2024-2025 ပညာသင်နှစ်
Grade-12 ဖြေဆိုကြမည့် ကျောင်းသား/သူများ အားလုံး အခက်အခဲမရှိ ထူးချွန် အောင်မြင် လွယ်ကူစွာ ဖြေဆိုနိုင်ကြပါစေ။
Nawarat Education Centre
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nawarat Education Centre, Language school, 27 Street (82 × 83) street, Chanayetharzan Township, Mandalay.
15/01/2025
အခြေခံပညာ အလယ်တန်းဆင့်အောင်မြင့်ပြီး
အထက်တန်း အဆင့် ( ၉-၁၀-၁၁-၁၂) စကောလာရှစ် ပညာသင်ဆု ကိူ
၁၅-၀၁-၂၀၂၅ နေ့ မှ ၂၈-၀၂-၂၀၂၅ အတွင်း အောက်ပါလင့် မှ ကိုယ်တိုင်
စတင်လျှောက်ထားလို့ရပါပြီ။
*၀၁-၀၁-၂၀၀၉ နောက်ပိုင်းမွေးဖွားသူ
*အလယ်တန်း အဆင့်ကို ပျှမ်းမျှ ၇၀ ထက် မနည်းရပြီးအောင်ထားသူ
*အိမ်ထောင်မရှိ ကျောင်းစည်းကမ်းနဲ့မညှိပဲ အဆက်မပြတ်ပညာသင်ကြားခဲ့ပြီး ကျန်းမာတဲ့ တူရကီ နိုင်ငံသားမဟုတ်၊ ခိုလုံနေထိုင်သူမဟုတ်တဲ့ မည်သူမဆိုလျှောက်ထားနိုင်ပါတယ်။
Scholarship Program have to meet the following conditions:
Not to be a citizen or not to have a claim to become a citizen of the Republic of Turkiye,
To be born not earlier than 01.01.2009,
To be single (not married),
To graduate from a school (secondary or intermediate) equivalent to grade 8 in Turkey with at least a good degree of (70%),
Not to be penalized for any disciplinary action during his education in his country,
Not having repeated or suspended from the school more than two years without a valid excuse after completing secondary school,
Not having finished primary school in Turkiye,
Not to have any mental or physical health problem or obstacle to study in Turkiye,
Families of students must live outside of Turkiye,
Not to be a refugee and not to live with the family in Turkiye,
To live in his own country where he is a citizen,
Those registered in International Anatolian Imam Hatip High School Program and those who finished secondary education in the Republic of Turkiye.
ANASAYFA 2024 İlahiyat Akademi, İlahiyat Akademi Destek, Özel Destek Akademi, Özel Destek Başarı ve Lisansüstü İlahiyat Akademi Programları Takvimi 2024 Theology Academy, Theology Academy Support, Specific Support Academy, Specific Support Successfulness and Graduate Theology Academy Programs Calen...
29/03/2024
အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်ပေး
မည့်တက္ကသိုလ်ဝင်စာမေးပွဲ စစ်မေးမည့် အချိန်စာရင်းနှင့်
စာစစ်ဌာနများစာရင်း သတ်မှတ်ကြေညာခြင်း
14/03/2024
#စနစ်သစ် G12 ရူပဗေဒ ဘာသာရပ်အတွက်
Chapter (1) မှChapter (13) အထိ
ပုံသေနည်းအနှစ်ချုပ်များ
မူရင်းတင်သူSaya Than Htike Aung
14/03/2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ
ဓာတုဗေဒမေးခွန်းလွှာ (မန္တလေးတိုင်း)
01/03/2024
Guide- ဆရာ/ဆရာမ အလိုရှိသည်။
ကျောင်းချိန်- ၈း၄၅ မှ ၃း၄၅ အထိ
Sunday ပိတ်သည်။
စုံစမ်းရန်-09259141292
Mdy
ဘာကြောင့် ဘွဲ့နှင်းသဘင်တက်သင့်သလဲ?
🎓 တစ်ဘဝလုံး တစ်သက်မှာ တစ်ခါ အမှတ်တရဖြစ်နေစေဖို့ ဘွဲ့ နှင်းသဘင် တက်သင့်ပါတယ်
🎓 အင်္ကျီအဝတ်အစားကြောင့် မိသားစု လူမစုံလို့ စတဲ့ ဆင်ခြင်တွေနဲ့ ဘွဲ့မယူပဲမနေပါနဲ့ ရှိတာလေးနဲ့ လှအောင်ဝတ်ပြီး လှအောင်ပြင်ပြီး ဘွဲ့ယူပါ
🎓 ငွေကုန်တယ်လို့ မမြင်ပါနဲ့ ဘွဲ့နှင်းသဘင် တစ်ခုရဲ့ ကုန်ကျစရိတ် သိန်း ၅၀ ရှိပါတယ် နောင်သိန်းငါးဆယ်ရှာနိုင်လဲ တစ်သက်တာအမှတ်တရအတွက် မိမိချစ်သော သူငယ်ချင်းတွေ နှင့်အတူ အခမ်းအနားနဲ့ ပြန်မရနိုင်လို့ပါ
🎓 မိမိ သင်ကြားခဲ့တဲ့ ကျောင်းက ဆရာ ဆရာမတွေ နဲ့ အနှစ် စကားလက်ဆောင်တွေ ကြားရမှာမို့ ဘွဲ့ယူပါ
🎓 အိပ်ရေးဝဝအိပ်ပါ လှအောင်ပြုံးပါ ပုံတိုင်း ပြုံးပါ လူတိုင်းနဲ့ ဓာတ်ပုံရိုက်ပါ နှောင်းနောင်တ တွေ ရှိမနေစေချင်ပါ
🎓 စင်ပေါ်တက်ရတဲ့ သုံးစက္ကန့်လောက်လေးအတွက် ပိုက်ဆံကုန်တာနဲ့ ပင်ပန်းတာနဲ့ မတန်ဖူး မထင်ပါနဲ့ တန်လွန်းလို့ပါ ပုံမြင်တိုင်း ဘဝရဲ့ မှတ်တိုင် ဖြစ်နေမှာပါ
🎓ကိုယ့်အတွေ့အကြုံအရပြောရမယ်ဆိုရင် ဝတ်ရုံကြီး ဝတ်ထားရတဲ့ အချိန်ပိုင်းလေးက တကယ်ကို ပြောမရအောင် လှပပျော်ရွှင်စရာကောင်းတဲ့အချိန်ပါ
🎓 စင်ပေါ်တက်ဖို့ ခြေလှမ်းစလှမ်းထဲက ရင်တုန်စရာတွေနဲ့ပါ စင်ထိပ်မှာ ဆရာကို လက်မှတ်ကမ်းပေးပြီး ကိုယ့်နာမည်ခေါ်ဖို့အခိုက်အတန့် တစ်စက္ကန့်တောင် မပြည့်တဲ့အချိန်လေးမှာ အလှဆုံးပြုံးရင်း လမ်းလျှောက်ရင်း Professor က လက်မှတ်ကမ်းပေးတာကို အပြုံးနဲ့ယူ ပြန်ဆင်း အားလုံး သုံးစက္ကန့် မကျော်ပါဖူး တကယ်ကို ခဏလေးပါ
🎓 အောက်ကမိသားစုက ကိုယ့်အတွက် ပီတိ ဖြစ်နေမယ်ဆိုတာ ကိုယ်တိုင် မှတ်တမ်း ပြန်ကြည့်ရင် သိမှာပါ
🎓 ခံစားတတ်ပါစေ ဝမ်းနည်း ဝမ်းသာ အခိုက်အတန့် လူတိုင်းခံစားရပါတယ်
ကိုယ်ဟာ ဘဝတစ်ဆစ်ချိုးခဲ့ပြီ လမ်းအသစ်လျှောက်ရတော့မယ်ဆိုပြီး အားငယ်သလို ပျော်ရွှင်တက်ကြွသလို ခံစားရလိမ့်မယ်
🎓 ကျောင်းသားဘဝ ကလေးဘဝကိုပြန်လွမ်းနေလိမ့်မယ်လို့ ယုံတယ်
🎓 ကိုယ့် ဘွဲ့ဓာတ်ပုံ ဘွဲ့လက်မှတ် အခွေတွေပြန်ကြည့်တိုင်းမှာ မပြောပြတတ်တဲ့ စိတ်ခံစားမှုတွေ နဲ့ တသက်လုံး ဂုဏ်ယူရမဲ့ ပွဲပါ
🎓 မိဘတွေအတွက်လဲ သူတို့ဘယ်လောက်ပျော်မလဲ ကိုယ်မမှန်းဆနိုင်လောက်အောင် ဂုဏ်ယူရမဲ့ပွဲပါ
🎓 ကိုယ်တောင် ကျောင်းဆင်းပြီ ဘဝလမ်းကို လျှောက်ဖို့ မောင်းထုတ်လိုက်ပြီဆိုပြီး ဝမ်းနည်းမှု
လွမ်းတယ် ကျောင်းတက်ချင်တယ်ဆိုပြီး ခံစားချက်တွေ အတွက် ဘွဲ့ယူပါ
🎓 ဘွဲ့ယူတာ ပကာသန ဘာညာဆိုပြီး လာမငြင်းခုံပါနဲ့ ငြင်းဖို့ ပြောတာမဟုတ်လို့ပါ
🎓 ဘွဲ့ရ မောင်မယ်တို့ရဲ့ မိဘ ဆွေမျိုး မိတ်သင်္ဂဟ တွေနဲ့ထပ်တူ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ် နဲ့ဌာနမှုး သင်ကြားပေးတဲ့ ဆရာဆရာမ
စီမံခန့်ခွဲရေး နှင့်ပညာရေးအဖွဲ့ဝင်😘
အားလုံးက ဂုဏ်ယူ ဝမ်းမြောက် နေကြတယ်ဆိုတာ
တကယ်ပါ . . . . တကယ်ကို ထိရှလွန်းလှတဲ့ မိန့်ခွန်းတွေကိုနားထောင်ရင်း ခံစားပါ ဘဝတစ်လျှောက်လုံး အားအင်တွေ ရယူပါ 😭 ဘွဲ့ယူပါ
🎓 ကျောင်းကိုလဲလွမ်းပါ😍 တီချယ်တွေကိုလဲလွမ်းပါ နောင်အသက်ကြီးလာရင်ကိုယ့်ဘဝ အတွက် အောက်မေ့စရာ အမှတ်တရတွေ ယူသွားဖို့ ဘွဲ့ယူပါ
🎓 ဘွဲ့ပုံတွေ အမှတ်တရ တင်ပါ မိမိဘဝ ရဲ့ စာမျက်နှာတွေပါ
🎓 မိမိရဲ့ ပုံကို ဘောင်သွင်းပြီး ကျေနပ်ပါ
ကြည့်တိုင်း ပျော်ရွှက်ပါ ရယ်ပါ ဂုဏ်ယူပါ
သူငယ်ချင်းတွေနှင့် အတူ ကြည့်ပါ ရယ်ပါ 😂 တကယ်ကို အမှတ်တရဖြစ်ပါတယ်
🎓ကိုယ့် အောင်မြင်မှုရဲ့ နောက်ကွယ်က ကူညီပေးတဲ့ ကိုယ့်ရဲ့ ချစ်ချစ် ကိုလဲ မိသားစုကြား ပွဲထုတ်ပါ
ဘဝ အမှတ်တရပေါ့ 😁😁
🎓 ဗီဒီယိုခွေ စဖွင့်ဖွင့်ခြင်းမှာ ဆောင်းဦးလှိုင်ရဲ့ ကျောင်းသီချင်းကြားရင် မျက်ရည်မဝဲအောင် ကြိုးစားကြည့်ပါလို့ မှာရင်း
ဘွဲ့ယူကြပါ ဘွဲ့နှင်းသဘင်တက်ယူပါ
👩🎓👨🎓
18/03/2023
ကဗျာစပ်နည်း
10/02/2023
US vs UK ပညာရေး (အခြေခံပညာ)
အရင်တခေါက်ကတော့ ခွဲခြားသိထားသင့်တဲ့ နိုင်ငံတကာ စာမေးပွဲတွေအကြောင်း ရေးခဲ့ပြီးပါပြီ (အောက်ဆုံးမှာ Link ပေးထားပါတယ်)။ ဒီတခါတော့ မိဘတွေ မေးလေ့ရှိတဲ့ UK နဲ့ US ပညာရေးစနစ်တွေရဲ့ ကွာခြားချက်တွေကို အနည်းငယ် တင်ပြလိုက်ပါတယ်။
>> UK ပညာရေးစနစ်
United Kingdoms ပညာရေးစနစ်ထဲမှာ England, Wales, Scotland, and Northern Ireland ဆိုပြီးတော့ ၄ နိုင်ငံရှိတဲ့အထဲမှာမှ England, Wales, နဲ့ Northern Ireland တို့က UK အစိုးရပညာရေးစနစ်ကို (အနည်းငယ်တော့ကွဲပြားမှုရှိ) လိုက်ပြီးတော့ Scotland ပညာရေးစနစ်ကတော့ သီးသန့်ဖြစ်ပါတယ်။ ဒီနေရာမှာတော့ Scotland ပညာရေးအကြောင်း ထည့်မရေးတော့ပါဘူး။
UK မှာက US နဲ့မတူတဲ့အချက်တွေထဲက တချို့ကတော့ ကျောင်းတက် (ကျောင်းတက်လက်ခံတာ) စောတာနဲ့ စာသင်တာစောတာပါပဲ။ UK မှာက အသက် ၂ နှစ်ခွဲ ၃ နှစ်ဆို ကျောင်းထားလို့ရပါတယ်။ စာသင်စောတဲ့အလျှောက် အရေးကြီးတဲ့ စာမေးပွဲအဆင့်ဆင့် ဖြေခဲ့ရပြီး General Certificate of Secondary Education (GCSE) ကိုအသက် ၁၄ နှစ်၊ ၁၅ နှစ်နဲ့ ဖြေရပါတယ်။ ပြီးတဲ့နောက်မှာ A Level ကို အသက် ၁၆ နှစ်လောက်မှာ စတက်ရပါတယ်။ ဒီစနစ်က ကျောင်းသားတွေကို ဘာသာရပ်တွေကို နက်နက်ရှိုင်းရှိုင်း လေ့လာစေသလို တနည်းအားဖြင့်လည်း စပါးလှေ့သလို အဖျင်းတွေကို အဆင့်ဆင့် စစ်ထုတ်လိုက်သလို ဖြစ်စေပါတယ်။
UK ပညာရေးစနစ်မှာ မူကြိုကနေ Year 6 ကို အခြေခံ (Basic)၊ Year 7 ကနေ Year 11 အထိကို ဒုတိယပိုင်း (Secondary) နဲ့ Year 12 နဲ့ Year 13 ကို ကောလိပ် (College) ဆိုပြီး အပိုင်း ၃ ပိုင်း ခွဲထားပါတယ်။ ဒါဟာ သူ့နိုင်ငံရဲ့ အခေါ်အဝေါ်ဖြစ်တာကြောင့် အဲဒီအတိုင်းပဲ ဖော်ပြတာဖြစ်ပါတယ်။
>> US ပညာရေးစနစ်
UK ပညာရေးနဲ့ ကွဲပြားစွာပဲ US ပညာရေးစနစ်က အတန်းတင်စာမေးပွဲတွေမရှိပဲ Secondary School အဆုံးဖြစ်တဲ့ Grade 12 ကနေအောင်တဲ့အထိ (UK စနစ်ရဲ့ A Level သို့ Year 13 နဲ့ ညီမျှတဲ့) ကျယ်ကျယ်ပြန့်ပြန့် လေ့လာတဲ့ နည်းစနစ်နဲ့ သွားပါတယ်။ US မှာက ကလေးငယ် တော်တော်များများ မူကြိုကို အချိန်ပိုင်းပဲ တက်လေ့ရှိပါတယ်။ အစိုးရကျောင်းတွေကတော့ အသက် ၅ နှစ်မှာတက်ရတဲ့ (UK စနစ်ရဲ့ Year 1 နဲ့ အဆင့်တူတဲ့) သူငယ်တန်း (Kindergarten) ကနေ စပါတယ်။ အဲဒီ သူငယ်တန်းတောင် နေရာတော်တော်များများမှာ အချိန်ပိုင်းပဲ တက်ကြပါတယ်။
US မှာက အတန်းငယ်တုံးမှာ စာတွေသိပ်မခက်ပါဘူး။ ငယ်တုံးမှာ ကလေးငယ်တွေကို ပေါင်းသင်းဆက်ဆံရေးကောင်းအောင် အဓိကသင်ကြားပြီး အင်္ဂလိပ်စာနဲ့ သင်္ချာကို အခြေခံလောက်ပဲ သင်ပါတယ်။ ပြောရရင်တော့ စာတွေအားစိုက်သင်ယူရမယ့် Grade 4 နဲ့အထက် အတန်းတွေမှာ လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေကို KG ကနေ Grade 3 အထိမှာ သင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
US ပညာရေးစနစ်ကို ယေဘုယျအားဖြင့် KG ကနေ Grades 5 ကို Elementary school၊ Grades 6 ကနေ Grades 8 ကို Middle school၊ Grades 9 ကနေ Grade 12 ကို High school ဆိုပြီး အပိုင်း ၃ ပိုင်းခွဲလို့ ရပါတယ်။ တချို့ပြည်နယ်တွေမှာတော့ KG to Grade 6 ကို Elementary ထဲ ထည့်ထားပြီး Grade 7-8 ကို Junior High လို့ ခေါ်တာလည်း ရှိပါတယ်။
အသက် နဲ့ အတန်း အလိုက် US စနစ်နဲ့ UK စနစ်ကို နှိုင်းယှဥ်မယ်ဆိုရင်တော့ ၅ နှစ်မှာ ကျောင်းစတက်တဲ့ US ရဲ့ KG အတန်းဟာ UK ရဲ့ Year 1 နဲ့ Level တူပြီး US ရဲ့ အထက်တန်း နောက်ဆုံးနှစ်ဖြစ်တဲ့ Grade 12 ဟာဆိုရင် UK စနစ်ရဲ့ Year 13 (A Level) နဲ့ အဆင့်တူပါတယ်။ ပုံမှာလည်း ကြည့်လို့ရပါတယ်။
ဒီနေရာမှာ အတန်းတွေရဲ့ အခေါ်အဝေါ်ကွဲပြားတာကို သတိထားစေလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မတူတဲ့စနစ်မှာ ကျောင်းပြောင်းရင် နစ်နာသွားနိုင်တာမျိုး ရှိလို့ပါပဲ။ ဥပမာ US စနစ်မှာ Grade 8 နဲ့ ကျောင်းပြီးထားပြီး UK စနစ်မှာ ကျောင်းပြောင်းတက်မယ်ဆိုရင် Year 10 ကို တက်ရမှာပါ။ Grade 8 ပြီးထားပြီး US စနစ်မှာ ဆက်တက်မယ်ဆိုရင် သူက High School အဆင့်ထဲ ရောက်သွားပြီဖြစ်ပါတယ်။ ဒီလိုပဲ UK စနစ်မှာ Year 10 နဲ့ 11 က GCSE/IGCSE အဆင့်ဖြစ်ပြီး Year 12 နဲ့ 13 (A Level) ပြီးမှ US ရဲ့ Grade 12 နဲ့ တူမှာ ဖြစ်ပါတယ်။
>> US သင်ရိုးညွှန်းတမ်းမှာ ပါဝင်တာတွေက UK သင်ရိုးညွှန်းတမ်းမှာ ပါဝင်တာတွေနဲ့ ဘာတွေကွာခြားသလဲ
US curriculum တွေက ပုံမှန်အားဖြင့် ကျယ်ပြန့်ပါတယ်။ ကျောင်းသားတွေကို KG ကနေ Grade 12 ထိ English, Math, Sciences, Foreign Languages, History, Art, Music and Physical Education စသဖြင့် ဘာသာရပ်များစွာကို ကျယ်ပြန့်စွာ ဖြန့်ကျက်လေ့လာစေပါတယ်။ ကျောင်းသားတွေ ဗဟုသုတ များနိုင်သမျှ များရမယ်ဆိုတဲ့ အတွေးအခေါ်ပေါ်မှာ အခြေခံပါတယ်။ အထက်တန်းအဆင့်ရဲ့ နောက်ဆုံး ၂ နှစ်ဖြစ်တဲ့ Grade 11 နဲ့ Grade 12 တွေမှာ လိုအပ်ချက်ဖြစ်တဲ့ ဘာသာရပ်တွေအပြင် ကျောင်းသားတွေ မိမိစိတ်ဝင်စားတဲ့ ဘာသာရပ်တွေပါ အပိုသင်ယူလိုပါ သင်ယူခွင့်ရကြပါတယ်။
အရည်အသွေးစစ်ဆေးမှုပိုင်းမှာလည်း UK စနစ်လို အတန်းတင်စာမေးပွဲမရှိပဲ တနှစ်လုံးမှာ စဥ်ဆက်မပြတ် အရည်အသွေးစစ်ဆေးတဲ့ နည်းစနစ်ကိုသုံးပြီး ရတဲ့ပျမ်းမျှအမှတ်နဲ့ အတန်းတက်သွားတာဖြစ်တဲ့အတွက် အတန်းတင်စာမေးပွဲရဲ့ ဖိအားတွေ မရှိပါဘူး။ US စနစ်မှာက အထက်တန်းရောက်တာနဲ့ Credit စနစ်ကို ကျင့်သုံးပါတယ်။ မိမိ ဖြည့်ဆည်းဖို့ လိုအပ်တဲ့ Credit အရေအတွက် ပြည့်ရင် အထက်တန်းအောင်ပါတယ်။ ပြောချင်တာက တနှစ်တတန်း အတန်းတက် သွားတာမျိုး မဟုတ်ပဲ ၄ နှစ်တာအတွင်းမှာ လိုအပ်တဲ့ Credit တွေပြည့်အောင်တက်ရတာမျိုး ဖြစ်ပါတယ်။ အမေရိကန်တက္ကသိုလ်တွေမှာ လုပ်တဲ့အတိုင်းပဲ ဖြစ်ပါတယ်။
UK Curriculum ကတော့ ကျောင်းသားတွေ ဘာသာရပ်တွေကို နက်နက်ရှိုင်းရှိုင်း သိကျွမ်းတာကို ဦးစားပေးပါတယ်။ အရည်အသွေးစစ်ဆေးမှုကလည်း ကျနော်တို့ မြန်မာတွေ အကျွမ်းဝင်ပြီးသား အစိုးရပညာရေးစနစ်လိုပဲ တနှစ်တတန်းအောင်ဖို့ အတန်းတင်စာမေးပွဲနဲ့ ဆုံးဖြတ်တဲ့ ပုံစံမျိုးနဲ့ သွားတာပါပဲ။ Year 10 နဲ့ Year 11 ပြီးရင် GCSE ဖြေ၊ Year 12 နဲ့ Year 13 ပြီးရင် A Levels ဖြေ။ (Year 12 ပြီးရင် ဖြေလို့ရတဲ့ AS Level ဆိုတဲ့ အဆင့်လည်း ရှိပါသေးတယ်။)
သိသာထင်ရှားတဲ့ ခြားနားချက်ကတော့ အထက်တန်းအဆင့်မှာ ဖြစ်ပါတယ်။ US ရဲ့ အထက်တန်း အဆင့်မှာက ဘာသာရပ်တွေကို အားလုံးပြိုင်တူလေ့လာသွားတာမျိုး မဟုတ်ပဲ တစ်ခုပြီးမှ တစ်ခုဆက်လေ့လာတာမျိုး ဖြစ်ပါတယ်။ ဥပမာ US ကျောင်းသားတစ်ယောက်ဟာ Grade 9 မှာ Biology ကိုသင်ယူပြီး၊ Grade 10 မှာ Physical Science၊ Grade 11 မှာ Chemistry၊ Grade 12 မှာကျမှ Physics ဘာသာရပ်ကို သင်ယူတာမျိုး ဖြစ်ပါတယ်။ သင်္ချာမှာဆိုရင် Grade 9 မှာ Algebra Grade 10 မှာ Geometry၊ Grade 11 မှာ Trigonometry၊ Grade 12 မှာ Pre-calculus စသဖြင့် တဆင့်ပြီးတဆင့် သင်ယူရပါတယ်။ UK စနစ်မှာတော့ AS Level နဲ့ A Level တွေမှာ ယူတဲ့ဘာသာရပ်တွေတူနေပြီး Level ၂ ခုစလုံးမှာ ဘာသာရပ်တွေကို ပြိုင်တူ သင်ယူရတဲ့ ပိုစံမျိုး ဖြစ်ပါတယ်။
ဒါကြောင့် စနစ်တခုကနေ နောက်စနစ်တခုကို ကျောင်းပြောင်းမယ်ဆိုရင် အထက်တန်းမရောက်ခင် ကျောင်းပြောင်းသင့်ပြီး အထက်တန်းရောက်သွားရင်တော့ ကျောင်းရွှေ့ကျောင်းပြောင်းမလုပ်တော့တာ ကောင်းပါတယ်။
တကယ်တော့ ပြည့်စုံတဲ့ ပညာရေးစနစ်ဆိုတာ မရှိပါဘူး။ ဘယ်ပညာရေးစနစ်က ပိုကောင်းတယ်လို့လည်း ပြောလို့မရပါဘူး။ မိမိသွားချင်တဲ့လမ်းကြောင်း၊ မိမိကလေးနဲ့သင့်တော်မယ့် ပညာရေးစနစ်ကိုပဲ ရွေးချယ်ကြပါလို့ တိုက်တွန်းလိုပါတယ်။
>> တက္ကသိုလ်အကြောင်း တစေ့တစောင်း
US စနစ်မှာတော့ အထက်တန်းပြီးသွားတဲ့ ကျောင်းသားတစ်ယောက်ဟာ သူ့ရဲ့ အထက်တန်းမှာ ရရှိထားတဲ့ (Grade 9 to Grade 12, ၄ နှစ်စာ) GPA (Grade Point Average) နဲ့ ကောလိပ် သို့ တက္ကသိုလ်တွေကို လျှောက်ထားလို့ရပါတယ်။ Associate Degree ဆိုရင်တော့ ပျမ်းမျှအားဖြင့် 60 Credits (၂ နှစ်ခန့်) ယူရမှာဖြစ်ပြီး Bachelor Degree ဆိုရင်တော့ 120 Credits (၄ နှစ်ခန့်) ယူရမှာဖြစ်ပါတယ်။ ၂ နှစ်ခန့်၊ ၄ နှစ်ခန့် လို့ ရေးတာ အကြောင်းရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ US စနစ်မှာ တနှစ်တတန်းတက်တာမျိုး မဟုတ်ပဲ Credit စနစ်နဲ့ သွားတာဖြစ်တဲ့ အတွက်ကြောင့် Semester တစ်ခုစီမှာ လိုတဲ့ Credit ထက် ပိုပြီးယူနိုင်လို့ရှိရင် Credit အရေအတွက် များများရပြီး ကျောင်းစောပြီးနိုင်သလို၊ Semester တစ်ခုစီမှာ အနည်းဆုံးယူရမည့် Credit လောက်သာယူပြီး ၄ နှစ်နဲ့ ကျောင်းမပြီးတာလည်း ဖြစ်နိုင်ပါတယ်။ ကျောင်းလျှောက်တဲ့အခါမှာလည်း Academic Record (GPA) တင်မကပဲ အခြားမိမိပါဝင်ဖူးတဲ့ လှုပ်ရှားဖူးတဲ့ လုပ်ဆောင်မှုတွေလည်း တွဲပြီးတင်ပြလျှောက်ထားလို့ ရပါတယ်။ ဥပမာ အားကစားဆုရထားတာ၊ ပရဟိတအဖွဲ့တွေမှာကူညီခဲ့ဖူးတာ၊ လုပ်အားပေးခဲ့ဖူးတာ၊ ပြည်တွင်းနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ပါဝင်ဖူးတာ၊ အဲဒါတွေလည်း ထည့်သွင်းပြီး လျှောက်ထားလို့ ရပါတယ်။ ဒါတွေက မိမိကို ကျောင်းက လက်ခံဖို့အတွက် အထောက်အကူ ဖြစ်တဲ့အပြင် ပညာသင်ထောက်ပံ့ကြေးရဖို့ပါ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
အထက်ပါ ဖော်ပြချက်တွေဟာ ကျနော်ရဲ့ ကိုယ်ပိုင်အာဘော်တွေ မဟုတ်ပဲ နိုင်ငံတကာမှာ လက်ခံထားတဲ့ နှိုင်းယှဥ်ချက်တွေကနေ ကောက်ယူထားတာသာဖြစ်ပါတယ်။
ကြော်ငြာဝင်ပါမယ်။ :) :) :)
US ရဲ့ အစဥ်အလာကြီးမားတဲ့ တက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ Angelo State University (ASU) မှာ ကျောင်းလခ ၆၀% သက်သာတဲ့ In State Tuition fees နဲ့ တက်ချင်ရင် ASU-Myanmar ကို ဆက်သွယ်လိုက်ပါ။ အထက်တန်းအောင်လက်မှတ် တခုခုရှိရင် လျှောက်လို့ရပါတယ်။
အသေးစိတ်သိချင်ရင်တော့ ASU-Myanmar page မှာ ဝင်ဖတ်ကြည့်ပါ။https://www.facebook.com/ASU.Myanmar?mibextid=ZbWKwL
လူငယ်များ အောင်မြင်မှုကိုယ်စီ ဆွတ်ခူးနိုင်ကြပါစေ။
Credit Calab Zan
သိထားသင့်တဲ့စာမေးပွဲတွေအကြောင်း Post
https://m.facebook.com/story.php?story_fbid=10159844481607086&id=773307085&mibextid=Nif5oz
US vs UK အဆင့်မြင့်ပညာရေးနှိုင်းယှဥ်ချက် (ဆရာဦးဥက္ကာ) https://m.facebook.com/story.php?story_fbid=1735877453427381&id=100010154287228&mibextid=Nif5oz
31/01/2023
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
27 Street (82 × 83) Street, Chanayetharzan Township
Mandalay