Su Hlaing (Bar Bie )

Su Hlaing (Bar Bie )

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Su Hlaing (Bar Bie ), Education, Mandalay.

09/08/2023

ကူးယူဖေါ်ပြပါသည်

#ခုခေတ်က ဂရမ်တွေ ကီလိုတွေနဲ့ပြောရောင်းနေကြတော့ သိထားရအောင်ပါ။

kg နဲ့ ပိဿာ တွက်ချက်ပုံလေးပါ
ဥပမာ ကြက်သား 1 ပိဿာ ဝယ်ခဲ့ပါလို့--> မှာလိုက်ရင်ကိုယ်က kg နဲ့ ချိန်ရောင်းတဲ့ city mart တွေမှာဝယ်ဖြစ်မယ်ဆိုရင်ပေါ့

1 ပိဿာ လိုချင်ရင် kg နဲ့ ဆိုရင် 1.6 kg ပြည့်အောင် ဝယ် ရပါမယ်
g နဲ့ဆိုရင် 1600 g ဝယ် ရပါမယ်

50 ကျပ်သား လိုချင်ရင် 800 g ဝယ် ရပါမယ်

25 ကျပ်သား လိုချင်ရင် 400 g ဝယ်ရပါမယ်

10 ကျပ်သား လိုချင်ရင် 160 g ဝယ်ရပါမယ်

20 ကျပ်သား လိုချင်ရင် 320 g ဝယ်ရပါမယ်

30 ကျပ်သား လိုချင်ရင် 480 g ဝယ်ရပါမယ်

40 ကျပ်သား လိုချင်ရင် 640 g ဝယ်ရပါမယ် ရှင့်😍😍

ဖြည့်စွက်

📌📌1 kg ဟာ 63 ကျပ်သား နဲ့ ညီမျှပါတယ်

Photos from မိသားစု Online Cooking Foodstuff's post 18/04/2023
02/03/2023

သင့္ဘဝထဲ private လုပ္ရမဲ့ အရာ ၃ခု
-အချစ်နဲ့ဘဝ
-ပိုင်ဆိုင်မှု
-ရှေ့ဆက်လုပ်မဲ့အစီအစဉ်

-အချစ်နဲ့ဘဝ(Love & Life)
အိမ်ထောင်ရေးဖြစ်ဖြစ် ချစ်သူဘဝဖြစ်ဖြစ်
over sharing မလုပ်မိဖို့လိုတယ်။
အထူးသဖြင့် အိမ်ထောင်ရေး အဆင်မပြေတဲ့
အကြောင်း၊တကယ်လို့ အရမ်းပျော်ရွှင်နေရ
တယ်ဆိုရင်တောင် တိတ်တိတ်လေးပဲ နေ
သင့်တယ်။ကိုယ့်ကို ပျော်ရွှင်စေတဲ့အရာဆို
keep it private!
မထင်ရင် ဆုံးရှုံးသွားနိုင်တယ်။မလိုအပ်တဲ့
ပြဿနာတွေ ရှိလာနိုင်တယ်။ဆိုရှယ်မီဒီယာ
ပေါ် တင်ချင်တာ ပြောချင်တာ အဲလိုတွေ
လျှော့ဖို့ လိုတယ်။ဘယ်သူ့ကိုမှ တအားယုံ
ကြည်ပြီး တစ်ခုမကျန် ပြောပြတာမျိုး
ရှောင်သင့်တယ်။

-ပိုင်ဆိုင်မှု (Your worth,your riches)
ရှိရင်လည်း တိတ်တိတ် နေပါ။မရှိရင်လည်း
တိတ်တိတ်နေပါ။ဆိုလိုတာ မကြွားဝါဖို့။
ကိုယ့်မှာ ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲဆိုတာ
ထုတ်ပြောဖို့ မသင့်ဘူး။ကိုယ့်အတွက် safe
မဖြစ်ဘူး။လုပ်စရာရှိတာ လုပ်ပြီး သာမန်လူ
အဖြစ်နဲ့သာ ရှင်သန်နိုင်ရင် အကောင်းဆုံးပါ။
လူ့သဘာဝက သင်က သူတို့ထက် ချမ်းသာရင်
မနာလိုဖြစ်ပြီး သင်က သူတို့ထက် ချို့တဲ့နေရင်
အထင်သေးနှိမ်မယ်။

-ရှေ့ဆက်လုပ်မဲ့ plan (Next step)
ကိုယ်ဘာလုပ်တော့မယ်ဆိုတာ ကြိုမပြောတာ
ကောင်းတယ်။တချို့အရာတွေက ကြိုပြော
လိုက်တာနဲ့ တကယ့်လက်တွေ့မှာ ထင်သလောက် အရာမထင်တော့ဘူး။အောင်မြင်သင့်
သလောက် မအောင်မြင်တော့ဘူး။စိတ်ဓာတ်
မကောင်းတဲ့လူဆို ကိုယ့်ကို ချောက်တွန်း
နိုင်တယ်။ထိခိုက်အောင် လုပ်နိုင်တယ်။
လူတွေကို ကိုယ့်ရဲ့ plan မပြောဘဲ
results(ရလဒ်)နဲ့သာ လက်တွေ့ပြပါ။
သက်သေပြပါ။တိတ်တိတ်လေးကြိုးစားပြီး
အောင်မြင်အောင် လုပ်နိုင်တဲ့ခံစားချက်က
သိပ်အရသာရှိတယ်။

Private လုပ်ရမဲ့ အချက်တွေ ဒီထက်
ရှိအုန်းမှာပါ။အဓိက ကိုယ့်အတွက်အရေးကြီး
တဲ့အရာမှန်သမျှဆို ကိုယ့်ရဲ့ small circle
လေးထဲ ထိန်းထားဖို့ လိုပါမယ်။
ဒါမှ ရေရှည်မယ်။ရေရှည်ပိုင်ဆိုင်နေမှတော့
ကိုယ်ရော ပိုပျော်ရွှင်ရလိမ့်မယ်။

#နူးနူးအောင်
27 February,23

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay