23/05/2026
ကလေးတစ်ယောက်နဲ့ တစ်ယောက် သင်ယူပုံချင်း မတူညီကြပါဘူး👧🏻👦🏻✨
Student-Centered စနစ်ဟာ ကလေးရဲ့ ဝါသနာ၊ အားသန်တဲ့အချက်နဲ့ သင်ယူနိုင်စွမ်းအပေါ် မူတည်၍ တစ်ဦးချင်းစီ၏ ထူးခြားမှုကို အသိအမှတ်ပြုသင်ကြားတဲ့ သင်ကြားရေးစနစ်ဖြစ်ပါတယ်။ ကလေးကို ဖိအားမရှိဘဲ ပျော်ပျော်ရွှင်ရွှင် လေ့လာသင်ယူခွင့် ရရှိစေဖို့ အဓိကရည်ရွယ်ပါတယ်။
အလွတ်ကျက်မှတ်ခြင်းထက် "ဘာကြောင့်လဲ"၊ "ဘယ်လိုလဲ" ဆိုတာကို ရှာဖွေတတ်အောင် သင်ကြားပေးခြင်း၊ လက်တွေ့လုပ်ဆောင်မှု (Hands-on Activities) တွေနဲ့ စူးစမ်းလေ့လာစေခြင်းတွေကနေလည်း ကလေးကို ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-solving skills) မြင့်မားလာစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Confidence) တိုးစေမှာ ဖြစ်ပါတယ်🛠️🧠🌟
Q-dees ရဲ့ မူပိုင် Link & Think Methodology သင်ရိုး၊ Holistic Development နဲ့ Student-Centered Approach သင်ကြားရေးစနစ်တွေဟာ သားသား မီးမီး တို့ရဲ့ သင်ယူမှုခရီးလမ်းကို စနစ်တကျ တိုးတက်စေတဲ့အပြင် ကမ္ဘာ့အဆင့်မီပညာရေးနှင့် လူမှုဘဝကို ဟန်ချက်ညီညီ ဖွံ့ဖြိုးလာစေမှာ ဖြစ်ပါတယ်🎓🌍🤝
Q-dees International Preschool Mandalay
📍လိပ်စာ - ၆၅ လမ်း၊ ၁၀၃ လမ်း (သဇင်လမ်း) ထောင့်၊ မြို့သစ် (၁)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ 09-790500888, ☎️09-965402474
14/05/2026
သင်ကြားရေးဝန်းကျင်တခုဟာ ကလေးတွေရဲ့ဖွံ့ဖြိုးမှုအတွက် ဘယ်လောက်အရေးကြီးလဲ❓
"The Environment as the Third Teacher" ဆိုတဲ့ စကားလိုပါပဲ ...💡
နိုင်ငံတကာအဆင့်မီ ပညာရေးအတွက် သင်ကြားရေးဝန်းကျင်ဟာ ကလေးတို့ရဲ့ဖွံ့ဖြိုးမှုတွေအတွက် အလွန်အရေးကြီးပါတယ်။
နေ့စဉ်ကျင်လည်ဖြတ်သန်းရာ သင်ကြားရေးပတ်ဝင်းကျင်တခုကို ကလေးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကို အမြင်မှတဆင့် အကြားမှတဆင့် လုပ်ဆောင်မှုမှတဆင့် မသိလိုက်မသိဘာသာ တဖက်တလမ်းကနေ လှုံ့ဆော်ပေးနိုင်တဲ့ အရာလေးတွေအဖြစ် စနစ်တကျနဲ့ အသေးစိတ် ပြင်ဆင်ထားရှိရပါတယ်။
ဥပမာ ကျောင်းအတွင်း အများမြင်သာတဲ့ နေရာတွေမှာထားရှိတဲ့ စည်းကမ်းချက်ဆိုင်ရာ ရုပ်ပြပိုစတာလေးတွေဟာ 🖼️ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူးဆိုတာ ရှင်းရှင်းလင်းလင်း နားလည်နိုင်တဲ့ဝန်းကျင်အဖြစ် ခံစားသိရှိစေပြီး စိတ်လုံခြုံမှုခံစားရစေသလို🛡️
ကျောင်းအတွင်း မြင်သာသည့်နေရာမှာ Student Work Gallery လေးတွေ ဂုဏ်ယူစွာပြသပေးထားခြင်းဟာ 🎨 ကလေးတွေကို "ငါ့ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုခံရတယ်" ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တဲ့အပြင် ကြိုးစားလိုစိတ် (Growth Mindset) ကိုလည်း ဖွံ့ဖြိုးစေမှာ ဖြစ်ပါတယ်🌱
စာသင်ခန်းထဲမှာ အရောင်အေးအေးလေးတွေ သုံးတာဟာ စိတ်တည်ငြိမ်မှုကို ပေးစွမ်းသလိုပဲ 🌿၊ Sensory Play (အာရုံခံကစားနည်း) အတွက် သီးသန့်နေရာလေးတွေ (ဥပမာ - သဲ၊ ရေ၊ သို့မဟုတ် အထိအတွေ့ အမျိုးမျိုးရှိတဲ့ ပစ္စည်းများ) ပြင်ဆင်ထားပေးခြင်းက 🧠ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို သိသိသာသာ အထောက်အကူပြုပါတယ်။
ဒီလိုပါပဲ... သင်ကြားရေးဝန်းကျင်မှာ ကစားစရာ ဒါမှမဟုတ် သင်ထောက်ကူပစ္စည်းတွေကို ကလေးတွေ လက်လှမ်းမီတဲ့အမြင့်မှာ စနစ်တကျ ထားရှိပေးခြင်းက သူတို့ကို "မိမိဘာသာ ရွေးချယ်တတ်စေဖို့" နဲ့ "တာဝန်ယူတတ်စေဖို့" ဆိုတဲ့ ဖွံ့ဖြိုးမှုလေးတွေကို သွယ်ဝိုက်သောနည်းနဲ့ သင်ကြားပေးရာရောက်ပါတယ်🤗
မန္တလေးမြို့ရှိ Q-dees International Preschool တွင် ဖွင့်လှစ်သင်ကြားလျက်ရှိတဲ့ သင်ကြားရေး Program များကို စိတ်ဝင်စားတဲ့ အုပ်ထိန်းသူ ဖေဖေ မေမေတို့ အနေနဲ့လည်း Q-dees သို့ School Visit လာရောက်ကာ အနီးကပ်လေ့လာနိုင်မှာ ဖြစ်ပါတယ်👨👩👧👦🏫
Q-dees International Preschool Mandalay
📍လိပ်စာ - ၆၅ လမ်း၊ ၁၀၃ လမ်း (သဇင်လမ်း) ထောင့်၊ မြို့သစ် (၁)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ 09-790500888, ☎️09-965402474
13/05/2026
ကလေးတို့အနေနဲ့ အနာဂတ်ဘဝ စိန်ခေါ်မှုတိုင်းမှာ အဆင်သင့်ဖြစ်နေဖို့ဆိုရင် Early Years အချိန်အပိုင်းအခြားတွေဟာ သင်ယူစရာတွေ အလွန်များပြားလှသလို ပညာရေး အပါအဝင် လူမှုဘဝ မျှမျှတတ ဖွံ့ဖြိုးမှုရှိဖို့က အလွန်အရေးကြီးပါတယ်💡
ကလေးငယ်တဦးဟာ စာအုပ်ထဲက သင်ခန်းစာတွေကို တတ်မြောက်ရုံတင်မကဘဲ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်ဖို့၊ စာနာနားလည်မှုရှိဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ဆိုတဲ့အချက်တွေကလည်း အနာဂတ်အောင်မြင်မှုအတွက် ခိုင်မာတဲ့အုတ်မြစ်တွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် Q-dees မှာဆိုရင်...
ကလေးငယ်တွေရဲ့ အသိဉာဏ်ပညာ (IQ) သာမက စိတ်လှုပ်ရှားမှုဆိုင်ရာ ရင့်ကျက်မှု (EQ) ပါ တိုးတက်လာစေဖို့ Holistic Learning (ဘက်စုံဖွံ့ဖြိုးမှု) သင်ကြားမှုပုံစံကို စနစ်တကျ ပုံဖော်ထားပါတယ်။
✅Social Skills ဖွံ့ဖြိုးစေဖို့ သူငယ်ချင်းအချင်းချင်း ဝေမျှတတ်ခြင်း၊ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်ခြင်းနဲ့ ပြဿနာတွေကို နည်းမှန်လမ်းမှန် ဖြေရှင်းတတ်တဲ့ အလေ့အထကောင်းတွေမွေးမြူပေးနေတဲ့အပြင်
✅အတန်းပညာရေးဟာ ပြင်ပလူမှုဘဝ ချိတ်ဆက်နားလည်စေတဲ့ လက်တွေ့သင်ခန်းစာတွေကိုလည်း စနစ်တကျ ပေါင်းစပ်သင်ကြားပေးလျက်ရှိနေတာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
"စာတော်ရုံတင်မကဘဲ လူမှုဘဝမှာပါ ထက်မြက်တဲ့ ကလေးငယ်လေးတွေအဖြစ် Q-dees မှ ပျိုးထောင်နေပါတယ်"
30/04/2026
ဘုရားရှင်၏ ထူးခြားဖြစ်စဉ်လေးများအား “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း” ဟူသော ဆိုစကားနှင့် မှတ်သားကာ ဗုဒ္ဓဘာသာဝင်များ အထူးအလေးအမြတ်ထားတဲ့ ကဆုန်လပြည့်နေ့ အချိန်အခါ ဖြစ်ပါတယ်။
ဆယ့်နှစ်လ ရာသီပွဲတော်များထဲမှ ညောင်ရေသွန်းပွဲ ကျင်းပသည့်နေ့ရက်ဖြစ်ပြီး ယခုလို ထူးခြားမွန်မြတ်လှတဲ့ အခါသမယတွင် (၇) ရက် သား သမီးများအားလုံး ဘေးရန်ခပ်သိမ်း ငြိမ်းအေးကြပါစေကြောင်း Q-dees မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
#ကဆုန်လပြည့်နေ့
22/04/2026
နွေရာသီရဲ့ ပြင်းထန်တဲ့အပူရှိန်ကြောင့် ကလေးငယ်တွေဟာ တခြားအချိန်တွေမှာထက် ပိုပြီး ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ သားသား မီးမီးလေးတို့ရဲ့ ကိုယ်ခံအားစနစ် ကောင်းမွန်စေဖို့နဲ့ လန်းဆန်းနေဖို့ဆိုရင် အစားအသောက်ကဏ္ဍက အရေးကြီးတာကြောင့် ...
အခုလို အားလပ်ရက် နွေရာသီမှာ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့အပြင် ဖေဖေ၊ မေမေ တို့ကိုပါ အချစ်ပိုလာစေမယ့် 🍉အစားအစာလေးတွေအကြောင်း ပြောပြချင်ပါတယ်။
၁။ ရေဓာတ်ကြွယ်ဝသော အသီးအနှံများ
ကလေးငယ်တွေဟာ ရေခဏခဏသောက်ဖို့ မေ့လျော့တတ်ကြပါတယ်။ ဒါကြောင့် ရေဓာတ် (၉၀%) ကျော်ပါဝင်တဲ့ အသီးအနှံတွေကို အဆာပြေကျွေးပေးပါ။
✅ ဖရဲသီး၊ သခွားမွှေးသီး၊ နာနတ်သီး နှင့် လိမ္မော်သီး တို့ဟာ အကောင်းဆုံး ရွေးချယ်မှုတွေ ဖြစ်ပါတယ်။
✅ အသီးတွေကို သာမန်ကျွေးခြင်းထက်စာရင် ချစ်စရာပုံစံငယ်လေးတွေ (ဥပမာ - ကြယ်ပုံ ⭐၊ အသည်းပုံ ❤️) ပုံဖော်လှီးဖြတ်ပြီး ကျွေးမယ်ဆိုရင်တော့ ပိုပြီးစားချင်စိတ် ဖြစ်လာကြမှာပါ။
၂။ အိမ်လုပ် သစ်သီးအေးခဲမုန့်
အချိုရည်၊ ရေခဲမုန့်နဲ့ အခြားအပြင်စာတွေဟာ သကြားနဲ့ ဆိုးဆေးတွေ များစွာပါဝင်နိုင်ပါတယ်။
✅ လတ်ဆတ်တဲ့ အသီးဖျော်ရည် (သို့မဟုတ်) ဒိန်ချဉ် (Yogurt) ထဲကို အသီးစိပ်လေးတွေထည့်ပြီး ရေခဲသေတ္တာထဲမှာ အေးခဲထားပါ။
✅ အပူလည်းသက်သာ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အဆာပြေမုန့်လေးတွေ ရရှိမှာပါ။
၃။ အစာကြေလွယ်သော အစားအစာများ
အပူချိန်များတဲ့အခါ ကလေးတွေရဲ့ အစာခြေစနစ်က နှေးကွေးတတ်ပါတယ်။
✅ အဆီအအိမ့်နဲ့ အပူအစပ်တွေထက် ဟင်းသီးဟင်းရွက် ပါဝင်တဲ့ စွပ်ပြုတ်၊ ဆန်ပြုတ် (သို့မဟုတ်) လတ်ဆတ်တဲ့ အသုပ်လေးတွေကို ပိုဦးစားပေးပါ။
✅ အသားငါးကိုလည်း အကြော်ထက် အပြုတ် (သို့မဟုတ်) အကင် ပုံစံမျိုး ပြင်ဆင်ပေးပါ။
၄။ သဘာဝဓာတ်ဆားရည်နှင့် အုန်းစိမ်းရည်
ချွေးထွက်များတဲ့နေ့တွေမှာ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ဓာတ်ဆားဓာတ်ကို ပြန်ဖြည့်ဖို့ အုန်းစိမ်းရည်က အထိရောက်ဆုံးပါ။ ကာဗွန်နိတ်ပါတဲ့ အချိုရည်တွေအစား လတ်ဆတ်တဲ့ အုန်းစိမ်းရည် တိုက်ကျွေးပေးပါ။
⚠️ သတိပြုရန်
အခုလို ပူပြင်းတဲ့ နွေရာသီမှာ အစားအသောက်တွေဟာ တခြားအချိန်ထက် ပိုမိုမြန်ဆန်စွာ ပျက်စီးလွယ်ပါတယ်။ ဒါကြောင့်
✅သားသား မီးမီးလေးတို့ကို အစားအသောက်မကျွေးခင်မှာ သန့်ရှင်းလတ်ဆတ်မှု ရှိ၊ မရှိကို သတိတရနဲ့ အမြဲစစ်ဆေးသင့်ပါတယ်။
‼️လမ်းဘေးစာ၊ ယင်နားစာများကိုလည်း အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့ Q-dees အနေနဲ့ အကြံပြုတိုက်တွန်းချင်ပါတယ်🤗
ရင်သွေးလေးတွေနဲ့ ဖေဖေ မေမေ တို့အားလုံး နွေရာသီမှာ လန်းဆန်းကျန်းမာစွာဖြင့် ပျော်ရွှင်စရာနေ့ရက်လေးတွေ ပိုင်ဆိုင်ကြပါစေနော်။ 👨👩👧👦✨
17/04/2026
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်သစ် နှစ်ဆန်း (၁) ရက်နေ့ ဖြစ်ပါတယ်။
နှစ်သစ် အခါသမယမှာ ကမ္ဘာသူ/သားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ နှစ်ဟောင်းက အညစ်အကြေးများကင်းစင်ပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေကြောင်း Q-dees မိသားစုမှ နှုတ်ခွန်းဆက်သအပ်ပါတယ် 🙏🌸
Sending our warmest wishes for a beautiful New Year's Day and a successful journey ahead for the whole Q-dees family!
#သင်္ကြန် #မြန်မာနှစ်သစ် #နှစ်ဆန်း၁ရက်
13/04/2026
ပိတောက်ရွှေဝါ ပွင့်ဖူးဝေဆာ မင်္ဂလာရှိသော မြန်မာ့နှစ်သစ် အခါသမယမှာ ကျောင်းသား၊ မိဘ၊ ဆရာ၊ ဆရာမ များ၊ Q-dees ၏ မိတ်ဆွေသင်္ဂဟများ၊ ဝန်ထမ်းမိသားစုများ အပါအဝင် မြန်မာပြည်သူပြည်သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာစွာဖြင့် ပျော်ရွှင်စရာ အတာသင်္ကြန်အချိန်အခါလေး ပိုင်ဆိုင်ကြပါစေကြောင်း Q-dees မှာ 🙏ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
#သင်္ကြန် #မြန်မာနှစ်သစ်
05/04/2026
Sensory Play ဆိုတာ အာရုံခံစားကစားခြင်းပါ။
ကလေးငယ်တွေရဲ့ အာရုံငါးပါးဖြစ်တဲ့ အမြင်၊ အကြား၊ အနံ့၊ အရသာနဲ့ အထိအတွေ့ တို့ကို လှုံ့ဆော်ပေးတဲ့ ကစားနည်းမျိုးစုံ ပါဝင်ပါတယ်။
ကလေးတွေဟာ ပတ်ဝန်းကျင်ကို လက်နဲ့စမ်းသပ်ကိုင်တွယ်ရင်း၊ အသံတွေကို နားထောင်ရင်းနဲ့ အရာဝတ္ထုတွေရဲ့ သဘောသဘာဝကို နားလည်အောင် ကြိုးစားကြပါတယ်။ ဥပမာ - ရေခွက်လေးကို ပုတ်ကြည့်တာ၊ အရုပ်လေးတွေကို ဆုပ်ကိုင်တာ ဒါမှမဟုတ် အစားအစာတွေကို နယ်ဖတ်ကြည့်တာမျိုးတွေဟာ သူတို့အတွက် အကြီးမားဆုံးသော သင်ယူမှု Sensory Play တွေပဲ ဖြစ်ပါတယ်။
Sensory Play က ဘာကြောင့် အရေးကြီးတာလဲ❓🤔
🗣️ အရာဝတ္ထုတွေရဲ့ အပျော့အမာ၊ အနံ့အရသာကို ဖော်ပြတတ်လာတာမို့ ဝေါဟာရကြွယ်ဝလာပြီး စကားပြော ပိုသွက်လာစေတယ်။
✍️ ပစ္စည်းလေးတွေကို ကိုင်တွယ်၊ ဆုပ်နယ်ရတာမို့ လက်ချောင်းလေးတွေကို အဆက်မပြတ် အသုံးပြုရတာကြောင့် Fine Motor Skills ကောင်းမွန်လာပြီး ခဲတံကိုင်တာ၊ စာရေးတာတွေအတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။
🧠 Sensory Play ဟာ အသက်အရွယ်အလိုက် ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လည်း အခြေခံအုတ်မြစ်တစ်ခုပါပဲ။ အာရုံခံစားမှုတွေကို အသုံးပြုပြီး ကစားခြင်းကနေ ဦးနှောက်အတွင်းက အာရုံကြော ဆက်သွယ်မှုတွေ ပိုမိုခိုင်မာလာစေပါတယ်။ ဒါ့အပြင် ကလေးငယ်တွေကို စိတ်တည်ငြိမ်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေသလို၊ "ကြမ်းတယ်၊ ချောတယ်၊ ပူတယ်၊ အေးတယ်" စတဲ့ အခြေခံသဘောတရားတွေကိုလည်း လက်တွေ့ထိတွေ့မှုကနေတစ်ဆင့် အလိုအလျောက် မှတ်မိလာစေပါတယ်။
ဒီလို သင်ယူမှု၊ ဖွံ့ဖြိုးမှုတွေအတွက် အလွန်အရေးပါတာကြောင့် သင်ကြားရေးနဲ့ ပေါင်းစပ်ထားတဲ့ အာရုံခံစား သင်ကြားခြင်း Sensory-based သင်ခန်းစာတွေဟာ နိုင်ငံတကာပညာရေးမှာ အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ်ရှိနေသလို Q-dees ရဲ့ Program တိုင်းမှာ ထည့်သွင်းသင်ကြားပေးလျက်ရှိနေတာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်🎓✨
Q-dees International Preschool Mandalay
📍လိပ်စာ - ၆၅ လမ်း၊ ၁၀၃ လမ်း (သဇင်လမ်း) ထောင့်၊ မြို့သစ် (၁)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ 09-790500888, ☎️09-965402474
25/03/2026
ကမ္ဘာ့ပညာရေးလမ်းကြောင်းပေါ်မှာ အဆင်သင့်လျှောက်လှမ်းနိုင်ဖို့ဆိုရင် ဘာသာစကား အပါအဝင် နိုင်ငံတကာစံနှုန်းပြည့်မီတဲ့ ပညာရေးအခြေခံအုတ်မြစ်တစ်ခု ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်🌍✨
Early Years မှာကတည်းက ခိုင်မာတဲ့ သင်ရိုးညွှန်းတမ်း၊ Critical Thinking (ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း) နဲ့ Practical Application (လက်တွေ့အသုံးချနိုင်စွမ်း) ကို အသားပေးတဲ့ Global Education ပုံစံတွေနဲ့ ထိတွေ့ပျိုးထောင်ပေးမှသာ Pre-school ကနေ Primary၊ အနာဂတ် ပညာရေးခရီးလမ်း တစ်လျှောက်လုံးမှာ အခက်အခဲမရှိ ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်🎓🚀
Q-dees International Preschool မှာဆိုရင်
🏆 Asia Pacific Brand Foundation ရဲ့ အကောင်းဆုံး သင်ရိုးဆုကို (၁၀) နှစ်ဆက်တိုက် ရရှိထားတဲ့ Q-dees ရဲ့ မူပိုင် Link & Think Methodology သင်ရိုးနှင့်အတူ၊
🌱 Holistic Learning Approach ဖြင့် ကျောင်းပညာရေး အပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တပိုင်းဆိုင်ရာတွေ ဘက်စုံဖွံ့ဖြိုးလာစေရန် ပျိုးထောင် သင်ကြားပေးလျက် ရှိပါတယ်။
မိခင်ဘာသာစကား အပါအဝင် English နဲ့ Mandarin ဘာသာစကားတွေကိုလည်း အထိရောက်ဆုံး သင်ကြားပေးနေပြီး ခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေနဲ့ သားသားမီးမီးတို့ရဲ့ ပညာရေးခရီးလမ်းအတွက် စိတ်အချရဆုံး ရွေးချယ်မှုတစ်ခု ဖြစ်စေမှာပါ💯
Q-dees International Preschool တွင်
သင်ကြားပေးလျက်ရှိသော Program များ
✅အသက် ၂နှစ် ၈လ မှ ၃နှစ်အရွယ်တွင် စတင်တက်ရောက်နိုင်မယ့် 𝗘𝗗𝗣 (𝗘𝗮𝗿𝗹𝘆 𝗗𝗶𝘀𝗰𝗼𝘃𝗲𝗿𝘆 𝗣𝗿𝗼𝗴𝗿𝗮𝗺)
✅အသက် ၄ နှစ်မှ စတင်တက်ရောက်နိုင်မယ့် 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝟭 (𝗣𝗿𝗲-𝗞𝗚)
✅အသက် ၅ နှစ်မှ စတင်တက်ရောက်နိုင်မယ့် 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝟮 (𝗞𝗚)
အရည်အချင်းပြည့်ဝတဲ့ ဆရာ/ဆရာမများ၊ ခေတ်မီသင်ထောက်ကူပစ္စည်းများနဲ့အတူ Q-dees ရဲ့ သင်ကြားရေး Program များကို ကိုယ်တိုင်ကိုယ်ကျ School Visit လာရောက်လေ့လာဖို့ကိုလည်း နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်🤗🏫
Q-dees International Preschool Mandalay
📍လိပ်စာ - ၆၅ လမ်း၊ ၁၀၃ လမ်း (သဇင်လမ်း) ထောင့်၊ မြို့သစ် (၁)၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
☎️ 09-790500888, ☎️09-965402474
"l