Muscle Journeys - NCA

Muscle Journeys - NCA

Share

I’m an athlete and a professional bodybuilding coach.🏋️🇲🇲🇲🇲🇲🇲

05/03/2026

စုံ၊မ ဖြစ်နေလို့ မ Gym မလာနိုင်ဘူးလား?

မစိုးရိမ်ပါနဲ့…
ကျနော့် Gym ကို ဒီပုံစံနဲ့လည်း လာလို့ရပါတယ် 😄💪

26/02/2026

Gym ထဲမှာ ၆လ ချွေးထုတ်ထားတဲ့အရာကို
ကမ်းခြေမှာ ၆မိနစ်လမ်းလျောက်နဲ့ ခံစားရတဲ့ feeling 😂

22/02/2026

3 လနားထားပြီး
Gym ပြန်ဝင်လာတဲ့ ကျနော် client –

Muscle မပျောက်ပါဘူး Coach…
အောက်မှာပဲရှိတယ် 😌
အဆီနည်းနည်းဖုံးနေလို့ပါ။🐷😬

Photo-crd

22/02/2026

“ICU ထဲ ဝင်ပြီးမှ ကျန်းမာရေးရဲ့တန်ဖိုး သိလာတတ်ကြတယ်…”

လူတွေဟာ
ရောဂါမရသေးတဲ့အချိန်မှာ
ကျန်းမာရေးကို အရေးမကြီးဘူးလို့ ထင်တတ်ကြတယ်။

ညနက်မ အိပ်တာ
အစားအစာ မရွေးစား
လေ့ကျင့်ခန်း မလုပ်
Stress တွေ ပေါင်းများစွာ ခံစားနေကြပေမယ့်
“ဘာမှမဖြစ်ဘူး” လို့ပဲ ယုံကြည်နေကြတယ်။

ဒါပေမယ့်…

တစ်နေ့ ICU ထဲ ဝင်ရတဲ့အခါ
အောက်စီဂျင် မျက်နှာဖုံးတပ်ထားရတဲ့အခါ
အသက်ရှူရတာ ခက်ခဲလာတဲ့အခါမှ

ဘုရားတရား မေတ္တာတရား တောင်းဆိုလာကြတယ်။

“ဘုရားရေ… ဒီတစ်ခါကယ်ပေးပါ
မနက်ဖြန်ကနေ Gym သွားမယ်
အစားအသောက် ဂရုစိုက်မယ်
ကိုယ့်ကိုယ်ကို ချစ်မယ်” လို့…

❗ ဒါပေမယ့် ကျန်းမာရေးဆိုတာ
နောက်တစ်ခါခွင့်ပြုချက် ပေးမယ့် အရာမဟုတ်ဘူး။

ဒီခေတ်မှာ
မြို့၊ရပ်ကွက်တိုင်းမှာ Gym ရှိနေပါပြီ၊
အချိန်မရှိဘူးဆိုတာ reason တစ်ခုပဲ။

Gym မသွားနိုင်ရင်
တစ်နေ့ ၃၀ မိနစ် လမ်းလျှောက်ပါ၊
အိမ်မှာ Bodyweight workout လုပ်ပါ၊
အဆီပို၊ သကြားပို လျှော့စားပါ၊
ရေများများသောက်ပါ၊
အိပ်ချိန်မှန်အောင်ထားပါ။

ကျန်းမာရေးက
ပိုက်ဆံနဲ့ ပြန်မဝယ်နိုင်တဲ့ အရာပါ။

💬 လူတစ်ယောက်ရဲ့ စည်းစိမ်အကြီးဆုံးဟာ
ဘဏ်စာရင်းမဟုတ်ဘူး
“ကျန်းမာတဲ့ ခန္ဓာကိုယ်” ပါ။

မိမိကိုယ်ကို ချစ်ပါ။
မိမိကိုယ်ကို ဂရုစိုက်ပါ။
ICU ထဲဝင်ပြီးမှ နားမလည်ရအောင်
ဒီနေ့ကစပြီး စတင်ပါ။

-nca

20/02/2026

“မှန်ထဲက ကိုယ့်ကိုယ်ကို ပြန်ချစ်မိသွားစေရမယ်"

ဝိတ်ချဖို့ ကြိုးစားတိုင်း လက်လျှော့ချင်နေပြီလား? 📉
ဝိတ်တက်ချင်ပေမယ့် ဘယ်လိုစားစား အသားမဖြစ်လို့ စိတ်ညစ်နေလား? 📈
ဒါမှမဟုတ် ကျန်းမာရေးအတွက် ကစားချင်ပေမယ့် ဘယ်ကစရမှန်း မသိဖြစ်နေလား? 🤔
Stop Guessing, Start Training! 🛑
"ပြောင်းလဲချင်တယ်" ဆိုတဲ့ စိတ်တစ်ခုပဲ ယူခဲ့ပါ။ ကျန်တာ Muscle Journeys-NCA ကို အပ်လိုက်ပါ။ 🤝
✅ စနစ်ကျတဲ့ Guideline: လမ်းပျောက်နေစရာ မလိုတော့ဘူး။
✅ ထိရောက်တဲ့ သင်ယူမှု: အချိန်ကုန်ရကျိုး နပ်စေရမယ်။
✅ နေ့စဉ် တိုးတက်မှု: မနေ့ကထက် ပိုလှတဲ့၊ ပိုကျန်းမာတဲ့ မင်းကို ဖန်တီးပေးမှာပါ။
မင်းရဲ့ အလှပဆုံး Version ကို အတူတူ ဖော်ထုတ်ကြစို့။ 💪🔥
တကယ်ပြောင်းလဲဖို့ အသင့်ဖြစ်ပြီဆိုရင်...
အခုပဲ page Message or phone ဆက်ပြီး စတင်လိုက်ပါ! 📩

06/02/2026

“ကျနော် မပြောတောင်
တိတ်တခိုး ကြိုးစားနေတဲ့ ကစားသမား ၂ ဦး 🔥😂

အချိန်ရှိခိုက် လုံ့လစိုက်ပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်နေကြသူတွေ 💯
Result က စကားပြောနေပါပြီ💪”

25/01/2026

Workout လုပ်တဲ့နေ့က
Muscle ကို Breakdown လုပ်တဲ့နေ့ပါ 😎
Rest Day က
Muscle ကို Build လုပ်တဲ့နေ့ပါ 💪

ဒါကြောင့်…
✔️ Eat Clean
✔️ Drink Water
✔️ Sleep Deep

မကစားတဲ့နေ့မှာတောင်
Results အတွက် လုပ်နေတာပါ 🔥
Rest Smart. Grow Strong. 😌💪

24/01/2026

ကျနော် PT client တွေအားလုံးနီးပါရဲ့
အိမ်မှာ Home Gym ရှိကြပါတယ် 🏋️‍♂️

ကျနော် အမြဲပြောတယ်…

“စက်ဝယ် မနေကျနဲ့
မလုပ်ဖြစ်ဘူး
လုပ်လည်း မလုပ်ပါဘူး” 😏

ဒါပေမယ့်…
နားမထောင်ကြဘူး
ဝယ်တော့ဝယ်တယ်
နောက်ဆုံးမှာတော့…
မဆော့ဘဲ ပစ်ထားတယ် 😂🕸️

အခုတော့ Home Gym မဟုတ်တော့ဘူး
Gym ❌
Dust Museum ✔️ 🤣

ပိုးတွေကတော့ Six Pack တက်နေပြီ 😆🕷️

24/01/2026

Bodybuilding မှာ
🏋️‍♂️ Gym = 30%
🍽️ အစားအသောက် = 70%
• Protein လုံလောက်အောင်စား
• ရေနေ့စဉ် 3–4 လီတာသောက်
• Junk food လျော့


-nca

23/01/2026

🔥 Arm Fat လျော့ချင်တဲ့ မိန်းကလေးများအတွက် home Workout 💪

လက်တံကြီးကြီး၊ လက်မောင်းအလှ မပေါ်ဘူးဆိုရင်
ဒီ Exercise 4 မျိုးကို နေ့တိုင်း 15 မိနစ်လောက် လုပ်ကြည့် ပါ 👇

1️⃣ Arm Circles
➡️လက်ကို ဘေးဘက်တန်းတန်းထား
➡️ စက်ဝိုင်းလို လှည့်ပါ
⏱️ 30 sec × 3 sets

2️⃣ Tricep Dips
➡️ ကုလားထိုင်ပေါ် လက်ထောက်
➡️ ကိုယ်ကို အောက်ဆင်း/အပေါ်တက်
⏱️ 12 reps × 3 sets

3️⃣ Dumbbell / Water Bottle Curls
➡️ ရေဘူး (သို့) Dumbbell ကို ကိုင်
➡️ လက်မောင်းကို ချောမထိပဲ ကွေးတက်
⏱️ 15 reps × 3 sets

4️⃣ Arm Punches
➡️ လက်ကို ရှေ့ဘက် လှန်ထုတ်
➡️ လေထဲ Punch ထိုးသလို
⏱️ 40 sec × 3 sets

Tip

✔️ Exercise လုပ်ပြီး နောက် Stretch မမေ့ပါနဲ့
✔️ ရေများများသောက်ပါ 💧
✔️ အချို၊ အကြော် လျော့စားပါ 🚫
-nca

14/01/2026

Entering 2026 stronger, wiser, and guided by my beloved teacher Sitthi Charoenrith

01/01/2026

Happy New Year 2026 ✨

Muscles Journeys – NCA ကို ယုံကြည်ပြီး
မိမိကိုယ်တိုင်ကို ပြောင်းလဲဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့
clients အားလုံးကို လေးစားဂုဏ်ပြုပါတယ် 🙏

အောင်မြင်မှုဆိုတာ
တစ်နေ့တည်းနဲ့ မရပါဘူး။
နေ့တိုင်း စည်းကမ်းလိုက်နာမှု၊ မပျက်မကွက် ကြိုးစားမှုတွေကသာ
ရလဒ်အစစ်ကို ဖန်တီးပေးနိုင်ပါတယ်။

ဒီနှစ်သစ်မှာလည်း
အလွယ်လမ်းမရွေးဘဲ
မှန်ကန်တဲ့ training၊ မှန်ကန်တဲ့ mindset နဲ့
ပိုမိုကြံ့ခိုင်ပြီး ကျန်းမာတဲ့ life ကို
အတူတူ ဆက်လက်တည်ဆောက်ကြပါစို့ 💪

Trust the process. Stay consistent.
# Muscles Journeys -NCA

Want your school to be the top-listed School/college in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Mandalay
05021