DoiT

DoiT

Share

We're not trying to teach children the sciences; just wanna give them a taste. And then we will learn back from them.

Photos from DoiT's post 25/04/2026

Robotics & Coding
Saturday and Sunday တန်းခွဲသစ် ဖွင့်လှစ်ပါတော့မည်။

Q: Robotics နဲ့ Coding သင်ဖို့အတွက် ကွန်ပျူတာ အခြေခံ (ICT Skills) တွေ ကြိုတတ်ထားဖို့ လိုပါသလား?

A: မလိုပါဘူးခင်ဗျာ။ ကွန်ပျူတာ အခြေခံ မရှိသေးတဲ့ ကလေးတွေလည်း လိုက်နိုင်လုပ်ဆောင်နိုင်အောင် စီစဉ်ထားပါတယ်။ Mouse ကိုင်နိုင်တဲ့ အနေအထား ရှိမယ်ဆိုရပါပြီ။ ကွန်ပျူတာ သိပ်မသုံးတတ်သေးဘူး ဆိုရင်လည်း စိတ်မပူပါနဲ့။ အထူးစီစဉ်ထားတဲ့ သင်ခန်းစာတွေမှာ လိုက်ပါ လုပ်ဆောင်ရင်း Skills တွေ အံ့ဩလောက်အောင် တိုးတက်လာတဲ့ ကလေးတွေ ရှိပါတယ်။ ကလေးငယ်တွေဟာ ကျတော်တို့ တွေးထင်ထားတာထက် သင်ယူတာ ပိုမြန်ပါတယ်။ နောက်ပြီး ကွန်ပျူတာ ကြည့်စရာမလိုဘဲ Coding သင်ယူလို့ရတဲ့ Screen-free Activity လေးတွေလည်း ရှိပါတယ်။

Class Schedule:
******************
📅 Start Date: 2nd May 2026
🕚 Time: Sat - Sun
(10:45AM to 12:00PM)
🎯 Age: 6 - 14 Years

⛳️ Class Duration: 6 Months
💰 Class Fee: 1,500,000 MMK (250,000 Per Month)

🏛️ Location: DoiT Innovation Hub
68B လမ်း၊ 117x118 လမ်းကြား၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

☎️ Phone: 09 954 461 946 , 09 402 552 151

Photos from DoiT's post 11/04/2026

အပိုလို (Apollo) ခရီးစဉ်တွေပြီးကတည်းကဆိုရင် နှစ်ပေါင်း ၅၀ ကျော်အတွင်း လူသားတွေ လကမ္ဘာအနီးကို ပထမဆုံးအကြိမ် ပြန်လည်သွားရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Orion အာကာသယာဉ်နဲ့ လကမ္ဘာကို အနီးကပ် ပတ်လမ်းကနေ ဖြတ်သန်းပျံသန်းခဲ့ပြီး စုစုပေါင်း ၁၀ ရက်ခန့် ကြာမြင့်ခဲ့ပါတယ်။

Reid Wiseman, Victor Glover, Christina Koch နဲ့ Jeremy Hansen တို့ ၄ ဦးပါဝင်ပြီး ပစိဖိတ်သမုဒ္ဒရာထဲကို အောင်မြင်စွာ ပြန်လည်ရောက်ရှိ ဆင်းသက်နိုင်ခဲ့ပါပြီ။

Christina Koch ဟာ လကမ္ဘာအနီးကို သွားရောက်နိုင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာပြီး၊ Victor Glover ကတော့ ပထမဆုံး လူမည်း အာကာသယာဉ်မှူး ဖြစ်လာပါတယ်။

Photos from DoiT's post 02/04/2026

၁၉၇၂ ခုနှစ် Apollo 17 ခရီးစဉ်နောက်ပိုင်း လူသားတွေ လကမ္ဘာပတ်လမ်းထဲကို ပထမဆုံး ပြန်လည်ရောက်တဲ့ သမိုင်းဝင် Artemis 2 အာကာသခရီးစဉ်ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ NASA ရဲ့ Kennedy Space Center ကနေ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
Artemis 2 ဟာ လပေါ်ကို တိုက်ရိုက်ဆင်းသက်မယ့် ခရီးစဉ်မဟုတ်ဘဲ လကမ္ဘာကို ပတ်ပြီး ကမ္ဘာကို ၁၀ ရက်အကြာမှာ ပြန်လည်ရောက်ရှိလာမယ့် စမ်းသပ်ခရီးစဉ် ဖြစ်ပါတယ်။ ဒီခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အာကာသယာဉ်မှူးတွေ လိုက်ပါမယ့် Orion အာကာသယာဉ်ရဲ့ အသက်ကယ်စနစ် တွေ၊ ဆက်သွယ်ရေးနဲ့ လမ်းကြောင်းပြစနစ်တွေ အမှန်တကယ် အလုပ်လုပ်နိုင်စွမ်း ရှိ/မရှိကို လက်တွေ့စမ်းသပ်ဖို့ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ အာကာသယာဉ်မှူး ၄ ဦး လိုက်ပါသွားပြီးReid Wiseman (Commander) ၊
Victor Glover (Pilot)၊Christina Koch (Mission Specialist) နဲ့ Jeremy Hansen (Mission Specialist) တို့ဖြစ်ပါတယ်။
ထူးြခားချက်တခု ကတော့ Christina Koch ဟာ လကမ္ဘာခရီးစဉ်မှာ ပထမဆုံး လိုက်ပါခွင့်ရတဲ့ အမျိုးသမီး အာကာသယာဉ်မှူး ြဖစ်ပြီး ဒါဟာ အာကာသစူးစမ်းလေ့လာရေး ကဏ္ဍမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်နိုင်စွမ်းကို ပြသလိုက်တဲ့ ကြီးမားတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရာစုနှစ်ဝက်က Apollo 11 ခရီးစဉ် အောင်မြင်ဖို့အတွက် Margaret Hamilton တို့လို ရှေ့ဆောင် အမျိုးသမီးတွေဟာ Flight Software တွေကို စနစ်တကျ ခက်ခက်ခဲခဲ ကြိုးစား အားထုတ်ခဲ့ရပါတယ်။
အဲဒီခေတ်က Software Engineering ဆိုတဲ့ အစပျိုးကာလကနေ အခု Artemis ခေတ်ကို ရောက်လာတဲ့အခါမှာတော့ အလွန်အဆင့်မြင့်တဲ့ ကွန်ပျူတာစနစ်တွေ၊ AI နည်းပညာတွေနဲ့ ခေတ်မီ Software Architecture တွေကို အသုံးပြုပြီး ပိုမိုလုံခြုံစိတ်ချရတဲ့ ခရီးစဉ်ဖြစ်အောင် ဖန်တီးလာနိုင်ပြီ ဖြစ်ပါတယ်။
Apollo စီမံကိန်းက လူသားတွေကို လပေါ်အရောက်ပို့ဖို့ သီးသန့် ရည်ရွယ်ခဲ့တာ ဖြစ်ပေမဲ့၊ ယခု Artemis စီမံကိန်းကတော့ လပေါ်မှာ ရေရှည်အခြေချနေထိုင်နိုင်မယ့် စခန်းတစ်ခု တည်ဆောက်ဖို့နဲ့၊ အဲဒီကနေတစ်ဆင့် အင်္ဂါဂြိုဟ် (Mars) ဆီ ဆက်လက်ခရီးနှင်ဖို့ ရည်ရွယ်တယ်လို့သိရပါတယ်။

20/03/2026

"လပေါ်မှာခြေချမယ့် အိပ်မက်တွေ ပျက်မသွားအောင် ကယ်တင်ခဲ့တဲ့ အမျိုးသမီးနဲ့ Apollo 11 ကို မောင်းနှင်ခဲ့သော Code များ"

​၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က လူသားတို့ ပထမဆုံး လပေါ်ခြေချမယ့် သမိုင်းဝင် အချိန်အခါပါ။ ဒါပေမဲ့ အာကာသယာဉ် (Eagle Lander) လပေါ်ဆင်းသက်ဖို့ ၃ မိနစ်အလိုမှာပဲ အာကာသယာဉ်မှူးတွေရော နာဆာက ပညာရှင်တွေပါ အသက်ရှူရပ်မတတ် ထိတ်လန့်သွားခဲ့ရပါတယ်။
​အကြောင်းကတော့ အာကာသယာဉ်ရဲ့ ကွန်ပျူတာမှာ အလုပ်လုပ်နိုင်စွမ်းထက် ပိုများတဲ့ Data တွေ ဝင်ရောက်လာလို့ပါ။ System Error 1201 နဲ့ 1202 Alarms တွေ ဆက်တိုက် ပြနေခဲ့ပါတယ်။ အဲဒီအချိန်က ကွန်ပျူတာသာ System Crash ဖြစ်သွားခဲ့ရင် လပေါ်ဆင်းသက်မယ့် အစီအစဉ် ပျက်သွားရုံတင်မကဘဲ အာကာသယာဉ်မှူးတွေရဲ့ အသက်အန္တရာယ်ပါ စိုးရိမ်ရမယ့် အခြေအနေပါ။
​အဲဒီလို အရေးကြီးတဲ့ အချိန်မှာ Apollo 11 ရဲ့ Flight Software ကို တာဝန်ယူရေးသားခဲ့တဲ့ အမျိုးသမီး ပရိုဂရမ်မာ Margaret Hamilton နဲ့ သူမရဲ့အဖွဲ့ ရေးသားခဲ့တဲ့ Code တွေက အာကာသယာဉ်ကို သမိုင်းဝင် ကယ်တင်နိုင်ခဲ့ပါတယ်။
​Margaret Hamilton ဟာ အဲဒီခေတ်ကတည်းက ကွန်ပျူတာတွေဟာ တစ်ချိန်ချိန်မှာ အမှားအယွင်း (Error) ဖြစ်နိုင်တယ်ဆိုတာကို ကြိုတင်ခန့်မှန်း တွက်ဆခဲ့ပါတယ်။ ဒါကြောင့် သူမရဲ့ Software ကို "Asynchronous Executive" ဆိုတဲ့ စနစ်နဲ့ ရေးသားခဲ့တာပါ။
​ဆိုလိုတာက ကွန်ပျူတာ Overload ဖြစ်လာတဲ့အခါ အရေးမကြီးတဲ့ အလုပ်တွေကို ချက်ချင်းဖြတ်ချခဲ့ပြီး၊ အရေးအကြီးဆုံးဖြစ်တဲ့ "လပေါ်ဆင်းသက်ခြင်း" ကိုသာ ဦးစားပေး လုပ်ဆောင်ဖို့ ကို သူမက ကြိုတင် တွေးမြင်ရေးသားထားခဲ့တာပါ။
​ဒါကြောင့် ကွန်ပျူတာဟာ Crash မဖြစ်သွားဘဲ ပြဿနာကို အလိုအလျောက် ကျော်လွှားကာ အာကာသယာဉ်ကို အောင်မြင်စွာ လပေါ်ဆင်းသက်နိုင်စေခဲ့ပါတယ်။ သူမရဲ့ ကြိုတင်မျှော်တွေးနိုင်မှုနဲ့ ခိုင်မာတိကျတဲ့ Code တွေကြောင့်လည်း သမိုင်းဝင် Apollo 11 စီမံကိန်းကြီးဟာ အောင်မြင်ခဲ့ပါတယ်။
​အဲဒီခေတ်က "Hardware" ကိုသာ အဓိကထားပြီး "Software" ဆိုတာကို အရေးမပါတဲ့ အရာတစ်ခုလို၊ ဘယ်သူမဆို ရေးလို့ရတဲ့အရာလို သတ်မှတ်ထားကြတာပါ။ ဒါပေမဲ့ Margaret Hamilton ဟာ "Software Engineering" ဆိုတဲ့ စကားလုံးကို ကိုယ်တိုင် ဖန်တီးသုံးနှုန်းခဲ့ပြီး Software ပိုင်းဟာလည်း Hardware လိုပဲ အလွန်အရေးကြီးတဲ့၊ စနစ်ကျတဲ့ အင်ဂျင်နီယာပညာရပ်တစ်ခု ဖြစ်ကြောင်း ကမ္ဘာကို သက်သေပြနိုင်ခဲ့ပါတယ်။
​(အောက်ပါပုံကတော့ Margaret Hamilton နဲ့ သူမရဲ့အဖွဲ့ ရေးသားခဲ့တဲ့ Code များဖြစ်ပြီး code စာကြောင်းရေ တစ်သိန်းလေးသောင်းငါးထောင် ဝန်းကျင် ရှိပါတယ်)

12/03/2026

"Coding ‌ကြိုလေ့လာခဲ့လို့ အလုပ်မပြုတ်ဘဲ ရာထူးတောင်တိုးခဲ့ကြတဲ့ NASA က ပညာရှင်များ"

၁၉၆၀ မတိုင်ခင်က NASA မှာ "Computer" ဆိုတာ စက်တွေကိုခေါ်တာမဟုတ်ဘဲ သင်္ချာတွက်ချက်ပေးရတဲ့ လူသားတွေကို ခေါ်တာဖြစ်ပါတယ်။ နာဆာရဲ့ West Area Computing Unit မှာ အလုပ်လုပ်နေတဲ့ လူမည်းအမျိုးသမီး သင်္ချာပညာရှင်တွေဟာ ဒုံးပျံလမ်းကြောင်းတွေ၊ အာကာသယာဉ် ပျံသန်းမှု‌တွေအတွက် တွက်ချက်မှုတွေမှာ အဓိကကျတဲ့ လူသားကွန်ပျူတာတွေအဖြစ် တာဝန်ထမ်းဆောင်နေခဲ့ကြပါတယ်။

အာကာသစူးစမ်းလေ့လာရေးလုပ်ငန်းတွေ ပိုမိုရှုပ်ထွေးလာတာနဲ့အမျှ လူသားတွေရဲ့ လက်နဲ့တွက်ချက်မှုဟာ အချိန်ကြန့်ကြာမှုတွေ ရှိလာပါတယ်။

ပိုမြန်၊ ပိုတိကျတဲ့ နည်းပညာ လိုအပ်လာတာကြောင့် နာဆာဟာ အခန်းတစ်ခန်းစာလောက် ကြီးမားတဲ့ IBM 7090 Data Processing System လိုမျိုး Mainframe ကွန်ပျူတာကြီးတွေကို စတင်အသုံးပြုဖို့ကြံလာခဲ့ပါတယ်။

ဒီစက်ကြီးတွေရောက်လာတဲ့အခါမှာတော့ လူသားတွက်ချက်သူတွေအတွက် အလုပ်အကိုင်ဟာ ပျောက်ကွယ်သွားမယ့် အခြေအနေရောက်နေပါတယ်။ အထူးသဖြင့် အဲဒီခေတ်က လူမျိုးရေးခွဲခြားမှုတွေကြားထဲက အလုပ်လုပ်နေရတဲ့ လူမည်းအမျိုးသမီးတွေဟာ သူတို့ရဲ့ အလုပ်အကိုင်တွေ နေ့ချင်းညချင်း ပျောက်ဆုံးသွားတော့မယ်ဆိုပြီး စိုးရိမ်ပူပန်ခဲ့ကြပါတယ်။

ဒီလို အချိန်မှာ အဖွဲ့ခေါင်းဆောင်ဖြစ်သူ Dorothy Vaughan ရဲ့ အမြော်အမြင်ဟာ အလွန်စူးရှ ခဲ့ပါတယ်။ ဒီစက်ကြီးတွေက သူတို့ရဲ့အလုပ်တွေကို အစားထိုးတော့မယ်ဆိုတာကို လက်တွေ့ကျကျ နားလည်ခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ ကြောက်ရွံ့နေမယ့်အစား နည်းပညာအပြောင်းအလဲကို အခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီခေတ်က အသစ်စက်စက်ဖြစ်နေတဲ့ ကွန်ပျူတာပရိုဂရမ်ဘာသာစကား FORTRAN (Formula Translation) ကို လေ့လာဖို့ စာကြည့်တိုက်ကနေ စာအုပ်ရှာဖွေပြီး ကိုယ်တိုင် လေ့လာသင်ယူခဲ့ပါတယ်။

ကိုယ်တိုင်တတ်ကျွမ်းရုံသာမက သူမရဲ့အမျိုးသမီးအဖွဲ့ဝင်တွေကိုပါ ခေါ်ယူပြီး သင်တန်းတွေ‌ပေးခဲ့ပါတယ်။ စက်ကြီးတွေကို ဘယ်လိုမောင်းနှင်ရမယ်၊ FORTRAN Code တွေကို ဘယ်လိုရေးသားရမယ်ဆိုတာကို အလုပ်ချိန်ပြင်ပမှာပါ ကြိုးစားသင်ကြားပေးခဲ့ပါတယ်။ သူမရဲ့ ရည်ရွယ်ချက်ကတော့ အဖွဲ့ဟာ စက်တွေကြောင့် အလုပ်ပြုတ်သွားမယ့်သူတွေ မဖြစ်စေဘဲ၊ အဲဒီစက်တွေကို ခိုင်းစေနိုင်တဲ့သူတွေ ဖြစ်လာစေဖို့ပါ။

နာဆာက IBM စက်ကြီးတွေကို တရားဝင် စတင်အသုံးပြုတဲ့အခါမှာတော့ မျှော်လင့်ထားတဲ့အတိုင်းပဲ အခက်အခဲတွေ တွေ့လာရပါတယ်။

စက်ကြီးတွေကို တပ်ဆင်ထားပေမယ့် ကောင်းကောင်း နားလည်ပြီး အမိန့်ပေးခိုင်းစေနိုင်မယ့်သူ ရှားပါးနေပါတယ်။

အဲဒီအချိန်မှာ Dorothy Vaughan ရဲ့အဖွဲ့ဟာ အသင့်ဖြစ်နေခဲ့ပါပြီ။

ဒါ‌ကြောင့် သူတို့ဟာ အလုပ်ပြုတ်သွားမယ့်အစား နာဆာရဲ့ ရှေ့ဆောင် ကွန်ပျူတာပရိုဂရမ်မာ (Pioneering Computer Programmers) တွေအဖြစ် ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရပါတယ်။ လူသားတွက်ချက်သူဘဝကနေ အီလက်ထရောနစ် ကွန်ပျူတာတွေကို ထိန်းချုပ်မောင်းနှင်တဲ့ ခေတ်သစ် အင်ဂျင်နီယာတွေ ဖြစ်လာခဲ့ကြပါတယ်။

Dorothy Vaughan တို့ ရဲ့ ဇာတ်လမ်းဟာ နည်းပညာအသစ်တွေ ဝင်ရောက်လာချိန်မှာ ကြောက်ရွံ့နေမယ့်အစား၊ အဲဒီနည်းပညာကို လေ့လာသင်ယူပြီး မိမိကိုယ်ကို မရှိမဖြစ် လိုအပ်တဲ့သူဖြစ်အောင် ဘယ်လိုတည်ဆောက်ရမယ်ဆိုတာကို ပြသနေတဲ့ အကောင်းဆုံး သမိုင်းဝင်သင်ခန်းစာတစ်ခုပဲ ဖြစ်ပါတယ်။

ယနေ့ခေတ် AI နည်းပညာတွေ ဝင်ရောက်လာချိန်မှာလည်း Dorothy Vaughanရဲ့ လုပ်ဆောင်ချက်ဟာ ကျွန်တော်တို့အားလုံးအတွက် စံနမူနာယူစရာ ဖြစ်နေဆဲပါပဲခင်ဗျာ။

Photos from DoiT's post 12/03/2026

Robotics & Coding တန်းခွဲသစ်များ ဖွင့်လှစ်ပါတော့မည်။

Q: Robotics နဲ့ Coding သင်တန်းက ကလေးတွေအတွက် ဘာတွေ အကျိုးရှိမလဲ?

A: Coding ဆိုတာ ၂၁ ရာစုရဲ့ အခြေခံ "စာတတ်မြောက်မှု” တစ်ခုပါပဲ။ Smart ကျကျ ပြဿနာကို ဖြေရှင်းနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း နဲ့ စဉ်းစားတွေးခေါ်မှု တွေ တိုးတက်စေဖို့ပါ။ စကားလုံးအကြီးကြီးတွေ၊ မရောက်သေးတဲ့ အရာတွေ၊ ယှဉ်ပြိုင်မှု‌တွေနဲ့ ဖိအားမပေးဘဲ ကလေးတွေကို Code ရေးခွင့် ပေးလိုက်ကြရအောင်ပါ။

Class Schedule:
Start Date: 19 March 2026
Class 1: Thursday and Friday
(4:00PM to 5:15PM)
Age : 6 - 14 Years

Start Date: 23 March 2026
Class 2: Monday and Tuesday
(4:00PM to 5:15PM)
Age : 6 - 14 Years

Class Duration: 6 Months
Class Fee: 1,500,000 MMK (250,000 Per Month)
Discount : Early Bird 20% Off (300,000 SAVE)

Location: DoiT Innovation Hub
68B လမ်း၊ 117x118 လမ်းကြား၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

Phone: 09 954 461 946 , 09 402 552 151

20/02/2026

DoiT 💞


17/02/2026

Play YouTube in Scratch Program

30/01/2026

"Arduino App Lab: First Look"




Photos from Art Generations's post 22/06/2025

Art Generations and DoiT တို့ပူးပေါင်းပြီး အသက် ၆နှစ်ခွဲမှစ၍ ၁၇နှစ်ထိ တန်းခွဲသစ်တွေအတွက် ကျောင်းသားသစ်များ လက်ခံနေပြီ ဖြစ်ပါသည်

အသေးစိတ် သိရှိလိုလျှင်
👇👇👇👇

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


68B Street, Between 117st & 118st, Pyigyitagon Township
Mandalay