11/06/2024
အသုံး၀င်မယ်ထင်လို့ ပြန်shareပေးတာပါ
"so နဲ့ so that အသုံး"
'so' က 'ရလဒ်' ကိုပြောချင်ရင်သုံးတယ်။ 'ဒါ့ကြောင့်' လို့ အဓိပ္ပာယ်ရတယ်။
e.g. He studied regularly, so he passed the exam with flying colours.
သူကပုံမှန် စာလုပ်တယ် ဒါ့ကြောင့် ဂုဏ်ထူးတွေနဲ့အောင်ခဲ့တယ်။ (ပုံမှန်စာလုပ်ခဲ့တဲ့ ရလဒ်)
'so that' က 'ရည်ရွယ်ချက်' ကိုပြောချင်ရင်သုံးတယ်။ 'စေရန်/အလို့ငှာ/ဖို့/အတွက်' လို့ အဓိပ္ပာယ်ရတယ်။
e.g. He studied regularly so that he could pass the exam with flying colours.
သူက စာမေးပွဲမှာ ဂုဏ်ထူးတွေနဲ့အောင်ဖို့/စေရန်စာပုံမှန်လုပ်တယ်။
Crd