Continuous Learning College

Continuous Learning College Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Continuous Learning College, Education, No. 56/B, Myaing Hay Wun Housing Road, 8 Mile, (4) Ward, Mayangone Township, Mandalay.

🏥 လူကြီးမင်းတို့ရဲ့ ကျန်းမာရေးကို တစ်နှစ်တစ်ကြိမ် စစ်ဆေးသလို…သင့်စီးပွားရေးရဲ့ ကျန်းမာရေးကိုရော စစ်ဆေးပြီးပြီလား?အပြင်ပန...
24/08/2026

🏥 လူကြီးမင်းတို့ရဲ့ ကျန်းမာရေးကို တစ်နှစ်တစ်ကြိမ် စစ်ဆေးသလို…

သင့်စီးပွားရေးရဲ့ ကျန်းမာရေးကိုရော စစ်ဆေးပြီးပြီလား?

အပြင်ပန်းမှာ အရောင်းရှိနေပေမယ့် အမြတ်မကျန်တာ၊
ဝန်ထမ်းရှိပေမယ့် လုပ်ငန်းမလည်ပတ်တာ၊
ဖောက်သည်ရပေမယ့် ပြန်လည်ဝယ်ယူမှုနည်းတာ၊
SOP ရှိပေမယ့် လက်တွေ့မလိုက်နာတာတွေ ဖြစ်နေပါသလား?

ခန့်မှန်းပြီး လုပ်ငန်းလုပ်နေမယ့်အစား အချက်အလက်တွေနဲ့ သေချာစစ်ဆေးကြည့်ဖို့ လိုပါပြီ။

📊 BUSINESS CHECKUPS
ကိုယ်တိုင် စစ်ဆေး၊ အားနည်းချက်ရှာ၊ ရက် ၉၀ အတွင်း ပြုပြင်မည့်အစီအစဉ်ရေးဆွဲနိုင်မည့် သင်တန်း

ဒီသင်တန်းမှာ သင့်လုပ်ငန်းရဲ့ အဓိကကဏ္ဍ (၅) ခုကို ကိုယ်တိုင်စစ်ဆေးနိုင်အောင် လက်တွေ့သင်ကြားပေးသွားမှာဖြစ်ပါတယ်။

✅ ၁။ Financial Checkups — ဘဏ္ဍာရေးစစ်ဆေးခြင်း

* ဝင်ငွေနှင့် အသုံးစရိတ်အခြေအနေ
* အရှုံး/အမြတ်နှင့် အသားတင်အမြတ်
* ငွေကြေးစီးဆင်းမှုနှင့် ကုန်ကျစရိတ်ထိန်းချုပ်မှု
* စီးပွားရေးအမှန်တကယ် အမြတ်ကျန်ခြင်းရှိ/မရှိ

✅ ၂။ Sales Checkups — အရောင်းစစ်ဆေးခြင်း

* Target နှင့် Actual အခြေအနေ
* ယခင်နှစ်များနှင့် နှိုင်းယှဉ်ထားသော အရောင်းတိုးတက်မှု
* ဖောက်သည်အသစ်ရရှိမှု
* Channel အလိုက် အရောင်းအခြေအနေ
* အရောင်းကျဆင်းရသည့် အကြောင်းရင်းများ

✅ ၃။ HR Checkups — ဝန်ထမ်းရေးရာစစ်ဆေးခြင်း

* ဝန်ထမ်းထွက်နှုန်းနှင့် တည်မြဲမှု
* ဝန်ထမ်းစည်းကမ်းလိုက်နာမှု
* အစမ်းခန့်မှ အတည်ပြုခန့်အထိ ဝန်ထမ်းအသစ်တည်မြဲမှု
* JD နှင့် KPI များအတိုင်း လုပ်ဆောင်နိုင်မှု
* လိုအပ်သောရာထူးနှင့် လူအင်အားပြည့်မီမှု
* အရေးကြီးရာထူးများအတွက် အစားထိုးခေါင်းဆောင်ပြင်ဆင်ထားမှု

✅ ၄။ Customer Service Checkups — ဖောက်သည်ဝန်ဆောင်မှုစစ်ဆေးခြင်း

* Customer Retention — ဖောက်သည်ဆက်လက်ထိန်းထားနိုင်မှု
* ပြန်လည်ဝယ်ယူမှုရာခိုင်နှုန်း
* အခြားသူများထံ ညွှန်းပေးလိုမှုနှုန်း
* ဖောက်သည်ဆုံးရှုံးရသည့်အကြောင်းရင်း
* ဖောက်သည်တိုင်ကြားမှုများကို ဖြေရှင်းနိုင်မှု
* ပြဿနာတွေ့ရှိပြီးနောက် ပြင်ဆင်တိုးတက်မှု

✅ ၅။ Operations Checkups — လုပ်ငန်းလည်ပတ်မှုစစ်ဆေးခြင်း

* သတ်မှတ်ချိန်အတွင်း ပို့ဆောင်/ပြီးစီးနိုင်မှု
* အလေအလွင့်နှင့် ပြန်လည်လုပ်ဆောင်ရမှု
* စာရင်းနှင့် ပစ္စည်းလက်ကျန်ကိုက်ညီမှု
* မတော်တဆမှု၊ Near-miss နှင့် လုံခြုံရေးစည်းကမ်း
* SOP အတိုင်း လက်တွေ့ဆောင်ရွက်နိုင်မှု

🔍 Checkups ပြုလုပ်ပြီးနောက် သင့်လုပ်ငန်းအတွက် အဖြေ (၄) မျိုးထဲမှ တစ်မျိုးရရှိပါမည်။

🟢 စီးပွားရေးကောင်း — ကျန်းမာသောစီးပွားရေးအခြေအနေ
🟡 စောင့်ကြည့်ရန်လိုအပ်နေသောအခြေအနေ
🟠 တိုးတက်အောင် ပြုပြင်ရန်လိုအပ်သောအခြေအနေ
🔴 အရေးပေါ်ပြုပြင်ရန်လိုအပ်သောအခြေအနေ

🎁 ဒီသင်တန်းရဲ့ အထူးခြားဆုံးအရာ

သင်တန်းသားများအား CEO Dashboard နှင့် ရက် (၉၀) Action Plan Templates များ ပေးအပ်သွားပါမည်။

ဒါကြောင့် သင်တန်းပြီးသွားရုံနဲ့ မပြီးပါဘူး။
မိမိလုပ်ငန်းကို ကိုယ်တိုင် Business Checkups ပြုလုပ်ပြီး အားနည်းချက်များကို ဖော်ထုတ်ကာ ရက် (၉၀) အတွင်း ပြုပြင်တိုးတက်အောင် လက်တွေ့ဆောင်ရွက်နိုင်ပါမည်။

📅 သင်ကြားမည့်ရက် — ၃၀.၀၈.၂၀၂၆ (Sunday)
💻 သင်ကြားမည့်ပုံစံ — Zoom Live
👨‍🏫 သင်ကြားမည့်ဆရာ — ဦးအောင်စည်လင်း (CLC College)

💵 ပုံမှန်သင်တန်းကြေး — ၅၀,၀၀၀ ကျပ်
🔥 ပထမဦးဆုံးအပ်နှံသူ (၅) ဦးသာ — ၁၉,၀၀၀ ကျပ်

ပထမဆုံး (၅) ဦးပြည့်သွားပါက ပုံမှန်သင်တန်းကြေးဖြင့်သာ အပ်နှံရပါမည်။

သင့်လုပ်ငန်းမှာ ပြဿနာကြီးဖြစ်လာမှ ဖြေရှင်းမလား?
ဒါမှမဟုတ် ပြဿနာအသေးလေးတွေကို အခုကတည်းက စစ်ဆေးပြီး ကြိုတင်ပြင်ဆင်မလား?

📩 သင်တန်းတက်ရောက်လိုပါက “Business Checkups” လို့ရေးပြီး Messenger တွင် ဖုန်းနံပါတ်ပေးခဲ့ပါ။ ပြန်လည်ဆက်သွယ်ပေးပါမည်။

📞 အသေးစိတ်စုံစမ်းရန် — 09 767 445 667

ကိုယ့်လုပ်ငန်းရဲ့ အခြေအနေမှန်ကို သိမှသာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ပါမယ်။

Business Checkups လုပ်ပြီး ကျန်းမာတိုးတက်သော စီးပွားရေးတစ်ခုကို စတင်တည်ဆောက်လိုက်ပါ။

Executive Diploma in Sales and Marketing Management~~~~~~~~~~~~~~~~~💁‍♂️ Sales and Marketing နယ်ပယ်တွင် လုပ်ကိုင်နေသော ဝ...
21/08/2026

Executive Diploma in Sales and Marketing Management
~~~~~~~~~~~~~~~~~
💁‍♂️ Sales and Marketing နယ်ပယ်တွင် လုပ်ကိုင်နေသော ဝန်ထမ်းများတက်ရောက်သင့်သော Diploma သင်တန်းဖြစ်ပါသည်။
✅ ဘာတွေသင်မှာလဲ?
🎯 Introduction to Sales and Marketing , The Marketing Mix (4 Ps)
️🎯 Segmentation Targeting and Positioning
🎯 Market Analysis , Market Research
🎯 Understanding Consumer Behavior and The Consumer Decision-Making Process
🎯 Developing Marketing Strategies
🎯 Advertising Strategy
🎯 Digital Marketing
🎯 Social and Cultural Influences
️🎯 Sales Management

💁‍♂️ ဘယ်သူတွေတက်ရောက်သင့်သလဲ?
အရောင်းနှင့်ဈေးကွက်နယ်ပယ်တွင် တာဝန်ထမ်းဆောင်နေသော
♦️Sales Leader
♦️Sales Supervisor
♦️Assistant Sales Manager
♦️Sales Manager
♦️Marketing Executive
♦️Marketing Manager

💁‍♂️ Certificate ကို သင်တန်းတက်ရောက်မှု ၈၀% နှင့် လက်လီလုပ်ငန်းနှင့်ပတ်သက်ပြီး Assignment တင်ပြီးပါက အမေရိကန်နိုင်ငံမှာ Accreditation အဖွဲ့အစည်းများဖြစ်သော QAHE , IAO အဖွဲ့အစည်းများ၏ အသိအမှတ်ပြု Diploma Certificate ရမည်ဖြစ်ပါသည်။

💰 သင်တန်းကြေး
သင်တန်းကြေး (၃) သိန်းကျပ်ဖြစ်ပါသည်။

🔷💙အထူးပရိုမိုးရှင်းဖြင့် သင်တန်းအပ်နှံနိုင်ခွင့်
သင်တန်းကြေး ပုံမှန် ၃ သိန်းကျပ် ကျသင့်မည်ဖြစ်သော်လည်း ယခုအတန်းအတွက် Special Offer အနေဖြင့် အကန့်အသတ်ရှိ သင်တန်းအပ်နှံမှုများအတွက် -
Register Fees: ၅၀,၀၀၀ ကျပ်
Exam Fees: ၅၀,၀၀၀ ကျပ်
စုစုပေါင်း ၁ သိန်းကျပ် သာ ယခုချက်ချင်း ပေးသွင်းပြီး သင်တန်း အပ်နှံနိုင်ပါပြီ။

🗓️ သင်တန်းရက် စမည့်ရက်
19-09-2025 (Saturady)
အပတ်စဉ် စနေနေ့ညတိုင်း တက်ရောက်ရမည်ဖြစ်ပါသည်။

🕘 သင်တန်းချိန်
08:00 PM ~ 10:30 PM

🖥️ သင်ကြားမည့်ပုံစံ
Zoom ဖြင့်သင်ကြားမည်ဖြစ်ပါသည်။

🫴 သင်တန်းကာလ
3 လခွဲ ကြာမြင့်မှာဖြစ်ပါသည်။

🎯ဘယ်သူတွေသင်မှာလဲ?
👨‍🏫 U Aung Si Lin
Continuous Learning College (CLC) Founder

👨‍🏫 Sayar Htein Linn
MBA
PhD (candidate)

👨‍🏫 U Han Htun Oo
M. P. A Meiktila University of Economics 2015 – 2018
တို့သင်ကြားပေးမည်ဖြစ်ပါသည်။

သင်ကြားရေးဆရာများသည် လက်တွေ့နှင့်သီအိုရီကိုပိုင်နိုင်ကျွမ်းကျင်သောဆရာဖြစ်ပါသည်။

✍️သင်တန်းအပ်နှံလိုပါက
☎️ ဖုန်း 09-767445667 သို့ဆက်သွယ် စုံစမ်းနိုင်ပါသည်။

🔥 စာသင်ခန်းတိုင်းမှာ ကျောင်းသားတွေရဲ့ အချစ်တော်၊ ခေတ်မီတဲ့ ဆရာ/ဆရာမ တစ်ယောက်ဖြစ်ဖို့... ဒီအခွင့်အရေးကို လက်မလွတ်စေနဲ့!ခေ...
18/08/2026

🔥 စာသင်ခန်းတိုင်းမှာ ကျောင်းသားတွေရဲ့ အချစ်တော်၊ ခေတ်မီတဲ့ ဆရာ/ဆရာမ တစ်ယောက်ဖြစ်ဖို့... ဒီအခွင့်အရေးကို လက်မလွတ်စေနဲ့!

ခေတ်တွေပြောင်းလာတာနဲ့အမျှ သင်ကြားရေးစနစ်တွေ၊ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုတွေကလည်း အများကြီး ပြောင်းလဲလာပါပြီ။ စာကို ရိုးရိုးရှင်းရှင်း သင်နေရုံနဲ့ မလုံလောက်တော့တဲ့ ဒီခေတ်ကြီးမှာ... ကိုယ်တိုင်ကရော Update ဖြစ်တဲ့ သင်ကြားမှုစွမ်းရည်တွေ (Modern Teaching Skills) ကို ပိုင်ဆိုင်ထားပြီလား?

AI နည်းပညာတွေ၊ ခေတ်သစ်သင်ကြားရေး Method တွေကို ထိထိမိမိ အသုံးချပြီး ကိုယ့်ရဲ့ Teaching Career ကို အမြင့်ဆုံးရောက်အောင် မြှင့်တင်ချင်တဲ့ ကျောင်းဆရာ၊ ဆရာမတွေအတွက်...

🎓 Diploma in Modern Teaching and Learning (DMTL) သင်တန်းကို ဖွင့်လှစ်လိုက်ပါပြီ 🎓

ဒီ Diploma အတန်းမှာ ဆရာ၊ ဆရာမတို့ရဲ့ သင်ကြားရေးစွမ်းရည်ကို အဆင့်တစ်ရပ် မြင့်တက်သွားစေမယ့် အောက်ပါ Module (၁၀) ခုကို အသေးစိတ် သင်ကြားပေးသွားမှာဖြစ်ပါတယ် -

📚 ၁။ Foundations of Education (ပညာရေး၏ အခြေခံသဘောတရားများ)
🧠 ၂။ Educational Psychology (ပညာရေး စိတ်ပညာ)
💡 ၃။ Modern Teaching Methodologies (ခေတ်သစ် သင်ကြားရေးနည်းစနစ်များ)
📝 ၄။ Curriculum and Lesson Planning (သင်ရိုးနှင့် သင်ခန်းစာ ကြိုတင်ပြင်ဆင်ခြင်း)
🏫 ၅။ Classroom Management (စာသင်ခန်းကို ထိရောက်စွာ စီမံခန့်ခွဲခြင်း)
📊 ၆။ Student Assessment and Feedback (ကျောင်းသားများအား အကဲဖြတ်ခြင်းနှင့် အကြံပြုခြင်း)
💻 ၇။ Digital Teaching and AI for Teachers (ဆရာ/ဆရာမများအတွက် ဒစ်ဂျစ်တယ်သင်ကြားရေးနှင့် AI နည်းပညာ)
🗣️ ၈။ Communication and Presentation Skills (ဆက်သွယ်ပြောဆိုခြင်းနှင့် တင်ဆက်မှုစွမ်းရည်)
🤝 ၉။ Inclusive and Child-Centred Education (ကလေးဗဟိုပြုနှင့် အားလုံးပါဝင်နိုင်သော ပညာရေး)
🏆 ၁၀။ Teaching Practicum and Final Project (လက်တွေ့သင်ကြားခြင်းနှင့် Project)

⏳ အလုပ်မပျက်ဘဲ ဘယ်လိုတက်ရောက်နိုင်မလဲ
🗓️ သင်တန်းရက် - 17.09.2026 ( Thursday)
အပတ်စဉ် ကြာသပတေးနေ့ညတိုင်းတက်ရောက်ရမည်ဖြစ်ပါသည်။

🕗 သင်တန်းအချိန် - တစ်ပတ်ကို (၁) ရက်တည်းသာ (ည ၈ နာရီ) - နေ့ဘက် ကျောင်းချိန်နဲ့ လုံးဝမတိုက်ပါဘူး။

💻သင်ကြားမည့်စနစ် - ZOOM အသုံးပြုပြီး အိမ်ကနေပဲ သက်တောင့်သက်သာ တက်ရောက်နိုင်ပါတယ်။

🔷 သင်တန်းကာလ - (၃) လ တိတိ။

📜 Diploma လက်မှတ် ကို သင်တန်းတက်ရောက်မှု ၈၀% နှင့် Assignment တင်ပြီးပါက CLC College မှ Diploma လက်မှတ် ပေးအပ်မှာဖြစ်ပါသည်။
CLC College သည် အမေရိကန်နိုင်ငံမှာ Accreditation အဖွဲ့အစည်းများဖြစ်သော QAHE , IAO အဖွဲ့အစည်းများ၏ အသိအမှတ်ပြုထားသော ကျောင်းဖြစ်ပါသည်။

💰 သင်တန်းကြေး နှင့် ရင်ခုန်စရာ အထူးအခွင့်အရေးများ!

ပုံမှန်သင်တန်းကြေး - ၃၀၀,၀၀၀ ကျပ် (ငွေကြေးဝန်မပိစေဖို့ ၃ ကြိမ်တိတိ ခွဲသွင်းနိုင်ပါတယ်)

ဒါပေမယ့်... အခုပဲ ချက်ချင်းဆုံးဖြတ်ချက်ချတဲ့ သူတွေအတွက် အထူးအစီအစဉ် (၂) ခု ရှိပါတယ်။

🎁 Early Bird Promo - ပထမဆုံး အပ်နှံသူ (၁၀) ဦးအတွက် ၁၀၀,၀၀၀ ကျပ်တိတိ Discount ပေးသွားပါမယ်! (ဆိုလိုတာက ၂ သိန်းတည်းနဲ့ ဒီ Diploma အတန်းကို တက်ရောက်နိုင်မှာပါ)

🏫 School Package - ကျောင်းတစ်ကျောင်းတည်းကနေ ဆရာ/ဆရာမ ၅ ဦး စုပြီး အပ်နှံပါက... နောက်ထပ် (၁) ဦး အခမဲ့ (Free) တက်ရောက်ခွင့် ရရှိပါမယ်!

ပြည့်စုံကောင်းမွန်တဲ့ သင်ရိုး၊ သက်သာတဲ့ သင်တန်းကြေး၊ အလုပ်မပျက်တဲ့ အချိန်ဇယားတွေနဲ့ ဖွင့်လှစ်ပေးထားတဲ့ ဒီလို Diploma အတန်းမျိုးက ခဏခဏ မရှိနိုင်ပါဘူး။ Discount ရမယ့် ပထမဆုံး (၁၀) ဦးစာရင်းမှာ ပါဝင်ဖို့ဆိုရင်တော့ အခုပဲ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ။

👇 အောက်ပါ Google Form လင့်ခ်ကို နှိပ်၍ အခုပဲ သင်တန်းအပ်နှံနိုင်ပါပြီ⬇️
https://docs.google.com/forms/d/e/1FAIpQLSdD5eUQY82xClq_C_XU0sSUw6CJSpWV3TNUe9qKuyiqqx-ncw/viewform?usp=publish-editor

သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ် ထပ်မံစုံစမ်းမေးမြန်းလိုပါက...
☎️ ဖုန်း - 09767445667 ကို အခုပဲ ဆက်သွယ်လိုက်ပါ။

"ခေတ်မီတဲ့ ပညာရေးစနစ်ဆီသို့ အကောင်းဆုံး ခြေလှမ်းတွေနဲ့ အတူတူ လျှောက်လှမ်းကြစို့"

📢 [Free Online Seminar / အခမဲ့ အွန်လိုင်းဆွေးနွေးပွဲ]Digital Marketing Basics: What You Need to Know?SME လုပ်ငန်းရှင်မျာ...
17/08/2026

📢 [Free Online Seminar / အခမဲ့ အွန်လိုင်းဆွေးနွေးပွဲ]
Digital Marketing Basics: What You Need to Know?

SME လုပ်ငန်းရှင်များနှင့် မားကတ်တင်းမန်နေဂျာများ အားလုံးအတွက်... 🚀

သင့်လုပ်ငန်းကို အွန်လိုင်းပေါ်မှာ တိုးချဲ့ချင်ပေမယ့် Digital လောကကြီးက ရှုပ်ထွေးလွန်းတယ်လို့ ခံစားနေရပါသလား?

မားကတ်တင်းကထိကတစ်ဦးအနေနဲ့ သင့်အတွက် အထူးရည်ရွယ်ပြီး နားလည်ရလွယ်ကူတဲ့ အခမဲ့ အွန်လိုင်းဆွေးနွေးပွဲလေးတစ်ခုကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ နားလည်ရခက်တဲ့ စကားလုံးအသုံးအနှုန်းတွေကိုရှောင်ပြီး သင့် Brand ကို အွန်လိုင်းပေါ်မှာ ခိုင်ခိုင်မာမာတည်ဆောက်နိုင်ဖို့ တကယ်သိထားရမယ့် လက်တွေ့ကျတဲ့ အခြေခံအချက်တွေကို ဆွေးနွေးသွားမှာပါ။

💡 What You Will Learn / ဆွေးနွေးပွဲတွင် ဘာတွေလေ့လာရမလဲ။ (Seminar Outline)

၁။ The Big Picture: What exactly is Digital Marketing?
(Digital Marketing ဆိုတာ တကယ်တော့ ဘာလဲ။)
✅ Traditional Marketing vs. Digital Marketing (ရိုးရာမားကတ်တင်းနှင့် ဒစ်ဂျစ်တယ်မားကတ်တင်း ကွာခြားချက်များ)
✅ Why your SME needs to be online right now (သင့်လုပ်ငန်း အွန်လိုင်းပေါ်မှာ ဘာကြောင့်ရှိနေဖို့ လိုအပ်သလဲ။)

၂။ Knowing Your Digital Audience
(သင့်ရဲ့ Digital ပရိသတ်ကို နားလည်ခြင်း)
✅ How customer behavior has changed (ဖောက်သည်များ၏ ဝယ်ယူမှုအလေ့အထများ မည်သို့ပြောင်းလဲလာသလဲ။)
✅ Identifying who you are talking to online (အွန်လိုင်းပေါ်တွင် သင့်ဖောက်သည်အစစ်အမှန်များကို ရှာဖွေဖော်ထုတ်ခြင်း။)

၃။ Choosing the Right Platforms
(သင့်လုပ်ငန်းနှင့်ကိုက်ညီမည့် Platform များကို ရွေးချယ်ခြင်း)
✅ You don't need to be everywhere! (နေရာတိုင်းမှာ ရှိနေဖို့မလိုပါ။)
✅ A brief look at Facebook, Instagram, TikTok, and Viber: Which one fits your business? (သင့်လုပ်ငန်းနဲ့ ဘယ် Social Media က အကိုက်ညီဆုံးဖြစ်မလဲ။)

၄။ Content is Your Voice
(သင့် Brand ရဲ့ အသံဖြစ်တဲ့ Content များအကြောင်း)
✅ What makes good content? (ကောင်းမွန်တဲ့ Content ဆိုတာ ဘာလဲ။)
✅ Tips for creating posts that connect with your customers (ဖောက်သည်များကို ဆွဲဆောင်နိုင်မည့် Post များဖန်တီးခြင်း။)

၅။ Measuring Simple Success
(အောင်မြင်မှုကို ရိုးရှင်းစွာ တိုင်းတာခြင်း)
✅ Understanding basic metrics: Reach, Engagement, and Conversion (Reach, Engagement စတဲ့ အခြေခံ Metrics လေးတွေကို နားလည်အောင်လုပ်ခြင်း။)

📌 Seminar အသေးစိတ်အချက်အလက်များ
👨‍🏫 Instructor: ဆရာအောင်စည်လင်း ၊ဆရာထက်လင်းဇော်
🗓 Date: 31.08.2026 (Monday)

⏰ Time: 8:00 PM

💻 Platform: Zoom Online

📌 စာရင်းပေးသွင်းရန် 📌
အောက်ပါ Google Form Link မှတစ်ဆင့် အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ ⬇️
https://docs.google.com/forms/d/e/1FAIpQLSdYKysoGuO2sW1EWo6t3ohzQ6q1OXpcQzY2s3B-syGhAWKkgA/viewform?usp=publish-editor

အသေးစိတ်သိရှိလိုပါက ဖုန်း 09767445667 သို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ လုပ်ငန်းစနစ်ကျဖို့ ခုပဲ စတင်လိုက်ပါ! 💼📊

စီးပွားဖြစ်စားသောက်ကုန်ထုတ်လုပ်ခြင်းသင်တန်း အမှတ်စဉ် (၆ )✅လက်ဖက်ထုတ်လုပ်ခြင်း✅ငပိထောင်းထုတ်လုပ်ခြင်း လုပ်ငန်းများကို သင်...
15/08/2026

စီးပွားဖြစ်စားသောက်ကုန်ထုတ်လုပ်ခြင်းသင်တန်း အမှတ်စဉ် (၆ )

✅လက်ဖက်ထုတ်လုပ်ခြင်း
✅ငပိထောင်းထုတ်လုပ်ခြင်း လုပ်ငန်းများကို သင်ကြားမည်ဖြစ်ပါသည်။

💁‍♀️ ဘာတွေသင်မှာလဲ?
🎯 ကျန်းမာရေးနှင့်ညီညွှတ်သောထုတ်ကုန်များဘယ်လိုထုတ်လုပ်မလဲ?
🎯 တာရှည်ခံအောင်ဘယ်လိုထုတ်လုပ်မလဲ?

🤩 သင်တန်းတက်ပြီးနောက်ပိုင်း ထုတ်လုပ်ရောင်းချထိ ကူညီဆောင်ရွက်ပေးမည့်သင်တန်းဖြစ်ပါတယ်။

🗓️ သင်တန်းရက် – 08.09.26 ~ 10.09.26
🕗 သင်တန်းချိန် – 08:00 PM ~ 09:30 PM
💻 Zoom ဖြင့်သင်ကြားမည်ဖြစ်ပါသည်။

💁‍♀️ ဘယ်သူသင်ကြားမှာလဲ? စားသောက်ကုန်ထုတ်လုပ်ရေးနှင့်ပတ်သက်ပြီး အတွေ့အကြုံများစွာရှိပြီး စားသောက်ကုန်ထုတ်လုပ်သောလုငန်းများတွင် အကြံပေးအဖြစ်ဆောင်ရွက်နေသော တီချယ်ကေ မှသင်ကြားမှာဖြစ်ပါတယ်။

💰 သင်တန်းကြေး – 100,000 ကျပ်ဖြစ်ပါတယ်။

ပထမဦးဆုံးအပ်နှံသူ(၅)ဦးအား 70,000 ကျပ်ဖြင့် သင်တန်းတက်ရောက်ခွင့်ရပါမယ်။

လုပ်ငန်းတစ်ခုမှ ၂ဦး တက်ရောက်ပါက သင်တန်းကြေး 65,000 ကျပ်ဖြင့်တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

☎️ သင်တန်းတက်ရောက်လိုပါက 09-767445667 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🚨 လုပ်ငန်းစနစ်ချဖို့အတွက် လိုအပ်သော အချက် ၁၀ ချက်သင့်လုပ်ငန်းက သင်ကိုယ်တိုင် မပါဝင်ဘဲ လည်ပတ်နိုင်စွမ်း ရှိပြီလား?ကိုယ်ပိ...
15/08/2026

🚨 လုပ်ငန်းစနစ်ချဖို့အတွက် လိုအပ်သော အချက် ၁၀ ချက်

သင့်လုပ်ငန်းက သင်ကိုယ်တိုင် မပါဝင်ဘဲ လည်ပတ်နိုင်စွမ်း ရှိပြီလား?

ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို စတင်ဖို့ ဒါမှမဟုတ် လက်ရှိလုပ်ငန်းကို တိုးချဲ့ဖို့ စဉ်းစားနေပြီလား? ဒါပေမယ့် ခိုင်မာတဲ့ "စနစ် (System)" မရှိဘူးဆိုရင် လုပ်ငန်းရှင်ဟာ ကိုယ်ပိုင်လုပ်ငန်းရဲ့ ကျေးကျွန် ဖြစ်သွားတတ်ပါတယ်။

လုပ်ငန်းတစ်ခုဟာ အချိန်တိုင်း ကိုယ်တိုင်ဝင်ပါနေရမှ လည်ပတ်နိုင်တာမျိုး မဟုတ်ဘဲ၊ စနစ်တကျနဲ့ အလိုအလျောက် လည်ပတ်နိုင်တဲ့ အဆင့်အထိ ရောက်ရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီ Webinar လေးကို စီစဉ်လိုက်တာပါ။

💡 ဘာကြောင့် ဒီ Webinar ကို မဖြစ်မနေ တက်ရောက်သင့်တာလဲ?

✅ လုပ်ငန်းစနစ် (System) ၏ အရေးပါမှုကို နားလည်ရန်: ဝန်ထမ်းအင်အား အနည်းငယ်ဖြင့် အချိန်ကုန်၊ လူပန်းသက်သာစွာ လုပ်ငန်းလည်ပတ်နိုင်မည့် လျှို့ဝှက်ချက်များကို သိရှိနိုင်ခြင်း။

✅ လက်တွေ့အသုံးချနိုင်သော နည်းလမ်းများ ရယူရန်: ရှင်းလင်းသော ရည်မှန်းချက် ချမှတ်ခြင်းမှသည် Standard Operating Procedures (SOPs) နှင့် KPIs များ ကိုယ်တိုင်ရေးဆွဲနိုင်သည်အထိ အဆင့်ဆင့် လေ့လာနိုင်ခြင်း။

✅ အမှားများကို ရှောင်ရှားနိုင်ရန်: လုပ်ငန်းများ မကြာခဏ ကြုံတွေ့ရလေ့ရှိသော ငွေကြေးလေလွင့်မှု၊ ဝန်ထမ်းအပြောင်းအလဲ များပြားမှုနှင့် စီမံခန့်ခွဲမှု အားနည်းချက်များကို ကြိုတင်ကာကွယ်နိုင်ခြင်း။

✅ နည်းပညာကို ထိရောက်စွာ အသုံးချတတ်ရန်: မိမိလုပ်ငန်းနှင့် ကိုက်ညီမည့် ဆော့ဖ်ဝဲလ်များနှင့် အလိုအလျောက်စနစ် (Automation) များကို ရွေးချယ်အသုံးပြုတတ်စေရန်။

🎯 ဘယ်သူတွေ တက်ရောက်သင့်သလဲ?

🔷 မိမိမပါဝင်ဘဲ လည်ပတ်နိုင်မည့် စနစ်တစ်ခုကို တည်ဆောက်လိုသော လက်ရှိ SME လုပ်ငန်းရှင်များ။

🔷 နောင်တစ်ချိန်တွင် ကိုယ်ပိုင်စီးပွားရေးကို (ဥပမာ - ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ဖိနပ်ဆိုင်ဖွင့်ခြင်း၊ လက်လီအရောင်းဆိုင်များ စတင်ခြင်း) စနစ်တကျ စတင်ရန် ရည်ရွယ်ထားသော လက်ရှိ ဝန်ထမ်းများ။

🔷 စီးပွားရေးစီမံခန့်ခွဲမှုပညာ (MBA) မှ သီအိုရီများကို စာအုပ်ထဲတွင်သာ မဟုတ်ဘဲ လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ် အသက်သွင်း အသုံးချလိုသူများ။

📅 Webinar အသေးစိတ် အချက်အလက်များ

🗓️ ရက်စွဲ - 24.08.26 (Monday)

🕗 အချိန - 08:00 PM - 09:00 PM

💻 နေရာ - Zoom Application

🔥 မှတ်မှတ်ရရ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို သုညမှစတင်ပြီး စနစ်တကျ တည်ဆောက်ဖို့ ယခုပဲ စာရင်းသွင်းလိုက်ပါ။

👉 Register Link ⬇️
https://docs.google.com/forms/d/e/1FAIpQLSexBta0HHnm9Zw8GlKSSA8BKxbsTfddeg9ZqjtJR_goezw4yw/viewform?usp=publish-editor

☎ Webinar တက်ရောက်လိုပါက Page Messenger (သို့မဟုတ်) viber - 09767445667 သို့ ဆက်သွယ် စာရင်းပေးနိူင်ပါသည်။

Business Owner

👥သာမန်အရောင်းသမားတစ်ယောက်အဖြစ်ကနေ ဖောက်သည်တိုင်း ငြင်းမရတဲ့ Powerful Salesman တစ်ယောက်ဖြစ်လာဖို့ အဆင်သင့်ပဲလား?👥အရောင်းလ...
13/08/2026

👥သာမန်အရောင်းသမားတစ်ယောက်အဖြစ်ကနေ ဖောက်သည်တိုင်း ငြင်းမရတဲ့ Powerful Salesman တစ်ယောက်ဖြစ်လာဖို့ အဆင်သင့်ပဲလား?

👥အရောင်းလောကမှာ လူတိုင်း စကားပြောတတ်ကြပါတယ်။ ဒါပေမယ့်...

❌ ဖောက်သည်ဆီက “စဉ်းစားဦးမယ်❓” ဆိုတဲ့စကားကြားတာနဲ့ အရှုံးပေးလိုက်ရသူတွေရှိသလို၊

⛳ အဲဒီငြင်းဆိုမှုတွေကို အခွင့်အရေးအဖြစ် ပြောင်းလဲပြီး အရောင်းပိတ်နိုင်တဲ့သူတွေလည်း ရှိပါတယ်။

🎯 ဒီနှစ်ခုရဲ့ ကွာခြားချက်ကတော့ စွမ်းအားပြည့်ဝတဲ့ အရောင်းစိတ်ပညာနဲ့ အရောင်းနည်းဗျူဟာ (Power of Selling) တွေကို ပိုင်နိုင်စွာ အသုံးချတတ်ခြင်းပါပဲ။

💪 ကိုယ့်ရဲ့ ယုံကြည်မှု၊ ဆွဲဆောင်နိုင်စွမ်းနဲ့ အရောင်းစွမ်းရည်တွေကို မြှင့်တင်ရင်း 📚 ပညာလည်းရ၊ ကုသိုလ်လည်းယူနိုင်မယ့် Donate and Learn Program ရဲ့ ဩဂုတ်လအထူးအစီအစဉ်ဖြစ်တဲ့

🚀 “Powerful Salesmen” သင်တန်း ကို ဖိတ်ခေါ်လိုက်ပါတယ်။

📚 ဒီသင်တန်းမှာ ဘာတွေ သင်ယူရမလဲ?

🎯 The Mindset of a Powerful Closer
ထိပ်တန်းအရောင်းသမား (Top Achiever) တွေရဲ့ စိတ်ဓာတ်ခွန်အား၊ ယုံကြည်မှုနဲ့ မဆုတ်မနစ် ကြိုးစားတတ်တဲ့ Mindset ကို လေ့လာမယ်။

🎯 Persuasion & Influence
ဖောက်သည်ရဲ့ စိတ်ဝင်စားမှုကို ရယူပြီး ဝယ်ယူလိုစိတ် ဖြစ်လာအောင် ဆွဲဆောင်သိမ်းသွင်းနည်းတွေကို လေ့လာမယ်။

🎯Handling Tough Objections
ခက်ခဲတဲ့ Customer Objection တွေကို ယုံကြည်မှုအပြည့်နဲ့ ရင်ဆိုင်ဖြေရှင်းပြီး အရောင်းအဖြစ် ပြောင်းလဲနိုင်မယ့် နည်းလမ်းတွေကို လေ့လာမယ်။

🔷သင်တန်းအစီအစဥ် အသေးစိတ်
👨‍🏫 သင်ကြားမည့်ဆရာ - ဦးအောင်စည်လင်း
(CEO / Founder – Continuous Learning College)

📅 သင်ကြားမည့်နေ့ရက် – ၂၅.၀၈.၂၀၂၆ (အင်္ဂါနေ့)
⏰ သင်ကြားမည့်အချိန် – ည ၈:၀၀ နာရီ
💻 သင်ကြားမည့်ပုံစံ– Zoom Application ဖြင့် Live သင်ကြားပေးပါမည်။

💰သင်တန်းပါဝင်ကြေး - တစ်ဦးလျှင် 2,000 ကျပ်မှစတင်ပြီး 5,000 ကျပ်အထိ စေတနာရှိသလောက်ပါဝင်လှူဒါန်းနိုင်ပါသည်။

💖 Donate and Learn Program ဆိုတာ
“ပညာလည်းလေ့လာ၊ ကုသိုလ်လည်းယူပါ”
ဤအစီအစဉ်သည် အရောင်းသမားများ၏ စွမ်းရည်မြှင့်တင်ရေးအတွက် လစဉ်ပြုလုပ်ပေးနေသော 📚 ပညာဒါနနှင့် 🙏 ကုသိုလ်ရေးကို ပေါင်းစပ်ထားသည့် အထူးအစီအစဉ်ဖြစ်ပါသည်။

🚀 ကိုယ့်ရဲ့ အရောင်းစွမ်းရည်ကို အဆင့်မြှင့်တင်ရင်း 🙏 ကုသိုလ်လည်းယူနိုင်မယ့် ဒီအခွင့်အရေးကို လက်မလွှတ်လိုက်ပါနဲ့။

📝🔗 Google Form ဖြင့် စာရင်းပေးသွင်းရန်
https://docs.google.com/forms/d/e/1FAIpQLSflF_xhnpTBKOKyU9NqCL9dff_CB-bO6YbaHO5dSzwHiLk0SQ/viewform?usp=header

📞 အသေးစိတ် စုံစမ်းမေးမြန်းရန်
09-767 445 667
09-7778 22210









“ငါမရှိရင် လုပ်ငန်းမလည်ပတ်နိုင်ဘူး” လို့ တွေးနေရတုန်းလား? 🤔သင့်လုပ်ငန်းမှာ …🏃‍♂️ သင်ကိုယ်တိုင် အသေးစိတ်ကအစ လိုက်လုပ်နေရလ...
07/08/2026

“ငါမရှိရင် လုပ်ငန်းမလည်ပတ်နိုင်ဘူး” လို့ တွေးနေရတုန်းလား? 🤔
သင့်လုပ်ငန်းမှာ …

🏃‍♂️ သင်ကိုယ်တိုင် အသေးစိတ်ကအစ လိုက်လုပ်နေရလို့ အချိန်မထွက်နိုင် ဖြစ်နေသလား?

🤷‍♀️ ဝန်ထမ်းတွေက လုပ်နည်းလုပ်ဟန် တိတိကျကျမသိလို့ အမှားအယွင်းတွေ ထပ်ခါထပ်ခါ ဖြစ်နေသလား?

🤯 လုပ်ငန်းကို တိုးချဲ့ချင်ပေမယ့် လက်ရှိအခြေအနေက ရှုပ်ထွေးနေလို့ ဘယ်ကစရမှန်းမသိ ဖြစ်နေသလား?

💡ဒါတွေအားလုံးရဲ့ အဓိကအကြောင်းရင်းက “လုပ်ငန်းစနစ် (Business System)” ခိုင်မာမှုမရှိခြင်းကြောင့်ပါ။

📢 လုပ်ငန်းတစ်ခု စနစ်တကျလည်ပတ်နိုင်ဖို့ဆိုတာ ပိုင်ရှင်တစ်ယောက်တည်းရဲ့ ကျွမ်းကျင်မှုအပေါ် မူတည်နေလို့မရပါဘူး။ လူတိုင်းလိုက်နာနိုင်တဲ့ ရှင်းလင်းပြတ်သားတဲ့ လုပ်ငန်းစဉ် (Processes) တွေ တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။
ဒီအခက်အခဲတွေကို ဖြေရှင်းပြီး သင့်လုပ်ငန်းကို “လူ” အပေါ်မူတည်ခြင်းမှ “စနစ်” အပေါ်မူတည်ပြီး လည်ပတ်နိုင်တဲ့ လုပ်ငန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲနိုင်ဖို့ Continuous Learning College (CLC) မှ တည်ထောင်သူ ဆရာဦးအောင်စည်လင်း ကိုယ်တိုင်ဦးစီးမယ့် “လုပ်ငန်းစနစ်ချခြင်း (Business Systemization)” Zoom သင်တန်းကို ဖွင့်လှစ်လိုက်ပါပြီ။ 🥳

♦️သင်တန်းမှာ ဘာတွေသင်ကြားမလဲ?
🎯 System Thinking Mindset: “လူ” ကို စီမံခြင်းမှ “စနစ်” ကို စီမံခြင်းသို့ ပြောင်းလဲရမည့် လုပ်ငန်းရှင်၏ အတွေးအခေါ်။
🎯 Process Mapping (လုပ်ငန်းစဉ်ပုံဖော်ခြင်း): မိမိလုပ်ငန်း၏ လက်ရှိ ပရမ်းပတာနိုင်သော လုပ်ငန်းစဉ်များကို ဖော်ထုတ်ခြင်း၊ အားနည်းချက်များကို ရှာဖွေခြင်း။
🎯 စာရင်းစနစ်ချခြင်း : မိမိလုပ်ငန်းတွင် စာရင်းပိုင်းဆိုင်ရာစနစ်တကျမရှိခြင်း အပေါ် စာရင်းစနစ်ချရာတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ နှင့် ပိုင်ရှင်များသိရမည့် စီးပွားရေးဆိုင်ရာအချက်များ
🎯 System Implementation (စနစ်ထည့်သွင်းခြင်း): တည်ဆောက်ထားသော စနစ် တစ်ခုဖြင့်အောင်လုပ်ဆောင်ရမည့် အချက် ၅ချက်
🎯 Continuous Improvement (စဉ်ဆက်မပြတ်တိုးတက်ခြင်း): လုပ်ငန်းစနစ်အား ပိုမိုကောင်းမွန်အောင် စဉ်ဆက်မပြတ် တိုင်းတာခြင်း၊ သုံးသပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း။

👨‍🏫 ဘယ်သူသင်ကြားမှာလဲ?
Continuous Learning College (CLC) ၏ Founder ဖြစ်သူ ဆရာဦးအောင်စည်လင်း ကိုယ်တိုင် Zoom Meeting ဖြင့် တိုက်ရိုက်သင်ကြား ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

🗓️ သင်တန်းရက် – 26.08.2026 ~ 28.08.2026
🕗 သင်တန်းချိန် – ည ၈:၀၀ နာရီ မှ စတင်သင်ကြားပါမည်။
♦️သင်တန်းကာလ: ၃ ရက်
💻သင်ကြားမည့်ပုံစံ – Zoom Meeting (Live)
💰 သင်တန်းကြေး
ပုံမှန်သင်တန်းကြေး: ၁၅၀,၀၀၀ ကျပ်

🔥🔥 အထူးလျှော့စျေးများ 🔥🔥
⭐ ပထမဆုံး အပ်နှံသူ (၁၀) ဦးက 50% Discount ဖြင့်အပ်လို့ရပါသည်။
💎 CLC သင်တန်းသားဟောင်း ၊ Bagan Networking မိသားစုဝင်များအတွက် Special Discount ရှိပါသည်။

🚀 ဘယ်သူတွေ တက်ရောက်သင့်သလဲ?
👩‍💼 ကိုယ်တိုင် အစအဆုံး ဝင်လုပ်နေရသော SME လုပ်ငန်းရှင်များ။
👨‍👩‍👧‍👦 မိသားစုလုပ်ငန်းကို ဒုတိယမျိုးဆက်အဖြစ် ဆက်ခံပြီး စနစ်တကျ ပြောင်းလဲလိုသူများ။
🧑‍💻 မိမိဌာနအား စနစ်ကျအောင် တည်ဆောက်လိုသော ဌာနဆိုင်ရာ မန်နေဂျာများ။
🤖 လုပ်ငန်းကို အလိုအလျောက်လည်ပတ်နိုင်သော (Automation) အဆင့်ထိ တက်လှမ်းလိုသူတိုင်း။
🥰သင့်လုပ်ငန်းကို ပရမ်းပတာ အခြေအနေမှ စနစ်တကျလည်ပတ်နိုင်သော၊ တိုးချဲ့နိုင်သော လုပ်ငန်းတစ်ခုအဖြစ် ယခုပဲ အဆင့်မြှင့်တင်လိုက်ပါ။

☎ သင်တန်းတက်ရောက်လိုပါက Page Messenger (သို့မဟုတ်) viber - 09767445667 သို့ ဆက်သွယ် စာရင်းပေးနိူင်ပါသည်။

Business Owner

🚀 Diploma in Digital Marketing သင်တန်းDigital Marketing နယ်ပယ်မှာ စနစ်တကျနဲ့ Professional တစ်ယောက်ဖြစ်ချင်သူတွေအတွက် အထူ...
30/07/2026

🚀 Diploma in Digital Marketing သင်တန်း

Digital Marketing နယ်ပယ်မှာ စနစ်တကျနဲ့ Professional တစ်ယောက်ဖြစ်ချင်သူတွေအတွက် အထူးသင့်လျော်တဲ့ Diploma သင်တန်းဖြစ်ပါတယ်။

📚 သင်ကြားမည့် အကြောင်းအရာများ

🎯 Week 1- Foundations of Digital Marketing & Strategic Planning
Digital 4Ps၊ Digital SWOT Analysis နှင့် SOSTAC® Model အသုံးပြုပြီး Marketing Plan ရေးဆွဲခြင်းများ သင်ကြားပါမည်။

🎯Week 2 - Digital Consumer Behavior & STP Strategy
STP Strategy (Segmentation, Targeting, Positioning) နှင့် Digital AIDA Funnel အကြောင်းများ ပါဝင်ပါသည်။

🎯 Week 3 - Content Marketing Strategy & Inbound Principles
Content Pillars များခွဲခြားခြင်း၊ Brand Storytelling နှင့် Content Lifecycle အကြောင်းများ လေ့လာရမည်ဖြစ်ပါသည်။

🎯 Week 4 - Social Media Strategy & Electronic Word-of-Mouth (eWOM)
မှန်ကန်သော Social Platform ရွေးချယ်ခြင်း၊ Organic vs Paid Social နှင့် Crisis Management အကြောင်းများ သင်ကြားပေးမည်ဖြစ်ပါသည်။

🎯Week 5 - Search Engine Strategy & Search Intent
SEO Essentials (On-Page, Technical, Off-Page) နှင့် Search Engine Marketing (PPC) အခြေခံများကို လေ့လာရပါမည်။

🎯 Week 6 - Integrated Advertising & Campaign Design
Multi-channel Ad Campaigns ဖန်တီးခြင်း၊ Campaign Budgeting နှင့် A/B testing အကြောင်းများ ပါဝင်ပါသည်။

🎯 Week 7- Email Marketing & Customer Relationship Management (CRM)
CRM မိတ်ဆက်၊ Email Strategy၊ Marketing Automation နှင့် Data Protection အကြောင်းများ သင်ကြားပါမည်။

🎯Week 8 - Marketing Metrics, ROI & Strategic Plan Presentation
KPIs များ၊ ROI တွက်ချက်နည်းများ နှင့် နောက်ဆုံးပရောဂျက်အဖြစ် 6-Month Digital Marketing Strategy ကို Group Presentation ပြုလုပ်ရပါမည်။

💁‍♂️ ဘယ်သူတွေတက်ရောက်သင့်သလဲ?
✅Digital Marketing နယ်ပယ်သို့ ဝင်ရောက်လိုသူများ - အခြေခံမှစ၍ Strategy ဆွဲသည်အထိ စနစ်တကျ လေ့လာချင်သူများအတွက် အထူးသင့်လျော်ပါသည်။

✅ စီးပွားရေးလုပ်ငန်းရှင်များ (Business Owners & Entrepreneurs) - မိမိလုပ်ငန်း၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အွန်လိုင်းမှတစ်ဆင့် ပိုမိုထိရောက်စွာ ကြော်ငြာပြီး ရောင်းအားမြှင့်တင်လိုသူများ။

✅ လက်ရှိ Marketers နှင့် Sales Professionals များ - Traditional Marketing မှ Digital Marketing သို့ ကူးပြောင်းလိုသူများ၊ Campaign Design၊ SEO နှင့် Data Analysis များကို ပိုမိုကျွမ်းကျင်စွာ လုပ်ဆောင်ပြီး Career ကို နောက်တစ်ဆင့် မြှင့်တင်လိုသူများ။

✅ Content Creators နှင့် Freelancers များ - Social Media Platform များကို ကျွမ်းကျင်စွာ အသုံးပြုပြီး Content Strategy များကို ပိုမိုထိရောက်စွာ ဖန်တီးလိုသူများ။

✅ ကျောင်းသား၊ ကျောင်းသူများ - အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိရန်အတွက် လက်ရှိအချိန်မှာ Demand အလွန်မြင့်မားနေသော Digital Marketing ပညာရပ်ကို ကြိုတင်လေ့လာထားလိုသူများ တက်ရောက်သင့်ပါသည်။

📜 Diploma လက်မှတ် ကို သင်တန်းတက်ရောက်မှု ၈၀% နှင့် လက်လီလုပ်ငန်းနှင့်ပတ်သက်ပြီး Assignment တင်ပြီးပါက အမေရိကန်နိုင်ငံမှာ Accreditation အဖွဲ့အစည်းများဖြစ်သော QAHE , IAO အဖွဲ့အစည်းများ၏ အသိအမှတ်ပြု Diploma လက်မှတ် ရမည်ဖြစ်ပါသည်။

🎯ဘယ်သူတွေသင်မှာလဲ?
👨‍🏫 U Aung Si Lin
Continuous Learning College (CLC) Founder

👨‍🏫 U Htet Lynn Zaw
University of Medicine, Mandalay
Bachelor of Medicine & Surgery, 2003 – 2010

🗓️ သင်တန်းရက် - 15.09.2026 (အင်္ဂါနေ့)

အပတ်စဥ် အင်္ဂါနေ့ညတိုင်း တက်ရောက်ရမည်ဖြစ်ပါသည်။

🔷 သင်တန်းကာလ - ၃ လခန့်ကြာမြင့်မည်ဖြစ်ပါသည်။

🕗 အချိန် - ည ၈:၀၀ နာရီ မှ ၁၀:၀၀ အထိ

💻သင်ကြားမည့်ပုံစံ - Zoom Application ဖြင့် တိုက်ရိုက် (Live) သင်ကြားပါမည်။

💰 သင်တန်းကြေး
ပုံမှန် သင်တန်းကြေး 500,000 ကျပ်
🎉 Early Bird Promotion - 150,000 ကျပ် (ပထမဆုံး စာရင်းပေးသွင်းသူ ၁၀ ဦးအတွက်သာ အထူးအခွင့်အရေး)

✍️သင်တန်းအပ်နှံလိုပါက
Messager တွင် “DM” လို့ရေးပြီး ၊ ဖုန်းနံပါတ်ထားခဲ့ပါက ပြန်လည်ဆက်သွယ်ပါမည်။
☎️ အသေးစိတ် သိရှိလိုပါက ဖုန်း 09-767445667 သို့ဆက်သွယ်နိုင်ပါသည်။

📌 အရောင်းကောင်းဖို့ ကျွမ်းကျင်မှုတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ တာဝန်ယူတတ်တဲ့ စိတ်ထားလည်း လိုအပ်ပါတယ်။⛳Sales Target မပြည့်...
27/07/2026

📌 အရောင်းကောင်းဖို့ ကျွမ်းကျင်မှုတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ တာဝန်ယူတတ်တဲ့ စိတ်ထားလည်း လိုအပ်ပါတယ်။

⛳Sales Target မပြည့်တဲ့အခါ ဈေးကွက်ကို အပြစ်တင်မလား?

📊Customer မဝယ်တဲ့အခါ ဈေးနှုန်းကို အပြစ်တင်မလား?

ဒါမှမဟုတ် မိမိလုပ်ဆောင်ချက်ကို ပြန်လည်သုံးသပ်ပြီး ပိုကောင်းတဲ့ဖြေရှင်းနည်းကို ရှာဖွေမလား?

အောင်မြင်တဲ့အရောင်းသမားဆိုတာ အကြောင်းပြချက်ပေးတတ်သူမဟုတ်ပါဘူး။ မိမိတာဝန်၊ ဆုံးဖြတ်ချက်နဲ့ ရလဒ်အပေါ် တာဝန်ယူပြီး ပိုကောင်းအောင် ကြိုးစားတတ်သူဖြစ်ပါတယ်။

🎯 “တာဝန်ယူတတ်သော စိတ်ထား” သင်တန်း

📖 ဒီသင်တန်းမှာ ဘာတွေသင်ကြားပေးမှာလဲ ?

🧑‍🏫 အရောင်းသမားများအနေဖြင့်—

🎯 မိမိရဲ့ Sales Target နှင့် ရလဒ်အပေါ် တာဝန်ယူတတ်ရန်
🎯 အကြောင်းပြချက်ပေးခြင်းထက် ဖြေရှင်းချက်ရှာတတ်ရန်
🎯 Customer ကိုပေးထားသော ကတိကို တည်အောင်လုပ်ရန်
🎯 Follow-up များကို စနစ်တကျပြုလုပ်တတ်ရန်
🎯 မိမိအမှားကို လက်ခံပြီး ပြင်ဆင်တိုးတက်အောင်လုပ်တတ်ရန်
🎯 အဖွဲ့အစည်းအတွင်း တာဝန်ကျေပွန်စွာ ပူးပေါင်းလုပ်ကိုင်တတ်ရန်
🎯 အလုပ်အပေါ် Ownership Mindset မွေးမြူတတ်ရန်

တို့ကို လက်တွေ့ကျကျ သင်ယူရမှာဖြစ်ပါတယ်။

💡 Donate and Learn Program ဆိုတာဘာလဲ?

အရောင်းသမားများ၏ အရည်အချင်းနှင့် လုပ်ငန်းခွင် Skills များ တိုးတက်လာစေရန် လစဉ်စီစဉ်ပေးသည့် သင်ယူမှုအစီအစဉ်ဖြစ်ပါတယ်။

ဤအစီအစဉ်သည် ပညာဒါနနှင့် ကုသိုလ်ရေးကို ပေါင်းစပ်ထားသော အထူးအစီအစဉ်ဖြစ်ပါသည်။ တက်ရောက်လိုသူများအနေဖြင့် မိမိစေတနာရှိသလောက် (အနည်းဆုံး ၂,၀၀၀ ကျပ် မှ ၅,၀၀၀ ကျပ် အထိ) ထည့်ဝင်လှူဒါန်းပြီး ကုသိုလ်ပါဝင်ကာ တက်ရောက်နိုင်ပါသည်။ 🙏💸

🔷သင်တန်းအစီအစဥ်အသေးစိတ်
👨‍🏫 သင်ကြားမည့်ဆရာ – ဆရာဦးအောင်စည်လင်း
📅 သင်ကြားမည့်နေ့ရက် – ၁၀.၀၈.၂၀၂၆
⏰ သင်ကြားမည့်အချိန် – ည ၈ နာရီ
💻 သင်ကြားမည့်ပုံစံ – Zoom Application
💰 သင်တန်းပါဝင်ကြေး – တစ်ဦးလျှင် ၂,၀၀၀ ကျပ်သာ

မိမိတို့၏အရောင်းဝန်ထမ်းများကို ရောင်းတတ်သူများသာမက တာဝန်ယူတတ်သူများ၊ ဖြေရှင်းချက်ရှာတတ်သူများနှင့် ယုံကြည်အားထားရသူများ ဖြစ်လာစေချင်ပါသလား?

လုပ်ငန်းများအနေဖြင့် မိမိတို့၏ အရောင်းဝန်ထမ်းများအတွက် ယခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။

📞 *စာရင်းပေးသွင်းရန် – 09767445667/09777822210*

https://docs.google.com/forms/d/e/1FAIpQLScW_2o7ffKxLRiOA5yjH5UA3EuBm57xFsG4P9bAwMHzrAIP4Q/viewform?usp=publish-editor

#တာဝန်ယူတတ်သောစိတ်ထား



#အရောင်းသမားသင်တန်း
Si Lin
Learning College

Address

No. 56/B, Myaing Hay Wun Housing Road, 8 Mile, (4) Ward, Mayangone Township
Mandalay

Alerts

Be the first to know and let us send you an email when Continuous Learning College posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Continuous Learning College:

Shortcuts

Share

Category