The Bio-verse

The Bio-verse Discover the wonders of biology through interactive lessons and engaging resources.

Virus : A fence between living and non-living  ကမ္ဘာပေါ်မှာရှိတဲ့အရာတွေကို လူတွေကတော့ သက်ရှိနဲ့သက်မဲ့ဆိုပြီးနှစ်မျိုးခွဲ...
01/02/2024

Virus : A fence between living and non-living

ကမ္ဘာပေါ်မှာရှိတဲ့အရာတွေကို လူတွေကတော့ သက်ရှိနဲ့သက်မဲ့ဆိုပြီးနှစ်မျိုးခွဲခြားထားပါတယ်။

ဒါဆိုရင် Virus က ဘယ်ထဲမှာပါလဲ။ Living thing လား non-living thing လား။

ဒီမေးခွန်းကတော့နဲနဲစဉ်းစားရ ဖြေရခက်ထဲမေးခွန်းပါ။ လူတွေက virus ဆိုရင် လူတွေကို ကူးစက်ရောဂါတွေဖြစ်စေတဲ့ သက်ရှိလို့ပဲ တွေးမိကြမှာပါ။

တကယ်တော့ virusတွေက သက်ရှိတွေမှာရှိရမဲ့ characters တွေနဲ့ကွဲပြားနေတဲ့နေရာတွေအများကြီးရှိပါတယ်။

ကမ္ဘာပေါ်က သက်ရှိတွေအားလုံး (bacteriaလို prokaryotes တွေ၊ protozoa လို unicellular eukaryotes တွေအပါအဝင်) သည် မိမိကိုယ်တိုင်ဘယ်သူ့ရဲ့အကူအညီမှမပါဘဲ ရှင်သန်ပွါးများနေနိုင်ကြပါတယ်။

ဒါပေမယ့် virus တွေကတော့အဲ့လိုမဟုတ်ပါဘူး။
သူတို့က ပတ်ဝန်းကျင်မှာရှိတဲ့ သက်မဲ့ပစ္စည်းတွေ (ဥပမာ-စားပွဲခုံ၊တံခါးလက်ကိုင်) ပေါ်မှာရှိနေတဲ့အခါ တခြားသက်ရှိတွေလိုမျိုး cellular metabolism တွေ ဘာဆိုဘာမှမလုပ်နေဘဲ သက်မဲ့တွေအတိုင်းရှိနေတာဖြစ်ပါတယ်။

တကယ်လို့ လူတစ်ယောက်က အဲ့တံခါးလက်ကိုင်ကို ကိုင်ထားတဲ့လက်နဲ့ နှာခေါင်းကိုပွတ်လိုက်မယ်ဆိုရင်တော့ ခုဏက သက်မဲ့လိုဖြစ်နေတဲ့ virus က လူ့ခန္ဓာကိုယ်ရဲ့ cells တွေထဲကိုဝင်ပြီး cellular metabolism တွေလုပ်ဖို့ ၊ဆက်ပြီးပွါးများဖို့အတွက် အခွင့်အလမ်းရသွားကြပါတယ်။

Virus တွေက သူတို့ကိုလက်ခံထားတဲ့သက်ရှိရဲ့ cells မှာရှိတဲ့ genome ထဲကို သူတို့ရဲ့ gene တွေကို ကြားဖြတ်ထည့်လိုက်ပြီး host cells ရဲ့အကူအညီနဲ့သူတို့ကိုယ်တိုင်မလုပ်ဆောင်နိုင်တဲ့ ပွါးများခြင်းလုပ်ငန်းကို လုပ်ဆောင်ကြတာဖြစ်ပါတယ်။

ဒါကြောင့် virus တွေဟာ သက်မဲ့ပစ္စည်းတွေမှာရှိနေရင် သက်မဲ့တွေလိုမျိုးပဲ ကိုယ်တိုင်ဘာမှမလုပ်နိုင်ပဲ သက်ရှိတွေရဲ့ cells တွေထဲကိုရောက်မှသာ အသက်ရှင်ပွါးများနိုင်ကြလို့ A fence between living and non-living လို့တင်စားကြတာဖြစ်ပါတယ်။

Disclaimer: image from google

မင်္ဂလာပါ။The Bio-verse ကနေ ကြိုဆိုပါတယ်။  ဒီနေ့မှာတော့ သက်ရှိတွေကို သူတို့မှာရှိတဲ့ cells တွေပေါ်မှာမူတည်ပြီး နှစ်မျိုး...
31/01/2024

မင်္ဂလာပါ။
The Bio-verse ကနေ ကြိုဆိုပါတယ်။

ဒီနေ့မှာတော့ သက်ရှိတွေကို သူတို့မှာရှိတဲ့ cells တွေပေါ်မှာမူတည်ပြီး နှစ်မျိုးခွဲခြားထားပုံကို ပြောပြပေးသွားမှာပါ။

1. Prokaryotes (cell တစ်ခုသာပါသောသက်ရှိများ)

ကမ္ဘာပေါ်မှာ လူတွေ၊ တိရစ္ဆာန်တွေမရှင်သန်နိုင်ခင်အချိန်တုန်းကတည်းက တည်ရှိနေတဲ့သက်ရှိတွေကတော့ prokaryotes တွေပဲဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံးသက်ရှိဖြစ်တဲ့ prokaryotes တွေကို `pioneers of life’ လို့တောင်တင်စားကြပါသေးတယ်။ Prokaryotes တွေရဲ့တစ်ခုတည်းသောcellမှာက တခြားသောသက်ရှိတွေရဲ့ cells တွေလိုမျိုး nucleus လည်းမပါသလို membrane bound organelles တွေလည်းမပါပါဘူး။ Bacteria, virus, fungus(မှို)အချို့နှင့် algae(ရေညှိပင်)အချို့ ကတော့ prokaryotes တွေပဲဖြစ်ပါတယ်။

2. Eukaryotes (cell တစ်ခုထက်ပိုသောသက်ရှိများ)

Eukaryotes တွေကတော့ ကမ္ဘာပေါ်မှာ prokaryotes တွေရှင်သန်နေထိုင်ပြီး နှစ်ပေါင်းများစွာအကြာမှာ ပေါ်ပေါက်လာတဲ့ သက်ရှိတွေပဲဖြစ်ပါတယ်။ Eukaryotes တွေရဲ့ cells တွေထဲမှာတော့ nucleus လည်းပါတဲ့အပြင် membrane bound organelles တွေလည်းပါပါတယ်။ Eukaryotes တွေကတော့သူတို့ရဲ့ဖွဲ့စည်းတည်ဆောက်ပုံတွေ၊ မျိုးရိုးဗီဇတွေနဲ့ သူတို့လုပ်နိုင်တဲ့ လုပ်ငန်းဆောင်တာတွေက အရမ်းကို ရှုပ်ထွေးလွန်းတာကြောင့် `the complexity of life’ လို့တောင် တင်စားကြပါတယ်။ လူအပါအအဝင် တိရစ္ဆာန်တွေနှင့် အပင်တွေဟာ eukaryotes တွေပဲဖြစ်ပါတယ်။

နောက်နေ့တွေမှာလည်း Biology နဲ့ပတ်သတ်တဲ့ knowledge လေးတွေကို ဝေမျှသွားဖို့ရှိတာမလို့ page လေးကို like and follow လုပ်ခဲ့ဖို့ မမေ့ကြပါနဲ့နော်။

Disclaimer: image from google

မင်္ဂလာပါ။The Bio-verse ကနေ ပြန်လည်ကြိုဆိုပါတယ်။ဒီနေ့တင်ဆက်သွားမယ့်အကြောင်းအရာကတော့Biology ကို အပိုင်းဘယ်နှစ်ပိုင်းခွဲပြ...
28/01/2024

မင်္ဂလာပါ။
The Bio-verse ကနေ ပြန်လည်ကြိုဆိုပါတယ်။

ဒီနေ့တင်ဆက်သွားမယ့်အကြောင်းအရာကတော့
Biology ကို အပိုင်းဘယ်နှစ်ပိုင်းခွဲပြီးလေ့လာလို့ရလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

Biology ကိုလေ့လာတဲ့အခါမှာတော့ ယျေဘူယျအားဖြင့် အပိုင်းလေးပိုင်းခွဲပြီးလေ့လာနိုင်ပါတယ်။

1. Anatomy
ခန္ဓာဗေဒဆိုတာကတော့ လူတွေရဲ့ ခန္ဓာကိုယ်ကို လေ့လာတဲ့ဘာသာရပ်ပဲဖြစ်ပါတယ်။ တကယ်လို့ ဆေးပညာနှင့်ပတ်သတ်တာကို ဆက်လက်လေ့လာမယ်ဆိုရင်တော့ Anatomy ကိုပိုင်နိုင်ထားဖို့လိုပါတယ်။ အစိုးရသင်ရိုး Grade 11 and 12 မှာဆိုရင်လည်း Anatomy နဲ့ပတ်သတ်တဲ့အပိုင်းကို introduction အနေနဲ့ထည့်သွင်းထားတာကိုတွေ့နိုင်ပါတယ်။ IGCSE Biology မှာဆိုရင်လည်း Anatomy ကို ပြည့်ပြည့်စုံစုံသင်ကြားပေးထားပါတယ်။

2. Botany
ရုက္ခဗေဒ လို့ခေါ်တဲ့ Botany ကတော့ အပင်တွေနှင့်ပတ်သတ်တဲ့အကြောင်းအရာကိုလေ့လာတဲ့ဘာသာရပ်ပါ။ တကယ်လို့ကိုယ်က အပင်တွေကိုချစ်တတ်တဲ့သူ၊ အပင်တွေအကြောင်းကိုစိတ်ဝင်စားတဲ့သူဆိုရင်တော့ Botany ကိုအထူးပြုလေ့လာစေချင်ပါတယ်။ IGCSE and Grade 11,12 Biology သင်ရိုးတွေမှာဆိုရင်လည်း Botany နဲ့ပတ်သတ်တဲ့ Chapter 3 ခုလောက်အထိကိုပါတာတွေ့ရပါတယ်။

3. Zoology
သတ္တဗေဒကတော့ တိရစ္ဆာန်တွေရဲအကြောင်းကိုအသေးစိတ်လေ့လာရတဲ့ဘာသာရပ်ပဲဖြစ်ပါတယ်။ လက်ရှိမှာ မျိုးတုန်းပျောက်ကွယ်တော့မယ့် တော့ရိုင်းတိရစ္ဆာနတွေများစွာရှိနေပါတယ်။ Zoology ကိုသေချာလေ့လာထားတဲ့သူတွေများလာမယ်ဆိုရင်တော့ wildlife ကိုတန်ဖိုးထားတတ်တဲ့အပြင် အစာကွင်းဆက်အကြောင်းကို ပိုနားလည်တဲ့သူတွေများလာပြီး တိရစ္ဆာန်လေးတွေကို ပိုတင်ကယ်တင်နိုင်ကြပါလိမ့်မယ်။

4. Microbiology
အဏုဇီဝဗေဒ ဘာသာရပ်မှာဆိုရင်တော့ bacteria, virus, fungus စတဲ့ အရမ်းသေးငယ်တဲ့သက်ရှိလေးတွေကို ထဲထဲဝင်ဝင်လေ့လာရမှာဖြစ်ပါတယ်။ အရင်ခေတ်ဆေးပညာမှာဆိုရင် ရောဂါအားလုံးက microorganisms တွေကြောင့်သာဖြစ်ရပါတယ်လို့ယူဆခဲ့ရတဲ့အထိအရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်ကိုအန္တရာယ်ပေးနိုင်တဲ့ microorganisms တွေအကြောင်းသိထားရင် ကောင်းပါတယ်။ အရင်က Government school ရဲ့ Biology သင်ရိုးမှာ Microbiology နဲ့ပတ်သတ်လို့ အနည်းအကျင်းသာပါခဲ့ပေမယ့် အခုတော့ Grade 12 Biology မှာ Microbiology ကို ပိုပြီးတော့အသေးစိတ်ဖော်ပြထားတာတွေ့ရပါတယ်။

ကဲဒါဆိုရင် Branches of Biology အကြောင်းကို အကြမ်းဖျင်းသိသွားမယ်လို့ထင်ပါတယ်။
နောက်နေ့တွေမှာလည်း Biology နဲ့ပတ်သတ်တဲ့ Knowledge လေးတွေကိုတင်ပေးဦးမှာမလို့ Page လေးကို Like and follow လေး လုပ်ခဲ့ကြပါဦးနော်။

Disclaimer- picture from google

What is Biology?  ဒီနေ့ပထမဆုံးတင်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့ "What is Biology?" ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။"Biology...
27/01/2024

What is Biology?

ဒီနေ့ပထမဆုံးတင်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့ "What is Biology?" ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။

"Biology is the study of living things." ဆိုတဲ့စာကြောင်းလေးကိုလည်း လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဒါဆို Biology က သက်ရှိတွေကိုလေ့လာတဲ့ဘာသာရပ်တစ်ခုဆိုတာကိုပြောပြစရာမလိုပဲ သိနိုင်ပါတယ်။

ဒါဆိုရင်မေးစရာက သက်ရှိတွေရဲ့ ဘာကိုလေ့လာရမလဲဆိုတဲ့အချက်ဖြစ်ပါတယ်။

တကယ်တော့ Biology ဆိုတာ သက်ရှိတွေရဲ့ အခြေခံဖြစ်တဲ့ cells တွေမှာ ဖြစ်ပျက်နေတဲ့ဖြစ်စဉ်တွေ (ဥပမာ - စွမ်းအင်ထုတ်တဲ့ လုပ်ငန်းစဉ်)၊ သက်ရှိတွေရဲ့ မျိုးရိုးဗီဇ ဆက်ခံခြင်း၊ သက်ရှိတွေရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တွေ၊
သက်ရှိတွေနှင့် ပတ်ဝန်းကျင်ကြားက အပြန်အလှန်ဆက်စပ်နေကြပုံတွေကိုလေ့လာတာပဲဖြစ်ပါတယ်။

Disclaimer- picture from google

မင်္ဂလာပါ။The Bio-verse ကနေကြိုဆိုပါတယ်။ဒီ page လေးကနေ Biology နဲ့ပတ်သတ်တဲ့စိတ်ဝင်စားစရာအချက်လေးတွေကိုဝေမျှပေးသွားမယ့်အပ...
27/01/2024

မင်္ဂလာပါ။
The Bio-verse ကနေကြိုဆိုပါတယ်။
ဒီ page လေးကနေ Biology နဲ့ပတ်သတ်တဲ့စိတ်ဝင်စားစရာအချက်လေးတွေကိုဝေမျှပေးသွားမယ့်အပြင် Biology ကိုလေ့လာရာမှာ အထောက်အကူပြုနိုင်မယ့်အချက်လေးတွေကိုလည်း နေ့စဉ်တင်ဆက်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် Biology နှင့်ပတ်သတ်တာတွေကို နေ့စဉ်ဖတ်ရှုလေ့လာချင်တယ်ဆိုရင် page ကို like and follow လုပ်ခဲ့ဖို့ပြောချင်ပါတယ်။

Disclaimer-Picture from google.

Address

Mandalay

Alerts

Be the first to know and let us send you an email when The Bio-verse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share