12/02/2020
၇၃နှစ်မြောက် ပြည်ထောင်စုနေ့အား Impact Business School (IBS)မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
UK နိုင်ငံ Diploma in Business Management Course ကို မန္တလေးတွင် တက်ရောက်နိုင်ပြီ။
12/02/2020
၇၃နှစ်မြောက် ပြည်ထောင်စုနေ့အား Impact Business School (IBS)မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
01/02/2020
01/02/2020
Impact Business School
Graduation Ceremony
Thursday 26,2019
ဘွဲ့ဓာတ်ပုံယူချင်သူများလဲ သင်တန်းသို့ လာရောက်ထုတ်ယူနိုင်ပါပီရှင့် 😊😊
04/01/2020
🇲🇲🇲🇲 MYANMAR INDEPENDENCE DAY 🇲🇲🇲🇲
2020 ခုနှစ် ဇန်နဝါရီလ 4 ရက်နေ့မှာ ကျရောက်မယ့်
( 72 ) နှစ်မြောက် လွတ်လပ်ရေးနေ့ ကို
ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ရှင့်
31/12/2019
2020 နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုလိုက်ကြပါစို့ 🎉
Welcome 2020 Happy New Year!
Business School
28/12/2019
မင်္ဂလာရှိသော နှစ်သစ်ကူးအခါသမယဖြစ်ပါစေကြောင်း Impact Business School(IBS)မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်
Impact Business School(IBS)မှ 29.12.2019(တနင်္ဂနွေ)မှ 01.01.2020(ဗုဒ္ဓဟူး)အထိကို နှစ်သစ်ကူးရုံးပိတ်ရက်လေးများအဖြစ် သတ်မှတ်ထားပါကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးကြေညာအပ်ပါတယ်ရှင့်
16/12/2019
🎉 Congratulation 🎉
IMPACT BUSINESS SCHOOL မှ Diploma in Business Managementသင်တန်း ပြီးဆုံးအောင်မြင်ပြီးသူများ၏ Graduation Ceremonyကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အခမ်းအနားတက်ရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
18/07/2019
အာဇာနည်နေ့..ဒို့မမေ့
နှစ်တွေဘယ်လိုဟောင်းဟောင်း
ခေတ်တွေဘယ်လိုပြောင်းပြောင်း
မဟောင်းနိုင် မပြောင်းနိုင်တာက
အာဇာနည်နေ့…။
အာဇာနည်နေ့ ဒို့မမေ့
အာဇာနည်စိတ်ဓါတ် ဒို့စိတ်ထဲမှာစွဲကပ်
အာဇာနည်သွေး ဒို့ခန္ဓာကိုယ်ထဲမှာမွေး
အာဇာနည်သတ္တိ ဒို့တတွေစိတ်မှာ အမြဲရှိ။
တက္ကသိုလ်ဘုန်းကြွယ်
(ဇူလိုင် ၁၁ ၂၀၁၂)
17/05/2019
ကဆုန်လပြည့်နေ့ (ညောင်ရေသွန်းပွဲတော်)
မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်လေးဖြစ်ပါတယ်။
မြတ်ဗုဒ္ဓသည် မဟာဗောဓိညောင်ပင်အောက်၌ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်တွင် မာရ်နတ်မင်းနှင့် စစ်သည်အပေါင်းကို သစ္စာပါရမီအဓိဋ္ဌာန်ဖြင့် အောင်တော်မှုပြီး ဘုရားအဖြစ်သို့ ရောက်တော်မှုခဲ့ပါတယ်။ ထိုကြောင့် ဗောဓိညောင်ပင်သည်လည်း ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ် ပူဇော်ရာဌာနတစ်ခုဖြစ်ခဲ့ပါတယ်။
ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်များမှ ယနေ့ခေတ်အထိ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် နှစ်စဉ်ကဆုန်လပြည့်နေ့ ရောက်တိုင်း ဗောဓိညောင်ပင်ကို ရေသွန်းဖျန်းပူဇော်ကြပါတယ်။
ကဆုန်လပြည့်နေ့ (ညောင်ရေသွန်းပွဲတော်) နေ့လေးတွင် ဒါန၊ သီလ၊ ဘာဝနာပြုခြင်းတို့ဖြင့် ကုသိုလ်ယူနိုင်ကြပါစေလို့ IBS(Impact Business School) မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
01/05/2019
🎈1st May 2019 တွင်ကျရောက်သော အလုပ်သမားနေ့ကိုIBS (Impact BusinessSchool) မိသားစုမှ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။🎈
==========================
■အလုပ်သမားနေ့(မေဒေး)■
================
အလုပ်သမားနေ့(မေဒေး)သည် ကမ္ဘာ့အလုပ်သမား လှုပ်ရှားမှုသမိုင်းတွင် ကြီးမြတ်ပြီး ဂုဏ်ရောင်ထွန်းပြောင်ခဲ့သည့် အထင်ရှားဆုံးသော မှတ်တိုင်ကြီးဖြစ်သည်။ ၁၈၉၀ခုနှစ် မေလ (၁)ရက်နေ့မှ စတင်၍ ကမ္ဘာနှင့်အဝှန်း နိုင်ငံများစွာတွင် အလုပ်သမားနေ့(မေဒေး) အထိမ်းအမှတ်ပွဲကြီးများ ကျင်းပကြသည်။ သို့သော် မြန်မာနိုင်ငံတွင်မူကား ၁၉၃၈ခုနှစ် မေလ (၁)ရက်နေ့မှ ပထမအကြိမ်ကျင်းပနိုင်ခဲ့၏။ (၄၈)နှစ် နောက်ကျ၍ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
၂၀၁၉ခုနှစ် မေလ (၁)ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့(မေဒေး)သည် (၁၂၉)ကြိမ်မြောက်ဖြစ်သည်။ မေဒေးနေ့ အလုပ်သမားတိုက်ပွဲကို အမေရိကန် အလုပ်သမားများက စတင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် "မေဒေးအစ အမေရိကန်က"ဟု ပြောဆိုခဲ့ကြသည်။ ၁၈၈၆ခုနှစ်၊ မေလ (၁)ရက်နေ့တွင် အမေရိကန်နိုင်ငံ ချီကာဂိုမြို့ကို ဗဟိုပြု၍ နယူးယောက်၊ ဗယ်တိမို၊ ဝါရှင်တန်၊ ပီဂူရီ၊ စင်စင်တီ၊ စိန့်လူးဝစ်၊ ပစ်ဗတ်နှင့် ဒက်ထရိုက်မြို့ကြီးများတွင် အလုပ်ချိန်(၈)နာရီသတ်မှတ်ပေးရေး ဆန္ဒပြပွဲများ ကျင်းပခဲ့ကြသည်။ ချီတာဂိုမြို့၌ မေလ (၃)ရက်နေ့တွင် ငြိမ်းချမ်းစွာ စည်းကမ်းတကျ ဆန္ဒပြပွဲများကို အစိုးရနှင့် အရင်းရှင်ကြီးများက ရက်စက်စွာ လက်နက်များနှင့် ပစ်ခတ်နှိမ်နင်းခဲ့သည်။ ထို့ကြောင့် အလုပ်သမား (၆)ယောက် သေဆုံးရပြီး ရာပေါင်းများစွာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြသည်။ ယင်းဖြစ်စဉ်ကို မခံမရပ်နိုင်ကြသော အလုပ်သမား ထောင်ပေါင်းများစွာတို့သည် မေလ (၄)ရက်နေ့၌ ဟေးမတ်ကက်ကွင်းပြင်တွင် စုဝေး၍ အေးချမ်းစွာ လူထုအစည်းအဝေးကြီး ကျင်းပခဲ့သည်။ ထိုအချိန်တွင် ထပ်မံ၍ လက်နက်ကိုင် စစ်တပ်နှင့် ပုလိပ်များက ပစ်ခတ်နှိမ်နင်းပြန်ရာ အလုပ်သမား (၄)ယောက်နှင့် ပုလိပ်(၇)ယောက် သေဆုံးရသည်။ ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ အလုပ်သမား ခေါင်းဆောင်များဖြစ်ကြသော (၁)ပါဆင်၊ (၂)စပိုင်၊ (၃)ဖစ်ချာ နှင့် (၄)အိန်ဂျယ် တို့အား ဆူပူမှု ဖန်တီးကြသည်ဟူသော လုပ်ကြံစွပ်စွဲချက်ဖြင့် သေဒဏ်အပြစ်ပေးလိုက်သည်။ ကျန် အလုပ်သမားခေါင်းဆောင်များကိုလည်း အစိုးရက ထောင်ဒဏ်၊ ငွေဒဏ်၊ ပြည်နှင်ဒဏ်စသော အပြစ်ဒဏ်များ ပေးလိုက်သည်။
အလုပ်သမားတို့၏ သွေးမြေကျ တိုက်ပွဲများကို အကြောင်းပြု၍ ၁၈၈၈ခုနှစ် စိန့်လူးဝစ်မြို့တွင် ကျင်းပသည့် အမေရိကန် အလုပ်သမားအဖွဲ့ချုပ် ညီလာခံတွင် ထပ်မံ၍ အလုပ်ချိန် (၈)နာရီ တိုက်ပွဲကို စနစ်တကျ ပြင်ဆင်မှုများဖြင့် ဆက်လက်တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်း ညီလာခံ၌ပင် ၁၈၉၀ခုနှစ်မှ အစပြု၍ မေလ (၁)ရက်နေ့ကို အလုပ်သမားတိုက်ပွဲနေ့(မေဒေး)အဖြစ် သတ်မှတ်ကျင်းပရန် ဆုံးဖြတ်ပြဋ္ဌာန်းလိုက်ကြသည်။ ထို့ကြောင့် ကမ္ဘာတွင် "မေဒေးအစ အမေရိကန်က"ဟု သမိုင်းစဉ်တွင် ဥဒါန်းတင် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အလုပ်သမားနေ့(မေဒေး)ကို ၁၉၃၈ခုနှစ်တွင်မှ စတင်ကျင်းပနိုင်ခဲ့ခြင်းကြောင့် ၂၀၁၉ခုနှစ် မေလ (၁)ရက်နေ့တွင် ကျရောက်မည့် အလုပ်သမားနေ့(မေဒေး)သည် မြန်မာနိုင်ငံအနေဖြင့်ဆိုလျှင် (၈၁)ကြိမ်မြောက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကမ္ဘာ့အလုပ်သမားထုနှင့်အတူ တစ်ချိန်တည်းတစ်ရက်တည်း ကျင်းပနိုင်သော အကြောင်းအချက်များမှာ ဤသို့ပင်တည်း။
အချိန်ကား ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအောက် ရောက်ရှိနေသော ကာလ။ ဗြိတိသျှနယ်ချဲ့ အရင်းရှင်ကြီးများအား သပိတ်လက်နက်ဖြင့် တုန့်ပြန်တိုက်ခိုက်နေသည့် အချိန် ဖြစ်သည်။
အရင်းရှင်အလုပ်ရှင်များသည် မြန်မာအလုပ်သမားများအပေါ် ဖိနှိပ်ချုပ်ချယ်၍ သွေးစုပ်အမြတ်ထုတ်နေကြ၏။ ထို့ကြောင့် ကျောမွဲလူတန်းစား ဆင်းရဲသား အခြေခံအလုပ်သမားများ၏ ပစ္စည်းမဲ့ဒေါသများသည် အထွတ်အထိပ်သို့ ရောက်ရှိနေကြ၏။ "ဖိလျှင်ကြွ ထိလျှင်ထ" ဟူသော ကြွေးကြော်သံနှင့်အညီ သွေးဆူနေသော အလုပ်သမားများသည် ယမ်းပုံမီးကျ ဒေါသူပုန်ထကာ မခံမရပ်နိုင်အောင် ဆူပူလှုပ်ရှားကြလေတော့သည်။
သပိတ် သပိတ် မှောက် မှောက်
မီးတုတ် မီးတုတ် ရှို့ ရှို့
သူပုန် သူပုန် ထ ထ
သခင်မျိုးဟေ့ ဒို့ဗမာ
ဓနရှင်တွေ ပျက်စီးပါစေ
အရေးတော်ပုံ အောင်ရစေ
ဟူသော ကြွေးကြော်သံများသည် ချောက်ရေနံမြေတွင် ပဲ့တင်ထပ် ဆူညံသွားသည်။ သုံးရောင်ချယ် တူတံစဉ်အလံကြီးကို ဝင့်ကြွားစွာ လွှင့်ထူလျက် သပိတ်မှောက်အလုပ်သမားများသည် လက်သီး၊ လက်မောင်းများကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အရင်းရှင်းအလုပ်ရှင်များကို အံတုဖက်ပြိုင်ကြသည်။
မြန်မာနိုင်ငံ၏ အလုပ်သမားလှုပ်ရှားမှုသမိုင်းတွင် ဂုဏ်ရောင်ထွန်းပြောင်ခဲ့သည့် အထင်ရှားဆုံးသော မှတ်တိုင်ကြီးကို ၁၉၃၈ခုနှစ်၊ ဇန်နဝါရီလ၊ (၈)ရက် (၁၂၉၉ခုနှစ်၊ ပြာဆိုလဆန်း (၈)ရက် စနေနေ့)တွင် ချောက်ရေနံမြေသပိတ်ကြီးမှ စတင်ခဲ့သည်။ ချောက်အလုပ်သမား အစည်းအရုံးမှ အမှုဆောင်(အလုပ်သမား) သခင်ခင်သည် အစည်းအရုံးကိစ္စတစ်ခုအတွက် ရေနံချောင်းသို့ သွားရောက်ရန် ကုမ္ပဏီအာဏာပိုင်များထံသို့ စည်းကမ်းတကျ ခွင့်(၂)ရက် တောင်းဆိုရာ ခွင့်(၁)ရက် ရရှိခဲ့သည်။ သို့ရာတွင် သခင်ခင်သည် အလုပ်ပြန်ဆင်းရမည့် (၇.၁.၁၉၃၈)ရက်နေ့တွင် အချိန်မိ ပြန်လည်မရောက်ရှိခြင်းကြောင့် အလုပ်(၁)ရက် ပျက်ကွက်သည်။ ထို့ကြောင့် (၈.၁.၁၉၃၈)ရက်နေ့ အလုပ်ခွင်သို့ ဝင်ရောက်သည့်နေ့တွင် ခွင့်မရဘဲ အလုပ်(၁)ရက် ပျက်သည်ဟူသော အကြောင်းပြချက်ဖြင့် ကုမ္ပဏီမှ စာနီပေးကာ အလုပ်မှ လုံးဝထုတ်ပယ်လိုက်သည်။
ထိုသို့ ကုမ္ပဏီက သခင်ခင်အား အလုပ်မှ ထုတ်ပယ်လိုက်သည့် သတင်းသည် တစ်မဟုတ်ချင်း ချောက်ရေနံမြေ အလုပ်သမားအားလုံးသို့ ပျံ့နှံ့သွားသည်။ အလုပ်သမားများသည် မကျေမနပ်ဖြစ်ကာ ချောက် ဘီအိုစီ ဗဟိုရုံးကြီးဆီသို့ ချီတက်၍ သပိတ်စတင်မှောက်လိုက်ကြသည်။ တစ်ပြိုင်တည်း လိုလိုလည်း ကြိုတင်စီစဉ်ထားမှု လုံးဝမရှိဘဲနှင့် တစ်နာရီအတွင်း ချောက်ရေနံမြေ အလုပ်ဌာန အသီးသီးမှ သပိတ်မှောက် အလုပ်သမား (၅၀၀၀)ကျော်တို့သည် ညောင်ဖြူပင်ရပ်ရှိ ဘောလုံးကွင်းကြီးထဲတွင် စုရုံးမိကြလေသည်။ ထို့နောက် ယင်း(၈.၁.၁၉၃၈)ရက်နေ့ သပိတ်မှောက် လူထုအစည်းအဝေးကြီးက အလုပ်သမားများ ဆုံးရှုံးနစ်နာနေသည့် အခွင့်အရေးများကို တောင်းဆိုခဲ့ကြသည်။ ဘီအိုစီအမှူးပြုသော အရင်းရှင်ကြီးများသည် အစိုးရအကူအညီဖြင့် လက်နက်ကိုင် ပုလိပ်များကို စေလွှတ်၍ အလုပ်သမား သပိတ်တိုက်ပွဲများကို အပြင်းအထန် နှိမ်နင်းချေမှုန်းပစ်ရန် စီမံခဲ့ကြသည်။ ပထမဦးစွာ ချောက်ရေနံမြေ အလုပ်သမားအစည်းအရှုံး၏ ဒုတိယဥက္ကဋ္ဌ သခင်သင် နှင့် စည်းရုံးရေး အတွင်းရေးမှူး သခင်ထွန်းခင်တို့အား ပုဒ်မ-၁၀၇၊ ၁၀၈ အရ ဖမ်းဆီးတရားစွဲဆိုကာ ထောင်ဒဏ် (၆)လ ချမှတ်လိုက်သည်။ သပိတ်မှောက် အလုပ်သမား အိမ်ထောင်စု ရာပေါင်းများစွာတို့အား ကုမ္ပဏီတန်းလျား(နေအိမ်)များမှ အဓမ္မမောင်းနှင်ချခြင်း၊ ရေ မီး လုံးဝမပေးဘဲ ဖြတ်တောက်ပစ်ခြင်း၊ အလုပ်သမားတန်းလျားများကို လက်နက်ကိုင် စစ်ပုလိပ်တပ်များ ဝိုင်းရံချထား၍ ခြိမ်းခြောက်ခြင်း၊ ရာဇာဝတ်မှုခင်းများနှင့် သွေးထွက်သံယိုမှုများ ဖြစ်ပွားအောင် နည်းမျိုးစုံဖြင့် ယုတ်မာခဲ့ကြသည်။
နယ်ချဲ့အရင်းရှင်များနှင့် အစိုးရသည် သပိတ်မှောက်အလုပ်သမားထုအပေါ် မီးကုန်ယမ်းကုန်အောင် နည်းမျိုးစုံဖြင့် ရက်စက်ယုတ်မာစွာ ဖြိုဖွဲဖျက်ဆီးသော်လည်း ညီညွှတ်နေသော သပိတ်ကြီးမှာ မပြိုကွဲမပျက်စီးဘဲ မြန်မာ့အလုပ်သမား လှုပ်ရှားမှုသမိုင်းတွင် မော်ကွန်းတိုင်တစ်ခုအဖြစ် ပထမဆုံးမေဒေးကို ကျင်းပခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပခဲ့သော မေဒေး၏ ဘူမိနက်သန်အရပ်မှာ ရေနံချောင်းမြို့ ဆုံတိုက်ရပ်ကွက်ရှိ လည်ပေါ်ကျောင်း တန်ဆောင်းကြီးပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၃၈ခုနှစ်မှ စတင်၍ အလုပ်သမားနေ့(မေဒေး)ကို ကျင်းပနိုင်ခဲ့ပြီး ၁၉၄၈ခုနှစ် မြန်မာနိုင်ငံအား လွပ်လပ်သော နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုလာသော အခါတွင် မြန်မာနိုင်ငံက မေဒေးနေ့ကို ဂေဇက်ဝင်ရုံးပိတ်ရက်အဖြစ် ပြဋ္ဌာန်းခဲ့သည်။
မေဒေးနေ့ အခမ်းအနားကို ကျင်းပရခြင်းသည် အငြိမ့်ကပြဖျော်ဖြေပေးသည့် အဆင့်မျှသာ မဟုတ်ဘဲ အရေးကြီးသော ရည်ရွယ်ချက်များပါဝင်ပါသည်။ ယင်း ရည်ရွယ်ချက်များမှာဆိုလျှင်
(၁)မေဒေးကို မွေးဖွားပေးလိုက်တဲ့ နိုင်ငံတကာက အလုပ်သမား ရဲဘော်များနဲ့ ကိုယ့်တိုင်းပြည်အတွင်းရှိ အလုပ်သမား ရဲဘော်များရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို အလေးအမြတ်ထား ဂုဏ်ပြုကြရန်။
(၂)နိုင်ငံတကာအလုပ်သမားတွေနဲ့ မိမိတို့ တသွေးတည်းတသားတည်း တည်ရှိကြောင်း ပြသရန်။
(၃)အလုပ်သမားတွေရဲ့ သွေးစည်းညီညွတ်မှု အင်အားကို ထုတ်ဖော်ပြသရန်။
(၄)မျက်မှောက်ခေတ် အလုပ်သမားတွေရဲ့ လူမှုဘဝတိုးတက်မြင့်မားရေး တိုက်ပွဲစဉ်အဆင့်ဆင့်ကို ရှေ့သို့တစ်ဆင့်တိုးမြှင့်၊ တွန်းဆော်ပေးရန်။ စသည့်အချက်များဖြစ်သည်။
အလုပ်သမားနေ့(မေဒေး)သည် အလုပ်သမားထုရဲ့ အသက်၊ သွေး၊ ချွေးများနှင့် ရင်းနှီးပေးဆပ်ခဲ့ပြီးမှ ဖြစ်ဖော်လာသော သမိုင်းဝင်နေ့ဖြစ်သည်။ထို့ကြောင့် "အလုပ်သမားများ၏ အခွင့်အရေးများ အပြည့်အဝရရှိနိုင်ကြဖို့ မြန်မာပြည်အလုပ်သမားထုတရပ်လုံး သွေးစည်းညီညွတ်ကြပါစို့"ဟု နှိုးဆော်တိုက်တွန်းအပ်ပါသည်။
ိန်းမင်း
17/04/2019
12/04/2019
မြန်မာ့ရိုးရာ အတာသင်္ကြန် ဆုမွန်ကောင်း…
မြန်မာတို့ရဲ့ နှစ်ကူးတန်ခူးလ သင်္ကြန်ပွဲတော်အခါသမယမှာ မိသားစုအားလုံး ကျန်းမာပျော်ရွှင်သော၊ ကျန်းမာကြံ့ခိုင်သော မိသားစုဘ၀များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှစ်ကူးသင်္ကြန်ပွဲတော်ကို IBS( Impact Business School)မိသားစုနှင့်အတူတကွ ကျန်းမာပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြပါစေရှင့်…
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 20:00 |
| Sunday | 09:00 - 20:00 |