11/01/2018
မင်္ဂလာပါ...။
ကျွန်တော်တို့ဒီ Spartan SoftHouse Page ကနေ ဖြန့်ချီမယ့် Product တွေ မိတ်ဆက်မပေးရသေးခင် ကျွန်တော်တို့ဒီ Page အကြောင်းနဲ့ Page ကနေပေးမယ့် Service အကြောင်းကိုအရင်မိတ်ဆက်ပေးပါရစေခင်ဗျ။
What is Spartan SoftHouse ?
Spartan SoftHouse ဆိုတာ Nomad's Data Hub ရဲ့လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး Gaming အတွက်မဟုတ်တဲ့ Office နဲ့ Student တွေအတွက် အဓိကရည်ရွယ်ပြီး Digital License Products တွေ ကို Physical Packaging အနေနဲ့ သေခြာ ထုတ်ပိုးပြီး ဖြန့်ချီပေးသွားမှာပါ။ Official License Software တွေကိုအသုံးပြုချင်တဲ့ ကျောင်းသားတွေ၊ ရုံးသမားတွေအတွက် ကျောင်းသုံးနဲ့ လုပ်ငန်းသုံး Software တွေကို ကျွန်တော်တို့ Page ကနေ Physical Box နဲ့ တစ်နိုင်ငံလုံး အတိုင်းအတာဖြန့်ချီပေးသွားမှာပါ။
ဘယ်လို Service ပေးမှာလဲ ?
Official Software တွေ ၀ယ်သုံးချင်သူတွေ၊ ၀ယ်သုံးချင်ပေမယ့် စျေးတွေအရမ်းကြီးနေသေးလို့ မ၀ယ်ဖြစ်သေးတဲ့သူတွေ၊ ၀ယ်ပြီး မသုံးတက်မှာဆိုးလို့မ၀ယ်ဖြစ်သေးတဲ့သူတွေ၊ နိုင်ငံခြားထွက်မှာမို့ Official Product ၀ယ်သုံးမှ ဖြစ်မယ်ဆိုတဲ့သူတွေအတွက် ကျွန်တော်တို့ Page ကနေ လူတိုင်းအသုံးပြုနိုင်အောင် Software ခွေ အပြင် အသုံးပြုနည်း Manual စာအုပ်နဲ့အတူ Digital License Code ပါ၀င်တဲ့ Physical Box တွေကို ဖုန်းဆက်မှာယူလိုက်ယုံနဲ့ တစ်နိုင်ငံလုံးကို အိမ်တိုင်ရာရောက် (သို့မဟုတ်) သက်ဆိုင်ရာကားဂိတ်ထိ ပို့ပေးသွားမှာပါ။
ကျွန်တော်တို့ဘယ်လို Product တွေရောင်းချမလဲ ?
Kaspersky Internet Security 2018
Microsoft Windows 10 Professional OEM
Microsoft Office Professional Plus 2016
စတဲ့ Product ၃ခုကိုပဲ လက်ရှိအချိန်မှာ အဓိက ဦးစားပေးဖြန့်ချီသွားမှာပါ။ ဘာလို့ ၃ခုပဲလဲ ? ရောင်းပြီးပြီးရောမဟုတ်ပဲ After Sales Service ပေးနိုင်အောင် လက်ရှိလူသုံးအများဆုံး စျေးအသက်သာဆုံး နဲ့ အလိုအပ်ဆုံးထင်တဲ့ Software 3 ခုနဲ့ပဲ စတင်မှာပါ။
စျေးနှုန်းတွေကကော။
စျေးနှုန်းအနေနဲ့ အသေးစိတ်ကတော့အောက်ပါအတိုင်းပါ
Kaspersky Internet Security 2018 (6 Month) - 8000 Ks
Kaspersky ရဲ့ Internet Security 2018 Version ဖြစ်ပြီး တစ်ခါ Activate လုပ်ပြီး 6 လ အသုံးပြုနိုင်ပါတယ်။ Installation အတွက် Internet ရှိရန်လိုအပ်ပြီး 200MB ခန့် Data Download ဆွဲပါလိမ့်မည်။
License Key ကို စက်တစ်လုံးစာ အတွက် ၆လထိ အသုံးပြုနိုင်ပါတယ်။Antivirus အပြင် firewall ပါ၀င်ပြီး virus အပြင် malware, phishing နဲ့ tracking တွေကိုကာကွယ်နိုင်ပါတယ်။ Gaming အတွက် အကောင်းစုံး စိတ်အချရဆုံး နဲ့ compatibility အဖြစ်ဆုံး Antivuris Software တစ်ခု ဖြစ်တဲ့အပြင် Online Activity နဲ့ Online Payment အတွက် အသုံးပြုဖို့အလွယ်ဆုံး Internet Security Software တစ်ခုပါ။ Windows အသစ်ပြန်တင်လဲ License မပျက်တာမို့သက်မှတ်ရက်မပြည့်မခြင်း Key ပြန်လည်ထည့်ပြီး အသုံးပြုနိုင်ပါတယ်
Microsoft Windows 10 Professional OEM - 35000 Ks
Microsoft Windows 10 ရဲ့ Profrssional OEM Official Version ဖြစ်ပြီး အခွေအတွင်း DVD ကော CD Keys ပါပါ၀င်ပါတယ်။ Windows Store Features ကို အပြည့်အ၀ အသုံးချနိုင်မှာဖြစ်လို့ Application & Games တွေကို Free ကော Paid ပါ အလွယ်တကူ Download ချနိုင်မှာပါ။ အရေးကြီးတဲ့ သင့် Data တွေ ပျောက်ပျက်မသွားအောင် OneDrive နဲ့ Cloud Storage မှာ ထိန်းသိမ်းထားနိုင်ပါတယ်။ Windows Update Features ကြောင့် Windows အတွက် Patch & Update အမြဲရမယ့်အပြင် Security အတွက် Build In Auti-virus ဖြစ်တဲ့ Windows Defender Update ပါ အမြဲလုပ်နိုင်မှာပါ။ Driver Error ကဲ့သို့ Error အပြင် အခြား Windows Error များကို အလွယ်တကူ Online Troubleshooting လုပ်နိုင်တာကြောင့် Gaming အတွက် ဖြစ်လာမယ့် Windows Error တွေကို စိတ်ပူစရာမလိုတော့ပါဘူး။ Harware Upgrade မလုပ်မချင်း တစ်ခါ Activate လုပ်ယုံနဲ့ နောက်တစ်ခေါက် Windows ပြန်တင်လဲ Automatically Activated ဖြစ်နေမှာပါ
Microsoft Office Professional Plus 2016 (1 User) - 58000 Ks
Microsoft Office Professional Plus 2016 က Standalone Office Software ဖြစ်ပြီး Word, Excel, PowerPoint, OneNote, Outlook, Publisher, Access စတဲ့ Software တွေပါ၀င်ပြီး ကျောင်းသားများနဲ့ ရုံးလုပ်ငန်းအတွက် အထူးသင့်တော်ပါတယ်။1 User အသုံးပြုနိုင်ပါတယ်။ Online Installer နဲ့သာသွင်းနိုင်မှာမို့ ဘူးအတွင်း License Key နဲ့ သွင်းနည်း Manual သာပါ၀င်ပြီး DVD မပါ၀င်ပါ။ Online Installation အတွက် Internet ရှိရန်လိုအပ်ပြီး 1GB ခန် Data Download ဆွဲပါလိမ့်မည်။ Account အတွင်း Activate လုပ်တာမို့Windows ပြန်တင်လဲ Activate ပြန်လုပ်စရာမလို Login လုပ်ပြီး ပြန်လည်အသုံးပြုနိုင်ပါတယ်။
ဒီ Page ရဲ့ ရည်ရွယ်ချက်က ဘာလဲ ?
ကျွန်တော်တို့အားလုံး Cracked Software တွေနဲ့ပဲ သုံးရတာ ညည်းငွေ့လှပါပြီ။ Crack တွေရှာရ Error တွေရှင်းရ နဲ့ Virus တက်လိုက် Windows ပြန်ချလိုက်နဲ့ ကျောင်းသားတွေဆိုလဲ Assignment တွေ Project တွေ ပျက်စီးနှောင့်နှေးသလို ရုံးပိုင်းဆိုင်ရာမှာလဲ အရေးကြီးတဲ့အချက်အလက်တွေ ပျက်စီးတာတွေ မဖြစ်ရအောင် Official Software တွေကို ဖြန့်ချီဖို့ရည်ရွယ်ခဲ့တာပါ။ Official Software ဆိုပေမယ့်လဲ သိန်းကျော်ပေး၀ယ်ရမယ့် Software တွေမဟုတ်ပဲ အသက်သာဆုံးဆိုမှ အသက်သာဆုံးဆိုတဲ့အပြင် အသုံးပြုရအဆင်ပြေဆုံး Software တွေကို သေခြာရှာဖွေ စမ်းသပ် အသုံးပြုပြီးမှ ကျွန်တော်တို့ Page ကနေ ဖြန့်ချီပေးသွားမှာပါ။
ဘယ်လိုမှာယူနိုင်မလဲ ?
ကျွန်တော်တို့ Page Message ကနေဖြစ်စေ ဖုန်းနံပတ် 09978412970 ကိုဆက်ပြီးဖြစ်စေ ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်။ ဖုန်းလေးပဲဆက်လိုက်ပါ ဖုန်းဆက်လိုက်ယုံနဲ့ အိမ်ရှေ့ထိ လာပို့ပေးမယ့် Door to Door Delivery လဲရှိလို့ ပစ္စည်းရောက်မှ ငွေချေနိုင်ပါတယ်။ :D