10/12/2023
Literary Devices ဆိုတာဘာတွေလဲ❓
📌 Literary Devices ကိုတစ်နည်းအားဖြင့် Language Devices (သို့) Linguistics Devices လို့လဲခေါ်ကြပါတယ်။ ဆိုတော့ ဒါတွေကဘာတွေလဲ?
📌 “Literary devices are techniques that writers use to express a mood, feeling or theme more effectively.”
📌 EFL မှာ ဘယ် Past Paper က Text မဆို ဒီ Devices တွေမပါတဲ့စာပိုဒ် Text ဆိုပြီးမရှိပါဘူး။ ဒါကြောင့် ဒီ Devices တွေဟာ အလွန်ကိုအရေးကြီးတဲ့ ကဏ္နကနေပါဝင်နေပါတယ်။ Analytical ပိုင်းမှာလည်း တော်တော်လေးအသုံးဝင်ပါတဲ့အပြင် Narrative & Descriptive တွေရေးရာမှာတွင်လည်း လွန်စွာ အထောက်အကူပြုပါတယ်။ မှတ်ရတာအလွယ်ကူဆုံးနည်းလေးတွေကိုအောက်မှာဖော်ပြပေးထားပါတယ်။
1. Hyperbole 🍚🍶
“I ate a hundred bowls of rice.”
ဘယ်လူသားမှထမင်း ပွဲ ၁၀၀ မစားနိုင်ပါဘူး။ မဖြစ်နိုင်လောက်အောင် ချဲ့ကားပြီးရေးထားတာကို Hyperbole လို့ခေါ်ပါတယ်။
2. Simile 👱🏻♀️🪽
“Anna is like an angel.”
Anna ကို နတ်သမီး Angel သဖွယ်တင်စားပြီးရေးထားတာပါ။ “Like” & “As” ကိုသုံးပြီးတင်စားထားတယ်ဆိုရင် Simile တစ်ခုဖြစ်ပါတယ်။
3. Metaphor 👩🏼🪽
“Anna is an angel.”
ဒီမှာလည်း Anna ကို နတ်သမီးသဖွယ်တင်စားထားတာပါပဲ။ “Like” & “As” မပါဘဲ တင်စားထားတယ်ဆို Metaphor တစ်ခုဖြစ်ပါတယ်။
4. Personification ⚡️🌧️
“The thunder roared through the sky.”
မိုးကြိုးချိန်းတာကို ခြင်္သေ့တစ်ကောင်ဟိန်းပုံနဲ့နှိုင်းထားတာပါ။ မိုးကြိုးဆိုတာ သက်မဲ့၊ ဟိန်းတယ်ဆိုတာ သက်ရှိတွေပဲလုပ်နိုင်တဲ့အရာ။ ဒါကြောင့် သက်မဲ့တစ်ခုခုကို သက်ရှိတွေရဲ့ Qualification တစ်ခုနဲ့တင်စားထားရင် Personification ဖြစ်ပါတယ်။
5. Oxymoron✅❎
“He’s pretty ugly.”
Pretty ဆိုတာလှပသော၊ Ugly ဆိုတာ ရုပ်ဆိုးသော။ ဒီလို ဆန့်ကျင်ဖက် Quality နှစ်ခုကိုကပ်ပြီးသုံးထားတယ်ဆိုရင် Oxymoron ဖြစ်ပါတယ်။
6. Imagery 🌌☁️
“The pitch-black clouds filled the sky.”
ဒီစာကြောင်းကိုဖတ်လိုက်တာနဲ့ မဲမှောင်နေတဲ့တိမ်တိုက်တွေကို ကျွန်တော်တို့ပြေးမြင်ပါတယ်။ ဒါကို Imagery လို့ခေါ်ပါတယ်။
7. Onomatopoeia 🚗🔈
“The car horn beeped deafeningly.”
ကားဟွန်းမြည်တဲ့အသံ “ပီ” ဆိုတာကို တိုက်ရိုက် စကားလုံးတစ်လုံးအနေနဲ့ယူသုံးထားတာပါ။ အပြင်လောကမှာတကယ်မြည်တဲ့အသံများ (Bang, Boom, Pop, etc) Made-up words တွေကို တိုက်ရိုက်ယူသုံးထားရင် Onomatopoeia ဖြစ်ပါတယ်။
စလေ့လာခါစမှာ ခက်ခဲနိုင်ပေမဲ့ ဒီ Devicesတွေကို ဖတ်တာများ၊ ရေးတာများလာတဲ့အခါလွယ်သွားပါလိမ့်မယ်။ EFL နဲ့ပက်သပ်လို့လေ့လာရတာအခက်အခဲတွေ့နေတဲ့ ကျောင်းသား၊ကျောင်းသူများ Online Tutoring Sessions များ လာရောက်စာရင်းသွင်းနိုင်ပါပြီခင်ဗျာ။ 👨🏫📖