18/08/2025
၁၃၈၇ခု ဝါခေါင်လဆုတ် ( ၁၀ ) ရက်
၁၈ . ၈ . ၂၀၂၅ တနင်္လာနေ့
🍱 နဝကမ္မနှင့်ဆန်၊ဆီ ကုသိုလ်ရှင် 🍱
🎄🎄 မန္တလေးမြို့ 🎄🎄
🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷
ဦးအောင့်မြင့်
+
ဒေါ်စန်းထွေး
မြေး
😍😍😍မဝင့်ဝါဖြိုး😍😍😍
🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷
မိသားစုတို့မှ နဝကမ္မအလှူတော် ၁၀၀၀၀၀၀ ကျပ်
နှင့်ဆွမ်းဆန်၊ဆီတို့ကို လာရောက်လှူဒါန်းခြင်း ကုသိုလ်ဖြစ်
ပါသည်
🙏🙏🙏🙏🙏🙏🙏🙏🙏
အလှူ့ရှင်များနှင့်တကွ ( ၇ ) ရက်
သားသမီးများအားလုံး
🪷 ကျန်းမာ ၊ ချမ်းသာကြပါစေ ။
🪷 သွားလမ်းသာလို့လာလမ်းလည်းဖြောင့်ကြပါ
စေ။
🪷 ရေလိုအေးလို့ပန်းလိုလည်းမွှေးကြပါစေ။
🪷 ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ကြပါစေ။
🪷 ကပ်ကြီးသုံးပါးဘေးမှလည်းကျော်လွှားနိုင်ကြပါ
စေ။
🪷 စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း
များနှင့်ပြည့်စုံ၍ အလုပ်အကိုင်အခွင့်အလမ်းများ
အောင်မြင်ဖြစ်ထွန်းပြီးသာယာသောမိသားစုဘဝ
များကို ရရှိခံစား ပိုင်ဆိုင်ကြပါစေ
အားလုံး ထပ်တူ ထပ်မျှ အမျှရကြပါစေ သာဓု သာဓု
သာဓု
ခေါ်ပါစေသော်........
မိတ်ဆွေများခဗျာ ကလေးဦးရေ ၂၈၀ အတွက် (၁)ရက်
ဆန်(၂)ပိုင်း(အိတ်)လောက်ကုန်ကျပါတယ် တတ်စွမ်းသ
မျှ လှူဒါန်းပေးနိုင်ပါရန်
အခက်အခဲရှိ၍ မလာရောက်နိုင်ပါက မန္တလေးမြို့တွင်းဆို
လာရောက်အလှူခံပေးပါ့မယ်
ကုသိုလ်ရှင်အပေါင်း ကိုယ်၊စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်းကြပါစေ
အာရုဏ် အာဟာရ ~ ၃၀၀၀၀၀
နေ့လည် အာဟာရ~ ၄၀၀၀၀၀
ညနေအာဟာရ~ ၃၀၀၀၀၀
ဆွမ်းပဒေသာပင်- ၁၀၀၀၀၀
ဆေးပဒေသာပင်- ၅၀၀၀၀
ပညာရေးပဒေသာပင်- ၁၀၀၀၀၀
အဆောက်အဦးပဒေသာပင်- ၅၀၀၀၀
လမ်းပဒေသာပင်- ၅၀၀၀၀
ရတနာအလင်းရောင် YGW ပရဟိတမိဘမဲ့ကျောင်း
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မန္တလေး-မတ္တရာလမ်း၊ကြာနီကန်ရွာအရှေ့၊မင်းကန်အုပ်စု တောစုရွာအနီး
Mobile 09400027179/09458040001
WAVE PAY ACCOUNT 09400027179
KBZ PAY ACCOUNT 09400027179
Name;Ashin Adishiawonsa
GPS Location https://www.facebook.com/venvisu/
20/05/2025
ရတနာအလင်းရောင်YGW ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း 🙏🙏🙏🙏🙏
——————————————————————————
🌻 ကျောင်းအပ်လက်ခံခြင်း အသိပေးကြေငြာချက် 🌻
ကျောင်းအပ်နှံရေးနေ့ (၂၂.၅.၂၀၂၅ နေ့မှ ၁.၆.၂၀၂၅)
(၂၀၂၅-၂၀၂၆ )ပညာသင်နှစ်အတွက် အနယ်နယ်အရပ်ရပ်မှ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားရန် ခက်ခဲကြသည့် ကျောင်းသား/သူများ အနေ့ဖြင့် ကျောင်းအပ်နှံရေးနေ့ (၂၂.၅.၂၀၂၅ နေ့မှ ၁.၆.၂၀၂၅) အတွင်း လာရောက် ကျောင်းအပ်နိုင်ရန်အသိပေးအပ်ပါတယ်
အသေးစိတ်အချက်အလက်များကို အောက်ပါ ဖုန်းနံပါဒ်
များသို့ဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်
ရတနာအလင်းရောင် YGW ပရဟိတမိဘမဲ့ကျောင်း
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မန္တလေး-မတ္တရာလမ်း၊ကြာနီကန်ရွာအရှေ့၊မင်းကန်အုပ်စု တောစုရွာအနီး
ပညာရေးရုံးဖုန်း - Ph :09 400097179/09692727179
26/11/2023
Ygw တောစုဌာန၏ ကျောင်းသားဟောင်းများမှ (တတိယကြိမ်မြောက်) မြတ်ဆရာ ပူဇော်ပွဲအခမ်းအနား 🙏🙏🙏🙏🙏
တောစုဌာန၏အဖိုးမဖြတ်နိုင်သော မှတ်တမ်း
တစ်ခုပါ . . .
သားတို့သမီးတို့အားလုံး အေးချမ်းသာယာသောဘဝ၊ တိုးတက်အောင်မြင်သော ဘဝတို့ကိုပိုင်ဆိုင်နိုင်ကြပါစေ။ အဝေးက ဆရာ၊ဆရာမများ၊သားငယ်သမီးငယ်များကိုလည်း ဒီနေရာမှ သတိရလျှက်ပါ ။😘😘😘😘😘
23/09/2023
အရွယ်မတိုင်မီ စောစီးစွာ အတင်းကြပ်စာသင်ခြင်းရဲ့ ဆိုးကျိုး နဲ့ စောစီးစွာစာမသင်ခြင်း အကျိုးများကို ရေးပါဦးမယ်
Child Psychology ဒီပလိုမာတက်တော့ ဆရာမတွေအချင်းချင်းဆွေးနွေးကြရတယ် Founderတွေရော ဆရာမတွေရော အများကြီးတက်ကြတယ် အဲ့မှာ Founderတယောက်က ဆွေးနွေးတယ် လက်ရှိဖြစ်နေတဲ့သူ့သားသမီး အခြေနေကိုပါ သူ့ကလေးနှစ်ယောက်ကို (၇)နှစ် မပြည့်မချင်း စာလုံးဝမသင်ပေးဘူးတဲ့ ဘာတွေသင်ပေးလဲဆိုတော့
✅Physical Development အတွက်လေ့ကျင့်ပေးတယ်
✅Cognitive Development ဖွံ့ဖြိုးဖို့သင်ပေးတယ် ✅Language Developmentဖွံ့ဖြိုးဖို့သင်ပေးတယ်
✅Social Development ဖွံ့ဖြိုးဖို့သင်ပေးတယ်
✅Emotional Development အတွက် လေ့ကျင့််ပေးတယ်တဲ့
ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတော့ ခံရတယ်တဲ့ ဆရာမတယောက်ရဲ့ကလေးဖြစ်ပြီး ဘာစာမှလဲ မတတ်ဘူးတို့ တော်တော်ပြောခံခဲ့ရတယ်တဲ့ အသက်(၇)နှစ်ပြည့်တော့ စာစသင်ရပြီ သူ့ကလေး ကောင်းကောင်းစာလိုက်နိုင်တယ် စောစီးစွာ စာမသင်ခဲ့ခြင်းရဲ့အကျိုး ကတော့ သူ့ကလေးဟာ မိဘတွေ မိသားစုအရေး စီးပွားရေး တိုင်ပင်နေရင်တောင် သူကဝင်အကြံပေးတတ်လာတယ်တဲ့ လူမှုဝန်ထမ်းမှာ ECCDတက်ရတော့ ဒုကျောင်းအုပ်ဆရာမကြီးက မိန့်ခွန်းပြောတယ် ကလေးတွေကို အရွယ်မတိုင်မီ စာမသင်ဖို့ သူ့မှာ သမီးနှစ်ယောက်ရှိတယ် သမီးအကြီးကို အသက်(၅)နှစ်နဲ့ စာသင်ပေးလိုက်ပြီး သမီးအငယ်ကိုတော့ အသက်(၇)နှစ်မှ စာသင်တယ် သမီးအကြီးလေးဟာ တနှစ်တတန်းကို ပထမဆုတွေချည်းနဲ့ အောင်ခဲ့ပြီး သမီးအငယ်လေးကတော့ ပုံမှန်ပါပဲ နောက်ဆုံး ဘယ်ဟာသွားကွဲပြားလဲဆိုတော့ ဆယ်တန်းမှာ သမီးအကြီးက ရိုးရိုးနဲ့ အောင်ပြီး သမီးအငယ်က ဂုဏ်ထူး(၅)ဘာသာနဲ့အောင်သွားတယ်တဲ့ ဒါက ဦးနှောက်ကို အရွယ်မတိုင်မီ စောစီးစွာ အခိုင်းခံလိုက်ရတဲ့ဆိုးကျိုးပါပဲ ခုခေတ်ကမိဘတွေ တွေ့ကြရင် ဘာပြိုင်ကြလဲဆိုတော့ ငါ့ကလေးကတော့ A B C Dစဆုံးရပြီ က ကြီးခခွေး စဆုံးဆိုတတ်နေပြီနဲ့ ကိုယ့်ကလေးမဆိုတတ်ရင် သိမ်ငယ်တတ်ကြတယ် သိမ်ငယ်စရာ မဟုတ်ဘူးလို့ ပြောချင်ပါတယ် အသက်(၇)နှစ်မပြည့်သေးသော ကလေးများအား အရွယ်မတိုင်မီစောစီးစွာ စာသင်ခြင်းသည် စာတတ်သွားတာ မှန်ပေမဲ့ ကလေးများအတွက် ဆိုးကျိုးသာဖြစ်စေနိုင်တယ် ဒါဆို စာကိုမသင်ရတော့ဘူးလား မဟုတ်ဘူးနော် နည်းလမ်းမှန်ကန်စွာ သင်ပေးဖို့ အဓိကပါပဲ ကျောင်းတွေမှာတော့ ကစားပြီးသင်တယ် ကပြီးသင်တယ် သီချင်းဆိုပြီးသင်တယ် activities တွေလုပ်ပြီးသင်တယ် အဲ့လိုနည်းတွေနဲ့သင်ကြပါတယ် ကလေးများ၏ ဖွံ့ဖြိုးမှုငါးရပ်တွင် အပါဝင်ဖြစ်သော ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုဟာလဲ ကလေးများအတွက် အင်မတန်အရေးကြီးပါတယ် မူကြိုကျောင်းများသည် ကလေးများကို ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုး အောင် သင်ကြားပေးရသည့်နေရာဖြစ်ပါတယ် ပြီးတော့ ကျနော့်ကို လာမေးကြတယ် တီချယ် စာရေးခိုင်းလားဆိုတဲ့မေးခွန်း ကျနော့် ကျောင်းမှာ အသက်(၇)မပြည့်သေးရင် ခဲတံ လုံးဝမကိုင်ခိုင်းပါဘူး စာအတင်းကြပ်မသင်ပါဘူး ခဲတံကိုင်ခိုင်းလျှင်လဲ ခဏသာဖြစ်တယ် စာရေးခိုင်းမှ ထားချင်တယ်ဆို တခြားကျောင်းသွားထားလိုက်ပါလို့ပဲ ပြောပါတယ် ကလေးများရဲ့လက်ချောင်းတွေဟာ အသက်(၇)နှစ်ပြည့်မှသာလျှင် ကောင်းစွာဖွံ့ဖြိုးပါတယ် အဲ့ချိန်မှ ခဲတံကိုင်ရင်လဲ နောက်မကျပါဘူး ပိုတောင်သက်သာသေးတယ် ခဲတံကိုင်နိုင်တဲ့ အရွယ်ရောက်ပြီဖြစ်လို့ လက်ရေးလဲ ပိုလှစေပါတယ်နော် ပြီးတော့ ကျောင်းမှာတပတ်မှာ တကြိမ် အုပ်စုဖွဲ့ကစားတာ ဂိမ်းတွေကစားခိုင်းတာလဲ ဆရာမတွေက မထိန်းချင်လို့မဟုတ်ဘူးနော် ဆရာမလေးတွေက ဂိမ်းကစားဖို့အတွက် ကြိုပြင်ဆင်ရတယ် ကလေးအတွက် safeဖြစ်တဲ့ဂိမ်းလေးတွေရွေးရတယ် ဒါဆိုဘာအတွက် ကစားခိုင်းတာလဲ Physical Developmentအတွက်ပါ ခြေထောက်ကြွက်သား လက်ချောင်းကြွက်သား Bodyသန်မာဖွံ့ဖြိုးလာဖို့အတွက်ပါနော် အကြောင်းမဲ့မဟုတ်ပါဘူး မိဘများလဲ ကလေးများ၏ အဓိက ဖွံ့ဖြိုးမှုငါးရပ်ဖြစ်သော
✅Physical Development
✅Cognitive Development
✅Language Development
✅Social Development
✅Emotional Development တို့ကို နည်းလမ်းမှန်ကန်စွာနဲ့ ပြုစုပျိုးထောင်နိုင်သော မိဘကောင်းများ ဖြစ်ကြပါစေဟု
ဆန္ဒပြုရင်း
Tr.Nan
ရေးသာရေးရတာ တုံရင်းဟာတုံရင်းပါပဲ အပြင်မှာ Education တွေshareပေး အာပေါက်မတတ် ဆွေးနွေးပေးလဲ မလုပ်တဲ့မိဘမလုပ်ကြပါဘူး တချို့မိဘကျပြင်သွားကြတယ် အယောက် ၁၀၀မှာ ၁၀ယောက်လောက်ပေါ့🥴၁၀ယောက်လောက် သိသွားရင်လည်း ပင်ပန်းရကျိုးနပ်ပါတယ်😊
29/07/2023
(၂၀၂၃ - ၂၀၂၄) ပညာသင်နှစ် ဇူလိုင်လပါတ်
အခန်းဆုံးစစ်ဆေးခြင်း
G10 / G11 / G12 မူ၊လယ်၊အထက်တန်းသားငယ်
သမီးငယ်လေးများ၏ဖြေဆိုနေမှု
ရတနာအလင်းရောင် Ygw (ဘ.က) ပညာရေးကျောင်း
(တောစုဌာန)
Ph - 09 400027179
19/07/2023
(၇၆) နှစ်မြောက် အာဇာနည်နေ့
ကျဆုံးသွားသော အာဇာနည်ရဲဘော်အပေါင်းအား အောက်မေ့ လေးစားလျှက် . . .
11/06/2023
အနယ်နယ်အရပ်ရပ်မှ ၂၀၂၂/၂၀၂၃ ပညာသင်နှစ်၊တက္က
သိုလ်ဝင်စာပေးပွဲတွင် စာမေးပွဲကျ၍ ပညာရေးကို တကယ်
လိုလားပြီး ပြန်လည်ကျောင်းတက်ချင်သူများ အနေဖြင့်
ရတနာအလင်းရောင်YGWပရဟိတ(ဘက)ပညာရေး
ကျောင်း၌ G-12အပြင်ဖြေအဖြစ် ပြန်လည် လေ့ကျင့်သင်
ကြားပေးမည် ဖြစ်ပါတယ်
ယူဆောင်လာရမည့်ပစ္စည်းများ
*****************************
၁။ အမှတ်စာရင်း၊၂။ လိုင်စင်ဓာတ်ပုံ၊ ၃။အဖေအမေမှတ်
ပုံတင်မိတ္တူနှင့်ကျောင်းသား၏ မှတ်ပုံတင်၊ ၄။ အိမ်ထောင်
စု မိတ္တူ စသည်တို့ကို တပါးတည်းယူဆောင်လာပါရန်
အကြောင်းကြားအပ်ပါတယ်
ရတနာအလင်းရောင် YGW ပရဟိတမိဘမဲ့ကျောင်း
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မန္တလေး-မတ္တရာလမ်း၊ကြာနီကန်ရွာအရှေ့၊မင်းကန်အုပ်စု တောစုရွာအနီး
Pho;09400027179/09400097179/09691465444
09/06/2023
ရတနာအလင်းရောင် YGW (ဘ.က) ပညာရေးကျောင်း
တောစုဌာန၏ ( ၂၀၂၂-၂၀၂၃ ) ပညာသင်နှစ်၏
တက္ကသိုလ်ဝင်တန်းအောင်စာရင်း 🙂🙂🙂
ဖြေဆိုသူ = ၃၄ ဦး
အောင်မြင်သူ = ၁၇ ဦး
ဂုဏ္ထူး (၂) ဘာသာ = ၁ ဦး
(၁) ဘာသာ = ၃ ဦး
အောင်ချက်ရာနှုန်း = (၅၀) %
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မန္တလေး-
မတ္တရာလမ်း၊ကြာနီကန်ရွာအရှေ့၊ မင်းကန်အုပ်စု
တောစုရွာအနီး { Ygw - တောစုဌာန }
09400027179
05/04/2023
ကျောင်းအပ်လက်ခံခြင်း
(၇.၄.၂၀၂၃ နေ့မှ ၁၂.၄.၂၀၂၃)
၂၀၂၃/၂၄ပညာသင်နှစ်အတွက် အနယ်နယ်အရပ်ရပ်မှ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားရန် ခက်ခဲကြသည့် ကျောင်းသား/သူများ အနေ့ဖြင့် အောက်ပါ အချက်အလက်များနှင့်အတူ လာရောက်
ကျောင်းအပ်နှံနိုင်ပါတယ်
၁။လိုင်စင်ဓာတ်ပုံ(၁၀)ပုံနှင့်၄လက်မ/၆လက်မ(၁)ပုံ
၂။အဖေ အမေ မှတ်ပုံတင်မိတ္တူ
၃။အိမ်ထောင်စု မိတ္တူ
၄။ကျေးရွာ/ရက်ကွက်ထောက်ခံစာ စသည်တို့ကိုယူ
ဆောင်ပြီး ကျောင်းသား/သူနှင့်အတူ ၁၂.၄.၂၀၂၃ နေ့နောက်ဆုံးထားပြီး လာရောက် အပ်နှံနိုင်ပါတယ်
ရတနာအလင်းရောင် YGW ပရဟိတမိဘမဲ့ကျောင်း
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မန္တလေး-မတ္တရာလမ်း၊ကြာနီကန်ရွာအရှေ့၊မင်းကန်အုပ်စု တောစုရွာအနီး
Pho;09400027179/09400097179/09691465444
13/03/2023
* ပရဟိတ စိတ်ဝင်စားသူများ
* သင်ကြားရေး ဝါသနာရှင် ဆရာ/မ များ
လျှောက်ထားနိုင်ပါသည်။
09.400027179
08/03/2023
တက္ကသိုလ်ဝင်တန်း ပထမနေ့ မြန်မာစာ (Ok) ပါတယ်
ရတနာအလင်းရောင် YGW ပရဟိတမိဘမဲ့ကျောင်း
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် မန္တလေး-မတ္တရာလမ်း၊ကြာနီကန်ရွာအရှေ့၊မင်းကန်အုပ်စု တောစုရွာအနီး
အာဟာရဒါနကုသိုလ်ပြုနိုင်ရန်
****************************
အာရုဏ်အာဟာရ ~ ၂၀၀၀၀၀ကျပ်
နေ့လည်အာဟာရ~ ၂၅၀၀၀၀ကျပ်
ညနေအာဟာရ ~ ၂၀၀၀၀၀ကျပ်
WAVE PAY ACCOUNT ☎️09400027179
KBZ PAY ACCOUNT ☎️09400027179
Name;Ashin Adishiawonsa
Mobile ☎️09400027179/09458040001
GPS Location https://www.facebook.com/venvisu/
17/08/2022
တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ်များဖြစ်သော ၀၁-၇၅၃၇၆၇၇ နှင့် ၀၁-၇၅၀၃၁၄၇ သို့ ဆက်သွယ်စုံစမ်းမေးမြန်းရန် ဖြစ်ပါသည်။
***မှတ်ချက်***
ကြေညာချက်ပါ တက္ကသိုလ် (၂၆)ခုအတွက်သာ ဝင်ခွင့်ခေါ်ယူခြင်းမဟုတ်ပါ။ တက္ကသိုလ်များအားလုံးနှင့် သက်ဆိုင်သည့် ဝင်ခွင့်ခေါ်ယူခြင်းဖြစ်ပါသည်။ တက္ကသိုလ်အလိုက် ခေါ်ယူမည့် ပုံစံများကို ဝင်ခွင့်လမ်းညွှန်တွင် ဖော်ပြထားမည် ဖြစ်ပါသည်။ ယခုဖော်ပြပါ တက္ကသိုလ် (၂၆)ခုသည် ဒေသအလိုက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ပြန်လည်ပေးပို့နိုင်သည့် နေရာ များဖြစ်ပါသည်။ မည်သည့်တက္ကသိုလ်ကို လျှောက်သည်ဖြစ်စေ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအား အဆိုပါ တက္ကသိုလ် (၂၆)ခုအနက် မိမိဒေသနှင့် နီးစပ်ရာ တက္ကသိုလ်များသို့ ပြန်လည်ပေးပို့နိုင်မည် ဖြစ်ပါသည်။
crd.