29/11/2023
အလုပ်ခေါ်ရင် ဒီလိုလေးပြောခေါ်ကြပါနော်
📣 အလုပ်ခေါ်စာ ဖြစ်ပါတယ်ခင်ဗျာ ...
🔸 AutoCAD ကျွမ်းကျင် Drafter (1) ဦး ခေါ်ယူလိုပါတယ် ...
လိုအပ်တာကို လိုတိုရှင်း ပြောပြပါမယ်
✅ AutoCAD 2D အဓိက ကျွမ်းကျင်ဖို့ လိုပါမယ်
❎ 3D / Modeling ဘာညာ မလိုပါဘူး ( လိုလဲ ရမှာမဟုတ်ဘူးဆိုတာ သိနေပြီးသားမို့ပါ ) 😅
အရေးတကြီး လိုအပ်ချက်က အခုမှ စမှာပါ...
⚠️ နေ့ရောညနေ စိတ်ဆင်းရဲခံနိုင်ဖို့
⚠️ Target Date မှီအောင် ဆွဲနိုင်ဖို့
⚠️ တော်ပါပြီ ပုံတော့ ဆွဲစားချင်စိတ်မရှိတော့ပါဘူး... လမ်းဘေးကန်စွန်းရွက်ခူး ဈေးဗန်းရွက် ဈေးရောင်းပြီးပဲ စိတ်အေးလက်အေး စားတော့မယ် ဆိုတဲ့အထိ စိတ်ကုန်ရလောက်အောင် Pressure ခံနိုင်ဖို့ ဝဋ်ကြွေးပါရန် လိုအပ်ပါတယ် ...
🏠 အလုပ်ဆင်းရမယ့်နေရာက ကျွန်တော်တို့ (လှည်းတန်း) မှာဖြစ်ပါတယ် ...
💥 အလုပ်ချိန်မှာ Coffee တိုက်ပါမယ် ...
💥 လိုအပ်တာတွေ သင်ကြားပေးပါမယ် ...
💥 နေ့တိုင်းတော့ ရုံးလာဖို့ မလိုသလို WFH လည်း အမြဲတမ်းမဟုတ်ပါဘူး...
( လိုအပ်တဲ့ရက်တွေ အလုပ်လာပြီး တစ်ချို့ အရေးမကြီးတဲ့ရက်တွေဆို အိမ်ကနေ လုပ်ရုံပါပဲ )
✅ ကျွန်တော်တို့နဲ့အတူ စိတ်ဒုက္ခခံဖို့ ဝဋ်ကြွေးပါလို့ စိတ်ဝင်စားတယ် ဆိုရင်
- CV / Resume
- AutoCAD ကျွမ်းကျင်ကြောင်း Certificate
- မိမိ လုပ်ဖူးသော Project Sample များနဲ့ အတူ
📧 [email protected] သို့ အမြန်ဆုံး ပေးပို့ လျှောက်ထားနိုင်ပါတယ်ခင်ဗျာ...
👋ဘဝမှာစိတ်တွေ အရမ်းတက်ကြွနေလို့ စိတ်ဆင်းရဲ / စိတ်ဒုက္ခ လိုချင်ရင် လာခဲ့နော် ... ☺️
29/11/2023
ကွန်ပျူတာအခြေခံသင်တန်း မနက်ဖြန်ဖွင့်ပြီ
19/11/2023
အမေရိကန်သံရုံးမှာ Human Resources Clerk (Fixed Term six months)
(လျှောက်လွှာနောက်ဆုံးလက်ခံရက် - နိုဝင်ဘာ ၂၅)
ရာထူးလစ်လပ်နေတဲ့အတွက် အလုပ်လျှောက်လွှာတွေလက်ခံနေပါတယ်။ လစ်လပ်နေတဲ့ရာထူးတွေ၊ အလုပ်နဲ့သက်ဆိုင်တဲ့ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီးအင်တာနက် စာမျက်နှာ https://mm.usembassy.gov/embassy/jobs/ မှာအသေးစိတ်ကြည့်နိုင်ပါတယ်။ ရွေးချယ်ခြင်းခံရသူတွေကိုပဲ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မယ့်အကြောင်းကိုလည်း ကျေးဇူးပြုပြီး သတိပြုပေးစေလိုပါတယ်။
The U.S. Embassy is accepting application for
Human Resources Clerk (Fixed Term six months)
Opening period – 11/16/2023 to 11/25/2023
Check out our vacancies and compensation package at this link https://mm.usembassy.gov/embassy/jobs/ for more details. Be sure to bookmark this page – we update it frequently. Please note that only the shortlisted candidates will be contacted via email.
အမေရိကန်သံရုံးမှာ
Human Resources Clerk (Fixed Term six months)
(လျှောက်လွှာနောက်ဆုံးလက်ခံရက် - နိုဝင်ဘာ ၂၅)
ရာထူးလစ်လပ်နေတဲ့အတွက် အလုပ်လျှောက်လွှာတွေလက်ခံနေပါတယ်။ လစ်လပ်နေတဲ့ရာထူးတွေ၊ အလုပ်နဲ့သက်ဆိုင်တဲ့ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီးအင်တာနက် စာမျက်နှာ https://mm.usembassy.gov/embassy/jobs/ မှာအသေးစိတ်ကြည့်နိုင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ပတ်သက်ပြီး ဒီစာမျက်နှာကနေ အမြဲတမ်း ဖော်ပြပေးနေတာမို့ bookmark လုပ်ထားဖို့ တိုက်တွန်းချင်ပါတယ်။ ရွေးချယ်ခြင်းခံရသူတွေကိုပဲ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မယ့်အကြောင်းကိုလည်း ကျေးဇူးပြုပြီး သတိပြုပေးစေလိုပါတယ်။
The U.S. Embassy is accepting application for
Human Resources Clerk (Fixed Term six months)
Opening period – 11/16/2023 to 11/25/2023
Check out our vacancies and compensation package at this link https://mm.usembassy.gov/embassy/jobs/ for more details. Be sure to bookmark this page – we update it frequently. Please note that only the shortlisted candidates will be contacted via email.
29/10/2023
“Leo Cafe & Bar မှ ဝန်ထမ်း ခေါ်ယူခြင်း”
Leo Cafe & Bar တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများအား ခေါ်ယူလိုပါသည်
Cashier (Female -1)
- Computer basic ကျွမ်းကျင်သူ ဖြစ်ရမည်
- လုပ်ငန်းနှင့်ဆိုင်သော certificates ရှိထားသူဖြစ်ရမည်
- သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ ၁နှစ်နှင့် အထက်ရှိရမည်
- လစာ (ညှိနှိုင်း)
- နေစားစရိတ်ငြိမ်း
Waiter (2 post)
- အထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်
- သင့်တင့်စွာ ပြောဆိုဆက်ဆံတတ်သူ ဖြစ်ရမည်
- သက်ဆိုင်ရာ လုပ်ငန်းအတွေ့ကြုံ ရှိထားသူ ဖြစ်ရမည်
- အခြေခံလစာ (ညှိနှိုင်း)
- နေစားစရိတ်ငြိမ်း
Cleaner (1 post)
- အသက် ၂၅ နှစ်နှင့် အထက်ရှိရမည်
- အခြေခံလစာ (ညှိနှိုင်း)
- နေစားစရိတ်ငြိမ်း
အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။
သင့်တင့်စွာ ပြောဆိုဆက်ဆံတတ်သူဖြစ်ရမည်။
အများနှင့် လုပ်ကိုင်ပြောဆိုတတ်သူဖြစ်ရမည်။
ရေရှည် လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
ကြိုးစားလိုစိတ် ရှိပြီး တစ်ကိုယ်ရည်သန့်ရှင်းစွာ နေထိုင်တတ်သူဖြစ်ရမည်။
စိတ်ပါဝင်စား၍ လျှောက်ထားလိုပါက မျှော်မှန်းလစာနှင့် CV form များကို
viber မှာ လွတ်လပ်စွာ ပေးပို့လျှောက်ထားနိုင်ပါသည်။ သိလိုသည်များကို ဖုန်းဆက်၍ တိုက်ရိုက် လွတ်လပ်စွာ မေးမြန်းနိုင်ပါသည်။
သက်ဆိုင်ရာ အတွေ့အကြုံနှင့် အရည်ချင်းအပေါ် မူတည်၍ လူတွေ့ interview ရက်များအား ပြန်လည် အကြောင်းကြားသွားမည် ဖြစ်ပါသည်။
ဆက်သွယ်ရန် ဖုန်း
09882125252
16/10/2023
FYI
⭐အလုပ်အကိုင်အခွင့်အလမ်း⭐
ဗြိတိသျှသံရုံးတွင် Business and Climate Change Officer ရာထူးအတွက် အလုပ်လျှောက်လွှာခေါ်ယူနေပါတယ်။
နိုဝင်ဘာလ ၃ ရက် (သောကြာနေ့) မြန်မာစံတော်ချိန် ည ၁၁:၅၅ နာရီမှာ အလုပ်လျှောက်လွှာပိတ်မှာဖြစ်ပါတယ်။
အလုပ်လျှောက်ရန် အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ လင့်ခ်မှတဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်။👇
https://fco.tal.net/vx/mobile-0/appcentre-ext/brand-2/tmpwid-bcb7_20bb77e4-1af0-45d8-98ce-66b2d3caf0bc/candidate/so/pm/4/pl/1/opp/21239-MYR-Business-and-Climate-Change-Officer-HEO/en-GB
⭐JOB OPPORTUNITY⭐
The British Embassy Yangon is advertising for a Business and Climate Change Officer.
Applications close at 11:55pm Myanmar time on Friday 3 November 2023.
Please see the link below for details of how to apply. 👇
https://fco.tal.net/vx/mobile-0/appcentre-ext/brand-2/tmpwid-bcb7_20bb77e4-1af0-45d8-98ce-66b2d3caf0bc/candidate/so/pm/4/pl/1/opp/21239-MYR-Business-and-Climate-Change-Officer-HEO/en-GB
16/10/2023
JA (Junior Accountant) ပိစိလေးဆိုပြီးအထင်မသေးရပါဘူးနော်။ 😎 အကောင်သေးပေမယ့် ဇတော့အကြီးကြီးပါ။ တချို့သောလုပ်ငန်းတွေမှာတော့များသောအားဖြင့် JA မခန့်ကြပါဘူး။ (ကပ်စေးနဲ့လို့ပါ) လုပ်ငန်းအလယ်အလတ်နဲ့ လုပ်ငန်းကြီးတွေများစုမှာတော့ JA ခန့်မှရတာပါ။ Senior Accountant တစ်ယောက်တည်း အစုံမလုပ်နိုင်ပါဘူး။ တချို့ဟာတွေ JA အနေနဲ့ဝင်ရောက်လုပ်ကိုင်မှရတာပါ။
ဒါဆိုတစ်နေ့တစ်နေ့ ရုံးမှာ ဘာ Transactions တွေရှိလည်းကြည့်ကြရအောင်။
(1) General Ledger စာရင်းသွင်းခြင်း
အဓိကအနေနဲ့တော့ Cash Book ရှိပါတယ်။ Petty Cash Book ရှိပါတယ်။ Cashier က Cash book တွေကို Prepare လုပ်ရပေမယ့် Cash book ကနေချုပ်တဲ့ Transaction တွေကို JA အနေနဲ့ စာရင်းခေါင်းစဥ်အလိုက် General Ledger မှာစာရင်းပြန်သွင်းပေးရပါတယ်။ စာရင်းသွင်းထားတာတွေကို SA ကပြန်စစ်ပေးပါတယ်။
(2) Cash Balance လက်ကျန်စစ်ခြင်းနှင့် Cash Denomination
Cashier ကနေ Prepare လုပ်ထားတဲ့ Cash Book တွေကို Debit Vouncher (လုပ်ငန်းအသုံးစရိတ်ဘောင်ချာ)၊ Credit Vouncher (ငွေသွင်းဘောင်ချာ) တွေနဲ့ အဝင်အထွက်မှန်မမှန်စစ်ဆေးပြီး Cash book မှာကျန်တဲ့ Cash Balance နဲ့ Cash In Hand balance ကိုက်ညီမှုရှိမရှိစစ်ဆေးရပါတယ်။ လုပ်ငန်းအနည်းစုမှာလုပ်တဲ့ ငွေရေတွက်ကိုက်ညှိခြင်း (Cash Denomination) လုပ်ပါတယ်။ Denomination ဆိုတာ ငွေလက်ကျန်ထဲမှာတော့ ၁၀၀၀၀ တန်က ဘယ်နှရွက်ဆိုတာကနေစလို့ အနည်းဆုံး ၅၀ တန်က ဘယ်နှရွက်ဆိုတာကို ကိုက်ညှိထားတာကို JA အနေနဲ့ cashier နဲ့အတူ တွဲလုပ်ပြီး SA ကိုတင်ပြရပါတယ်။
(3) Bank reconciliation (ဘဏ်လက်ကျန်ကိုက်ညှိခြင်း)
လတိုင်းလတိုင်း လကုန်ခါနီးမှာ JA ဟာ သက်ဆိုင်ရာ ဘဏ်တွေကနေ လုပ်ငန်း ဘဏ်အကောင့်ရှင်းတမ်း statement တွေသွားထုတ်ရပါတယ်။ လွယ်လွယ်နဲ့မရပါဘူး။ ထုတ်မယ့်အခါ ဘဏ်ကိုပြဖို့ လုပ်ငန်းရဲ့ဘဏ်အကောင့်ကိုကိုင်ထားတဲ့ ပိုင်ရှင် ၂ဦးလက်မှတ်ပါတဲ့ ကိုယ်စားလှယ်လွဲစာပါမှထုတ်ရပါတယ်။ တစ်နည်းအားဖြင့် Cash Book မှာ Cash column က Transation တွေကတော့ ကိုယ့်လက်ထဲကနေပဲထွက်လိုက်ဝင်လိုက်ဆိုတော့ ကိုက်နေပါလိမ့်မယ်။ ဘဏ်အကောင့်ကတော့ တခြား Income တွေဝင်တာရှိမယ်၊ ပိုင်ရှင်က Drawing လုပ်ထားတာရှိချင်ရှိမယ်၊ လှည့်သုံးထားတာရှိရင်ရှိမယ်၊ လစာပေးတာတွေရှိမယ်၊ ဒါတွေဟာ ကိုယ်မသိနိုင်တဲ့ Transaction တွေပါ။ အဲ့ Transaction တွေကို Bank statement တွေထဲကနေသာ သိနိုင်ပါတယ်။ ဒါကြောင့်မလို့ လကုန်တိုင်းမှာ JA အနေနဲ့ Bank statement နဲ့တိုက်ပြီး ကိုယ့် Cash book ထဲမှာမပါတဲ့ Transaction တွေကိုလိုက်ညှိပြီး ဘဏ်စာရင်းကိုက်ရပါတယ်။
(4) Receivables & Payables
လုပ်ငန်းမှာရှိတဲ့ ပေးရန်ရှိ၊ ရရန်ရှိ Customer/ Supplier တွေကိုလုပ်ငန်းကနေပေးရန်ရှိ၊ ရရန်ရှိတဲ့ ငွေပမာဏတွေကို အချိန်အတိုင်းအတာနဲ့လိုက်ပြီး Prepaid / Accrued စာရင်းမှတ်ရပါတယ်။ လကုန်မှာ အချုပ်အနေနဲ့ထွက်ရပြီး Receivables/ Payables တွေကို စာရင်းချုပ်ပေးရပါတယ်။
(5) Audit Assistant (စာရင်းစစ်အကူ)
လုပ်ငန်းမှာ စာရင်းစစ်ဝင်တဲ့အချိန်မှာ စာရင်းစစ်တွေလိုအပ်တဲ့ Data ရှာပေးတာတွေ၊ လိုအပ်ရင်ပြင်ဆင်ရတာတွေပြုလုပ်ရပါတယ်။ ဒီအလုပ်ဟာ JA တစ်ယောက်အတွက်အဖိစီးရဆုံးပါ။ စာရင်းတွေက ဒါမှားနေတယ်ပြန်လုပ်၊ ဟိုဟာသွားရှာ၊ ဒီဟာလာလုပ် ဆိုပြီးတော်တော်စိတ်ဖိစီးရပါတယ်။ စာရင်းစစ်က မသင်္ကာစိတ်နဲ့ စစ်မေးသလိုကလည်းခံရပါသေးတယ်။
(6) Senior Accountant Assistant
ကိုယ့်ရဲ့အထက်အရာရှိဖြစ်တဲ့ Senior Accountant နှစ်ချုပ်ဆွဲဖို့ (SOPL/SOFP) ဆွဲဖို့ လိုအပ်တဲ့ Data တွေလည်း ပြင်ဆင်ပေးရပါတယ်။ ဥပမာ General ledger သွင်းတာတို့၊ receivales, payables balance ဖော်တာတွေပါပါတယ်။ တချို့လုပ်ငန်းတွေမှာတော့ စာရင်းကိုင်ကနှစ်ချုပ်မဆွဲရဘဲ စာရင်းစစ်ကပဲနှစ်ချူပ်ဆွဲသွားတာမျိုးရှိပါတယ်။ ဘယ်သူဆွဲဆွဲ JA ကတော့ မောရပါတယ်။ နှစ်ဘက်လုံးကိုသူကကူရလို့ပါ။
ဒီလိုကနေတဆင့် JA ဟာ ဘာတွေသိလာမလည်းဆိုရင် စာရင်းစစ်တွေစာရင်းစစ်တဲ့ frame/ format တွေသိလာမယ်။ General ledger ထောင်တတ်လာမယ်၊ Chart of accounts တွေထောင်တတ်လာမယ်၊ နှစ်ချုပ်ကတော့မဆွဲတတ်သေးရင်တောင် နှစ်ချုပ်တွေမှာထည့်ရမယ့် Data တွေဘယ်လိုပြင်ဆင်ရလည်းဆိုတာသိလာပါမယ်။ မလွယ်ပါဘူး။ စာနဲ့ လက်တွေ့လုပ်ငန်းခွင်ဟာဘယ်လိုမှ မတူပါဘူး။ SOFP မကိုက်လည်းကိုက်အောင်ကိုညှိယူရပါတယ်။ SOPL မှာလည်း သိန်း၁၀၀ မြတ်တယ်ပြောရင် လက်ထဲမှာ သိန်း ၅၀တောင်မကျန်တဲ့အခြေအနေတွေလည်းရှိပါတယ်။
တတ်မြောက်ရမယ့်ဗဟုသုတဆိုရင်တော့ အခြေခံစာရင်းစနစ်သိရပါမယ်။ Books of original entry နားလည်ရပါမယ်။ Cash book တွေဆွဲတတ်ရပါမယ်။ ပြီးရင်တခြားပေါင်းသင်းဆက်ဆံရေးအပိုင်းတွေသိရပါမယ်။ ကဲဒီလောက်ပါပဲနော် 💜
08/10/2023
ACCA/ LCCI/ AAT သင်ယူနေကြသူတွေအတွက် အထောက်အကူပြုမယ့် အခြေခံစာရင်းပညာ စာအုပ်လေးကို Commercers တို့ကနေ ထုတ်ထားပါတယ်ခင်ဗျ။ စာအုပ်လေးမှာဆိုရင် သင်ခန်းစာ စုစုပေါင်း ၁၄ ခန်းပါဝင်ပါတယ်။ Assets, Liabilities ဘာလဲဆိုတာကအစ Sole trader SOPL, SOFP ရေးဆွဲတဲ့အထိ အားလုံးကို မြန်မာဘာသာနဲ့ တွက်စာ + သီအိုရီတွေကို အသေးစိတ်ရှင်းပြပေးထားတာဖြစ်တဲ့အတွက် စာအုပ်လေးကိုဖတ်ကြည့်လိုက်ရင် ဖြင့် ကိုယ့်ဘေးမှာ ရည်းစားလေးက စာလာရှင်းပြနေသလို ခံစားနေရမှာအမှန်ပါပဲ နော်။
စာအုပ်လေးမှာ ထည့်သွင်းရေးသားထားတဲ့ သင်ခန်းစာ ၁၄ ခန်းကတော့
အခန်း ၁ - စာရင်းကိုင်ပညာ နိဒါန်း
အခန်း ၂ - စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများ
အခန်း ၃ - စာရင်းကိုင်ပညာ၏ အရေးပါမှု
အခန်း ၄ - စာရင်းရေးသွင်းခြင်းခေါ် Bookkeeping
အခန်း ၅ - Assets, Liabilities & capital
အခန်း ၆ - နှစ်ဖက်စာရင်းရေးသွင်းခြင်းစနစ်/ Double Entry System
အခန်း ၇ - ကနဦးစာရင်းရေးသွင်းသည့်စာအုပ်များ/ Books of original entry
အခန်း ၈ - ၂ ကော်လံငွေစာရင်းစာအုပ်၊ 2column cash book
အခန်း ၉ - ၃ ကော်လံငွေစာရင်းစာအုပ်၊ 3column cash book
အခန်း ၁၀ - အသေးသုံးငွေစာရင်းစာအုပ်၊ Petty Cash book
အခန်း ၁၁ - ကြွေးဆုံးနှင့်ကြွေးဆုံးလျာထားချက်များ
အခန်း ၁၂ - တန်ဖိုးလျှော့စရိတ်များ
အခန်း ၁၃ - Expense & Income Adjustments
အခန်း ၁၄ - အရှုံးအမြတ်စာရင်းရေးဆွဲခြင်း၊ Statement of Profit or Loss
စီးပွားရေးနှင့် ငွေကြေးဆောင်းပါးများ တို့ပါဝင်ပါတယ်။ တစ်ခန်းချင်းစီကို အသေးစိတ်ကျကျ မြန်မာဘာသာနဲ့တကွ တွက်စာလေ့ကျင့်ခန်းတွေနဲ့ ဖော်ပြပေးထားတာပါခင်ဗျာ။
စာအုပ်လေးမှာ ပါဝင်တဲ့ သင်ခန်းစာအချို့ကို အမြည်းအနေနဲ့ ဖော်ပြထားတာလေးကို အောက်ကလင့်လေးမှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်ခင်ဗျ။
https://www.facebook.com/commercers.yueco/posts/pfbid02xJcWVpdP17wfZGt2GUE98dyHHLwTmi5aKiHrtreHTiBpYnr5a7mdvZFn8E2JDCMDl
Disposal Of Noncurrent Assets
https://web.facebook.com/commercers.yueco/posts/pfbid029p7doguBFxX8mUkXMV7DtS5usTahZwdjE73zPSz4So8S5xaCAKryYuURYZuYEwrPl
စာအုပ်တန်ဖိုးလေးကတော့ ၁၄၀၀၀ ကျပ်ပါခင်ဗျ။
ရန်ကုန်၊ မန္တလေး နဲ့အခြားမြို့ကြီးများမှာ အိမ်အရောက်ငွေချေရပါတယ်ခင်ဗျ။
စာအုပ်လေး Instock ရှိနေရင်တော့ ဒီနေ့မှာမနက်ဖြန်ပို့ပေးပါတယ်ခင်ဗျ။
မှာယူလိုပါက 09428355771 ကိုဖုန်းဆက်၍ဖြစ်စေ၊ Page Messenger သို့ဖြစ်စေ ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျ။
30/09/2023
အစားအသောက် လုပ်ငန်း စိတ်ဝင်စားသူများအတွက်
Mandalay Coffee နှင့် လက်တွဲလုပ်ကိုင်ရန်
ဝန်ထမ်း (မ) 3 ဦး အလိုရှိသည်။
လုပ်ကိုင်ရမည် အလုပ် - Coffee &Milk shake & Milk Tea အအေးလုပ်ငန်း နှင့် ကြက်အရေခွံကြော် လုပ်ငန်းတွင် လုပ်ကိုင်ရန်။
-မှတ်ပုံတင်ပါရမည်။
-ပညာအရေအချင်း အထက်တန်း။
-ရေရှည်လုပ်ကိုင်နိုင်ရမည်။
-ပေါင်းသင်ဆက်ဆံရေး ကောင်မွန်ပီ၊အသင်းအဖွဲ့နှင့်လုပ်ကိုင်တတ်ရမည်။
-နယ်က လာသူများ နေစရာ ၊ ရေ၊ မီး ၊ wifi စီစဥ်ပေးမည်။
တစ်ပတ် တစ်ရက် ပိတ်မည်။
လစာ
အိမ်နေ ဝန်ထမ်း - (180000 -200000)
အသွားအပြန် ဝန်ထမ်း -(160000-180000)
အသေးစိတ်မေးမြန်းရန် နှင့် CV form ပို့ရန်
09252534622/09979004293
viber no 09252534622/09979004293