30/01/2026
N4အောင်သွားတဲ့သမီးပါ
အလုပ်တစ်ဖက်နဲ့ကြိုးစားခဲ့တဲ့အတွက်ဂုဏ်ယူပါတယ်
ဒီထက်မြင့်တဲ့levelတွေကိုဆက်လက်လေ့လာနိုင်ပါစေ
လိုရာပန်းတိုင်ကိုရောက်ရှိပါစေသမီး
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mingalarpar -こんにちは- Japanese Language Center, Language school, 115E×54×55ကြား, Mandalay.
30/01/2026
N4အောင်သွားတဲ့သမီးပါ
အလုပ်တစ်ဖက်နဲ့ကြိုးစားခဲ့တဲ့အတွက်ဂုဏ်ယူပါတယ်
ဒီထက်မြင့်တဲ့levelတွေကိုဆက်လက်လေ့လာနိုင်ပါစေ
လိုရာပန်းတိုင်ကိုရောက်ရှိပါစေသမီး
30/01/2026
N3နဲ့N2ကို ကိုယ့်ဆီမှာပဲလေ့လာပြီး
ဂျပန်မရောက်ခင်N3အောင်
ဂျပန်ရောက်စနှစ်မှာပဲN2ကို B2 level နဲ့အောင်သွားတဲ့သမီးလေးပါ
ဂျပန်မှာသမီးတက်ချင်တဲ့တက္ကသိုလ်ကိုတက်ရောက်နိုင်ပြီးရည်မှန်းချက်ပန်းတိုင်အရောက်လှမ်းနိုင်ပါစေ
25/08/2025
100%💯💯
ထိုင်းမှာတစ်ယောက်ဖြေတစ်ယောက်အောင်
ရန်ကုန်မှာ2ယောက်ဖြေနှစ်ယောက်အောင်ပါတယ်ရှင်
မန္တလေးကနေ ရန်ကုန်ပြောင်းဖြေရတော့ ဒီတစ်ခေါက်မှာဖြေသူနည်းသွားပေမယ့်
ဖြေတဲ့သူတိုင်းအောင်တဲ့အတွက်ဂုဏ်ယူပါတယ်
おめでとうございます✨
12/04/2025
ဂျပန်မှာနေတဲ့တူတပည့်လေး Zaw Moe Aung က သင်္ကြန်မှာဂျပန်ကနေvideo callနဲ့ကန်တော့ပါတယ်
ဆန်းဆေး။ ။1သိန်း
ဒေါ်ကြီး၀င်း။ ။ 5သောင်း
စစ်ကိုင်းတောင်းရိုး ဇေယျသိန်ပါဠိတက္ကသိုလ် ငလျင်းဘေးအလှူအတွက်။ ။ 5သောင်း
သားလင်္ကာဘုန်းပြည့် အတွက်သင်္ကြန်မုန့်ဖိုး 2သောင်း လွှဲပေးပါတယ်
ကန်တော့ခံရရှိငွေများကို တူတပည့်လေးနှင့်အတူကျွန်မတို့မိသားစုမှလည်း ဇေယျသိန်ပါဠိတက္ကသိုလ်ငလျင်ဘေးအလှူအတွက် ပြန်လည်လှူဒါန်းပါသည်
ရေမြေခြားမှာ အလုပ်အကိုင်များအဆင်ပြေပြီး
ကိုာ်ကျန်းမာစိတ်ချမ်းသာပါစေ
24/02/2025
#ဂျပန် ကိုရောက်သွားတဲ့ကလေးကလှမ်းပြီးကတော့တာပါ
ငွေကြေးပမာဏထက် မေတ္တာစာလေးတွေဖြစ်လို့ပိုပြီးတန်ဖိုးထားရပါတယ်
အချိန်တစ်ခုထိဆန်းဆေးကိုစိတ်ထဲမှာသတိတရရှိနေပေးတာကိုကျေးဇူးတင်ပါတယ်
#ရည်မှန်းချက်တွေပြည့်၀ပြီးစိတ်ချမ်းသာကိုယ်ကျမ်းမာဖြင့်ရေမြေခြားမှာအဆင်ပြေပါစေသမီးရေ
17/02/2025
one zoom classလေးတွေပါ(အပြင်တန်းတွေကမပုံ
ရိုက်ဖြစ်သေးလို့ပါ)😍
13/02/2025
N4အောင်စာရင်း
Password 0နဲ့စလို့ အခုမှသိရ
おめでとうございます
01/02/2025
အောင်စာရင်းလေး
おめでとうございます
NettestရောJlptရောအောင်သွားပြီဆိုတော့ N1ဆက်ကြိုးစားကြပါစို့☺️
31/01/2025
အရင်ဆုံးပို့လာတဲ့ N4နဲ့N3အောင်စာရင်းလေး
おめでとうございます
15/01/2025
#ဂျပန်ရောက်သွားတဲ့ တပည့်လေးက
ပထမဆုံးရတဲ့လစာနဲ့ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်နဲ့နှမ်းဆုံဆီတစ်ပုံးလှမ်းပြီးကတော့ပါတယ်
ဂျပန်မှာအစစအရာရာအဆင်ပြေတယ်ဆိုရင်ကိုကျေနပ်နေပါပြီ ပစ္စည်းနဲ့ကတော့မှမဟုတ်ဘဲသတိတရရှိပေးနေတာနဲ့ကိုကျေးဇူးတင်လှပါပြီကွယ်
ဒီထက်ပိုအဆင်ပြေပြီးပျော်ရွှင်အောင်မြင်တဲ့ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ
သူတော်ကောင်းများနဲ့သာဆုံတွေ့ပါစေ🙏🙏
11/12/2024
ဂျပန်နိုင်ငံမှာ မိမိစရိတ်ဖြင့်ကျောင်းတက်ချင်သူများ ဆက်သွယ်နိုင်ပါသည်
#2025 Oct inlakeအတွက် (1)ယောက်လျှောက်ထားလို့ရနိုင်ပါသေးသည်။
လိုအပ်ချက်။ ။
1.ဂျပန်စာ Level N4 (or) N5
N4အောင်ထားပြီးN3ဆက်လေ့လာနေသူပိုအဆင်ပါသည်။
2.N5ပဲပြီးထားသူက သင်တန်းမှာN4ဆက်တက်ရမှာဖြစ်ပါတယ်။
3.Passport PV ရှိရပါမည်။
4.ပညာအရည်အချင်း ။ ။ အနိမ့်ဆုံး10တန်းအောင်လက်မှတ်ရှိရပါမည်။
#2026 April Inlakeအတွက်
ယခုမှစပြီးဂျပန်စာလေ့လာမည့်သူများ/ဂျပန်ကိုကျောင်းသွားတက်ချင်သော်လည်းဘယ်ကနေစရမှန်းမသိသူများ
ဂျပန်စာကိုအခြေခံမှစသင်ပေးပြီး ဂျပန်ကိုကျောင်းသွားတက်နိုင်သည်အထိ ၀န်ဆောင်မှုပေးသွားမှာဖြစ်ပါသည်။
ယခုမှစလေ့လာလျှင် တစ်နှစ်အတွင်းဂျပန်စာN3 Levelလောက်ထိရောက်ရှိနေမှာဖြစ်လို့ ဂျပန်ကိုရောက်ရှိချိန်မှာဂျပန်ဘာသာစကားအခက်အခဲအတွက်ပူစရာမလိုပါဘူးနော်
ဂျပန်ဘာသာစကားသာမက ဂျပန်ယဉ်ကျေးမှု/ဂျပန်ဓလေ့ထုံးထမ်း/ယဉ်ကျေးသောအပြုအမူ၊အသုံးအနှုန်းများ နှင့် အင်တာဗျူးအတွက်ပါ လေ့ကျင့်ပေးသွားမှာဖြစ်လို့ စာကြိုးစားဖို့ပဲလိုပါတယ်နော်
အသေးစိတ်ဆွေးနွေးတိုင်ပင်လိုပါက
သင်တန်းကျောင်း 115E×54×55ကြား(သို့)
Ph 256484482 ကို ဆက်သွယ်နိုင်ပါသည်။
# Center -こんにちは- Japanese Language Mingalarpar
#ဂျပန်ပညာတော်သင်