San Hein Education Private Primary School

San Hein Education Private Primary School

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from San Hein Education Private Primary School, School, 41st Street, between 83rd & 84th st, Mandalay.

10/05/2022

ဆယ်တန်းစနစ်ဟောင်းသည် ပြင်ပဖြေဖြစ်သည့်အတွက် online သို့မဟုတ် offline မိမိတို့ အဆင်ပြေရာ သင်ကြားနိုင်ပါသည်။(လက်ခံပြီး ကျောင်းသားဟောင်းများကိုသာ
အောင်စာရင်းထွက်ပြီး နှစ်ပတ်အကြာတွင် ဆက်လက်သင်ကြားပေးပါမည်)။

Grade 10 စနစ်သစ် အတွက် offline တခုတည်းသာ သင်ကြားပါမည်။(လက်ခံပြီး ကျောင်းသားဟောင်းများကိုသာ ဆက်လက်သင်ကြားပေးပါမည်)။

မူလတန်း မှ အလယ်တန်းအထိသာ ကျောင်းသားအသစ်များ လက်ခံပါမည်။(offline တခုတည်းသာ သင်ကြားပါမည်)။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ကျောင်းရုံးခန်းဖုန်းများသို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်(စနေ၊တနင်္ဂနွေ နှင့် အများပြည်သူအလုပ်ပိတ်ရက်များတွင် ရုံးခန်းပိတ်ပါသည်)။

09/09/2020

လေးစားချစ်ခင်အပ်ပါသောမိဘအုပ်ထိန်းသူများအားအသိပေးအကြောင်းကြားခြင်း
နေ့စွဲ 👉၉-၉-၂၀၂၀

မိဘအုပ်ထိန်းသူများအနေဖြင့် 2020-2021 ပညာသင်နှစ်အတွက် မူ၊လယ်၊ထက် အတန်းအသီးသီးတွင်တက်ရောက် ပညာသင်ကြားရန်အတွက် တနှစ်စာပညာသင်ကြားစရိတ်မှ ''ပထမအကြိမ် ကျောင်းလခများ"ကို ပေးသွင်းပြီး အပ်နှံထားခဲ့ကြပါသည်။

သို့သော် မျှော်လင့်မထားသည့် Covid-19 ကမ္ဘာ့ကပ်ရောဂါ ကြောင့် တစ်နိုင်ငံလုံးရှိ ကျောင်းများမှာပိတ်ထားရဆဲဖြစ်ပါသည်။ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်မည့်ရက်ကိုလည်းကြိုတင်သိရှိနိုင်ခြင်းမရှိဘဲစောင့်ဆိုင်းနေကြရပါသည်။

ကျောင်းအနေဖြင့် ပညာသင်ကြားစရိတ်နှင့်ပတ်သက်၍အတန်းအားလုံးအတွက်အောက်ပါအတိုင်းစီစဉ်ထားရှိပါသည်။

🔸၁။ ယခုပညာသင်နှစ်(၁)နှစ်လုံး ကျောင်းဖွင့်ခွင့် မရခဲ့ပါလျှင်လက်ရှိပေးသွင်းထားသော ငွေကိုလုံးဝဖြတ်တောက်ခြင်းမပြုဘဲ လာမည့် (2021-2022)ပညာသင်နှစ်အတွက် Carry လုပ်ပေးသွားပါမည်။

🔸၂။ ယခုလက်ရှိအပ်နှံထားသော ကျောင်းသား၊ကျောင်းသူများကို ကျောင်းလခတိုးမြှင့်ကောက်ခံခြင်းမပြုဘဲ(2020-2021)ပညာသင်နှစ်အတွက် မူလကသတ်မှတ်ထားသော ကျောင်းလခဖြင့်သာ (2021-2022)ပညာသင်နှစ်သို့ တက်ရောက်ခွင့် ပြုမည်ဖြစ်ပါသည်။

မိဘအုပ်ထိန်းသူများ ပေးသွင်းထားသော ပညာသင်ကြားစရိတ်ကို ပြန်လည်ထုတ်မပေးနိုင်ရသည့် အကြောင်းအရင်းများမှာ...

🔸၁။ ကျောင်းအနေဖြင့် 2020-2021 ပညာသင်နှစ် ကျောင်းနေရာ ငှားရမ်းခအတွက် တစ်နှစ်စာပေးချေပြီး ဖြစ်ခြင်း၊

🔸၂။ ဆရာများ၊ဆရာမများ၊၀န်ထမ်းများအားလုံးလစာအပြည့်အ၀ကိုမတ်လအထိပေးခဲ့ရခြင်း၊

🔸၃။ ဆရာများ၊ဆရာမများ၊၀န်ထမ်းများအားလုံးကို သြဂုတ်အထိ လစာ၏ ၃၀% ၊၅၀%၊ ၇၀%၊၈၀%၊၁၀၀% ပေးခဲ့ရခြင်း၊

🔸၄။ စက်တင်ဘာလဆန်းတွင် ဆရာ၊ဆရာမများအပါအဝင် ဝန်းထမ်းအများစုကို ကျပ်သုံးသိန်းစီထောက်ပံ့ခဲ့ပြီး ကျောင်းဖွင့်ခွင့်ရသည့်အချိန်မှပြန်လာကြရန်စီစဥ်ခဲ့ရခြင်း၊

🔸၅။သင်ကြားရေးဆရာကြီး၊ဆရာမကြီးများကိုသင်တင့်သော ဥာဏ်ပူဇော်ခကိုဂါရဝပြုချီးမြှင့်ပေးနေခြင်း၊

🔸၆။ အချို့ဆရာများ၊ဆရာမများနှင့် ၀န်ထမ်းများ(ရုံးဝန်ထမ်း၊ ယာဉ်မောင်း၊ လုံခြုံရေး၊ သန့်ရှင်းရေး)များအား ယခုအချိန်အထိ လစာ အပြည့်အ၀ပေးနေရခြင်း၊

🔸၇။ Covid-19 ရောဂါ ကာကွယ်ရေးအတွက် ညွှန်ကြားချက်များအတိုင်းလိုအပ်သည့်အစီအမံများကို ငွေကုန်ကြေးကျစရိတ်များစွာဖြင့်ဆောင်ရွက်ခဲ့ရခြင်းစသည့်အချက်များကြောင့် ဖြစ်ပါသည်။

ဖော်ပြပါအခက်အခဲများစွာနှင့် ရင်ဆိုင်နေရချိန်တွင် မိဘအုပ်ထိန်းသူများမှ မေတ္တာတရားကြီးမားစွာဖြင့် ထူးခြားသည့်တောင်းဆိုမှုများ မပြုကြခြင်းနှင့်ကျောင်းအပေါ်ချစ်ခင် စာနာစိတ်ဖြင့် နားလည်ပေးခဲ့မှုများစွာအတွက် အထူးကျေးဇူးတင်ဂါရဝပြုအပ်ပါသည်။

စီမံအုပ်ချုပ်ရေးအဖွဲ့
စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း
မဟာအောင်မြေမြို့နယ်၊မန္တလေးမြို့။

photo crd

28/08/2020

June လ(၃)ရက်နေ့ကကြေညာခဲ့သည်ကို
ပြန်လည်ဖတ်ရှုကြည့်လို့ရစေဖို့ပါ

လေးစားချစ်ခင်အပ်ပါသော မိဘအုပ်ထိန်းသူများအား အသိပေးပန်ကြားခြင်း

၁။ စံဟိန်းကိုယ်ပိုင်အထက်ကျောင်းကို ယုံကြည်စွာအပ်နှံကြသော မိဘအုပ်ထိန်းသူများအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်း ဦးစွာပထမ အလေးထားပြောကြားလိုပါတယ်။

၂။ ယုံကြည်စွာအပ်နှံပေးခဲ့သော လူကြီးမင်းတို့ရဲ့သားသမီးများကိုလည်း ပညာရေးအောင်မြင်မှုများနဲ့အတူ လောကအလည်မှာ အသုံးကျ နှလုံးလှတဲ့သူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးခဲ့ပါတယ်။

၃။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတင်ဖွင့်လှစ်မည့် KG မှ တက္ကသိုလ်ဝင်တန်းအထိ တန်းခွဲများအားလုံးကို ညွှန်ကြားချက်များနှင့်ကိုက်ညီစွာ ဖွင့်လှစ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်လျက်ရှိပါတယ်။

၄။ လူကြီးမင်းတို့၏ ယုံကြည်မှုကို အထူးတုံ့ပြန်သောအားဖြင့် စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းသို့ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံပါက(အပ်နှံထားပြီးသော ကျောင်းသားကျောင်းသူများအပါအဝင်) သတ်မှတ်ထားသော ကျောင်းလခများ၊အဆောင်နေစရိတ်များ၏ ၇၅% သာ မိဘအုပ်ထိန်းသူများမှ ပေးသွင်းကြရမှာဖြစ်ပါတယ်။(သတ်မှတ်ထားသော ကျောင်းလခများနှင့်အဆောင်နေစရိတ်များကို first comment မှာ ဖော်ပြထားပါတယ်။)

၅။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက်

(က) အဆောင်အပ်နှံပြီး နေ့တက်ကျောင်းသို့ ပြောင်းလဲတက်ရောက်လိုပါက ပေးသွင်းထားသောအဆောင်စရိတ်မှ ပိုငွေအားလုံးကို ပြန်လည်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

​(ခ) နေ့တက်ကျောင်းနှင့်အဆောင်သို့ အပ်နှံပြီး ကျောင်းမတက်ခဲ့ရသေးသော ကျောင်းသားကျောင်းသူများ၏ မိဘအုပ်ထိန်းသူများအနေဖြင့် ကျောင်းအပ်နှံခြင်းကို ပယ်ဖျက်လိုပါက ဇွန်လ ၈ ရက် မှ ၂၆ ရက်အတွင်းသာ ကျောင်းရုံးခန်းသို့ အတည်ပြုဆက်သွယ် အကြောင်းကြားပေးစေလိုပါတယ်။

(ဂ) အဆောင်မှနေ့တက်ကျောင်းသို့ ပြောင်းလဲတက်ရောက်ကြမည့် ကျောင်းသားကျောင်းသူများနှင့် ကျောင်းအပ်နှံခြင်းကို ပယ်ဖျက်ကြမည့် ကျောင်းသားကျောင်းသူများ၏ မိဘအုပ်ထိန်းသူများအနေဖြင့် ဩဂုတ်လ ၁၅ ရက် မှ ၃၀ ရက်တွင်း သာ ငွေသွင်းပြေစာများ ယူဆောင်လာ၍ ပေးသွင်းငွေအားလုံးကို ပြန်လည်ထုတ်ယူနိုင်ပါကြောင်း အသိပေးလိုပါတယ်။

( တိကျသေချာစွာ ဆောင်ရွက်ပေးလိုသောကြောင့် ကျောင်းအပ်လက်ခံရက်များ၊ကျောင်းစတင်ဖွင့်လှစ်ရက်များနှင့် ရှုပ်ထွေးခြင်းမရှိစေရန်အတွက် ဩဂုတ်လ ၁၅ ရက် မှ ၃၀ ရက်အတွင်းသာ သီးသန့်ကာလ သတ်မှတ်ရခြင်းကို နားလည်ပေးကြဖို့ အထူးမေတ္တာရပ်ခံအပ်ပါတယ်)

၆။ ကမ္ဘာ့ကပ်ရောဂါဘေးဆိုးကြီးမှ ကင်းဝေးကြပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

စီမံအုပ်ချုပ်ရေးအဖွဲ့
စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

☎️၀၉၂၀၆၀၆၃၆ / ၀၉၂၂၀၁၆၃၇ ၀၉၇၉၇၄၇၈၁၂၀ / ၀၉၇၉၇၄၇၈၁၂၁

Photos from San Hein Education Private Primary School's post 21/08/2020

နေ့စဉ်လူမှုဘဝတွေထဲမှာ

အမြဲတပ်နေရအုန်းမည့်

M A S K

crd:original uploader

09/08/2020

တက္ကသိုလ်ဝင်တန်း (ဒသမတန်းသင်ရိုးဟောင်း)ကိုပညာဆက်လက်သင်ယူရန်အခက်အခဲဖြစ်နေကြသော အစိုးရဝန်ထမ်းများ၏ သား၊သမီးများကို စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ပညာပါရမီဖြည့်ဆည်းပေးပါရစေ.....

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၁-ဘာသာ၊၂-ဘာသာနှင့်၃-ဘာသာကျပြီး စာမေးပွဲမအောင်မြင်ခဲ့ကြသော ကျောင်းသား၊ကျောင်းသူ အယောက် 30 ကိုပညာပါရမီဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်.....

ကျောင်းသား၊ကျောင်းသူ၏အမှတ်စာရင်းနှင့်မိဘ၏ အစိုးရဝန်ထမ်းဖြစ်ကြောင်း သက်သေအထောက်အထားများဖြင့် ၁၇-၈-၂၀၂၀ ရက်တနင်္လာနေ့မှစပြီး လာရောက်အပ်နှံနိုင်ပါပြီ......

အောက်ပါခံစားခွင့်များပေးသွားမှာဖြစ်ပါတယ်
၁။ကျောင်းလခ လုံးဝလွတ်ငြိမ်းခွင့်(နေ့ကျောင်းအတွက်သာ)
၂။အစိုးရထုတ်ကျောင်းသုံးပုံနှိပ်တစ်စုံ
၃။ သင်ထောက်ကူပြုစာရွက်စာတမ်းများ အားလုံးနှင့်
၄။စံဟိန်းကျောင်းဝတ်စုံ ၂စုံ

***အမှန်တကယ် အခက်အခဲရှိသူများသာ လာရောက်အပ်နှံကြဖို့ လေးစားစွာမေတ္တာရပ်ခံအပ်ပါတယ်***

အပ်နှံရန်
စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း
၄၁လမ်း၊၈၃လမ်းနှင့်၈၄လမ်းကြား
မဟာအောင်မြေမြို့နယ်၊မန္တလေးမြို့။

09/08/2020

စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ
၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ
အောင်မြင်မှုမှတ်တမ်း

ဖြေဆိုသူပေါင်း - 587 ဦး
အောင်မြင်သူ - 471 ဦး
ကျရှုံးသူ - 116 ဦး

အောင်ချက် - %
ကျရှုံး -19.76 %

ဂုဏ်ထူးမှတ်တမ်း
------------------
၆ ဘာသာဂုဏ်ထူး - 4 ဦး
၅ ဘာသာဂုဏ်ထူး - 20 ဦး
၄ ဘာသာဂုဏ်ထူး - 17 ဦး
၃ ဘာသာဂုဏ်ထူး - 30 ဦး
၂ ဘာသာဂုဏ်ထူး - 52 ဦး
၁ ဘာသာဂုဏ်ထူး - 85 ဦး

တစ်ဘာသာချင်းဂုဏ်ထူးရဦးရေ
-------------------------------
မြန်မာစာ - 117 ဦး
အင်္ဂလိပ်စာ - 8 ဦး
သင်္ချာ - 78 ဦး
ဓာတု - 55 ဦး
ရူပ - 53 ဦး
ဇီဝ - 150 ဦး
ဘောဂဗေဒ - 7 ဦး

ဂုဏ်ထူးရဦးရေ - 207 ဦး
ရိုးရိုးအောင်မြင်သူဦးရေ - 264 ဦး
ဂုဏ်ထူးရ ရာခိုင်နှုန်း - 44 %

အတွဲ (၁) ဘောဂဗေဒအတွဲ
-------------------------
ဖြေဆို - 123 ဦး
အောင်မြင် - 66 ဦး
ကျရှုံး - 57 ဦး

အောင်ချက်- %
ကျရှုံး - 46.34 %

အတွဲ (၇) ဇီဝဗေဒအတွဲ
----------------------
ဖြေဆို - 464ဦး
အောင်မြင် -405 ဦး
ကျရှုံး - 59 ဦး

အောင်ချက် - %
ကျရှုံး - 12.71 %

08/08/2020

တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို
တစ်နိုင်ငံလုံး Website မဝင်ဘဲ
မိမိကြည့်လိုသော တိုင်းဒေသကြီး/ပြည်နယ်
အလိုရှိရာ ရှာနှိပ်ပါ။

Credit # Kyaw Swar Win

Yangon
https://www.edge.com.mm/article/2020-university-examination-yangon.html

Mandalay
https://www.edge.com.mm/article/2020-university-examination-mandalay.html

Naypyitaw
https://www.edge.com.mm/article/2020-university-examination-naypyitaw.html

Ayarwadi
https://www.edge.com.mm/article/2020-university-examination-aya.html

Sagaing
https://www.edge.com.mm/article/2020-university-examination-skt.html

Magway
https://www.edge.com.mm/article/2020-university-examination-mgt.html

Bago
https://www.edge.com.mm/article/2020-university-examination-bgo.html

Tanintharyi
https://www.edge.com.mm/article/2020-university-examination-tnty.html

Kachin
https://www.edge.com.mm/article/2020-university-examination-kc.html

Kaya
https://www.edge.com.mm/article/2020-university-examination-ky.html

Kayin
https://www.edge.com.mm/article/2020-university-examination-kyin.html

Chin
https://www.edge.com.mm/article/2020-university-examination-chin.html

Mon
https://www.edge.com.mm/article/2020-university-examination-mon.html

Yakhaing
https://www.edge.com.mm/article/2020-university-examination-rke.html

Shan
https://www.edge.com.mm/article/2020-university-examination-sh.html

18/07/2020

၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင်
ခွင့်ပြုချက်ရရှိပြီးသော
ကိုယ်ပိုင်ကျောင်းများဖွင့်လှစ်ရာတွင်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ
covid -19 ကာကွယ်၊ထိန်းချုပ်၊တားဆီးရေးနှင့်ပတ်သက်၍ထုတ်ပြန်ထားသော
ညွှန်ကြားချက်များနှင့်အညီ
ဖွင့်လှစ်နိုင်ရေးအတွက်
စစ်ဆေးမှုခံယူပြီးဖြစ်ပါသည်။

Photos from San Hein Education Private Primary School's post 17/07/2020

7-7-2020ရက်နေ့တွင် ကြည့်ရှု့စစ်ဆေး အကဲဖြတ်မှတ်တမ်းတင် သွားခဲ့ကြပါသည်။

နေ့ရက်အချိန်အခါမရွေး မှတ်ကျောက်အတင်ခံနိုင်အောင်လည်း ကြိုတင်ပြင်ဆင်ထားပါသည်။

ခွင့်ပြုသည့်နေ့ရက်တွင် ခွင့်ပြုသည့်အတန်းများကို
သင်ကြား သင်ယူခွင့်ရရှိစေရန် အဆင်သင့်ပြင်ဆင်
ထားသည်ကို သားများ၊သမီးများနှင့် မိဘအုပ်ထိန်းသူများကို အသိပေးလိုပါသည်။

စီမံအုပ်ချုပ်ရေးအဖွဲ့
စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း
မဟာအောင်မြေမြို့နယ်၊မန္တလေးမြို့။

Photos from San Hein Education Private Primary School's post 15/07/2020

ဒီလိုတွေပြင်ဆင်ထားပါတယ်

Photos from San Hein Education Private Primary School's post 18/06/2020

ကျောင်းသို့မလာမီ နှင့် ကျောင်းပို့ချိန်
ကျောင်းချိန်အတွင်း မုန့်စား၊ထမင်းစားနားချိန်
ကျောင်းဆင်းချိန်တို့တွင်
မိဘများ၊ဆရာ/မများနှင့်
ကျောင်းသား၊ကျောင်းသူများ
လိုက်နာရမည့်အချက်များ။

(၁၅-၆-၂၀၂၀)
crd: original uploader

Photos from San Hein Education Private Primary School's post 13/06/2020

စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက်
စတုတ္ထတန်း Grade-5 (သင်ရိုးဟောင်း)အောင်စာရင်း

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


41st Street, Between 83rd & 84th St
Mandalay