IMAT Academy

IMAT Academy Prepare for the worst, hope for the best🍀

https://youtu.be/gv9fcWlWX4w?si=VaRZXbq6qZJ7Wjfkအားလုံးဘဲ မင်္ဂလာပါ🥰 adminတို့ရဲ့ YouTube channelအသစ်လေး မှာ IMATအကြောင်...
21/04/2026

https://youtu.be/gv9fcWlWX4w?si=VaRZXbq6qZJ7Wjfk
အားလုံးဘဲ မင်္ဂလာပါ🥰 adminတို့ရဲ့ YouTube channelအသစ်လေး မှာ IMATအကြောင်းရာစုံစုံလင်လင်ကို တင်ပေးမှာမလို့ subscribe လုပ်ပေးကြပါအုံးနော်🤩

4 likes, 1 comment. "“I Visited a Medical University in Bologna 🇮🇹 | Here’s What I Saw”"

17/04/2026

အားလုံးဘဲမင်္ဂလာပါ🫶
ဒီတစ်ခေါက်မှာတော့ အီတလီမြောက်ပိုင်းရဲ့ အနီရောင်မြို့ကလေး Bolognaဆီကို အလည်သွားရအောင်လေ။ ❤️Bolognaမြို့ကတော့ အီတလီမြို့တွေထဲက နာမည်ကြီးတဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်။ Bolognaက tortellini တို့ Bolognese တို့အရမ်းနာမည်ကြီးသလို Bolognaတက္ကသိုလ်ဟာဆိုရင်လည်း အနောက်နိုင်ငံတွေထဲမှာ သက်တမ်းအရင့်ဆုံး ရှေးအကျဆုံးတက္ကသိုလ်အဖြစ်တည်ရှိနေပါတယ်။😲

အားလုံးဘဲ နှစ်သစ်မှာစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ ဗွမ်း💦🔫

06/04/2026

အားလုံးဘဲမင်္ဂလာပါ🫶🏼
ဒီနေ့မှာတော့ Parma universityရဲ့ အင်္ဂလိပ်ဆေးကျောင်းရှိရာ Piacenzaမြို့လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ❤️အခုချိန်ဆိုရင် IMATဆေးကျောင်းဝင်ခွင့်တွေ ပြင်ဆင်နေကြရင်း ဘယ်ကျောင်းကိုရွေးရမလဲဆိုတာစဉ်းစားနေလောက်ကြပါပြီ။ ဘယ်ကျောင်းကိုရွေးရမလဲစဉ်းစားတဲ့အခါမှာ ကျောင်းက ဘယ်လိုမြို့မှာရှိတာလဲဆိုထည့်စဉ်းစားရပါတယ်။ ဘာလို့ဆို ကိုယ်သည် အဲ့မြို့မှာ ၆နှစ်ကြာ ဆေးပညာသင်ကြားရမှာဖြစ်တဲ့အတွက် ကိုယ့်ဘဝနေထိုင်မှုlifestyleနဲ့ ကိုက်ညီရဲ့လားဆိုပြီး တွေးကြည့်ရပါသေးတယ်။ ဒီတော့ ဒီနေ့မှာတော့ adminတို့ရှိရာ Piacenzaမြို့လေးကို အလည်လိုက်ခဲ့ပါဦး။

30/03/2026

အားလုံးဘဲမင်္ဂလာပါ🫶🏼
ဒီတစ်ပတ်မှာတော့ အီတလီနိုင်ငံ🇮🇹university of Parma ဆေးကျောင်းကို အလည်ခေါ်သွားချင်ပါတယ်။ Parma ကျောင်းမှာ တတိယနှစ်တက်နေတဲ့admin ကျောင်းသားဘဝ🩺🧑‍⚕️ကိုလည်း ဖော်ပြထားပါတယ်။ ဒီvideo လေးက Parmaဆေးကျောင်းကို စိတ်ဝင်စားနေတဲ့သူတွေအတွက် အသုံးဝင်ဖို့မျှော်လင့်ပါတယ်။❤️

22/03/2026
Paviaဆေးကျောင်းသို့ အလည်တစ်ခေါက်အမှတ်တရ🫶🏼🩺🇮🇹အလည်လိုက်ပြပေးသော ညီမလေး Ei Thandar Khinနဲ့ အကိုကြီး Soe Yan Naung တို့ကိုအထ...
21/03/2026

Paviaဆေးကျောင်းသို့ အလည်တစ်ခေါက်အမှတ်တရ🫶🏼🩺🇮🇹
အလည်လိုက်ပြပေးသော ညီမလေး Ei Thandar Khinနဲ့ အကိုကြီး Soe Yan Naung တို့ကိုအထူးကျေးဇူးတင်ပါတယ်။

19/03/2026

University of Pavia ရဲ့ Medicine & Surgery Campus ကို အလည်သွားကြရအောင်…🇮🇹🩺

ဒီနေ့တော့ Pavia မြို့လေးမှာရှိတဲ့ University of Pavia က Medicine & Surgery Campus ကို အလည်သွားခဲ့ပါတယ်။🏥 ဒီ video လေးက IMAT ဖြေဖို့ အီတလီက ဘယ်ကျောင်းရွေးရမလဲစဉ်းစားနေတဲ့သူတွေရယ် ကျောင်းရဲ့ campus ကဘယ်လိုရှိမလဲသိချင်နေတဲ့သူတွေအတွက်အထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်။🫶🏼

Pavia ရဲ့ campus ကဘယ်လောက်လှလဲသိရအောင် video ရဲ့ part 1 လေးကိုကြည့်လိုက်ရအောင်နော်။

အားလုံးဘဲ မင်္ဂလာပါIMAT Academy မှ ပြန်လည်ပြီး ကြိုဆိုပါတယ်။ 🫶🏼 ဒီတစ်ပတ်မှာတော့ အီတလီမှာ ကျောင်းသားတစ်ယောက်အနေနဲ့ စားသော...
11/03/2026

အားလုံးဘဲ မင်္ဂလာပါIMAT Academy မှ ပြန်လည်ပြီး ကြိုဆိုပါတယ်။ 🫶🏼 ဒီတစ်ပတ်မှာတော့ အီတလီမှာ ကျောင်းသားတစ်ယောက်အနေနဲ့ စားသောက်စရိတ်ဘယ်လောက်ကုန်ကျလဲဆိုတာ ပြောပြပေးပါမယ်။

Adminတို့က စျေးကို နှစ်ယောက်စုပြီးဝယ်တာပါ။
တစ်လကို adminတို့ လွန်ရော်ကျွန်ရော်စားအုန်း တစ်ယောက်ကို 150€လောက်ကျပါတယ်။ အဲ့ဒီစားစရိတ်ထဲမှာ တစ်ကိုယ်သုံးပစ္စည်းဖိုးတွေပါပြီးသားပါ။ တစ်ကိုယ်ရည်သုံးပစ္စည်းဆိုသည်မှာ သွားတိုက်ဆေး၊ဆပ်ပြာ၊ ခေါင်းလျှော်ရည်တို့ကိုပြောတာပါ။ ဒါကတော့ admin တို့ကုန်တာကိုပြောပြတာပါ။

ဒါပေမယ့် ကိုယ်က အပြင်စာတွေထွက်စားတာများရင်တော့ ကုန်ကျစရိတ်သည် ဒီထက်ပိုနိုင်ပါသည်။ အပြင်တစ်ခါထွက်စားရင် အနည်းဆုံး 10€လောက်တော့ပေးရပါလိမ့်မည်။

အောက်ကပုံလေးတွေမှာလည်း supermarket တွေကုန်ပစ္စည်းလေးတွေ ဘယ်လောက်စျေးရှိလဲဆိုတာ ဥပမာနဲ့ ပြောပြထားပေးပါတယ်။

ဒီပို့စ်လေးက အားလုံးအတွက် အသုံးဝင်ဖို့မျှော်လင့်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

နောက်ထပ်လည်း အီတလီနဲ့ပတ်သတ်နဲ့ အကြောင်းအရာတွေ အားရင်အားသလိုတင်ပေးဦးမှာမလို့ like and follow လုပ်ထားဖို့ တောင်းဆိုပါတယ်။

05/03/2026

Esselungaမှာ FIDATY cardလေးရှိရင် စျေးလျော့ပေးတဲ့အပြင် 1€ကို 1pointပေးပါတယ်။ pointစုပြီး pointနဲ့ ပစ္စည်းလက်ဆောင်တွေလှဲလယ်နိုင်ပါတယ်။

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when IMAT Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share