Ever Learn Private School

Ever Learn Private School 🌈 Rainbow Preschool

14/02/2025

၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် တာဝန်ထမ်းဆောင်ရန် ဆရာ/ဆရာမများလိုအပ်လျှက်ရှိပါသည်။

အလယ်တန်းပြ မြန်မာစာ ၁ဦး
အလယ်တန်းပြ သင်္ချာ ၁ဦး
မူလတန်းပြ သင်္ချာ ၁ဦး
မူဆင့် 4skills english ၂ဦး
Oxford Phonicsကျွမ်းကျင်စွာသင်ပြနိုင်သူ ၁ဦး

ဘွဲ့လက်မှတ်၊လုပ်ငန်းအတွေ့အကြုံ ၊ မျှော်မှန်းလစာ CVform အပြည့်အစုံ တို့ကို ဖော်ပြ၍ Viber ph no 0943104383သို့ လျှောက်ထားနိုင်ပါသည်

16/05/2022

မိဘများရှင့် .....

ကျောင်းကိစ္စများ ဆက်သွယ်စုံစမ်းရန်အတွက် ၂၀.၅.၂၀၂၂ မှစ၍
မနက် (၈)နာရီမှ နေ့လည်(၁၂) နာရီအတွင်း
ကျောင်းရုံးခန်းသို့ လာရောက် ဆက်သွယ်စုံစမ်းနိုင်ပါသည် ။

ဒီလိုသာ ကျောင်းတွေမနေရဘဲဖြစ်နေရင်ကလေးတွေ အသက်တွေကြီးပြီး အရွယ်လွန်ကုန်မှာစိုးတယ်ဆရာတဲ့။ စိတ်သိပ်မပူပါနဲ့။ သားငယ်သမီးငယ်တ...
20/05/2021

ဒီလိုသာ ကျောင်းတွေ
မနေရဘဲဖြစ်နေရင်
ကလေးတွေ အသက်တွေကြီးပြီး အရွယ်လွန်ကုန်မှာ
စိုးတယ်ဆရာတဲ့။

စိတ်သိပ်မပူပါနဲ့။
သားငယ်သမီးငယ်တို့အတွက်
ပညာရေးတွေရပ်တန့်နေချိန်မှာ
အကောင်းဆုံးပြင်ဆင်
ထားသင့်တာကတော့
မရှိမဖြစ် core subjects တွေဖြစ်တဲ့

-အင်္ဂလိပ်စာနဲ့
-သင်္ချာ

ဒီနှစ်ဘာသာကို
သေချာသင်ထားပါ။
ကျန်တာတွေအတွက်
ဗဟုသုတဖြစ်စရာ
စာပေတွေဖတ်ခိုင်းပါ။

အင်တာနက် မရှိရင်လည်း
နီးစပ်ရာ ဆရာ၊ ဆရာမေတြ စုငှါးပြီး
လေးငါးယောက်စုပြီး
သင်ထားစေချင်တယ်။
အချိန်သိပ်မရွေးပါနဲ့။
အချိန်သိပ်မစောင့်ပါနဲ့။

အတန်းပညာတက်ရဖို့ထက်
ကလေးတွေအတွက်
စဉ်ဆက်မပြတ်
သင်ယူလေ့လာနိုင်ဖို့က
အရေးကြီးပါတယ်။

နောက်တစ်ခုက အရည်အချင်းပါ။
အရည်အချင်းကို ဦးစားပေးပါ။

ဆန္ဒမစောပါနဲ့။
သင်ခန်းစာပြီးဖို့ အဓိကမထားပါနဲ့။
အလွတ်ကျက်တာတွေ အားမပေးပါနဲ့။

စဉ်းစားဉာဏ်ကို ဦးစားပေးပါ။
ဖြန့်ထွက်တွေးတတ်အောင်
သင်ယူခိုင်းပါ။

အရွယ်နဲ့ လေ့လာမှုက
မျှတဖို့လိုပါတယ်။
ဥပမာဆိုရရင်
အသက် ၁၀ နှစ်ကလေးဆိုရင်
၁၀ နှစ်နဲ့ ညီတဲ့ Level အဆင့်
ရှိနေရပါမယ်။
-ဘာသာစကား
-သင်္ချာဉာဏ်ရည်
အရေးကြီးပါတယ်။

ပြီးတော့
စောစောကပြောသလို
ပြင်ပ ဗဟုသုတ စာပေစုံ
ဖတ်မှတ်ခိုင်းပါ။

တစ်ချိန်မှာ
ဖက်ဒရယ်ပညာရေး ဖြစ်လာရင်
အတန်းပညာထက်
အရည်အချင်းကို ဦးစားပေးမယ့်
Standardization စံ
သတ်မှတ်ချက်စာမေးပွဲလိုမျိုးတွေ
အရွယ်ကိုကြည့်ပြီး
စစ်တာမျိုး ဖြစ်လာလိမ့်မယ်။
ဥပမာ
ကလေးက High school
ပြီးတဲ့ အရွယ်ဆိုပါစို့။
ကောလိပ်တက်နိုင်ဖို့
အရည်အချင်းပြည့်မီမမီကို အောင်လက်မှတ်တောင်းပြီး
ကြည့်စစ်တာမျိုးမဟုတ်တော့ဘဲ၊
College admission tests လိုမျိုး
ဝင်ခွင့်စာမေးပွဲတွေ လာပါလိမ့်မယ်။

အစိုးရပညာရေး ဝန်ကြီးဌာနဆိုတာက
အောင်လက်မှတ်ပေးတဲ့အဖွဲ့အစည်းမဟုတ်တော့ဘဲ ပဲ့ကိုင်ထိန်းရုံ လုပ်မယ့်အဖွဲ့အစည်းအနေနဲ့ပဲ ရှိတော့မှာပါ။

စာမေးပွဲရာသီတွေ
Intake ကျောင်းဖွင့်ချိန်တွေက
တစ်ပြည်နယ်နဲ့ တစ်ပြည်နယ်
မတူနိုင်သလို၊
Awarding body တွေပေါ်မှာ
မူတည်ပြီး
Semester တွေ
ကွဲပြားပါလိမ့်မယ်။

ကျောင်းတွေက
ယခင်လို ဗဟိုချုပ်ကိုင်
ထိန်းချုပ်မှုမရှိတော့ဘဲ
အရည်အချင်းစစ်၊
စံချိန်မီ မမီ စစ်ဆေးမယ့်
အဖွဲ့အစည်းတွေနဲ့
အဆင့်သတ်မှတ်ချက်
(ranking)ပေးမယ့်အဖွဲ့တွေ
ပေါ်လာပါလိမ့်မယ်။

ဒီအချိန်မှာ
ကျောင်းတွေရွေးရတာလည်း
တစ်ဖက်က ပိုလွယ်လာသလို
မိဘတွေဘက်က
ပညာရေးကို
စိတ်ကြိုက်ရွေးချယ်ခွင့်
သာလာပါလိမ့်မယ်။

လောလောဆယ်
ကိုယ့်ဘက်က ပြင်ဆင်ထားရမှာက
အတန်းပညာရေးထက်
အရည်ချင်းပြည့်မီအောင်ပါပဲ။

မိဘကိုယ်တိုင်က
သေချာစူးစမ်းပြီး
ကေလးကို အဆင့်လိုက်
ပြင်ဆင်နိုင်အောင်
စီစဉ်သင့်ပါတယ်။

တစ်ခုပဲ
အကြံပေးချင်တာက
စိတ်လောပြီး
တတ်ချင်လွန်းအားကြီးပြီး
ကေလးကို မနိုင်မနင်း
တစ်ခုပြီး..........တစ္ခု
တစ်ချိန်ပြီး......တစ်ချိန်
အနားမပေးဘဲ
သင်ယူနေတာမျိုး
မလုပ်မိပါစေနဲ့။

အိုးနဲ့ ဆန် တန်ရုံပဲကောင်းပါတယ်။
မှန်ကန်တဲ့ပြုစုပျိုးထောင်မှုမျိုးက အရေးကြီးပါတယ်။
အပင်မြန်မြန်ကြီးချင်တာနဲ့
ခဏခဏအဆက်မပြတ်
ရေလောင်းနေလို့မှ မရတာ။

myanmareducation2021

Credit: Soe Naing

Photo~ Pinterest

🌈ကျောင်းဖွင့်ရင် ကျောင်းသား ဆရာ မိဘ လိုက်နာရမယ့် အချက်ကလေးတွေပါ 🌈
17/07/2020

🌈ကျောင်းဖွင့်ရင် ကျောင်းသား ဆရာ မိဘ လိုက်နာရမယ့် အချက်ကလေးတွေပါ 🌈

Rainbow Private School မှ ညွှန်ကြားချက်များအတိုင်း ပြင်ဆင်ပြီး ကျောင်းဖွင့်ဖို့ အားလုံး အဆင်သင့်အနေအထားပါ ,သား/သမီးတို့က...
10/07/2020

Rainbow Private School မှ
ညွှန်ကြားချက်များအတိုင်း ပြင်ဆင်ပြီး ကျောင်းဖွင့်ဖို့ အားလုံး အဆင်သင့်အနေအထားပါ ,
သား/သမီးတို့ကျန်းမာရေးအတွက် လုံခြုံစိတ်ချရသော အကာအကွယ်များ(face shield, mask,ခြေနင်းလက်ဆေးစင်) အပြည့်အစုံ ဆောင်ရွက်ထားရှိပါတယ်,

Enrollment for academic year 2020-2021

Rainbow ကိုယ်ပိုင်မူလတန်းကျောင်း ၂၀၁၉- ၂၀၂၀ ပညာသင်နှစ် အောင်စာရင်း
13/06/2020

Rainbow ကိုယ်ပိုင်မူလတန်းကျောင်း ၂၀၁၉- ၂၀၂၀ ပညာသင်နှစ် အောင်စာရင်း

Rainbowကိုယ်ပိုင်မူလတန်းကျောင်း~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် စာမေးပွဲ အောင်စာရင်းများကို (၁၃-၆-၂၀၂၀)...
12/06/2020

Rainbowကိုယ်ပိုင်မူလတန်းကျောင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~
၂၀၁၉-၂၀၂၀ ပညာသင်နှစ်
စာမေးပွဲ အောင်စာရင်းများကို (၁၃-၆-၂၀၂၀)
ကျောင်းရှေ့ကြော်ငြာဘုတ် နှင့်
Rainbow Private School Page တို့တွင်
ထုတ်ပြန်ကြေငြာပါမည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက်
(၁၅ - ၆-၂၀၂၀) ရက်နေ့မှ စတင်ပြီး
နေ့စဉ်နံနက် ၉:၀၀ မှ ၄:၀၀ အထိ
ကျောင်းအပ်လက်ခံမည်ဖြစ်ပါသည်။

နိုင်ငံတော်မှ သတ်မှတ်ထားသော ကျောင်းဖွင့်ရက်ဖြစ်သည့် ( ၁၀. ၈. ၂၀၂၀)တွင် ကျောင်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်။

11/06/2020

၁၃. ၆. ၂၀၂၀ (စနေနေ့ )တွင်
မူလတန်းများအောင်စာရင်းထုတ်ပြန်ပါမည်
Rainbow ကိုယ်ပိုင်မူလတန်းကျောင်း

မင်္ဂလာနှစ်သစ်ပါ 🙏ကမ္ဘာသူ ကမ္ဘာသားများအားလုံး ကျန်းမာကြပါစေ🙏
17/04/2020

မင်္ဂလာနှစ်သစ်ပါ 🙏

ကမ္ဘာသူ ကမ္ဘာသားများအားလုံး ကျန်းမာကြပါစေ🙏

Address

Pa Pa/11 , Thakhin Phohlagyi Street, Bet: 60-61street, Industrial Zone (1)
Mandalay
V4Q6+MRMANDALAY

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959405444341

Website

Alerts

Be the first to know and let us send you an email when Ever Learn Private School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category