Novatek တည်ထောင်သူ နှင့် အင်တာဗျူး တတိယပိုင်း မှာ
ပရောဂျက် အတွေ့ အကြုံနဲ့ လုပ်ငန်းခွင် စိန်ခေါ် မှု တွေကို
ရှင်းပြထားပါတယ်.
Novatek
Architectural Design Consultant/
Design & Engineering Vocational School, Mandalay
09 2016484, 09 798727272
Architectural Design Consultant
Design & Engineering Vocational School, Mandalay
092016484, 09798 727272
01/12/2025
ငလျင်အပြီး ပြန်လည်မွမ်းမံခဲ့ရတဲ့..မန္တလေးသမိုင်းဝင် အင်္ဂလိကန်ဘုရားကျောင်းကြီးရဲ့
အတွင်းပိုင်း နဲ့ lighting design ကို
Novatek Designမှလည်း ကူညီအကြံပေးခဲ့ပီး
Space MEP Design နဲ့ Home Land Decoration တို့မှ တာဝန်ယူတပ်ဆင်လုပ်ဆောင်ပေးထားပါတယ်။ ❤️
Novatek တည်ထောင်ဦးဆောင်သူရဲ့ အတွေ့ အကြုံနဲ့ အတွေးအခေါ် တွေကို ထင်ဟပ်စေမယ့် မကြာသေးမီက ဖြေကြားခဲ့တဲ့ အင်တာဗျူး ဒုတိယပိုင်း ဖြစ်ပါတယ်။
ပြည်တွင်းမှာ၁၅နှစ်ကျော် ရပ်တည်လာခဲ့တဲ့ ဒီဇိုင်းနာတယောက် အနေနဲ့ လက်တွေ့ material ရွေးချယ်မှု နဲ့ ပရောဂျက် တွေမှာ ကြုံရတတ်တဲ့ စိန်ခေါ် မှုတွေကို ဖြေကြားထားပါတယ်။
Novatek ရဲ့ တည်ထောင်ဦးဆောင်သူ
ဦးအောင်ဇော်မင်းရဲ့ ၁၅နှစ်ကျော်ဖြတ်သန်းခဲ့ရရှိလာတဲ့ အတွေ့ အကြုံနဲ့ အတွေးအခေါ် တွေကို
ထင်ဟပ်စေမယ့် မကြာသေးမီက ဖြေကြားခဲ့တဲ့
အင်တာဗျူး ပထမပိုင်း ဖြစ်ပါတယ်။
Novatek မှာ သူဘယ်လို အလုပ်လုပ်လဲ စာသင်ပေးနေလဲ ဆိုတာတွေ အကဲခတ်နိုင်သလို.. ငယ်စဥ် ကရှိခဲ့တဲ့ skills တွေ နဲ့ Educator နဲ့ Designer အဖြစ် ဘယ်လို လျှောက်လှမ်း ပုံဖော် ရပ်တည် ခဲ့လဲ ဆိုတာကို ဝါသနာတူ
လူငယ်တွေ နဲ့ ဒီဇိုင်းနာတွေ ကို Share လုပ်ထားပါတယ်။
11/11/2025
M&E Design ဒီပလိုမာ တန်းတက်ရောက်မည့် သူများသို့
M&E Design ဒီပလိုမာရယူရန်အတွက် သင်ရိုး ပရိုဂရမ်တွင်ပါဝင်သော Module များကို သတ်မှတ်ရက်အတွင်း ပြီးစီးအောင် တက်ရောက်ထားရန် လိုအပ်ပါတယ်။
ယခင် Moduleတစ်ခုစီ တက်ရောက်ပီးစီးထားသူများ အနေနှင့်လည်း ဒီပလိုမာအတွက် လိုအပ်သော Module များကို သတ်မှတ်ရက်အတွင်း တက်ရောက်နိုင်ပါတယ်။
(ဒီပလိုမာရဲ့ ရည်ရွယ်ချက်မှာ.. Skill set တစ်ခုလုံးကို ခြုံငုံ လေ့ကျင့်သင်ကြားခြင်းဖြစ်လို့ -ပရိုဂရမ်စီစဥ် ထားတဲ့ အတိုင်းသွားမှသာ အောင်မြင် ထိရောက်မှာဖြစ်ပါတယ်။ )
နောက်ဆုံးထားကာ စတင်တက်ရောက်ရမည့် Program အချိန်ဇယားမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
Semester I (Module 1, 3, 4) ကို ၂၀၂၆ January အပြီး တက်ရောက်
Semester II (Module 2, 5) ကို ၂၀၂၆ February တွင် စတင် တက်ရောက်ရန်။
အထက်ပါ အစီအစဉ်အတိုင်း တက်ရောက်ထားသူများသည် April လကုန်တွင် Diploma တန်းပြီးစီးမည် ဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် Semester II ကို ခေတ္တရပ်နားထားလိုပါက
(၃ )လခေတ္တ ရပ်နားနိုင်ပြီး ၂၀၂၆ July တွင် ပြီးစီးရန် လိုအပ်တယ်။
Module အားလုံးကို ၉ လ အတွင်း ပီးစီးအောင်တက်ရောက်ရန်
ဖြစ်ပီး.Moduleတစ်ခု သာသင်ယူထားပီး ၉လထက်ကျော်လွန် အဆက်ပြတ်နေသူများအတွက်.. လိုအပ်သည့် Module များကိုသာ ဆက်လက်တက်ရောက်ကာ နိုင်မှုရှိမရှိကို (RPL) Assessment (စဥ်ဆက်မပြတ် လေ့ကျင့်မှု ရှိမရှိ စစ်ဆေးခြင်း) ဖြင့် ဆရာများမှ ဆုံးဖြတ်ပါမည်။
Module 1: M & E Theory
Module 2: Design & Planning
Module 3: ACMV Phase one
Module 4: AutoCAD / Revit for MEP Design & Planning
Module 5: Additional Services & Coordination
သင်တန်းကြေးကို လစဉ် 6 ရစ် ခွဲသွင်း နိုင်ပါသည်။
Novatek Design + Training Services
၆၅ အေလမ်း ၃၄ ၃၅ ကြား မန္တလေး
09 2016484 Viber
09 798 72 72 72 Telegram
24/10/2025
Diploma in M&E Design မကြာမီဖွင့်ပါမည်။ သင်ရိုးအသေးစိတ်ကတော့.....
တကယ်က M&E သင်တန်းတွေကို Certificate ပေးတဲ့ Module တစ်ခုချင်း Novatek မှာ ဖွင့်လှစ်သင်ကြား နေတာ ဆယ်စုနှစ်တစ်ခုကြာပါပြီ။
Commercial နဲ့ အိမ်တွေ လို အခြေခံအဆောက်အဦတွေမှာ M&E ဆားဗစ်ကောင်းမကောင်းက မဖြစ်မနေ စဥ်းစားရမယ့် ကိစ္စ တစ်ခုဖြစ်လာတာနဲ့ အတူ
ဆောက်လုပ်ရေး ပရောဂျက်တွေ မှာ လှပမှုကနေ Daily Operation & Performance အထိ ဒီဇိုင်းနဲ့ပေါင်းစပ်ညှိနှိုင်းမှုကောင်းမွန်တဲ့ M&E အင်ဂျင်နီယာတွေ ကအဓိက ကျလာပါတယ်။
Building တစ်ခုရဲ့ Mechanical & Electrical Services တွေကို လေ့လာသိရှိပီး Professional လမ်းကြောင်းတစ်ခုကိုရွေးချယ်နိုင် ဖို့၊ Construction professional တွေ အကြား Coordination & Hand over လုပ်ဖို့ သိထားရမယ့် အချက်တွေကို ဖြည့်စွက်ဖွင့်လှစ်လိုက်တဲ့ သင်ရိုးဖြစ်ပါတယ်။ သင်တန်းက 4 လ ကနေ ၅ လ အတွင်း ကြာမှာဖြစ်ပီး တပတ်ကို အနည်းဆုံး ၃ ရက် အချိန်ပိုင်း တက်ရောက်ရမှာဖြစ်ပါတယ်။
ပါဝင်တဲ့ Course Outline အနေနဲ့ကတော့
Module 1: M & E Theory (40Hrs.)
Introduction to Building M&E Services
Plumbing (Water)Services
Sanitary Services
Electrical Services
Fire Protection Services
Module 2: Design & Planning (40 Hrs.)
Plumbing & Sanitation Design Drawing
Plumbing & Sanitation Schematic Drawing
Electrical Design Drawing
Single Line Diagram for Electrical System
Fire Protection Design Drawing
Fire Protection System Schematic Drawing
Bill of Quantities for P&S
Bill of Quantities for Electrical
Bill of Quantities for FPS
Module 3: ACMV Phase one (20Hrs.)
Combined Service Drawing
Project Ex*****on
Cooling Load
Module 4: AutoCAD / Revit for MEP Design & Planning (35 hrs.)
တတ်မြောက်ထားတဲ့သူများ တက်ရောက်ရန်မလိုပါ။
Module 5: Additional M & E Services
Safety, Solar System, Telecom, CCTV & Security, Swimming Pool, Passive Designs, Automation, Structure & Architectural Coordination, Project
Management Concepts (20 Hrs.)
Module တစ်ခုချင်းကို တက်ထားပီး နောက် ထပ် Module ထပ်တက်ကာ မိမိ Professional ကို Boost up လုပ်ချင်တဲ့ သူတွေ....
ဆိုက်မှာနေရတဲ့ M&E အင်ဂျင်နီယာဘဝကနေ ဒီဇိုင်း ထိုင်ဆွဲချင်တဲ့ သူတွေ....M&E ဒီဇိုင်း ဆွဲတဲ့ ရုံးထိုင်ကနေ ဆိုက်မှာပါလုပ်နိုင်စွမ်းတိုးချဲ့လိုသူတွေ အတွက်
လိုတဲ့ Module ကို ပြန်တက်လိုက်ပီး
သင်ရိုးက လုပ်ရမယ့် ပရောဂျက်တွေ ကို လုပ်နိုင်တာနဲ့
Certificate to Diploma upgrade လုပ်ပေးမယ့်
အစီအစဥ်လည်းဖြစ်ပါတယ်။
ဆိုလိုတာက အရင်က Theory နဲ့ Design Estimates Module တက်ရောက်ထားသူများအနေနဲ့ ACMV နဲ့ Project management workshopတွေ ထပ်ဖြည့်တက်ပီးရင် Diploma ရရှိမှာဖြစ်ပါတယ်။
Duration: ၅ လ (150 Hrs.)
အွန်လိုင်း သင်တန်းမဟုတ်ပါ။
သင်ကြားမည့် ဆရာများ
အေးမြမော် Founder, Space M&E Design Consultant B.E (Mechanical) TU. ကျောက်ဆည်(Module 1 ,2 & 3)
အောင်ဇော်မင်း Founder, Novatek Design M.E (Faculty of Energy, Bauman Moscow State Technical University) (Module 5)
အောင်ကိုမင်း Structural Designer, M.E (University of Tokyo), M.E (Mandalay Technical University) (Module 5)
သဲမျိုးမာ-လဲ့ယဥ်စန်း B.E (Mechanical) TU. ကျောက်ဆည် (Module 4)
ကောင်းထက်ဦး BE Civil TU မန္တလေး(Module 4)
ထွန်းမြင့်သန်း -M.Sc. (Mechanical) - Nanyang Technological University (Module 3)
Novatek Design+ Training Services
Mandalay
29/09/2025
Novatek Design School 13th Intake ရဲ့ ကျောင်းဆင်းဂုဏ်ပြု ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ စနေနေ့ က Jupiter Restaurant မှာ The Mystery Band နဲ့ အတူ ဧည့်ခံဖျော် ဖြေခဲ့ကြပီး ဆရာဆရာမများနဲ့အတူ မန္တလေးမြို့မှာ အလုပ်လုပ်နေတဲ့ အင်တိတ်အသီးသီးက ကျောင်းဆင်း Designer တွေကပါ အတူတူတက်ရောက် Celebrate ပြုလုပ်ခဲ့ကြပါတယ်
အခမ်းအနားမှာ
🎓TM Design Studio မှချီးမြှင့်တဲ့စကောလားရှစ်ဆု ကို ရဲမြင့်အောင်က လည်းကောင်း
🎓Live life Mandalay မှချီးမြှင့်တဲ့ စကောလားရှစ်ဆုကို ကောင်းမင်းထက်က လည်းကောင်း
🎓 Novatek မှ ဒီဇိုင်း Category အလိုက်ချီးမြှင့်တဲ့ ဆုများကို
လဲ့မွန်ဦး၊ သူဇာမြင့်မြတ်ဦး၊ ပြည့်ဖြိုးသန့်၊ စိုင်းဆိုင်လှိုင်း၊ ရဲမြင့်အောင်၊ ကောင်းမင်းထက် နှင့် အေးမင်းမြတ် တို့မှလည်းကောင်း အသီးသီးရရှိခဲ့ကြပါတယ်။
A joyful afternoon of music, laughter, and celebration 🎶🥂 Congratulations to our graduates
you are our pride and our inspiration for the future. 🎓✨
26/09/2025
13th intake Design School ပရောဂျက် Presentation ဒုတိယနေ့
ခေါင်းစဥ်အချို့
၁။ မန်းတလေးတပြစာ Essential Facilities များ ဒီဇိုင်း လုပ်ခြင်း
(ပြဝက်စျေး-ကျောင်း-နှင့် အိမ်များ ) စိုးဝင်း (Civil Engineer)
၂။ ရှမ်း Modern Vernacular Residence နန်းမွင်လှိုင်း
၃။ ဆိုလာနှင့်အိမ်ဒီဇိုင်း အိမ်တွင်းပါဝါလိုအပ်ချက်များ တွက်ချက်ရေးဆွဲထားသော လုံးချင်း အိမ်ဒီဇိုင်းများ
လှိုင်မင်းထက် ၊ အောင်မြင့်သူ (Civil Engineer)
၄။ Myanmar Monastic Inspired architecture &
Midcentury Myanmar Furniture ကိုလှိုင်ဘွား
၅။ မန္တလေးမှာ အဆောက်များတဲ့ မျက်နှာစာကျဥ်းသော
ရုံးခန်းပါ လူနေအိမ်ဒီဇိုင်း များ
အောင်မင်းခန့် (Civil Engineer)
၆။ တရုတ်တန်း night-out market အောင်မြင့်သူ (Civil Engineer)
Research & problem-solving skills နဲ့ idea evaluation အပါအဝင် hand on skill များ
ရ။ Detach Brutal house ဒီဇိုင်း set + Branding Shan Tea စိုင်းဆိုင်လှိုင်း
၈။ Anglo Colonial ဟိုတယ် building & interior အိအိသင်းချို
၉။ စစ်ကိုင်းအိုး + Boho Pottery Space
Research & problem-solving skills နဲ့ idea evaluation အပါအဝင် hand on skill များ
တိုးတက်လာမှု လက်တွေ့ဆန်မှုများကို ဂုဏ်ယူအသိအမှတ်ပြုပါတယ်။
Novatek Design School
19/09/2025
13th intake Design School ပရောဂျက် Presentation ပထမနေ့ မှ တင်ပြပြုလုပ်နိုငိခဲ့တဲ့ ခေါင်းစဥ်အချို့
၁။ Designing Myanmar Rural village facilities ( Houses Clinic Morning-market School and Monastery)
အညာက ကျေးရွာ တရွာစာ အိမ် စျေး ေကျာင်း ဆေးခန်း ဘက်စုံသုံးဓမ္မာရုံ စတဲ့ အခြေခံအဆောက်အဦးများကို ဒေသအကျိုးပြု ဒီဇိုင်းရေးဆွဲပေးခြင်း - ဆိုက်တည်နေရာ မြောင်မြို့နယ်..ရဲမြင့်အောင် BE(Civil)
၂။ Separated Narrow Space ၂၀ ပေအောက် မျက်နှာစာကို အထပ် လိုက် (ဆိုငိ-အလယ်ထပ် နှင့် အပေါ်၁.၅ထပ်စီ) နေထိုင်သူမတူ သီးသန့်အသုံးပြုနိုင်သော အဆောက်အဦရရန် စီမံဖြေရှင်းခြင်း-မန္တလေး နွယ်နွယ်ဝင်း BE Civil
၃။ Architectural Articulation- ဒစ္စနေးရဲတိုက်ပုံစံ Form နှင့် ရတနာပုံခေတ် Expression ပေါင်းစပ် အသုံးပြုခြင်း
ရှိုင်းကိုကို High School Graduate
၄။ Designing a house from Real information & site condition
နိုဗာတက်မှ ဒီဇိုင်း case တခုကို ချ ပေးပြီး မိမိဘာသာ စဥ်းစားဒီဇိုင်းနှင့် details ထုတ်စေခြင်း အနီးစခန်းအိမ်
ဆုဝေလှိုင်High School Graduate
၅။ ရှမ်းရိုးရာ ယဥ်ကျေးမှုနှင့်လှုမှုရေး အဆောက်အဦ- နန်းဌေးဌေးလူ UFL(English)
၆။ whispers of အမရပူရ 84- contemporary vernacular house from amarapura 80sကောင်းမင်းခန့် BE Civil
၇။ How you want to live emotionally and spatially energy sufficient
ရန်ကုန်တိုက်ခန်း တွေရဲ့ မှောင်မိုက်ကျဥ်းမြောင်းတဲ့လှေကားများ တိုက်ခန်းအလွှာတိုင်းသုံးနိုင်ဖို့
လိုအပ်ချက်ရှိတယ်လို့ထင်တဲ့ community space စွမ်းအင်စတဲ့စိန် ခေါ်မှုတွေ ကို လောက်ငေစရန် design point of view က ဖြေရှင်းခြင်း- ရဲရင့်သူရ High School Graduate
Research & problem solving skills နဲ့ idea evaluation အပါအဝင် hand on skill များ
တိုးတက်လာမှု လက်တွေ့ဆန်မှုများကို ဂုဏ်ယူအသိအမှတ်ပြုပါတယ်။
Novatek Design School
-
30/08/2025
ဒီနှစ် Novatek Design School မှ Student Project များကို Collage Poster Art ဂျာနယ်ပုံစံထုတ်ဝေထားပါတယ်။ တစ်မျက်နှာချင်းစီမှာ ကုန်ကြမ်းအဆင့်ကနေ ဒီဇိုင်းပြီးမြောက်သည့်အထိ စာမျက်နှာတစ်ခုတည်းနဲ့ ပြသနိုင်အောင် ကျောင်းသားတွေ ကိုယ်တိုင် page layout ပြင်ဆင်ထားပါတယ်။
Enjoy from your Screen ပါ
ယခု VOl-8 ဂျာနယ်ထဲမှာတဲ့ ပရောဂျက်တွေက 12th Intakeက ဖြစ်ပြီး ယခု သင်တန်းစတင်ထားတာကတော့ 14th Intake ဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် အတန်းမမီခဲ့သူများ၊ ယခု 14 intake နဲ့အတူ တက်ချင်သူများအတွက် Section အသစ်ကို စက်တင်ဘာလအတွင်း ဖွင့်လှစ်ဖို့ရှိနေကြောင်းလည်း အသိပေး ကြေညာလိုက်ပါတယ်။
12th Intake
Novatek Design School
Mandalay
092016484
09798727272
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
65A Street, Between 34 X 35 Sts
Mandalay
Opening Hours
| Monday | 10:00 - 17:30 |
| Tuesday | 10:00 - 20:30 |
| Wednesday | 10:00 - 20:30 |
| Thursday | 10:00 - 20:30 |
| Friday | 10:00 - 20:30 |
| Saturday | 10:00 - 20:30 |
| Sunday | 10:00 - 20:30 |