘယ်လိုတွက်မလဲ။

Forex စျေးနှုန်းတွေကို ဒသမ ၄ နေရာနဲ့ ပြလေ့ရှိပါတယ်။ အဲဒီ ဒသမ ၄ နေရာမြောက် ဂဏန်းက ပြောင်းသွားရင် 1 Pip လို့ခေါ်ပါတယ်။

EUR/USD စျေးနှုန်းက 1.1200ကနေ 1.1201 ကို တက်သွားရင် 1 Pip တက်သွားတာပါ။
1.1200 ကနေ 1.1210 ကို တက်သွားရင်တော့ 10 Pips တက်သွားတာပေါ့။

ခြွင်းချက်အနေနဲ့ ဂျပန်ယန်း (JPY) ပါတဲ့အတွဲတွေမှာတော့ ဒသမ ၂ နေရာနဲ့ပဲ တွက်ပါတယ်။

USD/JPY စျေးနှုန်းက 145.50 ကနေ 145.51 ကို ပြောင်းသွားရင် 1 Pip ပါပဲ။
145.50 ကနေ 145.60 ကို တက်သွားရင်တော့ 10 Pips တက်သွားတာပေါ့။

07/08/2025

Indicators တွေ Lagging ဖြစ်ပြီး နောက်ကျမှ Signals ပြတယ်ဆိုတာဒီလိုတွေကြောင့်ပါ။

‌Entry ဝင်ဖို့စောင့်နေတုန်းရှိသေးတယ်။ Markets က ဝင်လို့ထွက်လို့ပြီးသွားပြီ။

ဒါတွေကြောင့် တချို့က Indicators တွေကို သိပ်မသုံးတာကြတာဖြစ်ပါတယ်။
သူ့နည်းသူ့ဟန်နဲ့လည်း အလုပ်ဖြစ်တာတွေရှိပါတယ်။ သေချာတာ တစ်ခုကတော့ ဘယ် Strategy , indicators ကမှ 100% မမှန်တာလက်ခံထားရပါမယ်။

22/07/2025

powell speaks ရှိတဲ့နေ့တွေ USD ကို impact ဖြစ်စေနိုင်တဲ့ Economic news တွေ calendars တွေရှိတဲ့ရက်ဆိုရင် Entry ဝင်တာ ရှောင်သင့်ပါတယ်။

ကိုယ်က news တွေမှာ risk ယူပြီး scapling လုပ်တဲ့သူဆိုရင်တော့ တစ်မျိုးပေါ့။

မဟုတ်ဘဲနဲ့ ရမ်းသမ်း Entry ဝင်မိရင် Hunt ခံရနိုင်ပါတယ်။ Stop loss သာမထားမိလို့ကတော့ ထိုင်ပါ ငိုချင်သွားလိမ့်မယ်။

19/07/2025

Trading မှာ confirmation စောင့်သင့်ပါတယ်။ Indicator တစ်ခုထဲကို အားကိုးပြီးတော့ entry မဝင်ပါနဲ့။ ဥပမာ RSI oversold/overbought ဖြစ်နေရုံနဲ့ trade မဝင်ပါနဲ့၊

19/07/2025

Naked Trading လို့ခေါ်တဲ့ Price Action ဟာ Indicator မပါဘဲ ပလိန်း Chart ကိုကြည့်ပြီး ဈေးကွက်ဘာသာစကားကို အခြေခံကျကျ နားလည်လေ့လာတာပါ။
ဒါဟာ Music Theory သိထားရင် ဘယ်တူရိယာပဲဖြစ်ဖြစ် တီးလို့ရသလိုမျိုး၊ ရိုးရှင်းစွာ Entry Timing မှန်ကန်စွာနဲ့ ဘယ်ဈေးကွက်မှာမဆို အသုံးချနိုင်တဲ့ နည်းလမ်းတစ်ခုပါ။

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Address


Mandalay