Genius Academy

Genius Academy Genius Academy is founded by experienced and qualified teachers. Genius Academy is running English c

09/01/2023
Reading Comprehensionစာပိုဒ်လေးတွေကိုဖတ်ကြည့်ပြီး ဘာကြောင့်မှန်တယ် ဘာကြောင့်မှားတယ်ဆိုတာ သိရအောင် သားသားမီးမီးတို့ လေ့ကျ...
03/03/2022

Reading Comprehension
စာပိုဒ်လေးတွေကိုဖတ်ကြည့်ပြီး ဘာကြောင့်မှန်တယ် ဘာကြောင့်မှားတယ်ဆိုတာ သိရအောင် သားသားမီးမီးတို့ လေ့ကျင့်လို့ရမယ့် worksheetsလေးတွေကို တီချယ်က တင်ပေးထားတယ်နော်


ဒီတစ်ခေါက် တီချယ်ကသားသားမီးမီးတို့အတွက်Moral Story လေးဖြစ်တဲ့"Who is Happy"ဆိုတဲ့ ပုံပြင်လေးကို sharing လုပ်ပေးထားပါတယ်ပ...
30/01/2022

ဒီတစ်ခေါက် တီချယ်က
သားသားမီးမီးတို့အတွက်
Moral Story လေးဖြစ်တဲ့
"Who is Happy"ဆိုတဲ့ ပုံပြင်လေးကို sharing လုပ်ပေးထားပါတယ်

ပုံပြင်လေးထဲမှာပါတဲ့ characters လေးတွေအကြောင်းကို လေ့လာပြီး
သင်ခန်းစာတွေ ရရှိနိုင်ကြပါစေ🙏🙏🙏

သားတို့ သမီးတို့ Story လေးတွေဖတ်ရင်း English စာကို ပေါ့ပါ့ပါးပါးလေး လေ့လာနိုင်ဖို့ Genius Academy မှာ သင်တန်းများကို CB မှာ စုံစမ်းအပ်နှံနိုင်ပါတယ်

Let's do opinion writing !!!သားသားမီးမီးတို့တွက် Writing practice လေးလုပ်ကြည့်ရအောင်နော်
26/01/2022

Let's do opinion writing !!!
သားသားမီးမီးတို့တွက်
Writing practice လေးလုပ်ကြည့်ရအောင်နော်

09/01/2022

တကယ်နားလည်မှ သင်ကြပါ
----------------------------
အိန္ဒိယနိုင်ငံတွင်ဖြစ်သည်

သမီးလေးကို မိခင်ဖြစ်သူက တစ်လမ်းလုံး သင်လာသည်

“သမီး … မေးရင် ကောင်းကောင်းဖြေနော် … ရိုရိုသေသေဖြေနော်”

“ဟုတ်ကဲ့ပါ မာမီ”

သူတို့သားအမိနှစ်ယောက် မူလတန်းကျောင်းကို လာနေခြင်းဖြစ်သည်။ ထိုကျောင်းသည် နာမည်ကြီး ကျောင်း တစ်ကျောင်းဖြစ်ပြီး မူလတန်းကတည်းက ဝင်ခွင့်ကို သေချာစွာ စစ်ဆေးပြီးမှ လက်ခံလေ့ရှိသည်။ ယနေ့ မူလတန်းဝင်ခွင့်အတွက် ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင် ကလေးများကို လူတွေ့စစ်ဆေးသည့်အနေဖြင့် အင်တာဗျူးမည်ဖြစ်သည်။

မိဘတွေအားလုံး စိုးရိမ်သောကရောက်နေကြသည်။ ကျောင်းကောင်းဖြစ်သဖြင့် ဝင်ရောက်ခွင့်မရမည်ကို စိုးရိမ် ခြင်းထက် ကျောင်းအုပ်ကြီးနှင့်အဖွဲ့၏ အင်တာဗျူးကို မကျော်နိုင်မည်အား ပိုပြီးစိုးရိမ်နေကြသည်။

ကျောင်းအုပ်ကြီးရုံးခန်းအပြင်တွင် မိဘများနှင့်ကလေးများ တန်းစီကာ ထိုင်နေကြသည်။ တစ်ယောက်ခြင်း ခေါ်တွေ့သည်။ မိဘတစ်ဦးစီလည်း လိုက်ဝင်ခွင့်ရှိသည်။

စောစောက ကားပေါ်မှ သားအမိနှစ်ယောက် အလှည့်ရောက်လာသည်။ ရုံးခန်းထဲသို့ဝင်လာသော ကလေးကို ဆရာမကြီးနှင့် မျက်နှာချင်းဆိုင်တွင် နေရာယူစေသည်။ မိခင်ကတော့ အဝေးရှိ ထိုင်ခုံတွင် ထိုင်နေရသည်။

ကျောင်းအုပ်ကြီးက စမေးသည်

“သမီးလေးနာမည်က ဘယ်လိုခေါ်သလဲ”

ကလေးကဖြေသည်

“သီတာ”

“သမီးလေးက ဒီကျောင်းမှာနေချင်လား”

“ဟုတ်ကဲ့”

“ဒီကျောင်းမှာ ကလေးတိုင်းကို လက်မခံဘူးနော် … သမီးလေးသိလား”

“ဟုတ်ကဲ့”

“သမီးဘာတွေ သိလဲကွယ် … ဆရာမကြီးကို ပြောပြပါလား”

ကလေးက တွေသွားပြီး ကျောင်းအုပ်ကို ပြန်ပြီး မေးခွန်းထုတ်သည်

“သိတာတွေကတော့ အများကြီးပါ … ဆရာမကြီးက ဘာကို သိချင်တာလဲရှင့်”

မိခင်ဖြစ်သူက

“သမီး” ဟုအော်လိုက်ရာ ဆရာမကြီးက လက်ပြလိုက်ပြီး ဘာမျှဝင်မပြောရန် တားလိုက်သည်။

“ဒီလိုလေ သမီးရယ် … ဆရာမကြီးကို ကဗျာဖြစ်ဖြစ် ပုံပြင်ဖြစ်ဖြစ် တစ်ခုခုလောက် သမီးသိတာ ပြောပါလား”

“ကဗျာဆိုလည်းကဗျာ … ပုံပြင်ဆိုလည်းပုံပြင် တိတိကျကျပြောပါလား … ဆရာမကြီးက ဘာကိုသိချင် တာလဲရှင့်”

အဖွဲ့ကလည်း ပြုံးကြသည်။

“ဪ … အေး … အေး … ပုံပြင်လေးတစ်ပုဒ်လောက် ပြောပြပါလား”

“ဘယ်လိုပုံပြင်မျိုး နားထောင်ချင်တာလဲရှင် … သမီးဖတ်ဖူးတဲ့ ပုံပြင်လား … ကိုယ်တိုင်ရေးထားတဲ့ ပုံပြင်လား”

“အို … သမီးက ပုံပြင်လည်း ရေးတယ်လား”

“ပုံပြင်မရေးရဘူးလားရှင်”

“မဟုတ်ပါဘူးကွယ် … သမီးရေးထားတဲ့ ပုံပြင်လေး နားထောင်ချင်လို့ပါ … ပြောပြပါဦး”

“ဟိုးရှေးရှေးတုန်းက ရာဝဏက သီတာဆိုတဲ့ မင်းသမီးလေးကို ခိုးပြေးပြီးတော့ သီရိလင်္ကာကို ခေါ်သွားတယ်။ ရာမက သီတာမင်းသမီးလေးကို ကယ်ပေးဖို့ ဟာနုမာန်ဆီ အကူအညီတောင်းတယ်။ ဟာနုမာန်ကလည်း ကူညီမယ်ပေါ့”

ဆရာမကြီးက ကလေးကို အားပေးသည့် အနေဖြင့်

“ဆက်ပြောလေ သမီး ဆက်ပြော”

“အဲဒီတော့ ဟာနုမာန်က သူ့သူငယ်ချင်း စပိုင်ဒါမင်းကို အကူအညီလှမ်းတောင်းတာပေါ့”

ဆရာမကြီးက လုံးဝမျှော်လင့်မထားသော ဇာတ်လမ်းဖြစ်နေသောကြောင့် မျက်လုံးပြူးသွားသည်။ မိခင်က မျက်စိမျက်နှာပျက်နေသည်။

“ဘာဖြစ်လို့ စပိုင်ဒါမင်းကို အကူအညီတောင်းရတာလဲကွယ်”

“ဆရာမကြီး … အိန္ဒိယနဲ့ သီရိလင်္ကာကြားမှာ တောင်တွေက အများကြီးလေ … စပိုင်ဒါမင်းကို ခေါ်မှ မြန်မြန် ရောက်မှပေါ့”

“ဟာနုမာန်ကလည်း ပျံနိုင်တာပဲ မဟုတ်လားကွယ်”

“ဟာ ဆရာမကြီးကလည်း ဟာနုမာန်က လက်တစ်ဖက်မှာ တောင်တစ်လုံးကို ကိုင်ထားရသေးတာ ဘယ်မြန်မြန် ပျံနိုင်မှာလဲလို့”

ဆရာမကြီးက မျက်လုံးပြူးကာ ဘာပြောရမှန်းမသိ။ ကလေးက အကဲခတ်လိုက်ပြီး

“သမီးဆက်ပြောရမှာလား”

“ဪ ဆက်ပြောပါကွယ် … ဆက်ပြောပါ”

“ဟာနုမာန်နဲ့ စပိုင်ဒါမင်းနှစ်ယောက် သီရိလင်္ကာကို ရောက်သွားကြတယ် … ပြီးတော့ သီတာကို ကယ်လာတာပေါ့ … သီတာကလည်း နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တယ်”

“ဘာဖြစ်လို့လဲကွယ်”

“ဆရာမကြီးကလည်း တစ်ယောက်ကို တစ်ယောက်က ကယ်တင်တယ်ဆိုရင် ကျေးဇူးတင်ပါတယ်လို့ ပြောရ တယ်လေ”

“ဪ … ဆက်ပါဦး သမီးရယ်”

“အဲဒီ အချိန်မှာ သီတာက ဟာနုမာန်ကိုပြောတယ် … ဟော့ခ်ကို ခေါ်ပေးပါတဲ့”

ကလေးကြိုက် လူစွမ်းကောင်း ဟော့ခ်လည်း ပါလာသဖြင့် ဆရာမကြီးက အံ့ဩကာ

“ဘာကြောင့် ဟော့ခ်ကို ခေါ်ခိုင်းတာလဲကွယ်”

“ဆရာမကြီး ဟာနုမာန်က လက်တစ်ဖက်မှာ တောင်တစ်လုံးကို ကိုင်ထားရတယ် … လက်တစ်ဖက်မှာလည်း ဒဏ်ရာနည်းနည်းရသွားတဲ့ စပိုင်ဒါမင်းကို ပိုက်ထားရတယ် … သီတာကို ဘယ်လို ခေါ်သွားနိုင်မှာလဲ”

ဆရာမကြီးနှင့် စစ်ဆေးသည့်အဖွဲ့ဝင်တွေက အားရပါးရ ရယ်လိုက်ကြသည်။
သမီးလေးက ဆက်ပြောသည်

“သူတို့အားလုံး အိန္ဒိယကို ပြန်ရောက်လာတော့ သမီးသူငယ်ချင်း အက်ရှေးနဲ့ လာတွေ့ကြတယ် သိလား”

“ဟုတ်လား … အက်ရှေးက ဘယ်လို ပါလာရတာလဲ”

“ဆရာမကြီးကလည်း ဒါသမီးပုံပြင်လေ … သမီးထည့်ချင်တဲ့သူထည့်မှာပေါ့”

“ဆက်ပါဦးကွယ်”

“သူတို့ အိန္ဒိယကိုရောက်တော့ ဘန်ဂလောမြို့က ဘတ်စ်ကားဂိတ်မှာ ဆင်းလိုက်ကြတယ်”

“ဘာဖြစ်လို့ ဘတ်စ်ကားဂိတ်မှာ ဆင်းလိုက်တာလဲ”

“သူတို့ အိန္ဒိယက လမ်းတွေကို မသိဘူးလေ။ ဘတ်စ်ကားဂိတ်မှာ ဆင်းပြီး ဘတ်စ်ကားစီးသွားဖို့ ဟော့ခ်က အကြံပေးတာ … ဒီလိုနဲ့ နောက်ဆုံးတော့ သူတို့ဘတ်စ်ကားစီးပြီး မော်စဝါရမ် ၅ လမ်းကို ရောက်လာပြီး သီတာကို ထားခဲ့ကြတယ် … သမီးဇာတ်လမ်းပြီးပြီ”

“နေပါဦးကွယ် မော်စဝါရမ် ၅ လမ်းကို ဘာဖြစ်လို့ သီတာကို သွားပို့ကြတာလဲ”

“အဲဒါ သီတာနေတဲ့ အိမ်လေ … သမီးအိမ်ပေါ့”

ဆရာမကြီးနှင့် စစ်ဆေးရေးအဖွဲ့ဝင်များသည် သဘောကျလွန်းသောကြောင့် ကလေးကို ဝင်ခွင့်ပြုရုံမက ဆရာမကြီးက သီတာလေးကို အရုပ်တစ်ရုပ်ပင် လက်ဆောင်ပေးလိုက်သေးသည်။

မြန်မာနိုင်ငံမှ လူကြီးမင်းများ

ထိုသို့သော ကလေးမျိုးကို တွေ့ပါလျှင် မည်သို့ အကဲဖြတ်ကြမည်နည်း။

လျှာရှည်သည့်ကလေးဆိုကာ ငေါက်ထုတ်မည်လော။

ကလေးဆိုသည်မျိုးသည် ပျံသန်းချင်သည်။ သူတို့စိတ်ကူးနှင့် လွတ်လပ်စွာ တွေးကာ ပျံသန်းလိုကြသည်။ သူတို့ စိတ်ကူးထဲတွင် သူတို့ပုံဖော်ထားသော ဇာတ်ကောင်များ၊ ဇာတ်လမ်းများ၊ အတွေးများ၊ ဆန္ဒများ ရှိနေပြီးသား ဖြစ်သည်။ သူတို့ကို လွတ်လပ်စွာ ပျံသန်းခွင့်ပေးနိုင်မှ သူတို့တီထွင်ဖန်တီးနိုင်စွမ်းတွေက ပိုပြီးပေါ်လွင် လာတတ်သည်။ ကလေးတွေကို သင်းသတ်သလို မပြုသင့်ပါ။

ထို့ကြောင့်

ကလေးကို ရှာမရှည်နဲ့ဟု စိန်ခေါ်မည်လော

ဆက်ပြောပါဦးဟု လမ်းကြောင်းဖွင့်ပေးမည်လော။

ကလေးကို နားလည်မှ၊ ကလေးအကြောင်းသိမှ ကလေးကို ဆရာလုပ်ကြစေချင်သည်။

(School Admission Interview ကို မြန်မာမှုပြုပါသည်)

တင်ညွန့်

၉.၁.၂၀၂၂

10% scholarship January 2022 Intake(Limited candidates) Covid 19 and Crisis ကာလအတွင်း သားသားမီးမီးတို့ ပညာရေး မနှောင့်‌န...
04/01/2022

10% scholarship
January 2022 Intake
(Limited candidates)

Covid 19 and Crisis ကာလအတွင်း သားသားမီးမီးတို့ ပညာရေး မနှောင့်‌နှေးရအောင် နဲ့ မိဘတိုင်း မိမိတို့ သားငယ်သမီးငယ်များကို အကောင်းဆုံး ပညာရေး သင်ကြားပေးနိုင်ရန် မှ Scholarship program လေးစီစဉ်ပေးထားပါတယ်

ဇန်နဝါရီလ အတွင်း ကျောင်းအပ်နှံသူတိုင်း

-10% discount ရရှိနိုင်ခြင်း
-လစဉ် အရစ်ကျစနစ်ဖြင့် သင်တန်းကြေးပေးသွင်းနိုင်ခြင်း
-International schools များတွင်အတွေ့အကြုံများစွာရှိသော ဆရာမများနှင့် ပညာသင်ကြားနိုင်ခြင်း
- Zoom apps ဖြင့် face to face သင်ကြားပေးမည်ဖြစ်သောကြောင့် သင်ခန်းစာနှင့်ပတ်သက်ပြီး ဆရာမအားသိလိုသည်များကို ချက်ခြင်းမေးမြနိးနိုင်ခြင်း
-အတန်းတစ်တန်း‌တွင် ကျောင်းသား ခုနှစ်ယောက်သာ လက်ခံသင်ကြားပေးမည်ဖြစ်သောကြောင့် သားသားမီးမီးတို့ရဲ့ တိုးတက်မှု့ကို အချိန်တိုတွင်း ရရှိနိုင်မှာဖြစ်ပါတယ်

*သင်ယူလိုမှုနဲ့ ကြိုးစားလိုစိတ်
*Phone,Tablet or laptop ,Internet ရှိရုံနဲ့ နိုင်ငံတကာအဆင့်မှီ သင်ခန်းစာ ( international curriculum ) များ သင်ယူနိုင်ဖို့ အမြန်ဆုံး စာရင်းပေး အပ်နှံထားလိုက်‌ရအောင်နော်

စာရင်းပိတ်မည့်ရက်
20.01.2022

#မျှတသောသင်တန်းကြေး
#လစဉ်_payment_plan
#နိုင်ငံတကာကျောင်းများတွင်အတွေ့အကြုံများစွာရှိသော_ဆရာမများ
#နိုင်ငံတကာ_အဆင့်မှီ_သင်ရိုးညွန်းတမ်း





📲 ကျောင်းအပ်နှံရန်နှင့် တခြားသော သိလိုသည်များကို မေးမြန်းရန် 09-963004050 သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်

ဒီတစ်ပတ် စာမဖတ်တော့ဘူးအပျင်းတွေ ပုံဆွဲလေ့ကျင့်ကြမယ်
02/07/2021

ဒီတစ်ပတ် စာမဖတ်တော့ဘူး

အပျင်းတွေ ပုံဆွဲလေ့ကျင့်ကြမယ်

စာပိုဒ်လေးတွေဖတ်ကြည့်မယ် အကောင်လေးတွေအကြောင်းလေ့လာပြီး အဖြေလေးတွေ ဖြေကြည့်ရအောင်နော်
27/06/2021

စာပိုဒ်လေးတွေဖတ်ကြည့်မယ် အကောင်လေးတွေအကြောင်းလေ့လာပြီး အဖြေလေးတွေ ဖြေကြည့်ရအောင်နော်

ဒီတစ်ခေါက် singular နဲ့ plural nouns အကြောင်းတွေ လေ့လာကြည့်ကြရအောင်နော်
15/06/2021

ဒီတစ်ခေါက် singular နဲ့ plural nouns အကြောင်းတွေ လေ့လာကြည့်ကြရအောင်နော်

အခုလို သားသားမီးမီးတို့နဲ့အတူနေရတဲ့အချိန်လေးတွေပိုများနေတဲ့အခိုက်မှာ....သားသားမီးမီးတို့ကို ပိုပြီးအားတက်ချစ်ခင်စေမယ့်aa...
12/06/2021

အခုလို သားသားမီးမီးတို့နဲ့အတူနေရတဲ့အချိန်လေးတွေပိုများနေတဲ့အခိုက်မှာ....
သားသားမီးမီးတို့ကို ပိုပြီးအားတက်ချစ်ခင်စေမယ့်aaa စကားလေးတွေပြောပေးပAါနော်..ဖေဖေနဲ့မေမေ
😍😍😍😘😘😘



Photo credit to original creator

Reading Fluency
10/06/2021

Reading Fluency

Address

Bet: 40&41 Street, Bet: 63&64 St
Mandalay
050111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959963004050

Website

Alerts

Be the first to know and let us send you an email when Genius Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category