MM Guitar Center

MM Guitar Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MM Guitar Center, Education, Kantkaw Sts, Between 22-23 Sts & 88-89 Sts, Mandalay.

လက်အနာခံမှ ဂစ်တာသင်လို့ရတယ်ဆိုတဲ့ခေတ် ကုန်သွားပါပြီ။သင်တန်း ဂစ်တာ- ဂစ်တာနဲ့ အခုမှ စတင်ထိတွေ့မယ့် သင်တန်းသား/သူ များအတွက်...
03/08/2018

လက်အနာခံမှ ဂစ်တာသင်လို့ရတယ်ဆိုတဲ့ခေတ် ကုန်သွားပါပြီ။

သင်တန်း ဂစ်တာ-
ဂစ်တာနဲ့ အခုမှ စတင်ထိတွေ့မယ့် သင်တန်းသား/
သူ များအတွက်ဆိုရင် အသုံးပြုမယ့်ဂစ်တာက ကျွမ်းကျင်ပြီး
ဆရာတွေထက်ကို ပိုပြီး သက်တောင့်သက်သာဖြစ်နေဖို့လိုတယ်လို့ ကျွန်တော်တို့သင်တန်းက ယူဆပါတယ်။
သင်တန်းသား တယောက် စတင်သင်ကြားရာမှာ ကြုံတွေ့ရမယ့်
တူရိယာထိတွေ့မှုဆိုင်ရာ မလိုအပ်တဲ့ နာကျင်မှု အခက် အခဲတွေကို
လျှော့ချဖို့နဲ့ နုနယ်တဲ့ အသံ အနိမ့်အမြင့်၊ အသံအကွာအဝေး
ခွဲခြားမှုဆိုင်ရာ ကြားနိုင်စွမ်းကို အချိန်မှန် ဖွံ့ဖြိုးရင့်ကျက်လာစေဖို့
အရည်သွေးမြင့် စံချိန်မှီ နိုင်ငံခြားဂစ်တာများကိုသာ
သင်တန်းသုံးအဖြစ် စီစဉ်ထားပါတယ်။

သင်တန်း ဆရာ-
ဂစ်တာတီးခတ်နိုင်စွမ်းနဲ့ ဂစ်တာသင်ကြားနိုင်ခြင်းဆိုင်ရာစွမ်းရည်များက မတူညီပါ။
အဆိုပါ အရည်ချင်း ၂ မျိုးစလုံး လုံလောက်ပြည့်စုံပြီး
သင်တန်းသား/သူ များရဲ့ သိလိုစိတ်ကို အသိမှတ်ပြုကြိုဆိုသော
စိတ်ရှည်၊ အချိန်လေးစားတဲ့ အတွေ့ကြုံရင့် သင်တန်းဆရာများကသာ
တာဝန်ယူ သင်ကြားပေးပါတယ်။

အခြေခံအဆင့် သင်ရိုးမာတိကာ အကျဉ်း- (Beginner Level)
-Chords (ကော့ဒ်များ)

-Strumming patterns (လက်ခတ်ပုံစံများ)

-Hearing Chords and Rhythms
( နားထောင်ခြင်းဖြင့် ကာ့ဒ် နှင့် စည်းချက်များရှာဖွေခြင်း)

-Scales & Modulation
( အသံအဖွဲ့အစည်းများ နှင့် ကီးချိန်းခြင်း)

-Basic technique for Lead guitar
( လိဒ်ဂစ်တာ အခြေခံတီးခတ်နည်းစနစ်)

-Ear training for scale intervals
( အသံအနိမ့်အမြင့်ခွဲခြားခြင်းဆိုင်ရာ လေ့ကျင့်ခြင်း )

သင်တင်းသားသူ/များ၏ သီချင်းတပုဒ်အပေါ် ခွဲခြမ်းစိတ်ဖြာ
သိမြင်နိုင်ခြင်းနှင့် ကိုယ်ပိုင်ဖန်တီးနိုင်စေရေး အခွင့်လမ်းများအတွက်
Music Theory နှင့် Ear Training များကို level အလိုက်
ဖြည့်စွက်သင်ကြားပေးပါတယ်။

( Advanced level နှင့် Lead, Bass ဘာသာရပ်များကိုလဲ
တက်ရောက် သင်ကြားနိုင်ပါတယ်။)

သင်တန်းနေရာ-
သင်တန်းသားများ သက်တောင့်သက်သာ စိတ်ချမ်းသာစွာ
သင်ကြားနိုင်ရေးအတွက်
အလင်းရောင် ကောင်းမွန်စွာရရှိ၍ သန့်ရှင်းသပ်ရပ်သော
သင်တန်းခန်းမမှာ လေးအေးစက် နှင့် ပန်ကာများတပ်ဆင်ပေးထားပါတယ်။

သင်တန်းလိပ်စာ-
ကံ့ကော်လမ်းသွယ်, ၂၂လမ်း-၂၃လမ်း နှင့် ၈၈လမ်း-၈၉လမ်းကြား
မန္တလေးမြို့။
ဖုန်း-
သင်တန်းစုံစမ်း/ အပ်နှံရန် (reception): 09 7722 69260, 09 4026 33804
အကြံပြုချက်များအတွက် (manager): 09 2591 24544

Address

Kantkaw Sts, Between 22-23 Sts & 88-89 Sts
Mandalay
05011

Website

Alerts

Be the first to know and let us send you an email when MM Guitar Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category