Skill To Income

Skill To Income

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Skill To Income, Education Website, mandalay, Mandalay.

07/12/2024

💢 နှစ်သစ်မှာ ကိုယ့်လုပ်ငန်း ရောင်းအားမြှင့်တင်ဖို့
Marketing Plan တစ်ခု လိုအပ်ပါတယ် 💯

Marketing Plan ဆိုတာ ကိုယ့်လုပ်ငန်းရဲ့ အရောင်းပိုင်းဆိုင်ရာကို ဘယ်အချိန်မှာ ဘယ်လိုပုံစံမျိုးနဲ့ သွားမယ်ဆိုတာကို ကြိုတင်သတ်မှတ်ရတဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။

Marketing Plan ရေးဆွဲရခြင်း အကြောင်းအရင်းက
✅ လုပ်ငန်းရေရှည်တိုးတက်စေဖို့၊
✅ ကိုယ်ပိုင်ချမှတ်ထားတဲ့ စီးပွါးရေးရည်မှန်းချက်တွေ အောင်မြင်စေဖို့အတွက်ပဲဖြစ်ပါတယ်။

Marketing Plan ကို စဆွဲတော့မယ်ဆိုရင် အရေးကြီးဆုံးအနေနဲ့ အချက် (၃) ချက်ရှိပါတယ်။
‼️ကိုယ့်ရဲ့ Marketing Plan ကို တိကျသေချာအောင် ရေးဆွဲရပါမယ်။
‼️ကိုယ်ရည်ရွယ်ထားတဲ့ လူတစ်စုအကြောင်းကို ကောင်းကောင်းနားလည်သဘောပေါက်ရပါမယ်။
‼️လက်တွေ့ လုပ်ဆောင်မှု ရှိရပါမယ်။

Marketing Plan ဟာ စီးပွါးရေးလုပ်နေတဲ့ ဘယ်လုပ်ငန်းပိုင်ရှင်မဆို မိမိလုပ်ငန်းတိုးတက်အောင်မြင်ဖို့အတွက် ဆွဲကိုဆွဲသင့်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။

ဒါကြောင့် နှစ်သစ်မှာ ကိုယ့်လုပ်ငန်းတိုးတက်ဖို့
Marketing Plan ရေးဆွဲဖို့ ‌တိုက်တွန်းချင်ပါတယ် 🙌🏻



06/12/2024

ရိုးရှင်းအောင် ပြုလုပ်ပါ။
အမှတ်ရအောင် ပြုလုပ်ပါ။
ကိုယ့်ကိုကြည့်လာအောင် ဖိတ်ခေါ်ပါ။

စီးပွါးရေးလုပ်ငန်းတစ်ခုကို စလုပ်တော့မယ်ဆိုရင် လူကြားထဲမှာ အမှတ်ရနေဖို့၊ ရိုးရှင်းတဲ့ပုံစံနဲ့ရှိနေဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ရိုးရိုးလေးနဲ့ လူတွေကြားမှာ အမှတ်ရနေဖို့ ပြုလုပ်ပါ။



05/12/2024

📍Social Media Platform တွေမှာ Post တင်ရင်
ဒီ နည်း (၂) နည်းနဲ့ တင် 👇🏻

ကိုယ့်လုပ်ငန်းအတွက် Social Media Platform တွေမှာ Content တင်တဲ့အခါ အသုံးဝင်တဲ့ နည်းလမ်းလေး (၂) ခုကို ဒီနေ့မှာ ပြောပြပေးချင်ပါတယ်။

📋The 80-20 Rule
ဒီနည်းကတော့ ကိုယ့်ပေ့ခ်ျမှာ တင်နေကျ Social Media Content တွေရဲ့ 80% ကို ကိုယ့် Customer တွေအတွက် အကျိုးရှိစေမယ့် Value Content တွေ ဖန်တီးပေးရမှာပါ။ ကိုယ့် Customer က ဘာပြဿနာကြုံတွေ့နေရလဲ၊ ဘာလိုအပ်နေလဲ၊ သူတို့လိုအပ်တာကို 80% ပေးပြီး ကျန်တဲ့ 20% ကိုတော့ ကိုယ့် Brand ကို လူသိအောင် လုပ်ရမယ့် Content ကိုတင်သင့်ပါတယ်။

ဒါဆိုရင် လူတော်တော်များများလည်း ကိုယ့်ပေ့ခ်ျကို Like and Follow လုပ်တာများလာမယ်၊ စောင့်ကြည့်မှုလည်း များလာမှာဖြစ်ပါတယ်။

📋 The 70-20-10 Rule
ဒီနည်းလမ်းကတော့ Social Media မှာ Content တွေတင်တဲ့အခါ ထိရောက်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

သူက 70, 20, 10 ဆိုပြီး ခွဲထုတ်လိုက်ပြီး၊

👉🏻 ကိုယ့်ပေ့ခ်ျရဲ့ 70% သော Content တွေကို အချက်အလက်တွေပြောပြပေးတဲ့၊ မျှဝေပေးသော Informative Type မျိုး တင်ရပါမယ်။

👉🏻 နောက်ထပ် 20% ကိုတော့ ကိုယ့်ပေ့ခ်ျမှာရှိတဲ့ ပရိတ်သတ်‌တွေရဲ့ စိတ်ခံစားချက်ကို တင်ပေးရမှာဖြစ်ပါတယ်။ ဒါမှသာ ကိုယ့်ပေ့ခ်ျရဲ့ ပရိတ်သတ်တွေက "ငါတို့ဘာလိုချင်လဲဆိုတာ သိနေပါလား" ဆိုတဲ့ ခံစားချက်မျိုး၊ သူတို့ကို အလေးထားပါလားဆိုတဲ့ ခံစားချက်မျိုးကို ရစေမှာပဲဖြစ်ပါတယ်။

👉🏻 နောက်ဆုံး 10% ကတော့ ကိုယ့် Brand အကြောင်းကို တင်ပေးရမှာပဲဖြစ်ပါတယ်။

ဒီနည်းလမ်း (၂) ခုကတော့ Social Media Platform မှာ Content တွေတင်တဲ့အခါ နည်းမှန်၊ လမ်းမှန်ဖြစ်စေမယ့် နည်းတွေပဲဖြစ်ပါတယ်။



03/12/2024

It's time to recap‼️

2024 လည်းကုန်တော့မယ်။ 2025 နှစ်သစ်လည်းရောက်တော့မယ်ဆိုတော့ ကိုယ်ဖြတ်ကျော်ခဲ့ရတဲ့ 2024 ကိုပြန်လည်သုံးသပ်ဖို့ အချိန်ကြပြီပေါ့နော်။

ကိုယ့်လုပ်ငန်းမှာရော 2024 အတွင်း
📍ရည်ရွယ်ထားတာတွေ ဖြစ်မြောက်ခဲ့ရဲ့လား?
📍ဘယ်အရာတွေ အောင်မြင်ခဲ့လဲ?
📍ဘယ်အရာတွေ မအောင်မြင်ခဲ့ဘူးလဲ?
📍ဘယ်လိုအမှားတွေ လုပ်ခဲ့လဲ?
📍ဘယ်ဆုံးဖြတ်ချက်တွေက မှန်ကန်ခဲ့လဲ? စတာတွေကို အကြမ်းဖျင်းပြန်လည်သုံးသပ်ရပါမယ်။

လုပ်ငန်းအတွက်ပဲ Recap လုပ်ရမှာလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ့်အတွက် ကိုယ်လည်း
📍ဒီတစ်နှစ်အတွင်း ဘာတွေတိုးတက်ပြောင်းလဲခဲ့လဲ?
📍ကိုယ့်ရဲ့ရွေးချယ်မှုတွေက မှန်ကန်ခဲ့လား?
📍မှားခဲ့တဲ့အမှားတွေရှိခဲ့လား?
📍ကိုယ့်ကိုယ်ကိုယ် အားရခဲ့ရဲ့လား?
📍အချိန်ကို အကျိုးရှိစွာ အသုံးချခဲ့နိုင်ရဲ့လား? စတဲ့မေးခွန်းတွေကိုမေးပြီး ပြန်လည်သုံးသပ်ရမှာပဲဖြစ်ပါတယ်။

ဒါကြောင့် ခုကစပြီး တစ်နှစ်တာ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်လုပ်ငန်း ဘယ်လိုမျိုး ဖြတ်ကျော်ခဲ့လဲဆိုတာကို ပြန်လည်သုံးသပ်ကြည့်ကြပါနော် 💯




01/12/2024

Sweet December မှာ ကိုယ့်လုပ်ငန်းရဲ့ အခြေအနေရော Sweet ဖြစ်ရဲ့လား ⁉️

၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးလ ဒီဇင်ဘာလကို ရောက်လာပြီနော်။

Sweet December လို့ လူတိုင်းတင်နေတဲ့အချိန်မှာ ကိုယ့်လုပ်ငန်းရဲ့ အခြေအနေကိုရော ပြန်လည်ဆန်းစစ်ကြည့်ဖြစ်ရဲ့လား ?

မကြာခင် နှစ်ဟောင်းကုန်ပြီး၊ နှစ်သစ်လည်းကူးပြောင်းတော့မယ့်အချိန်မှာ ဒီ ၂၀၂၄ ခုနှစ်မှာ

✨ ကိုယ့်လုပ်ငန်းရဲ့ အခြေအနေ ဘယ်လိုရှိခဲ့လဲ?

✨ Target ပြည့်မီရဲ့လား?

✨ ကိုယ် စီစဉ်ထားတဲ့ Plan တွေ ဘယ်ဟာက အောင်မြင်ပြီး၊ ဘယ်ဟာက မဖြစ်မြောက်ဘူးလဲဆိုတာကို ပြန်လည်ဆန်းစစ်ရမယ့်အချိန်ကြပါပြီ။

ဒီလိုတွေ ဆန်းစစ်လေ့လာပြီးပြီဆိုရင် လာမယ့်နှစ်သစ်အတွက်

📌 Target ကဘာလဲ? ဘယ်လိုမျိုး Goal တွေကို ချမှတ်မှာလဲ?

📌 တစ်နှစ်တာအတွက် အကြမ်းဖျင်း ဘယ်လို‌ရှေ့ဆက်သွားမလဲ?

📌 လာမယ့်နှစ်မှာ ကိုယ့်စီးပွားရေးကို ဘယ်လိုမျိုးပုံစံနဲ့ အောင်မြင်ချင်လဲ? စတာတွေကို Brainstorm ပြုလုပ်ရမှာပဲဖြစ်ပါတယ်။

ဒါကြောင့် Sweet December မှာ ကိုယ့်လုပ်ငန်းရဲ့အခြေအနေလည်း Sweet ဖြစ်ရအောင် ကြိုတင်ပြင်ဆင်ကြရအောင် 💪🏻




30/11/2024

လမ်းတစ်ဝက်မှာ လမ်းပျောက်နေတယ်လို့ ခံစားနေရပြီလား.....?

လမ်းပျောက်နေတယ်လို့ ခံစားနေရရင် ဒီနေ့ပြောပြပေးမယ့် အချက် (၃) ချက်ကို ပြုလုပ်လိုက်ပါ။

၁။ ကိုယ့် Skill ကို ထပ်မြှင့်ပါ။
ဘယ်နေရာပဲရောက်ရောက် လုံလောက်တဲ့ အရည်အချင်းသာရှိရင် လမ်းပျောက်စရာအကြောင်း လုံးဝမရှိမှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို Professional ရောက်သည်အထိ မြှင့်တင်ထားပါ။

၂။ ကိုယ်ဘာဖြစ်ချင်လဲ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။
ဒီလမ်းကြောင်းနဲ့ ရှေ့ဆက်မသွားချင်တာလား?၊ ကိုယ်နဲ့ မကိုက်ညီဘူးလို့ ခံစားနေရတာလား?
ဒါမှမဟုတ် Skill တွေ လိုအပ်နေတယ်လို့ ခံစားနေရတာလား? ဆိုတာတွေကို ကိုယ်ကိုယ်တိုင် သေချာတိကျအောင် ပြန်မေးပါ။

၃။ ကိုယ်တိုင် လမ်းဖောက်ပါ။
ကိုယ်တိုင် လမ်းဖောက်ပါဆိုတာဟာ ကိုယ်ကိုယ်တိုင် အခွင့်အလမ်းတွေကို ရှာဖွေတာပဲဖြစ်ပါတယ်။
သူများဆီက အကူအညီ၊ အခွင့်အလမ်းကို မျှော်နေမယ့်အစား ကိုယ်ကိုယ်တိုင်က ရှာဖွေတာက ပိုပြီး ခရီးရောက်နိုင်ပါတယ်။ ဒါကြောင့် လမ်းပျောက်နေတယ်လို့ ခံစားရရင် ကိုယ်ကိုယ်တိုင် လမ်းဖောက်ဖို့ ကြိုးစားပါ။



29/11/2024

လုပ်ငန်းတစ်ခု စလုပ်တော့မယ်ဆိုရင်
အရေးကြီးဆုံးက.......❓

Networking ပါပဲ။

Networking ဆိုတာ နယ်ပယ်တစ်ခုက မိတ်ဆွေသစ်တွေကို မိတ်ဖွဲ့ခြင်းပဲဖြစ်ပါတယ်။

ကိုယ်က နယ်ပယ်တစ်ခုမှာ အခြေချချင်တယ်၊ အဲဒီနယ်ပယ်ထဲကို ဝင်ချင်တယ်ဆိုရင် အဲဒီနယ်ပယ်မှာ နာမည်ကြီးတဲ့သူ၊ စီနီယာကျတဲ့သူတွေနဲ့ သိလာအောင်၊ ရင်းနှီးလာအောင် ပြုလုပ်သင့်ပါတယ်။

Business Field ဆိုတဲ့ စီးပွါးရေးနယ်ပယ်ကို စတင်အခြေချမယ့်သူတွေအတွက် Networking Session တွေ သွားတာ၊ သင်တန်းတွေတက်ပြီး ကိုယ့်လုပ်ငန်းအကြောင်းကို မိတ်ဆက်တာမျိုး‌တွေကို ပြုလုပ်ပေးသင့်ပါတယ်။

ဒါမှသာ ကိုယ်နဲ့ လုပ်ငန်း‌တူ လုပ်ငန်းရှင်တွေက အတူတူ လက်တွဲလုပ်ချင်တဲ့ အခွင့်အလမ်းတွေ ရရှိမှာဖြစ်ပါတယ်။

တစ်ခုမှတ်ထားရမှာက အခွင့်အ‌ရေးတွေက ကိုယ့်ရဲ့ Network ကနေ 90% လောက် လာတယ်ဆိုတာကို မေ့ထားလို့မရပါဘူး 💯

ဒါကြောင့် စီးပွါးရေးတစ်ခု စလုပ်မယ်ဆိုရင် ဘယ်တော့မှ တစ်ယောက်တည်း နေလို့မရပါဘူး ❌

မိတ်ဆွေသစ်၊ လုပ်ငန်းရှင်တွေနဲ့ တတ်နိုင်သလောက် မိတ်ဖွဲ့ပါ ✅

အခွင့်အလမ်းတွေ မျှဝေပါ ✅

Networking များများပြုလုပ်ပါ ✅




28/11/2024

📌 Business တစ်ခု စတင် တည်ထောင်မယ်ဆို ဘာတွေ လိုအပ်မလဲ ⁉️

ကိုယ်ကိုယ်တိုင်က စီးပွါးရေးတစ်ခု စလုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် လိုအပ်တဲ့ Checklist တွေကို သိရဲ့လား?
မသိသေးဘူးဆိုရင် ဒီနေ့မှာ ပြောပြပေးချင်ပါတယ်။

Business တစ်ခု စလုပ်မယ်ဆိုရင် လိုအပ်တာတွေက

📌 Idea
ဘယ်လိုမျိုး စီးပွါးရေးကို စတင်ချင်လဲ၊ လိုဂို၊ နာမည်၊ ကိုယ့်ရဲ့ ဦးတည်ရောင်းချချင်တဲ့ ဝယ်သူ စတာတွေကို သေချာစဉ်းစားရပါမယ်။

📌 Planning
Idea ရှိပြီဆိုရင် တစ်ဆင့်ချင်းစီကို အစီအစဉ်ကျအောင် ပလန်ချရပါမယ်။ ပလန်မရှိရင် ဟိုရောက်၊ ဒီရောက်နဲ့ အစီအစဉ်မကျဖြစ်မှာဆိုးလို့ အစီအစဉ်အရင်ချဖို့ လိုအပ်ပါတယ်။

📌 Biz Basics
Biz Basics ဆိုတာကတော့ စီးပွါးရေးနဲ့ပတ်သက်တဲ့ ဥပဒေရေးရာတွေကို ပြုလုပ်ရမှာဖြစ်ပါတယ်။ ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ ကုမ္ပဏီ ဘဏ်အကောင့်ဖွင့်ခြင်း စတာတွေကို ပြင်ဆင်ဖို့ လုပ်ရပါမယ်။

📌 Marketing & Branding
အပေါ်ကအဆင့်တွေ ပြီးသွားပြီဆိုရင် ကိုယ့်စီးပွားရေးအတွက် Marketing Plan တွေ ချမှတ်ပြီး၊ Branding ကို မြှင့်တင်ဖို့ နောက်တစ်ဆင့် ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။

ကိုယ်ရဲ့ လုပ်ငန်းက Website လိုအပ်တယ်၊ E-commerce အပိုင်းထိ ထိုးဖောက်ဖို့ရည်ရွယ်ထားတယ်ဆိုရင် Website တစ်ခုထောင်တာတွေ၊ Business Card, Professional Email Account စတာတွေကို Create လုပ်ဖို့လည်း လိုအပ်ပါတယ်။

📌 Products & Services
ကိုယ့်စီးပွါးရေးက ရောင်းချမယ့် ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို Category အလိုက်ခွဲခြားပါ။ Price List ပြုလုပ်ပါ။ လက်လီပဲရောင်းမှာလား၊ လက်ကားရော ရောင်းမှာလား စတာတွေကို သေသေချာချာ ဆုံးဖြတ်ထားရမှာပဲဖြစ်ပါတယ်။

ဒီအချက်တွေကိုသာ ပြည့်ပြည့်စုံစုံ ပြင်ဆင်ထားမယ်ဆိုရင် စီးပွါးရေးတစ်ခု စလုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

ဒါကြောင့် စီးပွါးရေးတစ်ခု စလုပ်မယ်ဆို ဒီအချက်တွေ ရှိနေပြီလားဆိုတာကို အရင်ဆုံးလေ့လာဆန်းစစ်ရပါမယ်။




27/11/2024

📌 ပြိုင်ဘက်လုပ်ငန်းတွေကြားမှာ နောက်ကျ မကျန်ခဲ့စေဖို့........

၂၁ ရာစု Digital ခေတ်မှာ စီးပွါးရေးလုပ်ငန်းတစ်ခု စလုပ်တော့မယ်ဆို အရေးကြီးဆုံးအချက်က ‌နောက်ကျမကျန်ခဲ့ဖို့ပါပဲ။

နယ်ပယ်တူတဲ့ လုပ်ငန်းတစ်ခုမှာ ပြိုင်ဘက်တွေများနေပြီဆို ပိုလို့တောင် နောက်ကျကျန်ခဲ့လို့ မဖြစ်ပါဘူး။ ကိုယ့်လုပ်ငန်းသာ နောက်ကျကျန်ခဲ့မယ်ဆိုရင် ကိုယ့်လုပ်ငန်းရဲ့
👉🏻 Customer အသစ်တွေ ရဖို့ ခက်ခဲလာမယ်
👉🏻 Customer အဟောင်းတွေက ပြိုင်ဘက်‌တွေဆီ ရောက်သွားနိုင်တယ်
👉🏻 ရောင်းအားကျနိုင်တယ်
👉🏻 ဈေးကွက်ထဲ တိုးဝင်ဖို့ နောက်ကျကျန်ခဲ့တော့ ရှေ့ဆက်တိုးဖို့ကြောက်စိတ်တွေရှိလာတတ်ပါတယ်။

ဒါတွေဟာ ပြိုင်ဘက်လုပ်ငန်းတွေ ကြိုးစားနေတဲ့အချိန် ကိုယ့်လုပ်ငန်းကရပ်တန့်နေခြင်းရဲ့ မကောင်းတဲ့အကျိုးရလဒ်တွေပဲဖြစ်ပါတယ်။

ဒါကြောင့် ပြိုင်ဘက်လုပ်ငန်းတွေထက် ‌အမြဲခြေတစ်လှမ်းသာနေဖို့ လုပ်ဆောင်ရမယ့်အချက် (၃) ချက်ရှိပါတယ်။

📌 မိမိလုပ်ငန်းရဲ့ Branding ကို Customer တွေသိအောင် အမြဲပြောပြပါ။
📌 Customer ကြုံတွေ့နေရတဲ့ နေ့စဉ်ပြဿနာတွေကို ရှာဖွေပြီး၊ ကိုယ့်လုပ်ငန်းက ဘယ်လိုမျိုး ဖြေရှင်းပေးနိုင်လဲဆိုတာကို ပြောပြပါ။
📌 ကိုယ့်လုပ်ငန်းရဲ့ Marketing Plan ကို တိကျသေချာစွာ ကြိုတင်ရေးဆွဲပါ။

ဒီအချက် (၃) ချက်သာ လုပ်ဆောင်မယ်ဆိုရင် ဘယ်တော့မှ ကိုယ့်လုပ်ငန်းဟာ နောက်ကျကျန်ခဲ့မှာ မဟုတ်ပါဘူး‼️



26/11/2024

📌 စွန့်စားရမှာကို မကြောက်ပါနဲ့ ‼️

စွန့်ဦးတီထွင်သူ၊ စီးပွါးရေးစလုပ်ဖို့ ကြံရွယ်နေသူတစ်ယောက်ဖြစ်တယ်ဆိုရင် Risk ယူရမှာကို မကြောက်ပါနဲ့။

စီးပွါးရေး စလုပ်မယ်ဆိုရင် စိတ်ထဲမှာ Do or Die Mindset ကို ထည့်ထားရပါမယ်။

အပြိုင်အဆိုင်များတဲ့ ခုလိုခေတ်ကြီးမှာ ကိုယ်က အရင်မလုပ်ရင် ကိုယ်ကျန်ခဲ့မှာဖြစ်ပြီး၊

စွန့်ဦးတီထွင်သူတစ်ယောက်အဖြစ် အသက်မွေးနေသူဆိုရင်လည်း ကိုယ်ကိုယ်တိုင်က ဦးအောင် အကောင်အထည်ဖော်နိုင်မှ အပြိုင်အဆိုင်များတဲ့ခေတ်မှာ အောင်အောင်မြင်မြင် ရပ်တည်နိုင်မှာပဲဖြစ်ပါတယ်။

ဒါကြောင့် ရဲရဲဝင့်ဝင့်ကြီး စွန့်စားလိုက်ပါ။

စွန့်စားမှုမရှိတဲ့ လုပ်ငန်းဟာ မအောင်မြင်နိုင်သလို၊
သူများနောက်မှာပဲ ကျန်ခဲ့မှာဖြစ်လို့ ခုကစပြီး စွန့်စားရမှာကို မကြောက်ဖို့ တိုက်တွန်းချင်ပါတယ်။




Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Mandalay
Mandalay